iMyanmarHouse.com - Best Property Website for Myanmar
×

မနက္စာ မစားဘဲ ေနျခင္းက ေန႔လည္စာကို မ်ားမ်ား စားမိေအာင္ လုပ္တဲ့ အက်င့္ဆိုးပါဘဲ။ မနက္စာက သင့္ကို စြမ္းအင္ေတြ၊ စိတ္ေက်နပ္မႈေတြနဲ႔ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ခ်ႏိုင္ေအာင္ကူညီေပးႏိုင္ပါတယ္။

မနက္စာကို အမွ်င္ဓာတ္၊ ေကာင္းတဲ့ ကာဗိုဟိုက္ဒရိတ္နဲ႔ ပရိုတင္းအနည္းငယ္ စားသံုးေပးသင့္ပါတယ္။ ဒါ့ေၾကာင့္ မနက္စာအျဖစ္ စားသံုးသင့္တဲ့ အစားအစာမ်ားကို ေ၀မွ်ခ်င္ပါတယ္။

အုတ္ဂ်ံဳ (Oatmeal)

အုတ္ဂ်ံဳ (Oatmeal) (ေကြကာအုပ္လုပ္တဲ့ အမႈန္႔) မွာ အမွ်င္ဓာတ္တစ္မ်ိဳးျဖစ္တဲ့ Beta-Glucan ဓာတ္ပါ၀င္ၿပီး ရံဖန္ရံခါစားရင္ ကိုလက္စထေရာ က်ဆင္းေအာင္ ကူညီေပးႏိုင္ပါတယ္။

အဲ့ဒီအျပင္ ေဖာလစ္၊ ပိုတက္ဆီယမ္နဲ႔ Omega-3 Fatty အက္ဆစ္တို႔လည္း ၾကြယ္၀စြာပါ၀င္ပါတယ္။

ဒါေပမယ့္ သၾကားပါၿပီးသား အုတ္ဂ်ံဳ (Oatmeal) ေတြကို ေရွာင္ၾကဥ္ပါ။ အုတ္ဂ်ံဳ (Oatmeal) ကို ႏြားႏို႔၊ ပ်ားရည္၊ အသီးအႏွံနဲ႔အခြံမာ အသီးတို႔နဲ႔တြဲစားလို႔ရပါတယ္။

Greek ဒိန္ခ်ဥ္

Cream ပံုစံ ဒိန္ခ်ဥ္အမ်ိဳးအစားျဖစ္ၿပီး ကယ္ဆီယမ္ဓာတ္ေတြ၊ ပရိုတင္းဓာတ္ေတြပါ၀င္ပါတယ္။ Greek ဒိန္ခ်ဥ္မွာ သာမန္ ဒိန္ခ်ဥ္ေတြထက္ ပရိုတင္းဓာတ္ ၂ ဆ ပါ၀င္ပါတယ္။

ငွက္ေပ်ာသီး

အ၀ါေရာင္ငွက္ေပ်ာသီးမွာ ကစီဓာတ္ေတြနဲ႔က်န္းမာေရးနဲ႔ ညီညြတ္တဲ့ ကာဗိုဟိုက္ဒရိတ္ဓာတ္ေတြ ၾကြယ္၀စြာပါ၀င္ၿပီး ဗိုက္အၿမဲ ျပည့္ေနသလို ခံစားရမွာပါ။

ငွက္ေပ်ာသီးခ်ည္းဘဲနဲ႔ေတာ့ မနက္စာအျဖစ္ စားရင္ က်န္းမာေရးအတြက္ မေကာင္းပါဘူး။ ေကြကာအုပ္ထဲမွာ လွီးၿပီးထည့္စားတာျဖစ္ျဖစ္၊ အစားအစာတစ္ခုခုနဲ႔တြဲစားပါ။

ပိုတက္ဆီယမ္ဓာတ္ၾကြယ္၀စြာပါ၀င္ၿပီး ေသြးတိုးကိုလည္း က်ေစတာေၾကာင့္ ေသြးတိုးရွိသူေတြ မနက္စာအျဖစ္ စားသံုးသင့္ပါတယ္။

ၾကက္ဥ

ၾကက္ဥမွာ ပရိုတင္းဓာတ္ေတြ ၾကြယ္၀စြာပါ၀င္ၿပီး ဗီတာမင္ D လို အာဟာရဓာတ္ေတြလည္း အမ်ားႀကီးပါ၀င္ပါတယ္။

ေကာ္ဖီ

ဘာေၾကာင့္ ဗုိက္ထဲမွာ အစာမရွိခင္မွာ ေကာ္ဖီမေသာက္သင့္သလဲ

ေကာ္ဖီက သင့္ကို မနက္ခင္းကို လန္းလန္းဆန္းဆန္းနဲ႔ တက္ၾကြေအာင္ ကူညီေပးပါတယ္။ ေကာ္ဖီမွာ ကဖိန္းဓာတ္နဲ႔ Antioxidants ဓာတ္ေတြ ၾကြယ္၀စြာပါ၀င္ပါတယ္။ အဆီေတြမ်ားတဲ့ ႏြားႏို႔နဲ႔ ေကာ္ဖီေရာေသာက္တာကေတာ့ က်န္းမာေရးအတြက္ မေကာင္းပါဘူး။

ဒါ့ေၾကာင့္ အဆီထုတ္ထားတဲ့ ႏြားႏို႔နဲ႔ဘဲ တြဲေသာက္သင့္ပါတယ္။

Credit : MyFood
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မနက်စာ မစားဘဲ နေခြင်းက နေ့လည်စာကို များများ စားမိအောင် လုပ်တဲ့ အကျင့်ဆိုးပါဘဲ။ မနက်စာက သင့်ကို စွမ်းအင်တွေ၊ စိတ်ကျေနပ်မှုတွေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်အောင်ကူညီပေးနိုင်ပါတယ်။

မနက်စာကို အမျှင်ဓာတ်၊ ကောင်းတဲ့ ကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတင်းအနည်းငယ် စားသုံးပေးသင့်ပါတယ်။ ဒါ့ကြောင့် မနက်စာအဖြစ် စားသုံးသင့်တဲ့ အစားအစာများကို ဝေမျှချင်ပါတယ်။

အုတ်ဂျုံ (Oatmeal)

အုတ်ဂျုံ (Oatmeal) (ကွေကာအုပ်လုပ်တဲ့ အမှုန့်) မှာ အမျှင်ဓာတ်တစ်မျိုးဖြစ်တဲ့ Beta-Glucan ဓာတ်ပါဝင်ပြီး ရံဖန်ရံခါစားရင် ကိုလက်စထရော ကျဆင်းအောင် ကူညီပေးနိုင်ပါတယ်။

အဲ့ဒီအပြင် ဖောလစ်၊ ပိုတက်ဆီယမ်နဲ့ Omega-3 Fatty အက်ဆစ်တို့လည်း ကြွယ်ဝစွာပါဝင်ပါတယ်။

ဒါပေမယ့် သကြားပါပြီးသား အုတ်ဂျုံ (Oatmeal) တွေကို ရှောင်ကြဉ်ပါ။ အုတ်ဂျုံ (Oatmeal) ကို နွားနို့၊ ပျားရည်၊ အသီးအနှံနဲ့အခွံမာ အသီးတို့နဲ့တွဲစားလို့ရပါတယ်။

Greek ဒိန်ချဉ်

Cream ပုံစံ ဒိန်ချဉ်အမျိုးအစားဖြစ်ပြီး ကယ်ဆီယမ်ဓာတ်တွေ၊ ပရိုတင်းဓာတ်တွေပါဝင်ပါတယ်။ Greek ဒိန်ချဉ်မှာ သာမန် ဒိန်ချဉ်တွေထက် ပရိုတင်းဓာတ် ၂ ဆ ပါဝင်ပါတယ်။

ငှက်ပျောသီး

အဝါရောင်ငှက်ပျောသီးမှာ ကစီဓာတ်တွေနဲ့ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ဗိုက်အမြဲ ပြည့်နေသလို ခံစားရမှာပါ။

ငှက်ပျောသီးချည်းဘဲနဲ့တော့ မနက်စာအဖြစ် စားရင် ကျန်းမာရေးအတွက် မကောင်းပါဘူး။ ကွေကာအုပ်ထဲမှာ လှီးပြီးထည့်စားတာဖြစ်ဖြစ်၊ အစားအစာတစ်ခုခုနဲ့တွဲစားပါ။

ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး သွေးတိုးကိုလည်း ကျစေတာကြောင့် သွေးတိုးရှိသူတွေ မနက်စာအဖြစ် စားသုံးသင့်ပါတယ်။

ကြက်ဥ

ကြက်ဥမှာ ပရိုတင်းဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ဗီတာမင် D လို အာဟာရဓာတ်တွေလည်း အများကြီးပါဝင်ပါတယ်။

ကော်ဖီ

ဘာကြောင့် ဗိုက်ထဲမှာ အစာမရှိခင်မှာ ကော်ဖီမသောက်သင့်သလဲ

ကော်ဖီက သင့်ကို မနက်ခင်းကို လန်းလန်းဆန်းဆန်းနဲ့ တက်ကြွအောင် ကူညီပေးပါတယ်။ ကော်ဖီမှာ ကဖိန်းဓာတ်နဲ့ Antioxidants ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ အဆီတွေများတဲ့ နွားနို့နဲ့ ကော်ဖီရောသောက်တာကတော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။

ဒါ့ကြောင့် အဆီထုတ်ထားတဲ့ နွားနို့နဲ့ဘဲ တွဲသောက်သင့်ပါတယ်။

Credit : MyFood

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top