iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခ်ိဳ႕ကေျပာတယ္ မိန္းမ ကိုေပးလို္က္ျပီးတဲ့ေငြဟာ ျပန္ေတာင္းဖို႔အရမ္းခတ္တယ္တဲ့ အကုန္ မေပးဘဲ ကိုယ့္အတြက္ခ်န္ျပီးဖြက္ထားရတယ္ေျပာလို႔ဟိုအရင္က သူမသိဘဲ တစ္ကိုယ္ထဲ သံုးခဲ့ဖူးတာေတြက သိပ္ကိုမွားသြားခဲ့တယ္
ကြ်န္ေတာ္ ေနမေကာင္းျဖစ္ခ်ိန္ ေန႔ရက္မ်ားစြာ ဝင္ေငြ မရွိလို႔
ေဆးခန္း ျပဖို႔ေဝလာေ၀း ဆန္ဝယ္ဖို႔ေတာင္ေငြမရွိတဲ့အခါ
ကြ်န္ေတာ္မသိတဲ့ သူ႔ စုဗူးေလး ကိုေဖာက္တယ္ မိန္းမ မွာစုထားတာရွိတယ္ေျပာျပီးကြ်န္ေတာ့္နဖူးကိုအသာစမ္းလို႔ ေဆးခန္း သြားမယ္ဆန္၀ယ္မယ္ ဘာမွစိတ္မပူနဲ႔တဲ့ ကြ်န္ေတာ္ ေလ သူ႔အျပံဳးေတြကိုၾကည့္ ကြ်န္ေတာ့္ အျပဳအမူေတြကိုျပန္သတိရေတာ့ ရင္ထဲ မွာဆို႔နင့္သြားခဲ့ရဖူးတယ္
တစ္ခ်ိဳ႕ကေျပာတယ္ မိန္းမ ဆိုတာ ကိုယ့္အေပၚ မီးေသ ေနရမယ္တဲ့ကိုယ္ေျပာတာဘာမဆို လိုက္နာတဲ့သူမ်ိဳးျဖစ္ရမယ္ဆိုလို႔ဟိုအရင္တစ္ခါက အလုပ္ ကအျပန္ သူ႔ကိုအိမ္မွာမတြ႔ေတာ့ စိတ္တိုျပီးစကားမ်ားၾကရတဲ့အခါသူ႔ကိုလက္နဲ႔ရႊယ္လိုက္မိတာ သိပ္ကိုမွားသြားတယ္ကြ်န္ေတာ့ လက္ ကိုေသခ်ာၾကည့္ျပီး သူဟာေလမ်က္ရည္ေတြ ပိုးပိုးေပါက္ေပါက္က်လာတယ္
အခုရႊယ္လိုက္တဲ့လက္အတြက္ လက္စြပ္ ေလးသူသြားလုပ္တာတဲ့အဲဒီလိုနဲ႔ သူ႔မ်က္နွာကိုၾကည့္ျပီး ရင္ထဲမခ်ိေအာင္ နက်င္ခဲ့ရဖူးတာလဲရွိတယ္တစ္ခ်ိဳ႕ကေျပာတယ္
ကိုယ့္ မိဘ ေလာက္ဘယ္အရာမွအေရးမၾကီးဘူးတဲ့ကိုယ့္ မိဘ ကို အဓိကျပဳစုေစာင့္ေရွာက္ရမယ္ဆိုလို႔ဟိုအရင္တံုးက ကြ်န္ေတာ့္မိဘအတြက္ကိုဘဲ အျမဲတမ္း ဦးစားေပးျပီး သတိတရနဲ႔ေပးကမ္းခဲ့တာကအိမ္ေထာင္ရွင္ကြ်န္ေတာ့အတြက္ေတာ့ သိပ္ကိုတစ္ကိုယ္ေကာင္းဆန္သလိုျဖစ္သြားမွန္းသိခဲ့ရဖူးတယ္ကြ်န္ေတာ့္မိဘအတြက္ပံုမွန္ေပးေနၾကေငြေလးကိုသက္က္ဖယ္လိုက္မိတဲ့ လကုန္ရက္တစ္ရက္မွာမိန္းမကေျပာတယ္
အခုဒီ လ ခအထဲကေန ေယာက်ၤားဆီမွာ ပိုက္ဆံ နဲနဲေလာက္မပိုဘူးလားတဲ့ဟာာာ မိန္းမ ကလဲကြာ ဘယ္ကလာပိုရမွာလဲ ဒမွာအခုခြဲျခမ္းလိုက္တာအားလံုးကြက္တိဘဲေလဘာလုပ္မလို႔လဲလို႔ျပန္ေမးလိုက္ေတာ့ မ်က္နွာ နဲနဲညိဳးျပီးဘာမွမဟုတ္ေတာ့ပါဘူး ေယာက်ၤား ရယ္တဲ့ဒီလိုနဲ႔ဘဲ ကြ်န္ေတာ့္မိဘဆီကိုေငြပို႔ျပီး ေနာက္ေန႔မနက္မွာ မိန္းမ ရဲ႕ဖုန္း ဆီကို ဖုန္း ၀င္လာေတာ့
မိန္းမကဖုန္းနားမွာမရွိဘူး ေရအိမ္ထဲ သြားေနလို႔ ကြ်န္ေတာ္ ေေ်ကာက္ကိုင္လိုက္တယ္
ဖုန္းကို နားအနားကိုကပ္လိုက္ျပီး ဟယ္လိုလို႔မလုပ္ရေသးခင္မွာဘဲ တဖက္ကအေလာတၾကီးနဲ႔စကားစေျပာပါေတာ့တယ္ သမီး လားအေမအခုအေရးၾကီးေနလို႔ သမီး ဆီကို ထက္ျပီးဖုန္းေခၚလိုက္ရတာသမီး ဆီကေန အေမပိုက္ဆံေျပာထားတာအဆင္ေျပနိုင္လား သမီး ေလး ဒီမွာ သမီး အေဖကလဲေတာ္ေတာ္ေလးေနမေကာင္းျဖစ္ေနတယ္ဒီနွစ္ကမိုးအရမ္းရႊာလို႔ သီးနွံေတြလဲေရနစ္ေတာ့ အေမတို႔ဆီမွာေတာ္ေတာ္ေလးအခတ္အခဲျဖစ္ေနတယ္ သမီး ရယ္သမီး မွာအဆင္ေျပရင္ အေမ့ ကိုပိုက္ဆံနဲနဲေလာက္ကူပါအံုးေနာ္တဲ့
နားထဲၾကားလိုက္ရတဲ့အသံေၾကာင့္ ကြ်န္ေတာ္ ဟာ ဆြံ႔အ သြားမိတယ္တဖတ္က ဆက္ေျပာတယ္ ဟယ္လို ဟယ္လို သမီးေလး အေမေျပာတာၾကားလားတဲ့
” ေအာ္
အေမ့သမီးမဟုတ္ပါဘူးအေမ ကြ်န္ေတာ္ပါ
အေမ့ သမီးက ေနာက္ေဖးသြားေနလို႔ ကြ်န္ေတာ္ ဖုန္း ကိုင္လိုက္တာပါဟယ္အေမက သမီးထင္လို႔ စကားေတြေလာေလာနဲ႔ေျပာလိုက္မိတာပါ အားနာလိုက္တာ သားရယ္တဲ့
ၾကည့္စမ္းး ကြ်န္ေတာ္ ကို ေယာက္ခမ လုပ္သူက အားနာလို႔တဲ့ေလသူ႔ သမီး ရဲ႕ရွာစာမရွိေတာ့ သူေျပာတဲ့စကားအတြက္ ကြ်န္ေတာ့္ ကိုအားနာသြားမွာေပါ့ကြ်န္ေတာ္ခ်က္ခ်င္းဘဲ စကားျပန္ေျပာလိုက္ပါတယ္ဟာ မဟုတ္တာဘဲအေမရယ္ ကြ်န္ေတာ့္ ကိုဘာအားနာစရာရွိလို႔လဲ အေမတို ႔အခတ္အခဲကိုကြ်န္ေတာ္လဲအခုလိုသိမွျဖစ္မွာေပါ့ ဘာမွစိတ္မပူနဲ႔ေနာ္ ကြ်န္ေတာ္ အေမ့ သမီး နဲ႔တိုင္ပင္ျပီး အေမ တို႔အခတ္အခဲကိုအဆင္ေျပေအာင္လုပ္မွာပါ မပူနဲ႔ေတာ့ေနာ္
ကြ်န္ေတာ့္ ရဲ႕စကားေၾကာင့္ တစ္ဖတ္က ဖုန္း သံထဲမွာ တရံႈ႕ရံႈ႕နဲ႔ငိုေနသံကိုၾကားေနရတယ္ကြ်န္ေတာ္မၾကားရက္လို႔ ဖုန္းကိုျပန္ခ်လိုက္ျပီး အေနာက္ကိုလွည့္လိုက္ေတာ့
ေၾသာ္ မိန္းမလုပ္သူက ကြ်န္ေတာ့္ အေနာက္နားမွာေရာက္ေနတာကိုး ဖုန္း ေျပာေနတဲ့အသံေတြကိုသူၾကားသြားျပီဘဲ
မ်က္ရည္ေတြရစ္ဝဲေနတဲ့ မိန္းမ ရဲ႕မ်က္နွာ ကိုၾကည့္ျပီး ကြ်န္ေတာ္သူ႔ကိုျပံဳးျပလိုက္ပါတယ္အဲ့ဒီ့ေနာက္ သူ႔အနားကထြက္လာခဲ့ျပီး ကြ်န္ေတာ္ သတိထားလိုက္မိတာကကြ်န္ေတာ့္မိန္းမဟာ သူ႔မိဘကိုေကြ်းခ်င္ေပးခ်င္တာေလးေတရွိခဲ့ေပမယ့္ တစ္ခ်ိန္လံုး ကြ်န္ေတာ့္ မ်က္နွာ ကိုၾကည့္ျပီး လင္မယားခ်င္းေတာင္ ေျပာရမွာအားနာေနခဲ့တာေတြရွိလိမ့္မယ္ဆိုတာပါဘဲ
ဒီလိုမ်ိဳးအျဖစ္ေတြ သူခံစားခဲ့ရတာ ဘယ္ေလာက္ေတာင္မ်ားေနခဲ့မလဲလို႔ေတြးမိေတာ့ကြ်န္ေတာ့္စိတ္ထဲလံုး၀မေကာင္းခဲ့ဘူးကြ်န္ေတာ္ဟာ ကိုယ့္ မိဘ တစ္ဘက္တည္းကိုပဲ ဂရုစိုက္မိခဲ့တာမဟုတ္လားတကယ္ဆိုရင္ သူ႔မိဘဘက္ကိုလဲ ကြ်န္ေတာ္ဂ ရုစိုက္မိခဲ့ရမွာေပါ့
ေအးအတူပူအမွ်ဆိုတဲ့သေဘာတရားမွာ သူ႔ မိဘ အတြက္ေတာ့ သူ႔ကိုပူပင္ေစခဲ့ျပီးကိုယ့္မိဘအတြက္ေတာ့ ကိုယ္ကေအးျမေစခဲ့တယ္မဟုတ္လားကြ်န္ေတာ့္ မိန္းမ ကို ကြ်န္ေတာ္ခ်စ္တယ္ဆိုတာ ဘာလဲလို႔ကိုယ့္ကိုယ္ကို အၾကိမ္ၾကိမ္ျပန္ေမးေနမိခဲ့တယ္
အဲဒါေၾကာင့္ ကြ်န္ေတာ္ ေျပာခ်င္တာကေတာ့ေလ အိမ္ေထာင္တ စ္ခုမွာ ဇနီးမယားဆိုတာေငြေၾကးဥစၥာနဲ႔အတူ အျခားကိစၥေတြမွာကြ်န္ေတာ္တို႔ ေယာက်ၤား ေတြသတိမျပဳမိတဲ့ အခြင့္အေရး ေတာ္ေတာ္မ်ားမ်ားဆံုးရံႈးေနခဲ့ရတာေတြ အမ်ားၾကီးရွိလိမ့္မယ္ဆိုတာပါဘဲတကယ္ေတာ့ေဘးစကားေတြဟာအလကားပါဗ်ာကိုယ့္ရဲ႕အိမ္ေထာင္ေရးဟာ ကိုယ္တိုင္အသိဆံုးျဖစ္ရင္
ကိုယ္တိုင္ကဘဲ အေကာင္းဆံုးေတြးေခၚနိုင္ျပီး အေကာင္ဆံုးသာယာခ်မ္းေျမ႕မူကိုတည္ေဆာက္နိုင္ၾကမွာပါ
ေလာက၌ ရွိရွိၾကသမွ်ကုန္ေသာ မိသားစု အားလံုး သာယာခ်မ္းေျမ႕နိုင္ၾကပါေစ
Credit : Lwinpyin
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တစ်ချို့ကပြောတယ် မိန်းမ ကိုပေးလိုက်ပြီးတဲ့ငွေဟာ ပြန်တောင်းဖို့အရမ်းခတ်တယ်တဲ့ အကုန် မပေးဘဲ ကိုယ့်အတွက်ချန်ပြီးဖွက်ထားရတယ်ပြောလို့ဟိုအရင်က သူမသိဘဲ တစ်ကိုယ်ထဲ သုံးခဲ့ဖူးတာတွေက သိပ်ကိုမှားသွားခဲ့တယ်

ကျွန်တော် နေမကောင်းဖြစ်ချိန် နေ့ရက်များစွာ ဝင်ငွေ မရှိလို့
ဆေးခန်း ပြဖို့ဝေလာဝေး ဆန်ဝယ်ဖို့တောင်ငွေမရှိတဲ့အခါ
ကျွန်တော်မသိတဲ့ သူ့ စုဗူးလေး ကိုဖောက်တယ် မိန်းမ မှာစုထားတာရှိတယ်ပြောပြီးကျွန်တော့်နဖူးကိုအသာစမ်းလို့ ဆေးခန်း သွားမယ်ဆန်ဝယ်မယ် ဘာမှစိတ်မပူနဲ့တဲ့ ကျွန်တော် လေ သူ့အပြုံးတွေကိုကြည့် ကျွန်တော့် အပြုအမူတွေကိုပြန်သတိရတော့ ရင်ထဲ မှာဆို့နင့်သွားခဲ့ရဖူးတယ်

တစ်ချို့ကပြောတယ် မိန်းမ ဆိုတာ ကိုယ့်အပေါ် မီးသေ နေရမယ်တဲ့ကိုယ်ပြောတာဘာမဆို လိုက်နာတဲ့သူမျိုးဖြစ်ရမယ်ဆိုလို့ဟိုအရင်တစ်ခါက အလုပ် ကအပြန် သူ့ကိုအိမ်မှာမတွ့တော့ စိတ်တိုပြီးစကားများကြရတဲ့အခါသူ့ကိုလက်နဲ့ရွှယ်လိုက်မိတာ သိပ်ကိုမှားသွားတယ်ကျွန်တော့ လက် ကိုသေချာကြည့်ပြီး သူဟာလေမျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာတယ်
အခုရွှယ်လိုက်တဲ့လက်အတွက် လက်စွပ် လေးသူသွားလုပ်တာတဲ့အဲဒီလိုနဲ့ သူ့မျက်နှာကိုကြည့်ပြီး ရင်ထဲမချိအောင် နကျင်ခဲ့ရဖူးတာလဲရှိတယ်တစ်ချို့ကပြောတယ်

ကိုယ့် မိဘ လောက်ဘယ်အရာမှအရေးမကြီးဘူးတဲ့ကိုယ့် မိဘ ကို အဓိကပြုစုစောင့်ရှောက်ရမယ်ဆိုလို့ဟိုအရင်တုံးက ကျွန်တော့်မိဘအတွက်ကိုဘဲ အမြဲတမ်း ဦးစားပေးပြီး သတိတရနဲ့ပေးကမ်းခဲ့တာကအိမ်ထောင်ရှင်ကျွန်တော့အတွက်တော့ သိပ်ကိုတစ်ကိုယ်ကောင်းဆန်သလိုဖြစ်သွားမှန်းသိခဲ့ရဖူးတယ်ကျွန်တော့်မိဘအတွက်ပုံမှန်ပေးနေကြငွေလေးကိုသက်က်ဖယ်လိုက်မိတဲ့ လကုန်ရက်တစ်ရက်မှာမိန်းမကပြောတယ်

အခုဒီ လ ခအထဲကနေ ယောင်္ကျားဆီမှာ ပိုက်ဆံ နဲနဲလောက်မပိုဘူးလားတဲ့ဟာာာ မိန်းမ ကလဲကွာ ဘယ်ကလာပိုရမှာလဲ ဒမှာအခုခွဲခြမ်းလိုက်တာအားလုံးကွက်တိဘဲလေဘာလုပ်မလို့လဲလို့ပြန်မေးလိုက်တော့ မျက်နှာ နဲနဲညိုးပြီးဘာမှမဟုတ်တော့ပါဘူး ယောင်္ကျား ရယ်တဲ့ဒီလိုနဲ့ဘဲ ကျွန်တော့်မိဘဆီကိုငွေပို့ပြီး နောက်နေ့မနက်မှာ မိန်းမ ရဲ့ဖုန်း ဆီကို ဖုန်း ဝင်လာတော့
မိန်းမကဖုန်းနားမှာမရှိဘူး ရေအိမ်ထဲ သွားနေလို့ ကျွန်တော် ေေျကာက်ကိုင်လိုက်တယ်

ဖုန်းကို နားအနားကိုကပ်လိုက်ပြီး ဟယ်လိုလို့မလုပ်ရသေးခင်မှာဘဲ တဖက်ကအလောတကြီးနဲ့စကားစပြောပါတော့တယ် သမီး လားအမေအခုအရေးကြီးနေလို့ သမီး ဆီကို ထက်ပြီးဖုန်းခေါ်လိုက်ရတာသမီး ဆီကနေ အမေပိုက်ဆံပြောထားတာအဆင်ပြေနိုင်လား သမီး လေး ဒီမှာ သမီး အဖေကလဲတော်တော်လေးနေမကောင်းဖြစ်နေတယ်ဒီနှစ်ကမိုးအရမ်းရွှာလို့ သီးနှံတွေလဲရေနစ်တော့ အမေတို့ဆီမှာတော်တော်လေးအခတ်အခဲဖြစ်နေတယ် သမီး ရယ်သမီး မှာအဆင်ပြေရင် အမေ့ ကိုပိုက်ဆံနဲနဲလောက်ကူပါအုံးနော်တဲ့

နားထဲကြားလိုက်ရတဲ့အသံကြောင့် ကျွန်တော် ဟာ ဆွံ့အ သွားမိတယ်တဖတ်က ဆက်ပြောတယ် ဟယ်လို ဟယ်လို သမီးလေး အမေပြောတာကြားလားတဲ့

” အော်
အမေ့သမီးမဟုတ်ပါဘူးအမေ ကျွန်တော်ပါ
အမေ့ သမီးက နောက်ဖေးသွားနေလို့ ကျွန်တော် ဖုန်း ကိုင်လိုက်တာပါဟယ်အမေက သမီးထင်လို့ စကားတွေလောလောနဲ့ပြောလိုက်မိတာပါ အားနာလိုက်တာ သားရယ်တဲ့
ကြည့်စမ်းး ကျွန်တော် ကို ယောက်ခမ လုပ်သူက အားနာလို့တဲ့လေသူ့ သမီး ရဲ့ရှာစာမရှိတော့ သူပြောတဲ့စကားအတွက် ကျွန်တော့် ကိုအားနာသွားမှာပေါ့ကျွန်တော်ချက်ချင်းဘဲ စကားပြန်ပြောလိုက်ပါတယ်ဟာ မဟုတ်တာဘဲအမေရယ် ကျွန်တော့် ကိုဘာအားနာစရာရှိလို့လဲ အမေတို့အခတ်အခဲကိုကျွန်တော်လဲအခုလိုသိမှဖြစ်မှာပေါ့ ဘာမှစိတ်မပူနဲ့နော် ကျွန်တော် အမေ့ သမီး နဲ့တိုင်ပင်ပြီး အမေ တို့အခတ်အခဲကိုအဆင်ပြေအောင်လုပ်မှာပါ မပူနဲ့တော့နော်

ကျွန်တော့် ရဲ့စကားကြောင့် တစ်ဖတ်က ဖုန်း သံထဲမှာ တရှုံ့ရှုံ့နဲ့ငိုနေသံကိုကြားနေရတယ်ကျွန်တော်မကြားရက်လို့ ဖုန်းကိုပြန်ချလိုက်ပြီး အနောက်ကိုလှည့်လိုက်တော့
သြော် မိန်းမလုပ်သူက ကျွန်တော့် အနောက်နားမှာရောက်နေတာကိုး ဖုန်း ပြောနေတဲ့အသံတွေကိုသူကြားသွားပြီဘဲ
မျက်ရည်တွေရစ်ဝဲနေတဲ့ မိန်းမ ရဲ့မျက်နှာ ကိုကြည့်ပြီး ကျွန်တော်သူ့ကိုပြုံးပြလိုက်ပါတယ်အဲ့ဒီ့နောက် သူ့အနားကထွက်လာခဲ့ပြီး ကျွန်တော် သတိထားလိုက်မိတာကကျွန်တော့်မိန်းမဟာ သူ့မိဘကိုကျွေးချင်ပေးချင်တာလေးတေရှိခဲ့ပေမယ့် တစ်ချိန်လုံး ကျွန်တော့် မျက်နှာ ကိုကြည့်ပြီး လင်မယားချင်းတောင် ပြောရမှာအားနာနေခဲ့တာတွေရှိလိမ့်မယ်ဆိုတာပါဘဲ

ဒီလိုမျိုးအဖြစ်တွေ သူခံစားခဲ့ရတာ ဘယ်လောက်တောင်များနေခဲ့မလဲလို့တွေးမိတော့ကျွန်တော့်စိတ်ထဲလုံးဝမကောင်းခဲ့ဘူးကျွန်တော်ဟာ ကိုယ့် မိဘ တစ်ဘက်တည်းကိုပဲ ဂရုစိုက်မိခဲ့တာမဟုတ်လားတကယ်ဆိုရင် သူ့မိဘဘက်ကိုလဲ ကျွန်တော်ဂ ရုစိုက်မိခဲ့ရမှာပေါ့

အေးအတူပူအမျှဆိုတဲ့သဘောတရားမှာ သူ့ မိဘ အတွက်တော့ သူ့ကိုပူပင်စေခဲ့ပြီးကိုယ့်မိဘအတွက်တော့ ကိုယ်ကအေးမြစေခဲ့တယ်မဟုတ်လားကျွန်တော့် မိန်းမ ကို ကျွန်တော်ချစ်တယ်ဆိုတာ ဘာလဲလို့ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်ပြန်မေးနေမိခဲ့တယ်

အဲဒါကြောင့် ကျွန်တော် ပြောချင်တာကတော့လေ အိမ်ထောင်တ စ်ခုမှာ ဇနီးမယားဆိုတာငွေကြေးဥစ္စာနဲ့အတူ အခြားကိစ္စတွေမှာကျွန်တော်တို့ ယောင်္ကျား တွေသတိမပြုမိတဲ့ အခွင့်အရေး တော်တော်များများဆုံးရှုံးနေခဲ့ရတာတွေ အများကြီးရှိလိမ့်မယ်ဆိုတာပါဘဲတကယ်တော့ဘေးစကားတွေဟာအလကားပါဗျာကိုယ့်ရဲ့အိမ်ထောင်ရေးဟာ ကိုယ်တိုင်အသိဆုံးဖြစ်ရင်
ကိုယ်တိုင်ကဘဲ အကောင်းဆုံးတွေးခေါ်နိုင်ပြီး အကောင်ဆုံးသာယာချမ်းမြေ့မူကိုတည်ဆောက်နိုင်ကြမှာပါ
လောက၌ ရှိရှိကြသမျှကုန်သော မိသားစု အားလုံး သာယာချမ်းမြေ့နိုင်ကြပါစေ

Credit : Lwinpyin

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top