iMyanmarHouse.com - Best Property Website for Myanmar
×




စက်ဘီးစီးခြင်း




လှေကားထစ် တက်ခြင်း




Credit : Myanmar Post

ကျစ်လစ်ပြီး ပုံစံကျတဲ့ တင်ပါးဆုံ မျိုး ပိုင်ဆိုင်ဖို့ဆိုတာ အမျိုးသမီး တိုင်းရဲ့ စိတ်ကူး ပဲ ဖြစ်ပါတယ်။ မိမိစိ တ်ကူး အိမ်မက် လေးကို အကောင်အထည်ဖော်ပိုင်ဆိုင်စေနိုင်ဖို့အတွက် နည်းလမ်း လေးတွေရှိပါတယ်။ သို့ပေမယ့်လို့ သင့်ကို ဒီကနေ နည်းလမ်းလေးသာ ပေးနိုင်မှာဖြစ်ပြီး ကြိုးစားဆောင်ရွက် အကောင်အထည်ဖော်ရယူပိုင်ဆိုင်ဖို့ကတော့ သင့်ပေါ်သာမူတည်ပါတယ်။

ခြေဖျားထောက် လမ်းလျှောက်ခြင်း

သီးသန့်အချိန်ယူနေစရာမလိုအပ်တဲ့အတွက် ဒီ လေ့ကျင့်ခန်း ကို မကြာမကြာ ဆောင်ရွက်နိုင်ပါတယ်။ စက္ကန့် ၃၀-၄၀ ခန့်လောက်ကြာအောင် ခြေချောင်း လေးတွေနဲ့ လမ်းလျောက်ပါ။ ခဏနားပြီးရင် အဲဒီအတိုင်း အကြိမ်ကြိမ်ပြန် လုပ်ပေးပါ။ နေ့တိုင်း လုပ်ပေးလို့ ရပါတယ်။

စက်ဘီးစီးခြင်း

စက်ဘီးစီးခြင်း ဟာ မိမိရဲ့ သက်လုံ ခံနိုင်ရည် တိုးတက်စေတဲ့အပြင် တင်ပါး တွေရဲ့ ကြွက်သား တွေကို ပုံဖော်ပေးပါလိမ့်မယ်။

ဆောင့်ကြောင့်ထိုင်ခြင်း

တင်ပါးဆုံ ကြွက်သား တွေကို ပုံစံကျစေဖို့နဲ့ တောင့်တင်း ကျစ်လစ်စေဖို့ဆိုရင် ဒူးထောက် ထိုင်တာ သို့မဟုတ် ဆောင့်ကြောင့်ထိုင်တဲ့ လေ့ကျင့်ခန်းမျိုး လုပ်ပေးနိုင်ပါယ်။ ဒီ လေ့ကျင့်ခန်း ကို တစ်နေ့ ၅ မိနစ်ခန့်သာ လုပ်ပေးမယ်ဆိုရင် လအနည်းငယ်အတွင်းမှာ အကျိုးရလဒ်ကြီးကြီးမားမား တစ်ခုမြင်တွေ့ရမှာဖြစ်ပါတယ်။

လှေကားထစ် တက်ခြင်း

လှေကားထစ် တက်တာဟာ တင်ပါးဆုံ ကျစ်ကျစ်လစ်လစ်ဖြစ်စေဖို့နဲ့ ပုံစံကျလာဖို့ တကယ်ကောင်းမွန်တဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒီနေ့ကစပြီး ဓာတ်လှေကား ဆို ဝေးဝေးရှောင်လို့ ခြေကျင်နဲ့သာ သွက်သွက်လက်လက် တက်လိုက်ပါ။ အချိန်တိုအတွင်း အကျိုးမြတ်များစွာ သတိပြုမိလာပါလိမ့်မယ်။ လှေကားတက်ခြင်း က တင်ပါးဆုံကို  ပုံဖော်ကျစ်လစ်စေသည့်အပြင် သွေးလည်ပတ်မှုကောင်းမွန်စေပြီး ကယ်လိုရီကို လျော့ချစေပါတယ်။

ခေါင်းအုံးဖြင့် လေ့ကျင့်ခန်း လုပ်ခြင်း

ညအိပ်ယာ ပေါ်လဲနေစဉ် ခေါင်းအုံး ကို ဒူးဆစ်ကြားထားပြီး ဖျစ်ညှစ်ပါက ခြေသလုံး ကြွက်သား တွေ ကျစ်လစ်လာပါလိမ့်မယ်။ အဲဒီအနေအထားအတိုင်း လုပ်နိုင်သလောက်များများ လုပ်ပေးပါ။

Credit : Myanmar Post

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top