iMyanmarHouse.com - Best Property Website for Myanmar
×

အက္ရွင္သ႐ုပ္ေဆာင္ ယဥ္လတ္က ၂၀၁၃ တြင္ က်င္းပခဲ့သည့္ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဖလားၿပိဳင္ပြဲ၌ အမ်ိဳးသမီး အဖြဲ႕လိုက္ တိုက္ကြမ္ဒိုေရႊတံဆိပ္ ဆုရခဲ့သည္ဟု ေျပာသည္။

‘‘ညီမ တိုက္ကြမ္ဒိုခါးပတ္ နက္ရခဲ့တယ္။ ပြဲေတြမွာလည္း ေရႊတို႔၊ ေငြတို႔၊ ေၾကးတို႔ရခဲ့ဖူးပါတယ္။ ၂၀၁၃ မွာ တိုက္ကြမ္ဒိုအဖြဲ႕ခ်ဳပ္မွာ သြားၿပီး ကစားတယ္။ အဲဒီမွာ ၿပိဳင္ပြဲေတြရွိရင္ ဝင္ၿပိဳင္ ျဖစ္တယ္။ အဲဒီေနာက္ပိုင္းေတာ့ နည္းနည္းအလွမ္းေဝးသြားၿပီး ၿပိဳင္ပြဲေတြလည္း မၿပိဳင္ျဖစ္ေတာ့ဘူး။ တိုက္ကြမ္ဒိုလည္း အခု ေနာက္ပိုင္း မကစားျဖစ္ေတာ့ဘူး။ ဘာလို႔လဲဆိုေတာ့ ႐ိုက္တဲ့အခါ က်ရင္ အားကစားနဲ႔ ႐ုပ္ရွင္ဘက္  ဖိုက္တင္နဲ႔က မတူတ့ဲအတြက္ ႐ုပ္ရွင္ဘက္ ဖိုက္တင္ကိုပဲ သက္သက္ေလ့လာလိုက္တယ္’’ဟု ယဥ္လတ္က ေျပာသည္။

ေရႊစင္ဦးႏွင့္ မ်က္ျခယ္႐ုပ္ ရွင္ထုတ္လုပ္ေရးမ်ားႏွင့္စာခ်ဳပ္ ခ်ဳပ္ထားၿပီး ဒါ႐ိုက္တာသန္႔စင္ ေအာင္၊ မင္းသား ခန္႔စည္သူႏွင့္ အတူ ‘အေဖက လူၾကမ္း၊ သမီးက မိၾကမ္း’ ႏွင့္ ‘ဇက္ဇက္ႀကဲ’ ဟု အ မည္ရသည့္ ဗီဒီယိုႏွစ္ကားကို လတ္တေလာ၌ ႐ိုက္ကူးထား သည္။

အႏုပညာသက္တမ္းေလး ႏွစ္ေက်ာ္ရွိၿပီျဖစ္သည့္ ယဥ္လတ္ က ဗီဒီယိုကားေျခာက္ဆယ္ေက်ာ္ ႏွင့္ ႐ုပ္ရွင္ကားႀကီး သံုးကား႐ိုက္ ကူးထားၿပီး ဖိုက္တင္အသားေပး ဇာတ္ကားမ်ား အ႐ိုက္မ်ားေန သည္။

‘‘အခက္အခဲေတြကေတာ့ အမ်ားႀကီးရွိတာေပါ့။ အထူးသ ျဖင့္ ဖိုက္တင္ကားေတြ႐ိုက္ေနတဲ့ သူတစ္ေယာက္အေနနဲ႔ ခက္ခဲမႈ ေတြ၊ ပင္ပန္းတာေတြ အမ်ားႀကီး ရွိတယ္။ အသက္အႏၲရာယ္ႀကံဳ ေလာက္တဲ့ ဒဏ္ရာမ်ိဳးေတြလည္း ရခဲ့ဖူးတယ္။ တကယ့္ကို စြန္႔စား ၿပီးေတာ့ လုပ္ရတဲ့ အေျခအေန မ်ိဳးေတြလည္း ႀကံဳခဲ့ဖူးတယ္။ အ ရမ္းကို ခက္ခဲပင္ပန္းၾကမ္းတမ္း တယ္’’ဟု ၎က ေျပာသည္။

ေရႊစင္ဦး႐ုပ္ရွင္ထုတ္လုပ္ ေရးႏွင့္ ႐ုပ္ရွင္ႏွင့္ ဗီဒီယိုဇာတ္ကားမ်ား ဆက္လက္႐ိုက္ကူးရန္ရွိၿပီး အျခားထုတ္လုပ္ေရးမ်ားက ကမ္း လွမ္းလာသည့္ ႐ုပ္ရွင္ဇာတ္ကား မ်ားလည္း လက္ခံ႐ိုက္ကူးရန္ရွိေၾကာင္း ေျပာသည္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Credit : 7Day Daily

#Unicode Version#
 အက်ရှင်သရုပ်ဆောင် ယဉ်လတ်က ၂၀၁၃ တွင် ကျင်းပခဲ့ သည့် ကယားပြည်နယ်ဝန်ကြီး ချုပ် ဖလားပြိုင်ပွဲ၌ အမျိုးသမီး အဖွဲ့လိုက် တိုက်ကွမ်ဒိုရွှေတံဆိပ် ဆုရခဲ့သည်ဟု ပြောသည်။

‘‘ညီမ တိုက်ကွမ်ဒိုခါးပတ် နက်ရခဲ့တယ်။ ပွဲတွေမှာလည်း ရွှေတို့၊ ငွေတို့၊ ကြေးတို့ရခဲ့ဖူးပါ တယ်။ ၂၀၁၃ မှာ တိုက်ကွမ်ဒိုအ ဖွဲ့ချုပ်မှာ သွားပြီး ကစားတယ်။ အဲဒီမှာ ပြိုင်ပွဲတွေရှိရင် ဝင်ပြိုင် ဖြစ်တယ်။ အဲဒီနောက်ပိုင်းတော့ နည်းနည်းအလှမ်းဝေးသွားပြီး ပြိုင်ပွဲတွေလည်း မပြိုင်ဖြစ်တော့ ဘူး။ တိုက်ကွမ်ဒိုလည်း အခု နောက်ပိုင်း မကစားဖြစ်တော့ဘူး။ ဘာလို့လဲဆိုတော့ ရိုက်တဲ့အခါ ကျရင် အားကစားနဲ့ ရုပ်ရှင်ဘက်  ဖိုက်တင်နဲ့က မတူတဲ့အတွက် ရုပ် ရှင်ဘက် ဖိုက်တင်ကိုပဲ သက် သက်လေ့လာလိုက်တယ်’’ဟု ယဉ်လတ်က ပြောသည်။

ရွှေစင်ဦးနှင့် မျက်ခြယ်ရုပ် ရှင်ထုတ်လုပ်ရေးများနှင့်စာချုပ် ချုပ်ထားပြီး ဒါရိုက်တာသန့်စင် အောင်၊ မင်းသား ခန့်စည်သူနှင့် အတူ ‘အဖေက လူကြမ်း၊ သမီးက မိကြမ်း’ နှင့် ‘ဇက်ဇက်ကြဲ’ ဟု အ မည်ရသည့် ဗီဒီယိုနှစ်ကားကို လတ်တလော၌ ရိုက်ကူးထား သည်။

အနုပညာသက်တမ်းလေး နှစ်ကျော်ရှိပြီဖြစ်သည့် ယဉ်လတ် က ဗီဒီယိုကားခြောက်ဆယ်ကျော် နှင့် ရုပ်ရှင်ကားကြီး သုံးကားရိုက် ကူးထားပြီး ဖိုက်တင်အသားပေး ဇာတ်ကားများ အရိုက်များနေ သည်။

‘‘အခက်အခဲတွေကတော့ အများကြီးရှိတာပေါ့။ အထူးသ ဖြင့် ဖိုက်တင်ကားတွေရိုက်နေတဲ့ သူတစ်ယောက်အနေနဲ့ ခက်ခဲမှု တွေ၊ ပင်ပန်းတာတွေ အများကြီး ရှိတယ်။ အသက်အန္တရာယ်ကြုံ လောက်တဲ့ ဒဏ်ရာမျိုးတွေလည်း ရခဲ့ဖူးတယ်။ တကယ့်ကို စွန့်စား ပြီးတော့ လုပ်ရတဲ့ အခြေအနေ မျိုးတွေလည်း ကြုံခဲ့ဖူးတယ်။ အ ရမ်းကို ခက်ခဲပင်ပန်းကြမ်းတမ်း တယ်’’ဟု ၎င်းက ပြောသည်။

ရွှေစင်ဦးရုပ်ရှင်ထုတ်လုပ် ရေးနှင့် ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ ဆက်လက်ရိုက်ကူးရန်ရှိပြီး အခြားထုတ်လုပ်ရေးများက ကမ်း လှမ်းလာသည့် ရုပ်ရှင်ဇာတ်ကား များလည်း လက်ခံရိုက်ကူးရန်ရှိကြောင်း ပြောသည်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit : 7Day Daily
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top