iMyanmarHouse.com - Best Property Website for Myanmar
×


Generic Name: Black Pepper (ငရုတ္ေကာင္း)

အသံုးျပဳပံုမ်ား

ငရုတ္ေကာင္း ကို ဘာအတြက္အသံုးျပဳၾကသလဲ

ငရုတ္ေကာင္းမႈန္႔ကို Piper nigrum အပင္ရဲ႕ မမွည့္ေသးတဲ့ အသီးကေနၿပီးေတာ့ အေျခာက္ခံအမႈန္႔လုပ္ျခင္းအားျဖင့္ ရရွိပါတယ္။ ငရုတ္ေကာင္းကို အစာထဲထည့္စားျခင္းအားျဖင့္ အစာအိမ္အူလမ္းေၾကာင္း လကၡဏာေတြနဲ႔ ေအာက္ပါလကၡဏာေတြ အတြက္ အသံုးျပဳပါတယ္။

• ေလတက္ျခင္း၊ အစာမေၾကျခင္း၊ ရင္ပူျခင္း၊ အစာအိမ္နာျခင္း
• အစားအေသာက္ပ်က္ျခင္း
• အစာအိမ္ အနာျဖစ္ျခင္း
• ဗိုက္နာျခင္း၊ ဗိုက္ေအာင့္ျဖင္း
• ဝမ္းေလွ်ာျခင္း၊ ဝမ္းခ်ဳပ္ျခင္း
• ေလျပြန္ေရာင္ျခင္း
• ကင္ဆာေရာဂါ
ငရုတ္ေကာင္းကို အဆစ္နဲ႔ အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြကို ကုသဖို႔ အသံုးျပဳၿပီး စိတ္ပိုင္းဆိုင္ရာ ျဖစ္စဥ္ေတြကို လံႈ႕ေဆာ္ဖို႔လည္း သံုးၾကပါတယ္။ ငရုတ္ေကာင္းကို အာရံုေၾကာေၾကာင့္ နာက်င္ျခင္းနဲ႔ ဝဲေပါက္ျခင္းေတြမွာလည္း လိမ္းေဆးအျဖစ္ အသံုးျပဳၾကပါတယ္။

ဘယ္လိုအလုပ္လုပ္လဲ

ငရုတ္ေကာင္း ဘယ္လိုအလုပ္လုပ္လဲနဲ႔ ပတ္သက္တဲ့ လံုေလာက္တဲ့ ေလ့လာမႈေတြ မရွိေသးပါဘူး။ ပိုမို သိလိုတဲ့ အခ်က္အလက္ေတြ ရွိရင္ Herbal ကြ်မ္းက်င္သူ (သို႔) ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။

ဒါေပမယ့္ အခ်ိဳ႕ေလ့လာမႈေတြက ငရုတ္ေကာင္းဟာ microbes ေတြကို တိုက္ခိုက္ႏိုင္ၿပီး အစာအိမ္ကို အစာေျခရည္ေတြ ပိုမို စီးဆင္းေအာင္ ျပဳလုပ္ေပးႏိုင္တယ္လို႔ ဆိုပါတယ္။

ကင္ဆာေရာဂါမွာ သူတို႔ရဲ႕ အစြမ္းကေတာ့ အျငင္းပြားဖြယ္ပဲျဖစ္ပါတယ္။ အခ်ိုဳ႕သက္ေသျပခ်က္ေတြက ငရုတ္ေကာင္းဟာ အူမႀကီးကင္ဆာကို ကာကြယ္ေပးႏိုင္တယ္ဆိုေပမယ့္ အခ်ိဳ႕ကေတာ့ သူဟာ အသည္းကင္ဆာ ျဖစ္ေစတယ္လို႔ ဆိုပါတယ္။

Alkaloids တစ္မ်ိဳးျဖစ္တဲ့ piperine ဟာ ငရုတ္ေကာင္းရဲ႕ antiandrogenic နဲ႔ အေရာင္က်တဲ့ အစြမ္းကို ျဖစ္ေပၚေစၿပီး အသည္းကို ကာကြယ္ေပးႏုိင္ပါတယ္။ Amide feruperine ဟာ antioxidant တစ္မ်ိဳး ျဖစ္ပါတယ္။

ၾကိဳတင္သတိျပဳရန္မ်ားႏွင့္ အသိေပးခ်က္မ်ား

ငရုတ္ေကာင္း အသံုးမျပဳခင္ ဘာေတြသိသင့္သလဲ

ငရုတ္ေကာင္း ကို ေအးျမၿပီး ေျခာက္ေသြ႔တဲ့ ေနရာေတြမွာ ထားသင့္ၿပီး အပူနဲ႔ ေရေငြ႔ရိုက္ျခင္းကို ေရွာင္ရွားသင့္ပါတယ္။

ဓါတ္မတည့္တဲ့ လကၡဏာေတြကို သတိထားေစာင့္ၾကည့္သင့္ပါတယ္။ ရွိလာခဲ့ရင္ ငရုတ္ေကာင္း ကို အသံုးမျပဳသင့္ေတာ့့ပဲ antihistamine (သို႔) အျခားသင့္ေလ်ာ္တဲ့ နည္းတစ္ခုခုကို အသံုးျပဳသင့္ပါတယ္။

ဒီ Herbal supplement အတြက္ စည္းမ်ဥ္းေတြဟာ ေဆးေတြရဲ႕ စည္းမ်ဥ္းေတြေလာက္ တင္းက်ပ္ျခင္း မရွိပါဘူး။ သူ႔ရဲ႕ အာနိသင္ကို ဆံုးျဖတ္ဖို႔အတြက္ ေလ့လာမႈေတြ ပိုမိုလိုအပ္ပါေသးတယ္။ ဒီ Herbal supplement ကို မသံုးစြဲခင္ ေကာင္းက်ိဳးနဲ႔ ဆိုးက်ိဳးကို ဒြန္တြဲစဥ္းစားသင့္ပါတယ္။ ပိုမို သိလိုတဲ့ အခ်က္အလက္ေတြ ရွိရင္ Herbal ကြ်မ္းက်င္သူ (သို႔) ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။

ငရုတ္ေကာင္း က ဘယ္ေလာက္စိတ္ခ်ရလဲ

ကိုယ္ဝန္ေဆာင္ေတြမွာ အစားအေသာက္ထဲမွာ ငရုတ္ေကာင္း ထည့္သြင္းစားေသာက္ႏိုင္ပါတယ္။ ပမာဏ အမ်ားႀကီးစားျခင္းဟာေတာ့ လံုျခံဳစိတ္ခ်ရမႈ မရွိပါဘူး။ ငရုတ္ေကာင္းကို ပမာဏ အမ်ားႀကီး စားသံုးျခင္းဟာ ကေလးပ်က္က်ေစႏိုင္ပါတယ္။ ငရုတ္ေကာင္းမႈန္႔ကိုအေရျပားေပၚ လိမ္းျခင္းလည္း ပါဝင္ပါတယ္။ ကို္ယ္ဝန္ ရွိစဥ္မွာ ငရုတ္ေကာင္းလိမ္းျခင္းနဲ႔ ပတ္သက္တဲ့ စိတ္ခ်ရမႈကို သက္ေသျပထားျခင္း မရွိပါဘူး။

ႏို႔တိုက္ေနရင္ေတာ့ အစာထဲမွာပါတဲ့ ငရုတ္ေကာင္းပမာဏကို ကန္႔သတ္သင့္ပါတယ္။ ပမာဏ အမ်ားႀကီး ေသာက္သံုးျခင္းရဲ႕ စိတ္ခ်ရမႈကို သိရွိျခင္း မရွိပါဘူး။

ေဘးထြက္ဆိုးက်ိဳးမ်ား

ငရုတ္ေကာင္း ကေန ဘယ္လိုေဘးထြက္ဆိုးက်ိဳးမ်ိဳးေတြကို ခံစားရႏုိင္မလဲ

ငရုတ္ေကာင္း ကေန ေအာက္ပါဆိုးက်ိဳးေတြ ရရွိႏိုင္ပါတယ္။
• မ်က္လံုးယားျခင္း၊ ေရာင္ျခင္း
• ဓါတ္မတည့္ျခင္း
• ကင္ဆာျဖစ္ေစျခင္း အနည္းငယ္
• ကေလးေတြမွာ ပမာဏ အမ်ားႀကီး သံုးရင္ အသက္ရွဴ ရပ္ႏိုင္ပါတယ္။

လူတိုင္းကေတာ့ ဒီလိုေဘးထြက္ဆိုးက်ိဳးေတြကို ၾကံဳေတြ႔ရမွာ မဟုတ္ပါဘူး။ ဒီထဲမွာ ေဖၚျပမထားတဲ့ ဆိုးက်ိဳးအခ်ိဳ႕လည္း ရွိႏိုင္ပါေသးတယ္။ ေဘးထြက္ဆုိးက်ိဳးေတြနဲ႔ ပတ္သက္လုိ႔ စိုးရိမ္မႈေတြ ရွိတယ္ဆိုရင္ ဆရာဝန္နဲ႔ တုိင္ပင္ေဆြးေႏြးသင့္ပါတယ္။

အကယ္၍သင္သည္ ေဘးထြက္ဆိုးက်ိဳးမ်ားႏွင့္ပတ္သက္၍ စိုးရိမ္မႈရွိေနပါက ဆရာ၀န္ သို႔မဟုတ္ ကၽြမ္းက်င္သူႏွင့္ တုိင္ပင္ပါရန္

ေဆးဓာတ္ျပဳမႈမ်ား

ငရုတ္ေကာင္း ကိုအသံုးျပဳျခင္းကေန ဘယ္လိုဓာတ္ျပဳမႈေတြရွိလာႏိုင္သလဲ

ငရုတ္ေကာင္း ဟာ သင္အခုေသာက္ေနတဲ့ ေဆးေတြ (သို႔) ေရာဂါအေျခအေနေတြနဲ႔ ဓါတ္ျပဳႏိုင္ပါတယ္။ အသံုးမျပဳခင္ ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။

ငရုတ္ေကာင္း ဟာ ဆီးသြားေစတဲ့ အစြမ္းရွိပါတယ္။ ငရုတ္ေကာင္းစားသံုးျခင္းဟာ ကိုယ္ခႏၶာက lithium ထုတ္လုပ္မႈကို ေလ်ာ့က်ေစပါတယ္။ ဒါဟာ ေသြးထဲမွာ ရွိတဲ့ lithium ပမာဏကို တိုးတက္ေစၿပီး ျပင္းထန္တဲ့ ဆိုးက်ိဳးေတြ ျဖစ္ေစႏိုင္ပါတယ္။

ငရုတ္ေကာင္းနဲ႔ ဓါတ္ျပဳတဲ့ ေဆးေတြရဲ႕ အာနိသင္ေတြဟာ ေျပာင္းလဲႏိုင္ပါတယ္။ ေဆးေတြကေတာ့ Cytochrome P450, Phenytoin, Propranolol, Theophylline တို႔ပဲျဖစ္ပါတယ္။

Cytochrome P450, Phenytoin, Propranolol, Theophylline တို႔ရဲ႕ ေသြးစစ္ေဆးမႈ အေျဖေတြ ေျပာင္းလဲႏိုင္ပါတယ္။

ယခုေဆးဖက္၀င္ျဖည့္စြက္စာသည္သင္၏လက္ရွိေဆး၀ါးမ်ားႏွင့္ သို႔မဟုတ္ က်န္းမာေရးအေျခအေနမ်ားႏွင့္ ဓာတ္ျပဳႏုိင္ေျခရွိပါသည္။ အသံုးမျပဳခင္ ဆရာ၀န္ႏွင့္ တုိင္ပင္ပါရန္

ေသာက္သံုးရန္အညႊန္း

ယခုေဖာ္ျပထားေသာအခ်က္မ်ားသည္ ေဆးပညာအၾကံျပဳခ်က္မ်ားကို အစားထိုးရန္အတြက္မဟုတ္ပါ။ အသံုးမျပဳခင္တြင္ ဆရာ၀န္ႏွင့္တိုင္ပင္ပါရန္

ငရုတ္ေကာင္း အတြက္ ပံုမွန္ေသာက္သံုးရန္အညႊန္းက ဘယ္ေလာက္လဲ

တစ္ေန႔ကို ငရုတ္ေကာင္း 300-500mg စားသံုးႏိုင္ၿပီး အမ်ားဆံုးကေတာ့ တစ္ေန႔ကို 1.5g မေက်ာ္သင့္ပါဘူး။

ငရုတ္ေကာင္း ကို အသံုးျပဳရမယ့္ အခ်ိဳးအစားက တစ္ေယာက္နဲ႔ တစ္ေယာက္ မတူႏိုင္ပါဘူး။ အသက္အရြယ္၊ က်န္းမာေရးနဲ႔ အျခားအခ်က္အလက္ေတြေပၚမူတည္ပါတယ္။ Herbal supplements ေတြဟာ အျမဲလံုျခံဳစိတ္ခ်ရမႈ မရွိပါဘူး။ သင့္ေလ်ာ္တဲ့ အခ်ိဳးအစားကို သိရွိႏိုင္ဖို႔ ကြ်မ္းက်င္သူ (သို႔) ဆရာဝန္နဲ႔ တုိင္ပင္သင့္ပါတယ္။

ငရုတ္ေကာင္း က ဘယ္လိုပံုစံမ်ိဳးေတြနဲ႔လာလဲ

ငရုတ္ေကာင္း ကို အမႈန္႔ ပံုစံနဲ႔ ရရွိႏုိင္ပါတယ္။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Generic Name: Black Pepper (ငရုတ်ကောင်း)

အသုံးပြုပုံများ

ငရုတ်ကောင်း ကို ဘာအတွက်အသုံးပြုကြသလဲ

ငရုတ်ကောင်းမှုန့်ကို Piper nigrum အပင်ရဲ့ မမှည့်သေးတဲ့ အသီးကနေပြီးတော့ အခြောက်ခံအမှုန့်လုပ်ခြင်းအားဖြင့် ရရှိပါတယ်။ ငရုတ်ကောင်းကို အစာထဲထည့်စားခြင်းအားဖြင့် အစာအိမ်အူလမ်းကြောင်း လက္ခဏာတွေနဲ့ အောက်ပါလက္ခဏာတွေ အတွက် အသုံးပြုပါတယ်။

• လေတက်ခြင်း၊ အစာမကြေခြင်း၊ ရင်ပူခြင်း၊ အစာအိမ်နာခြင်း
• အစားအသောက်ပျက်ခြင်း
• အစာအိမ် အနာဖြစ်ခြင်း
• ဗိုက်နာခြင်း၊ ဗိုက်အောင့်ဖြင်း
• ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း
• လေပြွန်ရောင်ခြင်း
• ကင်ဆာရောဂါ
ငရုတ်ကောင်းကို အဆစ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ကုသဖို့ အသုံးပြုပြီး စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်တွေကို လှုံ့ဆော်ဖို့လည်း သုံးကြပါတယ်။ ငရုတ်ကောင်းကို အာရုံကြောကြောင့် နာကျင်ခြင်းနဲ့ ဝဲပေါက်ခြင်းတွေမှာလည်း လိမ်းဆေးအဖြစ် အသုံးပြုကြပါတယ်။

ဘယ်လိုအလုပ်လုပ်လဲ

ငရုတ်ကောင်း ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဒါပေမယ့် အချို့လေ့လာမှုတွေက ငရုတ်ကောင်းဟာ microbes တွေကို တိုက်ခိုက်နိုင်ပြီး အစာအိမ်ကို အစာခြေရည်တွေ ပိုမို စီးဆင်းအောင် ပြုလုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ကင်ဆာရောဂါမှာ သူတို့ရဲ့ အစွမ်းကတော့ အငြင်းပွားဖွယ်ပဲဖြစ်ပါတယ်။ အချိုု့သက်သေပြချက်တွေက ငရုတ်ကောင်းဟာ အူမကြီးကင်ဆာကို ကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် အချို့ကတော့ သူဟာ အသည်းကင်ဆာ ဖြစ်စေတယ်လို့ ဆိုပါတယ်။

Alkaloids တစ်မျိုးဖြစ်တဲ့ piperine ဟာ ငရုတ်ကောင်းရဲ့ antiandrogenic နဲ့ အရောင်ကျတဲ့ အစွမ်းကို ဖြစ်ပေါ်စေပြီး အသည်းကို ကာကွယ်ပေးနိုင်ပါတယ်။ Amide feruperine ဟာ antioxidant တစ်မျိုး ဖြစ်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

ငရုတ်ကောင်း အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ငရုတ်ကောင်း ကို အေးမြပြီး ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပြီး အပူနဲ့ ရေငွေ့ရိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။

ဓါတ်မတည့်တဲ့ လက္ခဏာတွေကို သတိထားစောင့်ကြည့်သင့်ပါတယ်။ ရှိလာခဲ့ရင် ငရုတ်ကောင်း ကို အသုံးမပြုသင့်တော့ပဲ antihistamine (သို့) အခြားသင့်လျော်တဲ့ နည်းတစ်ခုခုကို အသုံးပြုသင့်ပါတယ်။

ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ငရုတ်ကောင်း က ဘယ်လောက်စိတ်ချရလဲ

ကိုယ်ဝန်ဆောင်တွေမှာ အစားအသောက်ထဲမှာ ငရုတ်ကောင်း ထည့်သွင်းစားသောက်နိုင်ပါတယ်။ ပမာဏ အများကြီးစားခြင်းဟာတော့ လုံခြုံစိတ်ချရမှု မရှိပါဘူး။ ငရုတ်ကောင်းကို ပမာဏ အများကြီး စားသုံးခြင်းဟာ ကလေးပျက်ကျစေနိုင်ပါတယ်။ ငရုတ်ကောင်းမှုန့်ကိုအရေပြားပေါ် လိမ်းခြင်းလည်း ပါဝင်ပါတယ်။ ကိုယ်ဝန် ရှိစဉ်မှာ ငရုတ်ကောင်းလိမ်းခြင်းနဲ့ ပတ်သက်တဲ့ စိတ်ချရမှုကို သက်သေပြထားခြင်း မရှိပါဘူး။

နို့တိုက်နေရင်တော့ အစာထဲမှာပါတဲ့ ငရုတ်ကောင်းပမာဏကို ကန့်သတ်သင့်ပါတယ်။ ပမာဏ အများကြီး သောက်သုံးခြင်းရဲ့ စိတ်ချရမှုကို သိရှိခြင်း မရှိပါဘူး။

ဘေးထွက်ဆိုးကျိုးများ

ငရုတ်ကောင်း ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

ငရုတ်ကောင်း ကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။
• မျက်လုံးယားခြင်း၊ ရောင်ခြင်း
• ဓါတ်မတည့်ခြင်း
• ကင်ဆာဖြစ်စေခြင်း အနည်းငယ်
• ကလေးတွေမှာ ပမာဏ အများကြီး သုံးရင် အသက်ရှူ ရပ်နိုင်ပါတယ်။

လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓာတ်ပြုမှုများ

ငရုတ်ကောင်း ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓာတ်ပြုမှုတွေရှိလာနိုင်သလဲ

ငရုတ်ကောင်း ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ငရုတ်ကောင်း ဟာ ဆီးသွားစေတဲ့ အစွမ်းရှိပါတယ်။ ငရုတ်ကောင်းစားသုံးခြင်းဟာ ကိုယ်ခန္ဓာက lithium ထုတ်လုပ်မှုကို လျော့ကျစေပါတယ်။ ဒါဟာ သွေးထဲမှာ ရှိတဲ့ lithium ပမာဏကို တိုးတက်စေပြီး ပြင်းထန်တဲ့ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။

ငရုတ်ကောင်းနဲ့ ဓါတ်ပြုတဲ့ ဆေးတွေရဲ့ အာနိသင်တွေဟာ ပြောင်းလဲနိုင်ပါတယ်။ ဆေးတွေကတော့ Cytochrome P450, Phenytoin, Propranolol, Theophylline တို့ပဲဖြစ်ပါတယ်။

Cytochrome P450, Phenytoin, Propranolol, Theophylline တို့ရဲ့ သွေးစစ်ဆေးမှု အဖြေတွေ ပြောင်းလဲနိုင်ပါတယ်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓာတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

ငရုတ်ကောင်း အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

တစ်နေ့ကို ငရုတ်ကောင်း 300-500mg စားသုံးနိုင်ပြီး အများဆုံးကတော့ တစ်နေ့ကို 1.5g မကျော်သင့်ပါဘူး။

ငရုတ်ကောင်း ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ငရုတ်ကောင်း က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

ငရုတ်ကောင်း ကို အမှုန့် ပုံစံနဲ့ ရရှိနိုင်ပါတယ်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top