iMyanmarHouse.com - Best Property Website for Myanmar
×

အဂၤလိပ္စကားပံုတစ္ခုရွိပါတယ္။ ပန္းသီးကိုတေန႔တစ္လံုးစားၿပီး ဆရာ၀န္ဆီမသြားဘဲေနၾကမယ္တဲ့။

သံသယျဖစ္စရာမရွိပါဘူး။ ပန္းသီးမွာ အမွ်င္ဓါတ္၊ ဗီတာမင္နဲ႔ သတၱဳဓါတ္ေတြ ၾကြယ္၀စြာပါ၀င္လို႔ ေန႔စဥ္စားသံုးေပးသင့္တဲ့ အသီးတစ္မ်ိဳးျဖစ္ပါတယ္။

Antioxidant ဓါတ္တိုးဆန္႔က်င္ပစၥည္း

အသီးအႏွံေတာ္ေတာ္မ်ားမ်ားမွာ အၾကမ္းမ်ည္းအားျဖင့္ေတာ့ ဓါတ္တိုးဆန္႔က်င္ပစၥည္းေတြပါ၀င္ေပမဲ့ ပန္းသီးမွာေတာ့ အမ်ားအျပားပါ၀င္ပါတယ္။

ဒါ့အျပင္ ကိုယ္ခံအားစနစ္ေကာင္းမြန္ေစတဲ့ ဂုဏ္သတၱိေတြလည္း ပါ၀င္ပါတယ္။ ဒါ့ေၾကာင့္ ေရာဂါအမ်ိဳးမ်ိဳး အလြယ္တကူ၀င္ေရာက္တာကေနကာကြယ္ေပးႏိုင္ပါတယ္။ ပန္းသီးကို မနက္ပိုင္း (သို႕) ညဖက္အိပ္ယာမ၀င္ခင္မွာ ပံုမွန္စားေပးသင့္ပါတယ္။ အ၀လြန္ေစတဲ့ အသင့္စားစာေျပအစားအစာ အစား ပန္းသီးကို စားေပးသင့္ပါတယ္။

အျမင္အာရံု

ပန္းသီး တေန႔တစ္လံုးစားေပးတာဟာ မ်က္လံုးအတြင္းတိမ္ျဖစ္ျခင္းကေန ကာကြယ္ေပးႏိုင္တယ္လို႔ ေလ့လာမႈေတြ အမ်ားအျပားက သက္ေသျပလ်က္ရွိေနပါတယ္။ ပန္းသီးကို တစ္ေန႔ တစ္လံုးစားပါ။

အစာေခ်စနစ္

ပန္းသီးမွာ အမွ်င္ဓါတ္ေတြ ၾကြယ္၀စြာပါ၀င္တာေၾကာင့္ အစာေခ်စနစ္ကိုေကာင္းမြန္ေစပါတယ္။ ဒါ့အျပင္ ေသြးတြင္းကိုလက္စထေရာမ်ားတာကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

အသည္း

အသည္းသာ က်န္းမာမယ္ဆိုရင္ ခႏၱာကိုယ္အတြင္း အလြယ္တကူ၀င္ေရာက္လာတဲ့ အဆိပ္အေတာက္ေတြကို အလြယ္တကူဖယ္ရွားေပးႏိုင္ပါတယ္။ ပန္းသီးဟာ အသည္းက်န္းမာေရးအတြက္ အထူးေကာင္းမြန္ေစပါတယ္။ ဒါ့ေၾကာင့္ ပန္းသီးကို စားေပးသင့္ပါတယ္။

ႏွလံုး

ေစာေစာကေျပာခဲ့သလိုပဲ ပန္းသီးမွာ အမွ်င္ဓါတ္ေတြ ၾကြယ္၀စြာပါ၀င္လို႔ ေသြးတြင္းကိုလက္စထေရာကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ႏွလံုးအဆီဖံုးတာမ်ိဳးမျဖစ္ေတာ့သလို ႏွလံုးကို က်န္းမာေစၿပီး ႏွလံုးေရာဂါျဖစ္ပြားျခင္းကေန ကာကြယ္ေပးပါတယ္။

ကိုယ္အေလးခ်ိန္

ဒီအခ်က္ေလးကိုေတာ့ စာဖတ္သူတို႔ သေဘာက်ႏွစ္ၿခိဳက္ၾကမယ္ထင္ပါတယ္။ ပန္းသီးကိုစားေပးတာဟာ ကိုယ္အေလးခ်ိန္ကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အင်္ဂလိပ်စကားပုံတစ်ခုရှိပါတယ်။ ပန်းသီးကိုတနေ့တစ်လုံးစားပြီး ဆရာဝန်ဆီမသွားဘဲနေကြမယ်တဲ့။

သံသယဖြစ်စရာမရှိပါဘူး။ ပန်းသီးမှာ အမျှင်ဓါတ်၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်လို့ နေ့စဉ်စားသုံးပေးသင့်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။

Antioxidant ဓါတ်တိုးဆန့်ကျင်ပစ္စည်း

အသီးအနှံတော်တော်များများမှာ အကြမ်းမျည်းအားဖြင့်တော့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပေမဲ့ ပန်းသီးမှာတော့ အများအပြားပါဝင်ပါတယ်။

ဒါ့အပြင် ကိုယ်ခံအားစနစ်ကောင်းမွန်စေတဲ့ ဂုဏ်သတ္တိတွေလည်း ပါဝင်ပါတယ်။ ဒါ့ကြောင့် ရောဂါအမျိုးမျိုး အလွယ်တကူဝင်ရောက်တာကနေကာကွယ်ပေးနိုင်ပါတယ်။ ပန်းသီးကို မနက်ပိုင်း (သို့) ညဖက်အိပ်ယာမဝင်ခင်မှာ ပုံမှန်စားပေးသင့်ပါတယ်။ အဝလွန်စေတဲ့ အသင့်စားစာပြေအစားအစာ အစား ပန်းသီးကို စားပေးသင့်ပါတယ်။

အမြင်အာရုံ

ပန်းသီး တနေ့တစ်လုံးစားပေးတာဟာ မျက်လုံးအတွင်းတိမ်ဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေ အများအပြားက သက်သေပြလျက်ရှိနေပါတယ်။ ပန်းသီးကို တစ်နေ့ တစ်လုံးစားပါ။

အစာချေစနစ်

ပန်းသီးမှာ အမျှင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ ဒါ့အပြင် သွေးတွင်းကိုလက်စထရောများတာကို လျှော့ချပေးနိုင်ပါတယ်။

အသည်း

အသည်းသာ ကျန်းမာမယ်ဆိုရင် ခန္တာကိုယ်အတွင်း အလွယ်တကူဝင်ရောက်လာတဲ့ အဆိပ်အတောက်တွေကို အလွယ်တကူဖယ်ရှားပေးနိုင်ပါတယ်။ ပန်းသီးဟာ အသည်းကျန်းမာရေးအတွက် အထူးကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် ပန်းသီးကို စားပေးသင့်ပါတယ်။

နှလုံး

စောစောကပြောခဲ့သလိုပဲ ပန်းသီးမှာ အမျှင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်လို့ သွေးတွင်းကိုလက်စထရောကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့ကြောင့် နှလုံးအဆီဖုံးတာမျိုးမဖြစ်တော့သလို နှလုံးကို ကျန်းမာစေပြီး နှလုံးရောဂါဖြစ်ပွားခြင်းကနေ ကာကွယ်ပေးပါတယ်။

ကိုယ်အလေးချိန်

ဒီအချက်လေးကိုတော့ စာဖတ်သူတို့ သဘောကျနှစ်ခြိုက်ကြမယ်ထင်ပါတယ်။ ပန်းသီးကိုစားပေးတာဟာ ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ပါတယ်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top