iMyanmarHouse.com - Best Property Website for Myanmar
×



၁။ လိုင်နာ


၂။ Gloss


၃။ Treatment


ှSource : RD

Credit : Duwun

 လှတာ မလှတာက နှုတ်ခမ်းပုံစံနဲ့ မဆိုင်ဘူး။

လှပတဲ့နှုတ်ခမ်းနှစ်လွှာဟာ ကိုယ့်ဘဝကို ပြောင်းလဲသွားနိုင်လောက်အောင် အစွမ်းတွေရှိတယ် သိလား။ ဘာကြောင့်လဲဆိုတော့ မျက်နှာပေါ်က အစိတ်အပိုင်းတွေထဲမှာ နှုတ်ခမ်းတွေဟာ ညှို့ငင်အားကောင်းဆုံး အရာတွေ ဖြစ်ကြတယ်လေ။ နှုတ်ခမ်းပုံစံကြောင့် မလှတာ မဟုတ်ပါဘူး။ နှုတ်ခမ်းနီဆိုးတိုင်း အလွဲတွေလုပ်နေမိလို့သာ မလှဘူးဖြစ်နေတာမို့လို့ ဒါလေးတွေကို ပြင်လိုက်ရင် လှသွားမှာပါနော်။

၁။ လိုင်နာ

နှုတ်ခမ်းပုံဖော်ပြီးဆိုးရင် နှုတ်ခမ်းလေးကို အလှဆုံးဖြစ်စေပါတယ်။ နှုတ်ခမ်းပါးပါးလေးကို ဖူးဖူးလေးဖြစ်ချင်ရင်တော့ လိုင်နာကို မဖြစ်မနေသုံးပါ။ Lip liner ရွေးတဲ့အခါ ကိုယ့်နှုတ်ခမ်းသားအရောင်နဲ့ အနီးစပ်ဆုံးဟာ အလိုက်ဖက်ဆုံးပါပဲ။ နှုတ်ခမ်းနီအရောင်ထက် တစ်ဆင့်ပိုရင့်တဲ့ လိုင်နာကိုလည်း ရွေးရပါတယ်။ အဲ့ဒီအရောင်နှစ်မျိုး မဟုတ်ဘူးဆိုရင် မလှဘူး။

၂။ Gloss

Lip gloss လေးတွေကြောင့် နှုတ်ခမ်းသားလေး စိုပြေသွားနိုင်ပေမဲ့ စိုရွှဲနေအောင် မဆိုးရပါဘူး။ အဆီတဝင်းဝင်းဖြစ်ပြီး နှုတ်ခမ်းကိုပုံပျက်သလို မြင်ရစေတယ်။

၃။ Treatment

နှုတ်ခမ်းသားလေးတွေက နူးညံ့ပါတယ်။ ကိုယ်စားတဲ့ အစားအသောက်၊ နေလောင်ဒဏ်၊ လေဒဏ်တွေကြောင့် နှုတ်ခမ်းသားတွေ ခြောက်သွေ့ပျက်စီးရတယ်။ အရောင်လည်း ညစ်ထေးထေးဖြစ်သွားတယ်။ ဒါကြောင့်မို့လို့ နှုတ်ခမ်းသားလေးတွေကို exfoliate လုပ်ပေးပြီး ခရင်မ်လည်း လူးပေးဖို့လိုပါတယ်။

ှSource : RD

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top