iMyanmarHouse.com - Best Property Website for Myanmar
×

၂ဝဝ၈ ခုႏွစ္ေႏွာင္းပိုင္းတုန္းက ရင္းႏွီးလွတဲ့ မိတ္ေဆြ ဇနီးေမာင္ႏွံ နွစ္ေယာက္က ကြၽန္ေတာ္ (ဘာသာျပန္သူ)ကို က်န္းမာေရး ေဆာင္းပါး မ်ား ဘာသာျပန္ ေလ့ရွိတာသိၾကလို႔ သူတို႔ရဲ႕သမီး စင္ကာပူမွာ အလုပ္လုပ္ေနရာက စင္ကာပူ မွာထုတ္ေဝတဲ့ သတင္းစာထဲမွာ အုတ္ေအာ္ေသာင္းနင္းျဖစ္ေနလို႔ စိတ္ဝင္စားစရာေကာင္းတဲ့ ေက်ာက္ကပ္ ေရာဂါသည္ ေတြ ေက်ာက္ကပ္ ေဆးေနရတာေတာင္ ဘာမွမဟုတ္တဲ့ ျမက္တစ္မ်ိဳးကို ျပဳတ္ေသာက္႐ုံနဲ႔ ေပ်ာက္ကင္းသြားၾကလို႔ သတင္းစာတိုက္ကို ဖုန္းေတြဆက္ ၿပီး အဲဒီျမက္ပင္မ်ိဳး ဘယ္မွာရႏိုင္သလဲ၊ မ်ိဳးရွာေပးပါ စတဲ့ အကူအညီေတာင္းတဲ့ စာေတြ၊ တယ္လီဖုန္းဆက္ၾက အေၾကာင္းေတြ ေရးသားထားတဲ့ သတင္းေဆာင္းပါး အစ အဆုံးပါတဲ့ သတင္းစာျဖတ္ပိုင္းကို ကြၽန္ေတာ့္ ဆီ ေပးခဲ့ပါ တယ္။

ျမက္ပင္ကို တ႐ုတ္လို ‘ေခြက်ဴေခ်ာင္’လို႔ေခၚၿပီး ျမန္မာလို ဘယ္လိုေခၚမွန္းမသိခဲ့လို႔ ဘာသာျပန္ဖို႔ခက္ခဲခဲ့ပါ တယ္။ ဒီေတာ့ ကြၽန္ေတာ္စုေဆာင္းခဲ့တဲ့ ‘ပုံျပ တ႐ုတ္ ဘယေဆးပင္မ်ား အဘိဓာန္’မွာ ရွာေဖြၾကည့္ေတာ့ ပုံနဲ႔တကြ ႐ုကၡေဗဒအမည္က (Zebrina pendnla schinizl) ျဖစ္တာကို ေတြ႕ရပါတယ္။

အဲဒီစာအုပ္ထဲက ပုံကိုပဲယူၿပီး လိုက္ျပၾကည့္ေတာ့ ျမက္ႂကြပ္႐ြက္ လို႔ သိရပါတယ္။ ဒါေပမဲ့ ျမန္မာျပည္မွာ ျမက္ႂကြပ္႐ြက္ ရွိ၊ မရွိ ရွာေဖြၾကည့္ရျပန္တယ္။ မရွိတဲ့အပင္အေၾကာင္း ေရးျပန္ေတာ့လည္း ဘယ္ေလာက္ပဲ ေကာင္းေကာင္း ဘာအက်ိဳးရွိမွာလဲ။

ေနာက္ဆုံးေတာ့ ျမက္ႂကြပ္႐ြက္ ေတြ ပုံးေပါလေအာရွိတယ္ဆိုတာ သိရ ေတာ့မွ ဝမ္းသာအားရ ဒီေဆာင္းပါးကို ျပန္ဆိုေရးသားဖို႔ ဆုံးျဖတ္လိုက္ရပါေတာ့တယ္။ သာေကတ မွာဆိုရင္ တခ်ိဳ႕ အိမ္ေတြမွာ ေရခ်ိဳးတဲ့ေနရာ အနီးအနားမွာ အေလ့က်ေပါက္ ေနတတ္တာကို ေတြ႕ခဲ့ၿပီးပါၿပီ။

 ေရစပ္စပ္ရွိတဲ့ေနရာ၊ ေခ်ာင္းေဘး၊ ေျမာင္းေဘး၊ လယ္ကြက္ေတြေဘးမွာ ေပါက္ေလ့ရွိတယ္လို႔လည္း ေဆးက်မ္းမွာ ဆိုထားပါတယ္။ ဒီေတာ့ အလြယ္တကူလည္းရႏိုင္၊ ေငြကုန္ေၾကးက်လည္း သက္သာ၊ ကုရခက္တဲ့ေရာဂါလည္း ေပ်ာက္ကင္းႏိုင္တယ္ဆိုေတာ့ ကြၽန္ေတာ့္သေဘာထားနဲ႔ ကိုက္ညီသြားတဲ့အတြက္ အခုမွပဲ ဘာသာျပန္ျဖစ္သြားတာ ျဖစ္ပါတယ္။

မူလေဆာင္းပါးရွင္က သတင္းစာသမားျဖစ္ၿပီး သူ႔လိုပဲ သတင္းသမားတစ္ဦးက သတင္းစာရဲ႕ အႏွစ္ ၅ဝ ျပည့္ အထူးထုတ္သတင္းစာမွာ အထူးေဆာင္းပါးတစ္ပုဒ္ ေရးသားရာမွာ သူ႔ဇနီး ေက်ာက္ကပ္ေရာဂါစြဲကပ္ၿပီး ေဖာေရာင္၊ အိပ္မေပ်ာ္စားမဝင္နဲ႔ အမ်ိဳးမ်ိဳး ေဝဒနာခံစားရၿပီးေတာ့ ေနာက္ဆုံးမွာ ေက်ာက္ကပ္ေဆးရတဲ့အေျခအေန ေရာက္သြားေပမဲ့ ေက်ာက္ကပ္ေဆးလည္း မသက္သာခဲ့ဘူး။

မိတ္ေဆြ တစ္ဦးက တ႐ုတ္ ႐ိုးရာ ေဆးနည္း မွာ ျမက္ႂကြပ္႐ြက္ ျပဳတ္ေသာက္ရင္ အေဖာအေရာင္က်တယ္။ အဲဒါ ေသာက္ၾကည့္ပါလို႔ တိုက္တြန္းတဲ့အတြက္ သူမကို ကုသေပးေနတဲ့ ဆရာဝန္ နဲ႔ တိုင္ပင္ၾကည့္တယ္။

သူမ ဆရာဝန္ က သူတို႔နည္းမွာေတာ့ နည္းလမ္းကုန္ၿပီ၊ ေဘးထြက္ဆိုးက်ိဳး မရွိဘူးဆိုရင္ စမ္းခ်င္စမ္းၾကည့္ပါလားလို႔ အႀကံေပးတယ္။ ဒါနဲ႔ သူမက ျမက္ႂကြပ္႐ြက္ (၂၅ဝ ဂရမ္ = ၁၅ က်ပ္သား) ေျမအိုးထဲထည့္၊ အ႐ြက္ေတြ ေရျမဳပ္ေအာင္ထည့္ၿပီး ၂ နာရီခြဲၾကာ ျပဳတ္တယ္။

၃ ရက္ဆက္ေသာက္လိုက္တာ တစ္ကိုယ္လုံး ေပါ့ပါးလာတာ ခံစားရၿပီး ေရာဂါအေျခအေန ေယဘုယ်ေတာ့ အေကာင္းဘက္ကို လွည့္ေျပာင္းမႈရွိလာ တယ္။ ကာလရွည္ၾကာ ပ်ိဳ႕အန္တာေတြလည္း မရွိေတာ့ဘူး။

ႏြမ္းနယ္ အားအင္ကုန္ခန္းတာေတြ၊ စားမဝင္ စားခ်င္စိတ္ မရွိတာေတြ စတဲ့လကၡဏာေတြလည္း ယုတ္ေလ်ာ့လာခဲ့ တယ္။ ေနာက္ထပ္ ၃-၄ ရက္ဆက္ေသာက္လိုက္ေတာ့ ေဖာေရာင္တာေတြ ျဖည္းျဖည္းခ်င္းက်လာတယ္။

 ဆီးသြား ရတာလည္း အရင္ကထက္ ေခ်ာေမြ႕လာတယ္။ အေျခအေန တိုးတက္လာမႈက သူမရဲ႕ ျမက္ႂကြပ္႐ြက္အေပၚ အားကိုးလို စိတ္ကို ပိုၿပီး တက္ႂကြလာေစခဲ့တယ္။ ဒါနဲ႔ဆက္ၿပီး ျမက္ႂကြပ္႐ြက္ျပဳတ္ရည္ကို ဆက္တိုက္ေသာက္ျဖစ္သြားတယ္။

၃ လဆက္ေသာက္ၿပီးတဲ့ေနာက္ သူမ ေဆး႐ုံမွာ သြားၿပီး ေဆးစစ္ ခံတယ္။ ေသြးစစ္တယ္၊ ဆီးစစ္တယ္။ အမ်ားႀကီး တိုးတက္ေကာင္းမြန္လာတယ္။ သူမကို ကုသခဲ့ တဲ့ ဆရာဝန္ ကေတာင္ အံ့အားသင့္သြားတယ္။

သူမ ဘာ ေဆးဝါးေတြကို စားခဲ့တာလဲလို႔ ေမးတယ္။ ၿပီးေတာ့ ေရာဂါ အေျခအေနအမ်ားႀကီး သက္သာလာတာျဖစ္လို႔ ေသာက္လက္စေဆးကို ဆက္ေသာက္ဖို႔ အႀကံေပးတယ္။

ဒါမွ ေရာဂါ ရွင္းရွင္းေပ်ာက္ၿပီး အေျခခိုင္မွာလို႔ ေျပာတယ္။ သူမကလည္း သံသယစိတ္ေတြ၊ ဒြိဟစိတ္ေတြ လုံးဝမရွိ ေတာ့ဘဲ ျမက္ႂကြပ္႐ြက္ ျပဳတ္ရည္ကိုပဲ ၃ လၾကာေအာင္ ဆက္ေသာက္ျပန္တယ္။ ၿပီးေတာ့ ေဆး႐ုံသြားၿပီး အစစ္ ေဆးခံျပန္တယ္။

ဆရာဝန္က လက္မေထာင္ျပၿပီး ေရာဂါ အေျခအေန ကို ထိန္းခ်ဳပ္သြားႏိုင္ၿပီ၊ ေသြးထဲမွာ ယူရီးယား ႏိုက္ထ႐ိုဂ်င္ဓာတ္ေတြနဲ႔ တျခား ေသြးတြင္း အေျခအေန ေတြ အားလုံး ပုံမွန္ျဖစ္သြားတဲ့အတြက္ ေက်ာက္ကပ္ေဆးစရာ မလိုေတာ့ဘူးလို႔ ေျပာပါတယ္။
သူမက ဝမ္းသာလြန္းလို႔ နီးစပ္ရာ မိတ္ေဆြ မ်ားနဲ႔ ေဆြမ်ိဳး တို႔ကို ဝမ္းသာအားရ ေျပာျပ တဲ့အျပင္ သူမမွာ လက္က်န္ရွိတဲ့ ျမက္ႂကြပ္႐ြက္ အပင္ ေတြကို မ်ိဳးစိုက္ထားဖို႔ ေဝမွ်ေပးပါတယ္။

ေဆးေကာင္း တစ္လက္ကို အားလုံးအိမ္မွာစိုက္ထားၾကဖို႔ မ်ိဳးလက္ေဆာင္ ေပးတာျဖစ္ပါတယ္။

အထက္မွာ ေဖာ္ျပခဲ့တဲ့ေဆာင္းပါးကို ကိုယ္တိုင္ ေက်ာက္ကပ္ ေဝဒနာ ခံစားေနရတဲ့ သတင္းစာဆရာ ဖတ္ရႈၿပီး အေမွာင္တြင္းက အလင္းတန္းကို ျမင္လိုက္ရသလို ခံစား မိၿပီး ျမက္ႂကြပ္ပင္ ကို အသည္းအသန္ရွာေဖြေတာ့တယ္။

ကံအားေလ်ာ္စြာပဲ သူ႔ရဲ႕ မိတ္ေဆြ ေတြျဖစ္ၾကတဲ့ သတင္းစာ ဆရာေတြရဲ႕အိမ္မွာ မ်ိဳးအတြက္ စိုက္ပ်ိဳးထားတာေတြရွိၾကေတာ့ ဝိုင္းဝန္းစုေပးလိုက္ၾကတာ သူ႔မွာ (၃)ခြက္စာေလာက္ ရလိုက္တာကို ဝမ္းသာအားရ ျပဳတ္ေသာက္လိုက္ရတယ္။

ေဆး (၃)ရက္ေသာက္လိုက္ရရင္ပဲ သက္သာလာတယ္။ ဒီလို ဆက္ၿပီးရွာေတာ့ စင္ကာပူရဲ႕ ဟင္းသီးဟင္း႐ြက္တန္းမွာ မနက္ပိုင္း ဝယ္ယူရရွိႏိုင္တယ္လို႔ သတင္းရၿပီး သြားရွာဝယ္ေတာ့ လိုသေလာက္ရလိုက္တယ္။

ရသေလာက္ဝယ္ယူၿပီး အပိုအလွ်ံေတြကို အေျခာက္လွန္းထားလိုက္တယ္။ အေျခာက္ကိုလည္း ျပဳတ္ရည္လုပ္ၿပီး ေသာက္လို႔ရတယ္။

ဒါေပမဲ့ တ႐ုတ္ တိုင္းရင္းေဆး သေဘာအရ ဘယ္ ဘယေဆး ကိုမဆို အေျခာက္ဆိုရင္ ဘယေဆး ႐ြက္အစိုရဲ႕တစ္ဝက္ကို သာ ျပဳတ္ေသာက္ရတယ္ဆိုတာကို ေလ့လာသိရွိထားေတာ့ ျမက္ျကြပ္႐ြက္ အေျခာက္ (၁၂၅ ဂရမ္ = ၇ က်ပ္ခြဲသား) ကိုသာ (၃ ခြက္တစ္ခြက္တင္) ျပဳတ္ေသာက္ေတာ့တယ္။ (၃-၄)လ ဆက္ေသာက္ၿပီး ေဆး႐ုံ သြား အစစ္ေဆးခံေတာ့ ဆရာဝန္က  အေျခအေနအေတာ္ေကာင္းသြားၿပီ ေက်ာက္ကပ္ ေဆးဖို႔ မလိုေတာ့ဘူးလို႔ ေျပာတယ္။

သတင္းစာဆရာ လည္း ဝမ္းသာအားရနဲ႔ အခု ဒီေဆာင္းပါးကို ေရးသားၿပီး မူလသတင္းစာမွာပဲ ေဖာ္ျပေပးဖို႔ ေမတၱာရပ္ခံခဲ့တယ္။ ‘ေက်ာက္ကပ္ေရာဂါအတြက္ အံ့ဖြယ္အစြမ္းျပတဲ့ ျမက္ႂကြပ္႐ြက္’လို႔ ေခါင္းစဥ္တပ္ခဲ့တယ္။

သူကလည္း အပိုေတြ က်န္ရွိတဲ့ ျမက္ႂကြပ္႐ြက္ ေတြကို မိတ္ေဆြသတင္းစာဆရာ ေတြကို ေဝေပးၿပီး စိုက္ပ်ိဳးထားဖို႔၊ လိုအပ္တဲ့လူေတြကို မွ်ေဝေပးဖို႔မွာၾကားတဲ့အျပင္ သူ႔ ေဆာင္းပါး ထဲမွာလည္း လိုအပ္တဲ့လူနာမ်ား သတင္းစာတိုက္ ကို အေၾကာင္းၾကားေတာင္းယူ ႏိုင္တယ္လို႔ လႈံ႕ေဆာ္ထားပါေသးတယ္။

ေသာက္နည္း

ျမက္ႂကြပ္႐ြက္ လတ္လတ္ဆတ္ဆတ္ဆိုရင္ (၁၅ က်ပ္သား) + ေရမတ္ခြက္ (၃)ခြက္၊ မီးမွ်ဥ္းမွ်ဥ္းနဲ႔ ၂ နာရီခြဲၾကာ (၃)ခြက္ (၁)ခြက္တင္ျပဳတ္ၿပီး ေန႔စဥ္ ၃ ရက္ ဆက္ေသာက္၊ ေပါ့ပါးသြားရင္ ေနာက္ပိုင္း ၃ လကေန ၆ လထိ ဆက္ေသာက္ပါ။ ၃ လေသာက္ၿပီးရင္ ေဆးစစ္ ခံယူဖို႔ေတာ့ လိုအပ္ပါတယ္။
Credit : Lwinpyin
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
၂ဝဝ၈ ခုနှစ်နှောင်းပိုင်းတုန်းက ရင်းနှီးလှတဲ့ မိတ်ဆွေ ဇနီးမောင်နှံ နှစ်ယောက်က ကျွန်တော် (ဘာသာပြန်သူ)ကို ကျန်းမာရေး ဆောင်းပါး များ ဘာသာပြန် လေ့ရှိတာသိကြလို့ သူတို့ရဲ့သမီး စင်ကာပူမှာ အလုပ်လုပ်နေရာက စင်ကာပူ မှာထုတ်ဝေတဲ့ သတင်းစာထဲမှာ အုတ်အော်သောင်းနင်းဖြစ်နေလို့ စိတ်ဝင်စားစရာကောင်းတဲ့ ကျောက်ကပ် ရောဂါသည် တွေ ကျောက်ကပ် ဆေးနေရတာတောင် ဘာမှမဟုတ်တဲ့ မြက်တစ်မျိုးကို ပြုတ်သောက်ရုံနဲ့ ပျောက်ကင်းသွားကြလို့ သတင်းစာတိုက်ကို ဖုန်းတွေဆက် ပြီး အဲဒီမြက်ပင်မျိုး ဘယ်မှာရနိုင်သလဲ၊ မျိုးရှာပေးပါ စတဲ့ အကူအညီတောင်းတဲ့ စာတွေ၊ တယ်လီဖုန်းဆက်ကြ အကြောင်းတွေ ရေးသားထားတဲ့ သတင်းဆောင်းပါး အစ အဆုံးပါတဲ့ သတင်းစာဖြတ်ပိုင်းကို ကျွန်တော့် ဆီ ပေးခဲ့ပါ တယ်။

မြက်ပင်ကို တရုတ်လို ‘ခွေကျူချောင်’လို့ခေါ်ပြီး မြန်မာလို ဘယ်လိုခေါ်မှန်းမသိခဲ့လို့ ဘာသာပြန်ဖို့ခက်ခဲခဲ့ပါ တယ်။ ဒီတော့ ကျွန်တော်စုဆောင်းခဲ့တဲ့ ‘ပုံပြ တရုတ် ဘယဆေးပင်များ အဘိဓာန်’မှာ ရှာဖွေကြည့်တော့ ပုံနဲ့တကွ ရုက္ခဗေဒအမည်က (Zebrina pendnla schinizl) ဖြစ်တာကို တွေ့ရပါတယ်။

အဲဒီစာအုပ်ထဲက ပုံကိုပဲယူပြီး လိုက်ပြကြည့်တော့ မြက်ကြွပ်ရွက် လို့ သိရပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ မြက်ကြွပ်ရွက် ရှိ၊ မရှိ ရှာဖွေကြည့်ရပြန်တယ်။ မရှိတဲ့အပင်အကြောင်း ရေးပြန်တော့လည်း ဘယ်လောက်ပဲ ကောင်းကောင်း ဘာအကျိုးရှိမှာလဲ။

နောက်ဆုံးတော့ မြက်ကြွပ်ရွက် တွေ ပုံးပေါလအောရှိတယ်ဆိုတာ သိရ တော့မှ ဝမ်းသာအားရ ဒီဆောင်းပါးကို ပြန်ဆိုရေးသားဖို့ ဆုံးဖြတ်လိုက်ရပါတော့တယ်။ သာကေတ မှာဆိုရင် တချို့ အိမ်တွေမှာ ရေချိုးတဲ့နေရာ အနီးအနားမှာ အလေ့ကျပေါက် နေတတ်တာကို တွေ့ခဲ့ပြီးပါပြီ။

 ရေစပ်စပ်ရှိတဲ့နေရာ၊ ချောင်းဘေး၊ မြောင်းဘေး၊ လယ်ကွက်တွေဘေးမှာ ပေါက်လေ့ရှိတယ်လို့လည်း ဆေးကျမ်းမှာ ဆိုထားပါတယ်။ ဒီတော့ အလွယ်တကူလည်းရနိုင်၊ ငွေကုန်ကြေးကျလည်း သက်သာ၊ ကုရခက်တဲ့ရောဂါလည်း ပျောက်ကင်းနိုင်တယ်ဆိုတော့ ကျွန်တော့်သဘောထားနဲ့ ကိုက်ညီသွားတဲ့အတွက် အခုမှပဲ ဘာသာပြန်ဖြစ်သွားတာ ဖြစ်ပါတယ်။

မူလဆောင်းပါးရှင်က သတင်းစာသမားဖြစ်ပြီး သူ့လိုပဲ သတင်းသမားတစ်ဦးက သတင်းစာရဲ့ အနှစ် ၅ဝ ပြည့် အထူးထုတ်သတင်းစာမှာ အထူးဆောင်းပါးတစ်ပုဒ် ရေးသားရာမှာ သူ့ဇနီး ကျောက်ကပ်ရောဂါစွဲကပ်ပြီး ဖောရောင်၊ အိပ်မပျော်စားမဝင်နဲ့ အမျိုးမျိုး ဝေဒနာခံစားရပြီးတော့ နောက်ဆုံးမှာ ကျောက်ကပ်ဆေးရတဲ့အခြေအနေ ရောက်သွားပေမဲ့ ကျောက်ကပ်ဆေးလည်း မသက်သာခဲ့ဘူး။

မိတ်ဆွေ တစ်ဦးက တရုတ် ရိုးရာ ဆေးနည်း မှာ မြက်ကြွပ်ရွက် ပြုတ်သောက်ရင် အဖောအရောင်ကျတယ်။ အဲဒါ သောက်ကြည့်ပါလို့ တိုက်တွန်းတဲ့အတွက် သူမကို ကုသပေးနေတဲ့ ဆရာဝန် နဲ့ တိုင်ပင်ကြည့်တယ်။

သူမ ဆရာဝန် က သူတို့နည်းမှာတော့ နည်းလမ်းကုန်ပြီ၊ ဘေးထွက်ဆိုးကျိုး မရှိဘူးဆိုရင် စမ်းချင်စမ်းကြည့်ပါလားလို့ အကြံပေးတယ်။ ဒါနဲ့ သူမက မြက်ကြွပ်ရွက် (၂၅ဝ ဂရမ် = ၁၅ ကျပ်သား) မြေအိုးထဲထည့်၊ အရွက်တွေ ရေမြုပ်အောင်ထည့်ပြီး ၂ နာရီခွဲကြာ ပြုတ်တယ်။

၃ ရက်ဆက်သောက်လိုက်တာ တစ်ကိုယ်လုံး ပေါ့ပါးလာတာ ခံစားရပြီး ရောဂါအခြေအနေ ယေဘုယျတော့ အကောင်းဘက်ကို လှည့်ပြောင်းမှုရှိလာ တယ်။ ကာလရှည်ကြာ ပျို့အန်တာတွေလည်း မရှိတော့ဘူး။

နွမ်းနယ် အားအင်ကုန်ခန်းတာတွေ၊ စားမဝင် စားချင်စိတ် မရှိတာတွေ စတဲ့လက္ခဏာတွေလည်း ယုတ်လျော့လာခဲ့ တယ်။ နောက်ထပ် ၃-၄ ရက်ဆက်သောက်လိုက်တော့ ဖောရောင်တာတွေ ဖြည်းဖြည်းချင်းကျလာတယ်။

 ဆီးသွား ရတာလည်း အရင်ကထက် ချောမွေ့လာတယ်။ အခြေအနေ တိုးတက်လာမှုက သူမရဲ့ မြက်ကြွပ်ရွက်အပေါ် အားကိုးလို စိတ်ကို ပိုပြီး တက်ကြွလာစေခဲ့တယ်။ ဒါနဲ့ဆက်ပြီး မြက်ကြွပ်ရွက်ပြုတ်ရည်ကို ဆက်တိုက်သောက်ဖြစ်သွားတယ်။

၃ လဆက်သောက်ပြီးတဲ့နောက် သူမ ဆေးရုံမှာ သွားပြီး ဆေးစစ် ခံတယ်။ သွေးစစ်တယ်၊ ဆီးစစ်တယ်။ အများကြီး တိုးတက်ကောင်းမွန်လာတယ်။ သူမကို ကုသခဲ့ တဲ့ ဆရာဝန် ကတောင် အံ့အားသင့်သွားတယ်။

သူမ ဘာ ဆေးဝါးတွေကို စားခဲ့တာလဲလို့ မေးတယ်။ ပြီးတော့ ရောဂါ အခြေအနေအများကြီး သက်သာလာတာဖြစ်လို့ သောက်လက်စဆေးကို ဆက်သောက်ဖို့ အကြံပေးတယ်။

ဒါမှ ရောဂါ ရှင်းရှင်းပျောက်ပြီး အခြေခိုင်မှာလို့ ပြောတယ်။ သူမကလည်း သံသယစိတ်တွေ၊ ဒွိဟစိတ်တွေ လုံးဝမရှိ တော့ဘဲ မြက်ကြွပ်ရွက် ပြုတ်ရည်ကိုပဲ ၃ လကြာအောင် ဆက်သောက်ပြန်တယ်။ ပြီးတော့ ဆေးရုံသွားပြီး အစစ် ဆေးခံပြန်တယ်။

ဆရာဝန်က လက်မထောင်ပြပြီး ရောဂါ အခြေအနေ ကို ထိန်းချုပ်သွားနိုင်ပြီ၊ သွေးထဲမှာ ယူရီးယား နိုက်ထရိုဂျင်ဓာတ်တွေနဲ့ တခြား သွေးတွင်း အခြေအနေ တွေ အားလုံး ပုံမှန်ဖြစ်သွားတဲ့အတွက် ကျောက်ကပ်ဆေးစရာ မလိုတော့ဘူးလို့ ပြောပါတယ်။
သူမက ဝမ်းသာလွန်းလို့ နီးစပ်ရာ မိတ်ဆွေ များနဲ့ ဆွေမျိုး တို့ကို ဝမ်းသာအားရ ပြောပြ တဲ့အပြင် သူမမှာ လက်ကျန်ရှိတဲ့ မြက်ကြွပ်ရွက် အပင် တွေကို မျိုးစိုက်ထားဖို့ ဝေမျှပေးပါတယ်။

ဆေးကောင်း တစ်လက်ကို အားလုံးအိမ်မှာစိုက်ထားကြဖို့ မျိုးလက်ဆောင် ပေးတာဖြစ်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ဆောင်းပါးကို ကိုယ်တိုင် ကျောက်ကပ် ဝေဒနာ ခံစားနေရတဲ့ သတင်းစာဆရာ ဖတ်ရှုပြီး အမှောင်တွင်းက အလင်းတန်းကို မြင်လိုက်ရသလို ခံစား မိပြီး မြက်ကြွပ်ပင် ကို အသည်းအသန်ရှာဖွေတော့တယ်။

ကံအားလျော်စွာပဲ သူ့ရဲ့ မိတ်ဆွေ တွေဖြစ်ကြတဲ့ သတင်းစာ ဆရာတွေရဲ့အိမ်မှာ မျိုးအတွက် စိုက်ပျိုးထားတာတွေရှိကြတော့ ဝိုင်းဝန်းစုပေးလိုက်ကြတာ သူ့မှာ (၃)ခွက်စာလောက် ရလိုက်တာကို ဝမ်းသာအားရ ပြုတ်သောက်လိုက်ရတယ်။

ဆေး (၃)ရက်သောက်လိုက်ရရင်ပဲ သက်သာလာတယ်။ ဒီလို ဆက်ပြီးရှာတော့ စင်ကာပူရဲ့ ဟင်းသီးဟင်းရွက်တန်းမှာ မနက်ပိုင်း ဝယ်ယူရရှိနိုင်တယ်လို့ သတင်းရပြီး သွားရှာဝယ်တော့ လိုသလောက်ရလိုက်တယ်။

ရသလောက်ဝယ်ယူပြီး အပိုအလျှံတွေကို အခြောက်လှန်းထားလိုက်တယ်။ အခြောက်ကိုလည်း ပြုတ်ရည်လုပ်ပြီး သောက်လို့ရတယ်။

ဒါပေမဲ့ တရုတ် တိုင်းရင်းဆေး သဘောအရ ဘယ် ဘယဆေး ကိုမဆို အခြောက်ဆိုရင် ဘယဆေး ရွက်အစိုရဲ့တစ်ဝက်ကို သာ ပြုတ်သောက်ရတယ်ဆိုတာကို လေ့လာသိရှိထားတော့ မြက်ကြွပ်ရွက် အခြောက် (၁၂၅ ဂရမ် = ၇ ကျပ်ခွဲသား) ကိုသာ (၃ ခွက်တစ်ခွက်တင်) ပြုတ်သောက်တော့တယ်။ (၃-၄)လ ဆက်သောက်ပြီး ဆေးရုံ သွား အစစ်ဆေးခံတော့ ဆရာဝန်က  အခြေအနေအတော်ကောင်းသွားပြီ ကျောက်ကပ် ဆေးဖို့ မလိုတော့ဘူးလို့ ပြောတယ်။

သတင်းစာဆရာ လည်း ဝမ်းသာအားရနဲ့ အခု ဒီဆောင်းပါးကို ရေးသားပြီး မူလသတင်းစာမှာပဲ ဖော်ပြပေးဖို့ မေတ္တာရပ်ခံခဲ့တယ်။ ‘ကျောက်ကပ်ရောဂါအတွက် အံ့ဖွယ်အစွမ်းပြတဲ့ မြက်ကြွပ်ရွက်’လို့ ခေါင်းစဉ်တပ်ခဲ့တယ်။

သူကလည်း အပိုတွေ ကျန်ရှိတဲ့ မြက်ကြွပ်ရွက် တွေကို မိတ်ဆွေသတင်းစာဆရာ တွေကို ဝေပေးပြီး စိုက်ပျိုးထားဖို့၊ လိုအပ်တဲ့လူတွေကို မျှဝေပေးဖို့မှာကြားတဲ့အပြင် သူ့ ဆောင်းပါး ထဲမှာလည်း လိုအပ်တဲ့လူနာများ သတင်းစာတိုက် ကို အကြောင်းကြားတောင်းယူ နိုင်တယ်လို့ လှုံ့ဆော်ထားပါသေးတယ်။

သောက်နည်း

မြက်ကြွပ်ရွက် လတ်လတ်ဆတ်ဆတ်ဆိုရင် (၁၅ ကျပ်သား) + ရေမတ်ခွက် (၃)ခွက်၊ မီးမျှဉ်းမျှဉ်းနဲ့ ၂ နာရီခွဲကြာ (၃)ခွက် (၁)ခွက်တင်ပြုတ်ပြီး နေ့စဉ် ၃ ရက် ဆက်သောက်၊ ပေါ့ပါးသွားရင် နောက်ပိုင်း ၃ လကနေ ၆ လထိ ဆက်သောက်ပါ။ ၃ လသောက်ပြီးရင် ဆေးစစ် ခံယူဖို့တော့ လိုအပ်ပါတယ်။
Credit : Lwinpyin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top