iMyanmarHouse.com - Best Property Website for Myanmar
×

အမည္းစက္ကင္းစင္ၿပီး ၾကည္လင္ရွင္းသန္႕တဲ့ အသားအေရကိုလူတိုင္း ပိုင္ဆို္င္ခ်င္ၾကတာမဆန္းပါဘူး။ အထူးသျဖင့္ အမ်ိဳးသမီးေတြဟာ အလွပအတြက္ဆိုရင္ ေငြေၾကးဘယ္ေလာက္ကုန္ကုန္ အကုန္အက်ခံတတ္ၾကပါတယ္။ တခါတေလေတာ့လည္း သဘာဝနည္းလမ္းေလးေတြက စိတ္အခ်ရဆံုးမို႔ သဘာဝနည္းလမ္းေလးေတြကို အသံုးျပဳေပးဖို႔ ညႊန္းဆိုခ်င္ပါတယ္။ သင့္အသားအေရကို လန္းဆန္းေစၿပီး ညီညာ ျဖဴဝင္းေစမယ့္ နည္းလမ္းကို မွ်ေဝေပးလိုက္ပါတယ္။

နည္းလမ္း (၁)

ပါဝင္ပစၥည္း

နႏြင္းမႈန္႔ စားပြဲတင္ဇြန္း ၂ ဇြန္း

သံပုယုိသီး တစ္ျခမ္း

ျပဳလုပ္နည္း

ခြက္တစ္လံုးထဲကို နႏြင္းထည့္လိုက္ပါ။ၿပီးရင္ သံပုယုိသီးကို အရည္ညွစ္ၿပီး ေသခ်ာေမႊေပးပါ။ အဲဒီေနာက္ မ်က္ႏွာေပၚမွာ လိမ္းေပးထားၿပီး ၁၅ မိနစ္ေလာက္ထားပါ။

ၿပီးရင္ ေရေအးေအးနဲ႔ေဆးခ်လိုက္ပါ။ အဲဒီေနာက္ ေျခာက္ေအာင္သုတ္ၿပီး Moisturizer လိမ္းေပးထားပါ။ ညအိပ္ယာမဝင္ခင္လုပ္ေပးတာ ပိုေကာင္းပါတယ္။

နည္းလမ္း ၂

ကုလားပဲမႈန္႔ လက္ဖက္ရည္ဇြန္း ၂ ဇြန္း

သံပုယုိရည္ (သို႔) ႏြားႏို႔

ျပဳလုပ္နည္း

အဆီျပန္တတ္တဲ့အသားအေရအတြက္ ကုလားပဲမႈန္႔ လက္ဖက္ရည္ဇြန္း ၂ ဇြန္းနဲ႔ သံပုယုိသီးတစ္ျခမ္းကို အရည္ညွစ္ၿပီးေရာလိုက္ပါ။ ေျခာက္ေသြ႕တဲ့အသားအေရအတြက္ကေတာ့ သံပုယုိရည္အစား ဒိန္ (သို႔) ဒိန္ခ်ဥ္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းထည့္ေပးႏိုင္ပါတယ္။

ၿပီးရင္ေသခ်ာေမႊေပးၿပီး မ်က္ႏွာေပၚမွာလိမ္းေပးပါ။ အဲဒီေနာက္ ၁၅ မိနစ္ေလာက္ထားၿပီး ေရေဆးခ်ပါ။ အဲဒီေနာက္ ေျခာက္ေအာင္သုတ္ၿပီး Moisturizer လိမ္းေပးထားပါ။ ညအိပ္ယာမဝင္ခင္လုပ္ေပးတာ ပိုေကာင္းပါတယ္။


Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အမည်းစက်ကင်းစင်ပြီး ကြည်လင်ရှင်းသန့်တဲ့ အသားအရေကိုလူတိုင်း ပိုင်ဆိုင်ချင်ကြတာမဆန်းပါဘူး။ အထူးသဖြင့် အမျိုးသမီးတွေဟာ အလှပအတွက်ဆိုရင် ငွေကြေးဘယ်လောက်ကုန်ကုန် အကုန်အကျခံတတ်ကြပါတယ်။ တခါတလေတော့လည်း သဘာဝနည်းလမ်းလေးတွေက စိတ်အချရဆုံးမို့ သဘာဝနည်းလမ်းလေးတွေကို အသုံးပြုပေးဖို့ ညွှန်းဆိုချင်ပါတယ်။ သင့်အသားအရေကို လန်းဆန်းစေပြီး ညီညာ ဖြူဝင်းစေမယ့် နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

နည်းလမ်း (၁)

ပါဝင်ပစ္စည်း

နနွင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း

သံပုယိုသီး တစ်ခြမ်း

ပြုလုပ်နည်း

ခွက်တစ်လုံးထဲကို နနွင်းထည့်လိုက်ပါ။ပြီးရင် သံပုယိုသီးကို အရည်ညှစ်ပြီး သေချာမွှေပေးပါ။ အဲဒီနောက် မျက်နှာပေါ်မှာ လိမ်းပေးထားပြီး ၁၅ မိနစ်လောက်ထားပါ။

ပြီးရင် ရေအေးအေးနဲ့ဆေးချလိုက်ပါ။ အဲဒီနောက် ခြောက်အောင်သုတ်ပြီး Moisturizer လိမ်းပေးထားပါ။ ညအိပ်ယာမဝင်ခင်လုပ်ပေးတာ ပိုကောင်းပါတယ်။

နည်းလမ်း ၂

ကုလားပဲမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

သံပုယိုရည် (သို့) နွားနို့

ပြုလုပ်နည်း

အဆီပြန်တတ်တဲ့အသားအရေအတွက် ကုလားပဲမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ သံပုယိုသီးတစ်ခြမ်းကို အရည်ညှစ်ပြီးရောလိုက်ပါ။ ခြောက်သွေ့တဲ့အသားအရေအတွက်ကတော့ သံပုယိုရည်အစား ဒိန် (သို့) ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပေးနိုင်ပါတယ်။

ပြီးရင်သေချာမွှေပေးပြီး မျက်နှာပေါ်မှာလိမ်းပေးပါ။ အဲဒီနောက် ၁၅ မိနစ်လောက်ထားပြီး ရေဆေးချပါ။ အဲဒီနောက် ခြောက်အောင်သုတ်ပြီး Moisturizer လိမ်းပေးထားပါ။ ညအိပ်ယာမဝင်ခင်လုပ်ပေးတာ ပိုကောင်းပါတယ်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top