iMyanmarHouse.com - Best Property Website for Myanmar
×

အိျႏၵာေက်ာ္ဇင္နဲ႔ဆင္တယ္ဆိုၿပီး နာမည္ႀကီး ေနတ့ဲ Miss Myanmar International 2017 စ၀္ယြန္း၀တီဦး။ Miss Myanmar International 2017″ အလွမယ္ျပိဳင္ပြဲ ဖိုင္နယ္ (Grand Final) ကို ၾသဂုတ္လ (၁) ရက္ေန႔က ရန္ကုန္၊ Novotel Hotel မွာ က်င္းပခဲ့ပါတယ္။ ခါးနံပါတ္ (၂၀) အလွမယ္ စစ္ယြန္း၀တီဦး မွ “Miss Myanmar International” သရဖူ ဆု ကို ဆြတ္ခူးခဲ့ပါတယ္။

သရဖူ ေဆာင္းရတဲ့အေပၚ စ၀္ယြန္း၀တီဦး က ကၽြန္မ ဆု ရမယ္လို႔မထင္ထားပါဘူး ေမွ်ာ္လဲမေမွ်ာ္လင့္ထားပါဘူး။ အဲဒီအခ်ိန္မွာရုတ္တရတ္ရလာတယ္ အဲဒီအတြက္အခုခ်ိန္ထိေတာင္ ေၿပာရမယ္ဆိုရင္ကိုယ့္ကိုကိုယ္ အိမ္မက္လားတကယ္လားပါပဲ။ ကၽြန္မအေနနဲ႔ေခါင္းေပၚသရဖူရ လာတဲ့အခ်ိန္မွာပဲ ငါဒီ သရဖူ နဲ႔ထိုက္တန္ေအာင္ ဘာေတြၾကိဳးစားရမလဲ။ ငါဘာေတြဆက္လုပ္သြားမလဲဆိုတာ ေခါင္းထဲခ်က္ခ်င္းေရာက္လာပါတယ္။ ငါဘာေတြတာ၀န္ယူရမလဲ ဘာေတြလုပ္ရမလဲသိေတာ့မသိေပမယ့္ စိတ္ထဲမွာအခုခ်ိန္ကစၿပီးစဥ္းစားေနပါၿပီ။ ဆုေၾကး က သိန္း (၁၀၀)ပါ။ ေလာေလာဆယ္ဘာေတြလုပ္ဖို႔ရွိလဲဆိုေတာ့ ကၽြန္မဇာတိေတာင္ၾကီးကိုၿပန္ဖို႔ရွိပါတယ္။ ေတာင္ၾကီးမွာရွိတဲ့ မိဘမဲ့ ကေလးေက်ာင္းကို ကၽြန္မ ကိုယ္တိုင္ဟင္းခ်က္ၿပီးေတာ့ အလွဴလုပ္သြားဖို႔အစီစဥ္ရွိပါတယ္။

ကိုယ္ရသြားတဲ့အပၚမွာေတာ့ ကိုယ့္ကိုကိုယ္ေၾကနပ္မိပါတယ္။ ေ၀ဖန္ၾကတဲ့သူေတြလဲ က်ြန္မ ေၿပာခ်င္တာကေတာ့ ကၽြန္မအမ်ားၾကီးၾကိဳးစားထားပါတယ္ အာ့ေၾကာင့္ ညီမ ကိုအားေပးၾကပါလို႔ေၿပာခ်င္ပါတယ္။ ေ၀ဖန္တာေတြအေပၚလဲ စိတ္ထဲသိပ္မထားတတ္ပါဘူး အေကာင္းဆံုးၿဖစ္သြားမယ္လို႔ ကိုယ့္ကိုကိုယ္လဲယံုၾကည္ပါတယ္။ ေ၀ဖန္တာေတြအေပၚလဲတကူးတကၾကီးၾကည့္မေနပါဘူး။ အဲဒါေၾကာင့္ ကၽြန္မ ေတာ္ရံုတန္ရံုစိတ္မထိခိုက္တတ္ပါဘူး။ ဖိုင္နယ္ ၿပိဳင္ပြဲ မေရာက္ခင္ ကၽြန္မ Cat Walk ေတာင္ေကာင္းေကာင္းမေလွ်ာက္ႏိုင္ပါဘူး။ သူမ်ားေတြ၂ႏွစ္ ၃ႏွစ္ေလာက္အေတြ႔ၾကံဳရွိတဲ့ဟာကို ကၽြန္မာတပတ္နဲ႔ရေအာင္ၾကိဳးစားခဲ့ပါတယ္။ ၿပီးေတာ့ကိုယ္ကိုတိုင္လဲ မၿဖစ္ၿဖစ္ေအာင္လုပ္မယ္ မရရေအာင္လုပ္မယ္ဆိုတဲ့ စိတ္ဓာတ္လဲရွိခဲ့ပါတယ္။ ေၿပာရမယ္ဆိုရင္တကယ္ကိုကိုယ္ၾကိဳးစားခဲ့လို႔ ရခဲ့တာပါ။ ေဘာ္ဒီ ဆိုလဲ ဒီတလမွာနည္းနညး္ပင္ပန္းေတာ့ နည္းနည္းပိန္သြားတယ္။ၾကြက္သားေတြၿပန္တက္ေအာင္ ၿပန္ Train ပါ့မယ္။ (၁၄)ရက္ေန႔ ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႔မွာ ၀င္ၿပိဳင္ရမွာပါ။ အမ်ားၾကီးစိတ္လႈပ္ရွားတယ္ ပထမဆံုး အေတြ႔ၾကံဳ မို႔ပါ။ ကိုယ့္ႏိုင္ငံကိုကိုယ္စားၿပဳၿပီးသြားၿပိဳင္ရမွာၿဖစ္တဲ့အတြက္ ကိုယ့္ကိုကိုယ္လဲ တာ၀န္ၾကီးတယ္လို႔ခံစားရပါတယ္။ တာ၀န္ေက်ေအာငfလဲ ကၽြန္မ ၾကိဳးစားသြားမွာပါ။

Miss Myanmar International 2017 ဆု ကို ဆြတ္ခူးရရွိသူ အလွမယ္ စဝ္ယြန္းဝတီဦး ဝတ္ဆင္ျမန္းတဲ့ သရဖူကို Thumbula Jewelery မွ Jewelry Designer ကိုဘုန္းေသာ္ခမွ ေရွးေခတ္ ျမန္မာဘုရင္မ တို႔ရဲ့ သရဖူေတြကို အခ်ိန္ယူေလ့လာျပီး ခမ္းနားထည္ဝါစြာ ေခတ္မီဆန္းျပားလွပေအာင္ တီထြင္ဖန္တီးဒီဇိုင္းေရးဆြဲျပဳလုပ္ေပးထားျခင္းျဖစ္ပါတယ္။ Miss Myanmar International ၿပိဳင္ပြဲ ကို ၂၀၁၂ခုႏွစ္ကတည္းက စတင္ျပဳလုပ္ခဲ့တာ ျဖစ္ၿပီး ၂၀၁၂ခုႏွစ္မွာပဲ အလွမယ္ နန္းခင္ေဇယ်ာ ၊ ၂၀၁၃ခုႏွစ္မွာ ဂုဏ္ရည္ေအးေက်ာ္၊ ၂၀၁၄ခုႏွစ္မွာ ေမဘရဏီေသာ္၊ ၂၀၁၅ခုႏွစ္မွာ အမရာၿငိမ္း၊ ၂၀၁၆ ခုႏွစ္မွာ အင္ၾကင္းထူး တို႕က ျမန္မာႏိုင္ငံ ကိုယ္စားျပဳ အျဖစ္ သြားေရာက္ယွဥ္ၿပိဳင္ခဲ့ၾကတာ ျဖစ္ပါတယ။္

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmar Celebrites 

#Unicode Version#
အိန္ဒြာကျော်ဇင်နဲ့ဆင်တယ်ဆိုပြီး နာမည်ကြီး နေတဲ့ Miss Myanmar International 2017 စဝ်ယွန်းဝတီဦး။ Miss Myanmar International 2017″ အလှမယ်ပြိုင်ပွဲ ဖိုင်နယ် (Grand Final) ကို သြဂုတ်လ (၁) ရက်နေ့က ရန်ကုန်၊ Novotel Hotel မှာ ကျင်းပခဲ့ပါတယ်။ ခါးနံပါတ် (၂၀) အလှမယ် စစ်ယွန်းဝတီဦး မှ “Miss Myanmar International” သရဖူ ဆု ကို ဆွတ်ခူးခဲ့ပါတယ်။

သရဖူ ဆောင်းရတဲ့အပေါ် စဝ်ယွန်းဝတီဦး က ကျွန်မ ဆု ရမယ်လို့မထင်ထားပါဘူး မျှော်လဲမမျှော်လင့်ထားပါဘူး။ အဲဒီအချိန်မှာရုတ်တရတ်ရလာတယ် အဲဒီအတွက်အခုချိန်ထိတောင် ပြောရမယ်ဆိုရင်ကိုယ့်ကိုကိုယ် အိမ်မက်လားတကယ်လားပါပဲ။ ကျွန်မအနေနဲ့ခေါင်းပေါ်သရဖူရ လာတဲ့အချိန်မှာပဲ ငါဒီ သရဖူ နဲ့ထိုက်တန်အောင် ဘာတွေကြိုးစားရမလဲ။ ငါဘာတွေဆက်လုပ်သွားမလဲဆိုတာ ခေါင်းထဲချက်ချင်းရောက်လာပါတယ်။ ငါဘာတွေတာဝန်ယူရမလဲ ဘာတွေလုပ်ရမလဲသိတော့မသိပေမယ့် စိတ်ထဲမှာအခုချိန်ကစပြီးစဉ်းစားနေပါပြီ။ ဆုကြေး က သိန်း (၁၀၀)ပါ။ လောလောဆယ်ဘာတွေလုပ်ဖို့ရှိလဲဆိုတော့ ကျွန်မဇာတိတောင်ကြီးကိုပြန်ဖို့ရှိပါတယ်။ တောင်ကြီးမှာရှိတဲ့ မိဘမဲ့ ကလေးကျောင်းကို ကျွန်မ ကိုယ်တိုင်ဟင်းချက်ပြီးတော့ အလှူလုပ်သွားဖို့အစီစဉ်ရှိပါတယ်။

ကိုယ်ရသွားတဲ့အပါ်မှာတော့ ကိုယ့်ကိုကိုယ်ကြေနပ်မိပါတယ်။ ဝေဖန်ကြတဲ့သူတွေလဲ ကျွန်မ ပြောချင်တာကတော့ ကျွန်မအများကြီးကြိုးစားထားပါတယ် အာ့ကြောင့် ညီမ ကိုအားပေးကြပါလို့ပြောချင်ပါတယ်။ ဝေဖန်တာတွေအပေါ်လဲ စိတ်ထဲသိပ်မထားတတ်ပါဘူး အကောင်းဆုံးဖြစ်သွားမယ်လို့ ကိုယ့်ကိုကိုယ်လဲယုံကြည်ပါတယ်။ ဝေဖန်တာတွေအပေါ်လဲတကူးတကကြီးကြည့်မနေပါဘူး။ အဲဒါကြောင့် ကျွန်မ တော်ရုံတန်ရုံစိတ်မထိခိုက်တတ်ပါဘူး။ ဖိုင်နယ် ပြိုင်ပွဲ မရောက်ခင် ကျွန်မ Cat Walk တောင်ကောင်းကောင်းမလျှောက်နိုင်ပါဘူး။ သူများတွေ၂နှစ် ၃နှစ်လောက်အတွေ့ကြုံရှိတဲ့ဟာကို ကျွန်မာတပတ်နဲ့ရအောင်ကြိုးစားခဲ့ပါတယ်။ ပြီးတော့ကိုယ်ကိုတိုင်လဲ မဖြစ်ဖြစ်အောင်လုပ်မယ် မရရအောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်လဲရှိခဲ့ပါတယ်။ ပြောရမယ်ဆိုရင်တကယ်ကိုကိုယ်ကြိုးစားခဲ့လို့ ရခဲ့တာပါ။ ဘော်ဒီ ဆိုလဲ ဒီတလမှာနည်းနည်းပင်ပန်းတော့ နည်းနည်းပိန်သွားတယ်။ကြွက်သားတွေပြန်တက်အောင် ပြန် Train ပါ့မယ်။ (၁၄)ရက်နေ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဝင်ပြိုင်ရမှာပါ။ အများကြီးစိတ်လှုပ်ရှားတယ် ပထမဆုံး အတွေ့ကြုံ မို့ပါ။ ကိုယ့်နိုင်ငံကိုကိုယ်စားပြုပြီးသွားပြိုင်ရမှာဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ်လဲ တာဝန်ကြီးတယ်လို့ခံစားရပါတယ်။ တာဝန်ကျေအောငfလဲ ကျွန်မ ကြိုးစားသွားမှာပါ။

Miss Myanmar International 2017 ဆု ကို ဆွတ်ခူးရရှိသူ အလှမယ် စဝ်ယွန်းဝတီဦး ဝတ်ဆင်မြန်းတဲ့ သရဖူကို Thumbula Jewelery မှ Jewelry Designer ကိုဘုန်းသော်ခမှ ရှေးခေတ် မြန်မာဘုရင်မ တို့ရဲ့ သရဖူတွေကို အချိန်ယူလေ့လာပြီး ခမ်းနားထည်ဝါစွာ ခေတ်မီဆန်းပြားလှပအောင် တီထွင်ဖန်တီးဒီဇိုင်းရေးဆွဲပြုလုပ်ပေးထားခြင်းဖြစ်ပါတယ်။ Miss Myanmar International ပြိုင်ပွဲ ကို ၂၀၁၂ခုနှစ်ကတည်းက စတင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး ၂၀၁၂ခုနှစ်မှာပဲ အလှမယ် နန်းခင်ဇေယျာ ၊ ၂၀၁၃ခုနှစ်မှာ ဂုဏ်ရည်အေးကျော်၊ ၂၀၁၄ခုနှစ်မှာ မေဘရဏီသော်၊ ၂၀၁၅ခုနှစ်မှာ အမရာငြိမ်း၊ ၂၀၁၆ ခုနှစ်မှာ အင်ကြင်းထူး တို့က မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ။်

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။


မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

ဖိုးသူတော် (www.phothutaw.com)
Credit: myanmar Celebrites 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top