iMyanmarHouse.com - Best Property Website for Myanmar
×

ၾကာစြယ္ စားရတာႀကိဳက္လားရွင့္။ ၾကာစြယ္ ဟာ အရသာလည္းရွိသလို က်န္းမာေရး အတြက္လည္း အက်ိဳးေက်းဇူးမ်ားစြာရွိေနပါတယ္။ ၾကာစြယ္ ကို ေဟာ့ေပါ့၊ ခ်ဥ္ငံစပ္တို႔ ဟင္းရည္တို႔ ခ်က္ေသာက္ရာမွာ ထည့္သြင္းစားသံုးေလ့ရွိသလို အမ်ိဳးမ်ိဳးလည္းခ်က္စားၾကပါတယ္။ ၀ါးရတာလည္း ထုတ္ထုတ္ေလးနဲ႔ ခ်ိဳတဲ့အရသာေလးလည္းရွိလို႔ လူႀကိဳက္မ်ားပါတယ္။ ၾကာစြယ္စားေပးရင္ က်န္းမာေရး အတြက္ ဘယ္လိုအက်ိဳးေက်းဇူးရွိလဲဆိုတာကို မွ်ေ၀ေပးခ်င္ပါတယ္။

၁။ ေသြးလည္ပတ္မႈကိုေကာင္းမြန္ေစျခင္း

ၾကာစြယ္ ကိုစားေပးတာဟာ ေသြးလည္ပတ္မႈကိုေကာင္းမြန္ေစပါတယ္။ ေၾကးနီနဲ႔ သံဓာတ္ပါ၀င္လို႔ ေသြးနီဆဲလ္ေတြ ထုတ္လုပ္မႈကို ျမင့္တက္ေစၿပီး ေသြးအားနည္းေရာဂါျဖစ္ပြားမႈကို ကာကြယ္ေပးပါတယ္။

၂။ ႏွလံုးက်န္းမာေရး

ေသြးလည္ပတ္မႈကိုေကာင္းမြန္ေစၿပီး ေသြးဖိအား ကိုထိန္းေပးသလို ႏွလံုးေသြးေၾကာ က်န္းမာေရး ကိုလည္း ေကာင္းမြန္ေစပါတယ္။ ႏွလံုးကိုက်န္းမာေစတဲ့ အစားအစာလည္းျဖစ္ပါတယ္။

၃။ အစာေခ်စနစ္

အမွ်င္ဓာတ္ေတြၾကြယ္၀စြာပါ၀င္ၿပီး ပံုမွန္စားေပးရင္ အစာေခ်စနစ္ ကို ေကာင္းမြန္ေစလို႔ ၀မ္းခ်ဳပ္ျခင္းကို သက္သာေစပါတယ္။ ၀မ္းေလွ်ာတာမ်ိဳးလည္းမျဖစ္ေစပါဘူး။

၄။ မ်က္လံုး က်န္းမာေရး

ဗီတာမင္ A ၾကြယ္၀စြာပါ၀င္ၿပီး အျမင္အာရံုကို ေကာင္းမြန္ေစပါတယ္။

၅။ ကိုယ္ခံအားစနစ္ျမင့္တင္ေပးျခင္း

ဗီတာမင္ C ပါ၀င္လို႔ ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစၿပီး အေအးမိ၊ တုတ္ေကြး၊ ဖ်ားနာအပါအ၀င္ တျခားေရာဂါအမ်ိဳးမ်ိဳးမွလည္း ကာကြယ္ေပးႏိုင္ပါတယ္။

၆။ ကင္ဆာ ျဖစ္ပြားမႈကို ေလ်ာ့က်ေစျခင္း

ဗီတာမင္ C ဆိုတဲ့ Antioxidant ၾကြယ္၀စြာပါ၀င္လို႔ က်န္းမာေရး အတြက္ သင့္ေတာ္သလို ကင္ဆာ ေရာဂါကိုလည္း ႀကိဳတင္ကာကြယ္ေပးႏိုင္ပါတယ္။

Credit : Myfoodmyanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကြာစွယ် စားရတာကြိုက်လားရှင့်။ ကြာစွယ် ဟာ အရသာလည်းရှိသလို ကျန်းမာရေး အတွက်လည်း အကျိုးကျေးဇူးများစွာရှိနေပါတယ်။ ကြာစွယ် ကို ဟော့ပေါ့၊ ချဉ်ငံစပ်တို့ ဟင်းရည်တို့ ချက်သောက်ရာမှာ ထည့်သွင်းစားသုံးလေ့ရှိသလို အမျိုးမျိုးလည်းချက်စားကြပါတယ်။ ဝါးရတာလည်း ထုတ်ထုတ်လေးနဲ့ ချိုတဲ့အရသာလေးလည်းရှိလို့ လူကြိုက်များပါတယ်။ ကြာစွယ်စားပေးရင် ကျန်းမာရေး အတွက် ဘယ်လိုအကျိုးကျေးဇူးရှိလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

၁။ သွေးလည်ပတ်မှုကိုကောင်းမွန်စေခြင်း

ကြာစွယ် ကိုစားပေးတာဟာ သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ ကြေးနီနဲ့ သံဓာတ်ပါဝင်လို့ သွေးနီဆဲလ်တွေ ထုတ်လုပ်မှုကို မြင့်တက်စေပြီး သွေးအားနည်းရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။

၂။ နှလုံးကျန်းမာရေး

သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး သွေးဖိအား ကိုထိန်းပေးသလို နှလုံးသွေးကြော ကျန်းမာရေး ကိုလည်း ကောင်းမွန်စေပါတယ်။ နှလုံးကိုကျန်းမာစေတဲ့ အစားအစာလည်းဖြစ်ပါတယ်။

၃။ အစာချေစနစ်

အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး ပုံမှန်စားပေးရင် အစာချေစနစ် ကို ကောင်းမွန်စေလို့ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ ဝမ်းလျှောတာမျိုးလည်းမဖြစ်စေပါဘူး။

၄။ မျက်လုံး ကျန်းမာရေး

ဗီတာမင် A ကြွယ်ဝစွာပါဝင်ပြီး အမြင်အာရုံကို ကောင်းမွန်စေပါတယ်။

၅။ ကိုယ်ခံအားစနစ်မြင့်တင်ပေးခြင်း

ဗီတာမင် C ပါဝင်လို့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး အအေးမိ၊ တုတ်ကွေး၊ ဖျားနာအပါအဝင် တခြားရောဂါအမျိုးမျိုးမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

၆။ ကင်ဆာ ဖြစ်ပွားမှုကို လျော့ကျစေခြင်း

ဗီတာမင် C ဆိုတဲ့ Antioxidant ကြွယ်ဝစွာပါဝင်လို့ ကျန်းမာရေး အတွက် သင့်တော်သလို ကင်ဆာ ရောဂါကိုလည်း ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

Credit : Myfoodmyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top