iMyanmarHouse.com - Best Property Website for Myanmar
×











Credit : lanthit

အလှဆုံး အချိန် က Brands အမြင့်တွေ ကိုင်ပြီး ပွဲတက်တဲ့အချိန် မဟုတ်ပါဘူး အိပ်ယာနိုးနိုးခြင်း အိပ်ချင်မူးတူး ဖြစ်နေတဲ့အချိန်။

ဆွဲဆောင်မှုအရှိဆုံး အချိန် က မိတ်ကပ် နှုတ်ခမ်းနီတွေ ရွှိုင်းထားကာစအချိန် မဟုတ်ပါဘူး သနပ်ခါး ပဲဟင်းအိုး မှောက်ကျသလို လူးထားတဲ့အချိန်။

Original အလှလို့ သတ်မှတ်လို့ရတဲ့ အချိန်က ခေါင်းလျှော်ပြီးကာစ ဆံပင်ဖါးလျား ချထားချိန် မဟုတ်ပါဘူးပူအိုက်တဲ့အခါ ဆံပင်လေးတွေ စုစည်းထားတဲ့အချိန်။

အလိမ္မာဆုံး အချိန်က မိဘ စကား ချစ်သူစကား နားထောင်ပြတဲ့ အချိန် မဟုတ်ပါဘူး ပိုက်ဆံ ပြတ်လို့ လက်ထဲ သုံးစရာမရှိတော့တဲ့ အချိန်။

ချစ်စရာ အကောင်းဆုံး အချိန်က ပါးလေးဖေါင်း နှုတ်ခမ်းလေး ဆူထားတဲ့ အချိန် မဟုတ်ပါဘူးဘယ်သူ့မှ ဂရုမစိုက်ပဲ သဲသဲမဲမဲ အစားငုံ့စားနေတဲ့ အချိန်။

စိတ်အရှည်ဆုံး အချိန် က အပြင်သွားခါနီး ဖြီးလိမ်း ပြင်ဆင်နေတဲ့ အချိန် မဟုတ်ပါဘူးချစ်သူကို တိတ်တိတ်လေး Spy လုပ်နေတဲ့ အချိန် ။

ကျက်သရေအရှိဆုံး အချိန်က မြန်မာဝတ်စုံ ဝမ်းဆက် ဝတ်ပြီး ဆံထုံး ထုံးထားတဲ့ အချိန် မဟုတ်ပါဘူးလိုချင်တာရသွားလို့ လှစ်ခနဲ ပြုံးပျော်သွားတဲ့ အချိန်။

အသဲယားဖို့ အကောင်းဆုံး အချိန် က အတိုအပြတ် ဝတ်ပြီး Shopping ထွက်ချိန်မဟုတ်ပါဘူးစကားပြောပြောပြီး ခလေးလို ရှိုက်ရှိုက်ငိုတဲ့ အချိန်။

အဖြူစင်ဆုံး အချိန် က စလို့စမှန်းမသိ တစ်ကယ် ထင်မှတ်သွားတဲ့အချိန် မဟုတ်ပါဘူး”လက်ပံပင် ပေါ် ဆက်ရက်ကျ”သလို စကားများတဲ့ အချိန် ။

အထာအကျဆုံး အချိန် က ဂဏန်း ခြောက်လုံး အထက်ရှိတဲ့ Dressing အပြည့်ဝတ်ပြီး Show ပွဲသွားချိန် မဟုတ်ပါဘူး
လက်နှီးစုတ်သာသာရှိတဲ့ အိမ်နေရင်း အဝတ် ကို ဝတ် ၁၅၀၀ တန် ဖိနပ်စီး လမ်းထိပ်ဈေးထွက်ဝယ်တဲ့ အချိန်။

Credit : lanthit

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top