iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေန႔ကို ပန္းသီးတစ္လံုးစားရင္ ဆရာ၀န္ဆီသြားစရာမလိုဘူး ဆိုတဲ့ စကားကိုသင္ၾကားဖူးမွာပါ။ ပန္းသီးတစ္ခုလံုးမွာ က်န္းမာေရးအတြက္သင့္ေတာ္တဲ့ အာဟာရဓာတ္ေတြအမ်ားႀကီးပါ၀င္ပါတယ္။

ပန္းသီးအခြံမွာေတာင္ကိုယ္အေလးခ်ိန္ ေလ်ာ့နည္းေစတဲ့ဓာတ္ေတြပါ၀င္ေနပါတယ္။

ပန္းသီးအခြံရဲ႕ အက်ိဳးေက်းဇူး

ပန္းသီးအခြံမွာ ၾကြက္သားတည္ေဆာက္ေရး၊ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ေရးနဲ႔ အေလးခ်ိန္ထိန္းသိမ္းေရးဆိုင္ရာ ဓာတ္ေတြပါ၀င္ပါတယ္။

ပန္းသီးအခြံမွာ Ursolic အက္ဆစ္ပါ၀င္ၿပီး ၾကြက္သားနာတာေတြကို ကာကြယ္ေပးႏိုင္ၿပီး ကိုလက္စထေရာအဆင့္နဲ႔သၾကားဓာတ္ေတြကို ထိန္းခ်ဳပ္ေပးႏိုင္ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာရွိတဲ့ ေဒါက္တာ အက္ဒမ္ (Adams) က ပန္းသီးအခြံကို သုေတသနလုပ္ခဲ့ၿပီး ပန္းသီးအခြံရဲ႕ အက်ိဳးေက်းဇူးေတြကို သိရွိခဲ့ပါတယ္။

ၾကြက္သားေတြ တြဲခ်တာ၊ အားနည္းတာက အသက္အရြယ္ႀကီးျမင့္မႈနဲ႔ ဖ်ားနာမႈနဲ႔ သက္ဆိုင္ေနပါတယ္။

ၾကြက္သားအားနည္းတာနဲ႔ပတ္သက္ၿပီး ထိေရာက္ကုသႏိုင္တဲ့ေဆး၀ါးမရွိေသးပါဘူး။ ဒါ့ေၾကာင့္ ေဒါက္တာ အက္ဒမ္က ဒီေရာဂါနဲ႔ပတ္သက္တာကို သုေတသနလုပ္ခဲ့တာပါ။

ၾကြက္ေတြကို ပန္းသီးအခြံေကၽြးၿပီး စမ္းသပ္ခဲ့ရာ ပန္းသီးအခြံစားထားတဲ့ၾကြက္ေတြရဲ႕ ၾကြက္သားက ပိုသန္စြမ္းလာတာကို ေတြ႔ရွိခဲ့ရပါတယ္။ အဲ့ဒီအျပင္ ေသြးအတြင္း ကိုလက္စထေရာဓာတ္ေတြ က်ဆင္းေစၿပီး ေသြးလႊတ္ေၾကာထဲမွာအဆီရွိတာေတြ နည္းပါးလာၿပီး ႏွလံုးေရာဂါကို ကာကြယ္ေပးႏိုင္လာပါတယ္။

ပန္းသီးအခြံကိုစားေပးရင္ အညိဳေရာင္အဆီေတြ ခႏၶာကိုယ္ထဲမွာ ပိုေရာက္လာၿပီး အဲ့ဒီအဆီေတြက ကယ္လုိရီပိုေလာင္ကၽြမ္းေအာင္လုပ္ေဆာင္ေပးႏိုင္တာေၾကာင့္ ကို္ယ္အေလးခ်ိန္ ေလ်ာ့က်ေစပါတယ္။

ဒါ့ေၾကာင့္ ပန္းသီးစားရင္ အခြံပါ ထည့္စားသင့္ပါတယ္။

Credit : Myfood
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တစ်နေ့ကို ပန်းသီးတစ်လုံးစားရင် ဆရာဝန်ဆီသွားစရာမလိုဘူး ဆိုတဲ့ စကားကိုသင်ကြားဖူးမှာပါ။ ပန်းသီးတစ်ခုလုံးမှာ ကျန်းမာရေးအတွက်သင့်တော်တဲ့ အာဟာရဓာတ်တွေအများကြီးပါဝင်ပါတယ်။

ပန်းသီးအခွံမှာတောင်ကိုယ်အလေးချိန် လျော့နည်းစေတဲ့ဓာတ်တွေပါဝင်နေပါတယ်။

ပန်းသီးအခွံရဲ့ အကျိုးကျေးဇူး

ပန်းသီးအခွံမှာ ကြွက်သားတည်ဆောက်ရေး၊ ကိုယ်အလေးချိန်လျော့ချရေးနဲ့ အလေးချိန်ထိန်းသိမ်းရေးဆိုင်ရာ ဓာတ်တွေပါဝင်ပါတယ်။

ပန်းသီးအခွံမှာ Ursolic အက်ဆစ်ပါဝင်ပြီး ကြွက်သားနာတာတွေကို ကာကွယ်ပေးနိုင်ပြီး ကိုလက်စထရောအဆင့်နဲ့သကြားဓာတ်တွေကို ထိန်းချုပ်ပေးနိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ဒေါက်တာ အက်ဒမ် (Adams) က ပန်းသီးအခွံကို သုတေသနလုပ်ခဲ့ပြီး ပန်းသီးအခွံရဲ့ အကျိုးကျေးဇူးတွေကို သိရှိခဲ့ပါတယ်။

ကြွက်သားတွေ တွဲချတာ၊ အားနည်းတာက အသက်အရွယ်ကြီးမြင့်မှုနဲ့ ဖျားနာမှုနဲ့ သက်ဆိုင်နေပါတယ်။

ကြွက်သားအားနည်းတာနဲ့ပတ်သက်ပြီး ထိရောက်ကုသနိုင်တဲ့ဆေးဝါးမရှိသေးပါဘူး။ ဒါ့ကြောင့် ဒေါက်တာ အက်ဒမ်က ဒီရောဂါနဲ့ပတ်သက်တာကို သုတေသနလုပ်ခဲ့တာပါ။

ကြွက်တွေကို ပန်းသီးအခွံကျွေးပြီး စမ်းသပ်ခဲ့ရာ ပန်းသီးအခွံစားထားတဲ့ကြွက်တွေရဲ့ ကြွက်သားက ပိုသန်စွမ်းလာတာကို တွေ့ရှိခဲ့ရပါတယ်။ အဲ့ဒီအပြင် သွေးအတွင်း ကိုလက်စထရောဓာတ်တွေ ကျဆင်းစေပြီး သွေးလွှတ်ကြောထဲမှာအဆီရှိတာတွေ နည်းပါးလာပြီး နှလုံးရောဂါကို ကာကွယ်ပေးနိုင်လာပါတယ်။

ပန်းသီးအခွံကိုစားပေးရင် အညိုရောင်အဆီတွေ ခန္ဓာကိုယ်ထဲမှာ ပိုရောက်လာပြီး အဲ့ဒီအဆီတွေက ကယ်လိုရီပိုလောင်ကျွမ်းအောင်လုပ်ဆောင်ပေးနိုင်တာကြောင့် ကိုယ်အလေးချိန် လျော့ကျစေပါတယ်။

ဒါ့ကြောင့် ပန်းသီးစားရင် အခွံပါ ထည့်စားသင့်ပါတယ်။

Credit : Myfood

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top