iMyanmarHouse.com - Best Property Website for Myanmar
×

အလုပ္ ၊ ေက်ာင္း ၊ ခရီး ကေန အိမ္ျပန္ေရာက္တဲ့အခါ ဘာကိုအရင္ဆံုး လုပ္ေလ့ရွိပါသလဲ .. စားတာလား ၊ အိပ္တာလား ။.အဲ့ဒါေတြကိုအရင္ဆံုးမလုပ္ခင္ အဝတ္အစားေတြကိုခြ်တ္ပစ္ဖို႔ (သို႔) ေရခ်ိဳးဖို႔ အၾကံျပဳ တိုက္တြန္းထားပါတယ္ ။ ခႏၶာကိုယ္မွာ အဝတ္အစားမပါဘဲ ေနျခင္းက မ်ားစြာ သက္ေတာင့္သက္သာ ျဖစ္ေစပါတယ္ ။ မိသားစုနဲ႕ အတူေနသူေတြအဖို႕ အဝတ္အစားေတြ အကုန္ခြ်တ္ျပီး ေနဖို႔က မျဖစ္နိုင္သလို အိပ္စက္ဖို႔ကလည္း အနည္းငယ္ ရွက္ရြံစရာပါ ။ သို႔ေသာ္လည္း အဝတ္အစားမပါဘဲ ကိုယ္လံုးတီးအိပ္စက္ျခင္းဟာ မယံုၾကည္နိင္ဖြယ္ရာ က်န္းမာေရးအက်ိုးေက်းဇူးမ်ားစြာကို ေပးစြမ္းနိုင္ေၾကာင္း ေလ့လာေတြ႕ရွိခဲ့ပါတယ္ ။

(၁)ဗီတာမင္ဒီကိုရရွိေစ
ပံုမွန္အားျဖင့္ ဗီတာမင္ဒီကို မနက္ခင္းေစာေစာ ေနေရာင္ျခည္မွ ရရွိပါတယ္ ။ ေနေရာင္ျခည္ထဲထြက္ဖို႔က် အသားအေရပ်က္စီးမွာ ၊ အဆီျပန္မွာ စိုးရိမ္စရာရွိပါတယ္ ။ ဒါဆိုရင့္ ဗလာက်င္းအိပ္စက္မႈကို ေရြးခ်ယ္လိုက္ပါ ။ ကိုယ္လံုးတီး အိပ္စက္မယ္ဆိုရင္ျဖင့္ သင့္အသားအေရအတြက္ လိုအပ္ေနတဲ့ ဗီတာမင္ဒီကို ရရွိနိုင္ပါတယ္။

(၂)က်န္းမာေသာအသားအေရရရွိ
အသက္ရွင္ဖို႔အတြက္ အသက္ရွဴရသလိုပဲ ကြ်န္မတို႔ အေရျပားေတြဟာလည္း အသက္ရွဴရဖို႔လိုပါတယ္ ။ ကိုယ္လံုးတီး အိပ္စက္ျခင္းေၾကာင့္ သင့္အေရျပားမွ ေအာက္ဆီဂ်င္ ေကာင္းမြန္စြာရရွိျပီး အဆိပ္အေတာက္ကင္းကာ က်န္းမာလွပတဲ့ အသားအေရကို ပိုင္ဆိုင္ေစမွာပါ ။ အဝတ္အစား က်ပ္က်ပ္ဝတ္ျပီး အိပ္စက္ျခင္းက သင့္အေရျပားကို ဆဲလ္ေသေတြနွင့္ အဆိပ္အေတာက္မ်ားကို အေရျပားအတြင္း စိမ့္ဝင္ေစကာ အသားအေရ ပ်က္စီးမႈ ၊ ဝက္ၿခံေတြကို ျဖစ္ေစနိင္ပါတယ္။

(၃)အနီေရာင္အစင္းေၾကာင္းရာမ်ား ကင္းရွင္းေစ
က်ပ္တည္းေသာ ဘရာ ၊ အတြင္းခံ ၊လံုျခည္ အၿမဲတမ္းဝတ္ဆင္ေသာ အမ်ိဳးသမီးေတြမွာ အနီေရာင္ အစင္းေၾကာင္းရာေတြ ျဖစ္ေလ့ရွိပါတယ္ ။ ဒါ့အျပင္ အဝတ္အစားက်ပ္က်ပ္ ဝတ္ျခင္းဟာ ေသြးလည္ပတ္မႈကိုလည္း အေႏွာင့္အယွက္ ေပးနိုင္ပါတယ္ ။ အဝတ္အစားခြ်တ္ကာ အိပ္စက္မယ္ဆိုရင္ေတာ့ ဒီလုိဒုကၡေတြမွ ကင္းေဝးေစမွာပဲ ျဖစ္ပါတယ္။

(၄)စိတ္ေပါ့ပါးေစ
ဗလာက်င္း အိပ္စက္ျခင္းက စိတ္ဖိစီးမႈေတြ ေျပေပ်ာက္ျခင္းရဲ႕ ကုထံုးတစ္မ်ိဳးပဲ ျဖစ္ပါတယ္။ စိတ္ဖိစီးမႈေတြေလ်ာ့က်ျပီး ခႏၶာကိုယ္ေသြးလွည့္ပတ္မႈေကာင္းကာ ပိုျပီး သက္ေတာင့္သက္သာျဖစ္တဲ့ ခံစားခ်က္ကို ရရွိမွာ အမွန္ပင္ျဖစ္ပါတယ္ ။

(၅)ကိုယ္အေလးခ်ိန္က်ေစ
ဝိတ္က်ခ်င္တဲ့သူေတြအတြက္ေတာ့ အိပ္စက္သင့္တဲ့ ပံုစံပါပဲ ။ အထူးသျဖင့္ စိတ္ဖိစီးမႈမ်ားရာကေန ဗိုက္ပူတာ ၊ အဆီေတြတက္တာကို ကိုယ္လံုးတီးအိပ္စက္ျခင္းက မ်ားစြာေလွ်ာ့ခ်ေပးနိုင္ပါတယ္ ။ ကဲ ဘာမွလုပ္စရာမလိုဘဲ ဝိတ္က်မယ္ဆိုေတာ့ ဘယ္ေလာက္ေကာင္းတဲ့ နည္းလမ္းလဲေနာ္.. ^_^

(၆)ေရာဂါပိုးမႊားမ်ားကူးစက္မႈ နည္းပါးေစ
အဝတ္အစားမ်ားမွ ေခြ်းေတြေၾကာင့္ မျမင္ရတဲ့ ပိုးမႊားေတြနဲ႕ ေရာဂါပိုးကူးစက္မႈေတြ မ်ားစြာ ျဖစ္နိုင္ပါတယ္ ။ ကိုယ္လံုးတီး အိပ္စက္ျခင္းေၾကာင့္ ဒီလို အႏၱရာယ္ရွိတဲ့ ဘတ္တီးရီးယားပိုးမႊားကူးစက္မႈေတြမွ ကင္းေဝးးျပီး ကိုယ္ရည္ကိုယ္ေသြးလည္း ေကာင္းမြန္ေစမွာ ျဖစ္ပါတယ္။

(၇)မ်ိဳးပြါးမႈအားေကာငး္
တင္းၾကပ္လြန္းေသာ အတြင္းခံဝတ္ဆင္ျခင္းက အတြင္းသားေတြကို မည္းေစရံုသာမက သုတ္ပိုးအားနည္းေစကာ ကေလးရနိုင္ေျခ နည္းပါးေစပါတယ္။ ကိုယ္လံုးတီးအိပ္စက္ပါမ်ားလာလွ်င္ သင့္ရဲ႕မ်ိဳးပြါးမႈအားလည္း ေကာင္းမြန္လာေစမွာ ျဖစ္ပါတယ္ ။ ကေလးမရေသးတဲ့ အိမ္ေထာင္ရွင္မ်ားအေနနဲ႕ ဒီလိုအိပ္စက္မႈမ်ိဳးကို ျပဳလုပ္သင့္ပါတယ္။

(၈)ေသြးလွည့္ပတ္မႈေကာင္းမြန္ေစ
အထက္မွာ ေဖာ္ျပသကဲ့သို႔ ကိုယ္လံုးတီး အိပ္စက္ျခင္းက စိတ္ဖိစီးမႈေတြကို ေလ်ာ့က်ေစကာ ေသြးလည္ပတ္မႈ ေကာင္းမြန္ေစပါတယ္ ။

(၉)လိင္မႈေရးရာမွာ အေထာက္အကူျပဳ
အိမ္ေထာင္ရွင္ေတြ ပိုျပီး သိထားသင့္ပါတယ္ ။ ဒီလို အိပ္စက္မႈမ်ိဳးက အိမ္ေထာင္ရွင္ လင္မယားေတြ လိင္ဆက္ဆံရန္ ပိုျပီး တြန္းအားေပးသလို ျဖစ္ေစကာ အိမ္ေထာင္မႈသုခ ပိုျပီး ေက်နပ္ျပည့္ဝနိုိင္ပါတယ္ ။

(၁၀) နွစ္ျခိဳက္စြာအိပ္ေပ်ာ္ေစ
ဟုတ္ပါတယ္ ။ ကိုယ္လံုးတီးအိပ္စက္ျခင္းက သာမန္အိပ္စက္ျခင္းထက္ ပိုျပီး နွစ္ျခိဳက္စြာ အိပ္ေပ်ာ္ေစပါတယ္ ။ ညဘက္ ေကာင္းေကာင္းအိပ္မေပ်ာ္တတ္လွ်င္ ဒီနည္းလမ္းေလးကို သံုးၾကည့္ပါ။ စိတ္ပိုင္းဆိုင္ရာေရာ ရုပ္ပိုင္းဆိုင္ရာကိုပါ တိုးတက္ေကာင္းမြန္ေစျပီး ေနာက္တစ္ေန႔ မနက္ခင္းမွာ အားအင္မ်ား ျပည့္ဝကာ အေကာင္းျမင္စိတ္ေတြနဲ႕ တေန႔တာလံုး လန္းဆန္းေနမွာပါ ။

Credit : lyhealthcare
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အလုပ် ၊ ကျောင်း ၊ ခရီး ကနေ အိမ်ပြန်ရောက်တဲ့အခါ ဘာကိုအရင်ဆုံး လုပ်လေ့ရှိပါသလဲ .. စားတာလား ၊ အိပ်တာလား ။.အဲ့ဒါတွေကိုအရင်ဆုံးမလုပ်ခင် အဝတ်အစားတွေကိုချွတ်ပစ်ဖို့ (သို့) ရေချိုးဖို့ အကြံပြု တိုက်တွန်းထားပါတယ် ။ ခန္ဓာကိုယ်မှာ အဝတ်အစားမပါဘဲ နေခြင်းက များစွာ သက်တောင့်သက်သာ ဖြစ်စေပါတယ် ။ မိသားစုနဲ့ အတူနေသူတွေအဖို့ အဝတ်အစားတွေ အကုန်ချွတ်ပြီး နေဖို့က မဖြစ်နိုင်သလို အိပ်စက်ဖို့ကလည်း အနည်းငယ် ရှက်ရွံစရာပါ ။ သို့သော်လည်း အဝတ်အစားမပါဘဲ ကိုယ်လုံးတီးအိပ်စက်ခြင်းဟာ မယုံကြည်နိင်ဖွယ်ရာ ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ် ။

(၁)ဗီတာမင်ဒီကိုရရှိစေ
ပုံမှန်အားဖြင့် ဗီတာမင်ဒီကို မနက်ခင်းစောစော နေရောင်ခြည်မှ ရရှိပါတယ် ။ နေရောင်ခြည်ထဲထွက်ဖို့ကျ အသားအရေပျက်စီးမှာ ၊ အဆီပြန်မှာ စိုးရိမ်စရာရှိပါတယ် ။ ဒါဆိုရင့် ဗလာကျင်းအိပ်စက်မှုကို ရွေးချယ်လိုက်ပါ ။ ကိုယ်လုံးတီး အိပ်စက်မယ်ဆိုရင်ဖြင့် သင့်အသားအရေအတွက် လိုအပ်နေတဲ့ ဗီတာမင်ဒီကို ရရှိနိုင်ပါတယ်။

(၂)ကျန်းမာသောအသားအရေရရှိ
အသက်ရှင်ဖို့အတွက် အသက်ရှူရသလိုပဲ ကျွန်မတို့ အရေပြားတွေဟာလည်း အသက်ရှူရဖို့လိုပါတယ် ။ ကိုယ်လုံးတီး အိပ်စက်ခြင်းကြောင့် သင့်အရေပြားမှ အောက်ဆီဂျင် ကောင်းမွန်စွာရရှိပြီး အဆိပ်အတောက်ကင်းကာ ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်စေမှာပါ ။ အဝတ်အစား ကျပ်ကျပ်ဝတ်ပြီး အိပ်စက်ခြင်းက သင့်အရေပြားကို ဆဲလ်သေတွေနှင့် အဆိပ်အတောက်များကို အရေပြားအတွင်း စိမ့်ဝင်စေကာ အသားအရေ ပျက်စီးမှု ၊ ဝက်ခြံတွေကို ဖြစ်စေနိင်ပါတယ်။

(၃)အနီရောင်အစင်းကြောင်းရာများ ကင်းရှင်းစေ
ကျပ်တည်းသော ဘရာ ၊ အတွင်းခံ ၊လုံခြည် အမြဲတမ်းဝတ်ဆင်သော အမျိုးသမီးတွေမှာ အနီရောင် အစင်းကြောင်းရာတွေ ဖြစ်လေ့ရှိပါတယ် ။ ဒါ့အပြင် အဝတ်အစားကျပ်ကျပ် ဝတ်ခြင်းဟာ သွေးလည်ပတ်မှုကိုလည်း အနှောင့်အယှက် ပေးနိုင်ပါတယ် ။ အဝတ်အစားချွတ်ကာ အိပ်စက်မယ်ဆိုရင်တော့ ဒီလိုဒုက္ခတွေမှ ကင်းဝေးစေမှာပဲ ဖြစ်ပါတယ်။

(၄)စိတ်ပေါ့ပါးစေ
ဗလာကျင်း အိပ်စက်ခြင်းက စိတ်ဖိစီးမှုတွေ ပြေပျောက်ခြင်းရဲ့ ကုထုံးတစ်မျိုးပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေလျော့ကျပြီး ခန္ဓာကိုယ်သွေးလှည့်ပတ်မှုကောင်းကာ ပိုပြီး သက်တောင့်သက်သာဖြစ်တဲ့ ခံစားချက်ကို ရရှိမှာ အမှန်ပင်ဖြစ်ပါတယ် ။

(၅)ကိုယ်အလေးချိန်ကျစေ
ဝိတ်ကျချင်တဲ့သူတွေအတွက်တော့ အိပ်စက်သင့်တဲ့ ပုံစံပါပဲ ။ အထူးသဖြင့် စိတ်ဖိစီးမှုများရာကနေ ဗိုက်ပူတာ ၊ အဆီတွေတက်တာကို ကိုယ်လုံးတီးအိပ်စက်ခြင်းက များစွာလျှော့ချပေးနိုင်ပါတယ် ။ ကဲ ဘာမှလုပ်စရာမလိုဘဲ ဝိတ်ကျမယ်ဆိုတော့ ဘယ်လောက်ကောင်းတဲ့ နည်းလမ်းလဲနော်.. ^_^

(၆)ရောဂါပိုးမွှားများကူးစက်မှု နည်းပါးစေ
အဝတ်အစားများမှ ချွေးတွေကြောင့် မမြင်ရတဲ့ ပိုးမွှားတွေနဲ့ ရောဂါပိုးကူးစက်မှုတွေ များစွာ ဖြစ်နိုင်ပါတယ် ။ ကိုယ်လုံးတီး အိပ်စက်ခြင်းကြောင့် ဒီလို အန္တရာယ်ရှိတဲ့ ဘတ်တီးရီးယားပိုးမွှားကူးစက်မှုတွေမှ ကင်းဝေးးပြီး ကိုယ်ရည်ကိုယ်သွေးလည်း ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

(၇)မျိုးပွါးမှုအားကောင်း
တင်းကြပ်လွန်းသော အတွင်းခံဝတ်ဆင်ခြင်းက အတွင်းသားတွေကို မည်းစေရုံသာမက သုတ်ပိုးအားနည်းစေကာ ကလေးရနိုင်ခြေ နည်းပါးစေပါတယ်။ ကိုယ်လုံးတီးအိပ်စက်ပါများလာလျှင် သင့်ရဲ့မျိုးပွါးမှုအားလည်း ကောင်းမွန်လာစေမှာ ဖြစ်ပါတယ် ။ ကလေးမရသေးတဲ့ အိမ်ထောင်ရှင်များအနေနဲ့ ဒီလိုအိပ်စက်မှုမျိုးကို ပြုလုပ်သင့်ပါတယ်။

(၈)သွေးလှည့်ပတ်မှုကောင်းမွန်စေ
အထက်မှာ ဖော်ပြသကဲ့သို့ ကိုယ်လုံးတီး အိပ်စက်ခြင်းက စိတ်ဖိစီးမှုတွေကို လျော့ကျစေကာ သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ် ။

(၉)လိင်မှုရေးရာမှာ အထောက်အကူပြု
အိမ်ထောင်ရှင်တွေ ပိုပြီး သိထားသင့်ပါတယ် ။ ဒီလို အိပ်စက်မှုမျိုးက အိမ်ထောင်ရှင် လင်မယားတွေ လိင်ဆက်ဆံရန် ပိုပြီး တွန်းအားပေးသလို ဖြစ်စေကာ အိမ်ထောင်မှုသုခ ပိုပြီး ကျေနပ်ပြည့်ဝနိုင်ပါတယ် ။

(၁၀) နှစ်ခြိုက်စွာအိပ်ပျော်စေ
ဟုတ်ပါတယ် ။ ကိုယ်လုံးတီးအိပ်စက်ခြင်းက သာမန်အိပ်စက်ခြင်းထက် ပိုပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ် ။ ညဘက် ကောင်းကောင်းအိပ်မပျော်တတ်လျှင် ဒီနည်းလမ်းလေးကို သုံးကြည့်ပါ။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါ တိုးတက်ကောင်းမွန်စေပြီး နောက်တစ်နေ့ မနက်ခင်းမှာ အားအင်များ ပြည့်ဝကာ အကောင်းမြင်စိတ်တွေနဲ့ တနေ့တာလုံး လန်းဆန်းနေမှာပါ ။

Credit : lyhealthcare

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top