iMyanmarHouse.com - Best Property Website for Myanmar
×

 ေသာက္တဲ့သူေတြက ေဆးလိပ္ေၾကာင့္ျဖစ္တဲ့ က်န္းမာေရး ဆိုးက်ိဳးေတြကို သိသိႀကီးနဲ႔ ဆက္ေသာက္ေနမိသလို ႐ွဴေနရတဲ့သူ ေတြကလည္း မသိလိုက္ မသိဘာသာပဲ အဆိပ္ေငြ႔ေတြကို ထိုင္႐ွဴေနရတာပါ။

"ေဆးလိပ္ေသာက္ျခင္းသည္ က်န္းမာေရးကို ဆိုး႐ြားစြာထိခိုက္ေစႏိုင္သည္" ဆိုတဲ့ စာတန္းႀကီးနဲ႔ ေဆးလိပ္ဘူးေပၚက ကင္ဆာအနာပံုႀကီးေတြက ကြ်န္ေတာ္တုိ႔ကို တကယ္ေကာ ခ်ိန္းေျခာက္ႏိုင္ပါသလား။ ကမၻာေပၚမွာ active smoker (ေဆးလိပ္ကို ကိုယ္တိုင္ေသာက္သံုးသူ) နဲ႔ passive smoker (သူမ်ားေသာက္တဲ့ ေဆးလိပ္ေငြ႕ကို ထိုင္႐ွဴေနရသူ) ေတြ အမ်ားႀကီး႐ွိပါတယ္။

ေသာက္တဲ့သူေတြက ေဆးလိပ္ေၾကာင့္ျဖစ္တဲ့ က်န္းမာေရး ဆိုးက်ိဳးေတြကို သိသိႀကီးနဲ႔ ဆက္ေသာက္ေနမိသလို ႐ွဴေနရတဲ့သူ ေတြကလည္း မသိလိုက္ မသိဘာသာပဲ အဆိပ္ေငြ႔ေတြကို ထိုင္႐ွဴေနရတာပါ။ ေဆးလိပ္ေသာက္ျခင္းေၾကာင့္ အဆုတ္မွာ ဒဏ္ျဖစ္ေနၿပီလို႔ ယူဆႏိုင္ၿပီဆုိရင္ ဒီအစားအစာေလးေတြကိုေတာ့ မျဖစ္မေနစားေပးဖို႔ လိုပါလိမ့္မယ္။

၁။ ပန္းသီး

ပန္းသီးဟာ ဗိုက္တာမင္စီနဲ႔ အသီးအႏွံေတြမွာ ပါဝင္ေလ့႐ွိတဲ့ ဖိုင္တိုအာဟာရဓာတ္ေတြ ၾကြယ္ဝၿပီး ခႏၶာကုိယ္တစ္ခုလံုး က်န္းမာေရးအတြက္ အေထာက္အကူျဖစ္ေစႏိုင္ပါတယ္။ အထူးသျဖင့္ ေဆးလိပ္အေသာက္မ်ားၿပီး အဆုတ္မွာဒဏ္ျဖစ္ေနသူ ေတြအတြက္ လိုအပ္တဲ့ စြမ္းအင္နဲ႔ အာဟာရဓာတ္ကို ပန္းသီးက ေပးစြမ္းႏိုင္ပါတယ္။ ဒါေၾကာင့္ ေဆးလိပ္မီးခိုးေငြ႔ေတြနဲ႔ မႈိင္းမိေနတဲ့ အဆုတ္ေလးအတြက္ ပန္းသီးကို တစ္ေန႔တစ္လံုး စားေပးလိုက္ပါ။

၂။ အဆီမ်ားတဲ့ငါး

ငါးၾကင္းတို႔၊ ဆယ္လ္မြန္တို႔လို အဆီဓာတ္ပါဝင္မႈမ်ားတဲ့ ငါးေတြဟာ အဆုတ္က်န္းမာေရးအတြက္ေတာ့ အသင့္ေတာ္ဆံုးပါပဲတဲ့။ ဘာလို႔လဲဆိုေတာ့ အဲဒီငါးေတြထဲမွာ ပါဝင္တဲ့ အဆီဓာတ္နဲ႔ အိုမီဂါသရီး ဖက္တီးအက္ဆစ္တို႔ဟာ အဆုတ္က်န္းမာ သန္႔ရွင္းေရးနဲ႔ တိုက္႐ိုက္ဆက္ႏြယ္ေနလို႔ပါပဲ။

၃။ တရုတ္ဆီးသီး

တ႐ုတ္ဆီးသီး စားေပးျခင္းကလည္း အဆုတ္က်န္းမာေရးအတြက္ ေကာင္းမြန္ပါတယ္။ တ႐ုတ္ဆီးသီးထဲမွာ ဗိုက္တာမင္ေအ ၾကြယ္ဝစြာပါဝင္တဲ့အတြက္ အဆုတ္က်န္းမာေရးကို အေထာက္အကူျပဳေနတာပါ။ ဒါတင္မကေသးပါဘူး။ တ႐ုတ္ဆီးသီးက အဆုတ္ထဲပိုးဝင္ျခင္းကိုလည္း ျဖစ္မလာေအာင္ တားဆီးေပးႏိုင္ပါတယ္။ သံဓာတ္၊ အမွ်င္ဓာတ္နဲ႔ antioxidant တို႔လည္း ၾကြယ္ဝတဲ့အတြက္ အဆုတ္အတြက္သာမက တစ္ကိုယ္လံုးက်န္းမာေရးအတြက္လည္း ေကာင္းပါတယ္။

၄။ ပန္းေဂၚဖီစိမ္း

ေဂၚဖီမ်ိဳးႏြယ္ဝင္တစ္မ်ိဳးျဖစ္တဲ့ ပန္းေဂၚဖီစိမ္းကေတာ့ အစိမ္းေရာင္ ဟင္းသီးဟင္း႐ြက္ေတြထဲမွာ အေကာင္းဆံုးေ႐ြးခ်ယ္စရာ တစ္မ်ိဳးပါပဲ။ ပန္းေဂၚဖီစိမ္းကို ေန႔စဥ္အစားအေသာက္ထဲမွာ ထည့္သြင္းျခင္းက အဆုတ္လုပ္ေဆာင္မႈကို မွ်တေအာင္ ကူညီေပးႏိုင္သလို အဆုတ္က်န္းမာေရးအတြက္ လိုအပ္တဲ့ antioxidant ေတြကိုလည္း ျဖည့္စြမ္းေပးႏိုင္ပါတယ္။

၅။ ၾကက္သား

ၾကက္သား၊ ငွက္သား၊ ၾကက္ဆင္သား အစ႐ွိတဲ့ ေျခႏွစ္ေခ်ာင္းသားေတြဟာလည္း အဆုတ္အတြက္ ေကာင္းမြန္ပါတယ္။ တိရစၦာန္အသားထဲမွာ ပါဝင္တဲ့ ဗိုက္တာမင္ေအဟာ အဆုတ္က်န္းမာေရးအတြက္ အလြန္အေရးႀကီးေၾကာင္း သုေတသီေတြက ေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္။ ေဆးလိပ္အေသာက္မ်ားၿပီး အဆုတ္ပ်က္ဆီးေနတဲ့သူေတြ ၾကက္စြတ္ျပဳတ္ေလးေတာ့ ပံုမွန္ျပန္ေသာက္ေပးေပါ့။

၆။ သစ္ၾကားသီး

သက္သတ္လြတ္ ေဆးလိပ္သမားေတြအတြက္ အဆုတ္က်န္းမာေစဖို႔ ေ႐ြးခ်ယ္စရာ ေနာက္တစ္မ်ိဳးကေတာ့ သစ္ၾကားသီးရဲ႕ အေစ့ပါပဲ။ အဆီမ်ားတဲ့ ငါးေတြလိုပဲ သစ္ၾကားေစ့ဟာလည္း အိုမီဂါသရီး ဖက္တီးအက္ဆစ္ ၾကြယ္ဝပါတယ္။ ဒါေၾကာင့္ သစ္ၾကားေစ့ လက္တစ္ဆုပ္စာခန္႔ကို စားေပးျခင္းက ပန္းနာရင္ၾကပ္နဲ႔ အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြကို ေပ်ာက္ကင္းေစသလို အဆုတ္ကိုလည္း က်န္းမာသန္႔႐ွင္းေစႏိုင္ပါတယ္။

၇။ ဟင္းႏုႏြယ္႐ြက္

ဟင္းႏုႏြယ္႐ြက္က က်န္းမာေရးအတြက္လိုအပ္တဲ့ ဗိုက္တာမင္ေတြ ၾကြယ္ဝစြာပါဝင္တဲ့ ဟင္းသီးဟင္း႐ြက္တစ္မ်ိဳးပါ။ ဒါေၾကာင့္ အဆုတ္က်န္းမာေရးအတြက္ လိုအပ္တဲ့ ဗိုက္တာမင္ဘီလည္း အထူးၾကြယ္ဝပါတယ္။ ဟင္းႏုႏြယ္႐ြက္ကို ပံုမွန္စားေပးမယ္ဆိုရင္ အဆုတ္ကို သန္႔႐ွင္းက်န္းမာေစ႐ံုသာမက အဆုတ္ကင္ဆာအႏၱရာယ္ကိုလည္း ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

Source: Stylecraze

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 သောက်တဲ့သူတွေက ဆေးလိပ်ကြောင့်ဖြစ်တဲ့ ကျန်းမာရေး ဆိုးကျိုးတွေကို သိသိကြီးနဲ့ ဆက်သောက်နေမိသလို ရှူနေရတဲ့သူ တွေကလည်း မသိလိုက် မသိဘာသာပဲ အဆိပ်ငွေ့တွေကို ထိုင်ရှူနေရတာပါ။

"ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည်" ဆိုတဲ့ စာတန်းကြီးနဲ့ ဆေးလိပ်ဘူးပေါ်က ကင်ဆာအနာပုံကြီးတွေက ကျွန်တော်တို့ကို တကယ်ကော ချိန်းခြောက်နိုင်ပါသလား။ ကမ္ဘာပေါ်မှာ active smoker (ဆေးလိပ်ကို ကိုယ်တိုင်သောက်သုံးသူ) နဲ့ passive smoker (သူများသောက်တဲ့ ဆေးလိပ်ငွေ့ကို ထိုင်ရှူနေရသူ) တွေ အများကြီးရှိပါတယ်။

သောက်တဲ့သူတွေက ဆေးလိပ်ကြောင့်ဖြစ်တဲ့ ကျန်းမာရေး ဆိုးကျိုးတွေကို သိသိကြီးနဲ့ ဆက်သောက်နေမိသလို ရှူနေရတဲ့သူ တွေကလည်း မသိလိုက် မသိဘာသာပဲ အဆိပ်ငွေ့တွေကို ထိုင်ရှူနေရတာပါ။ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်မှာ ဒဏ်ဖြစ်နေပြီလို့ ယူဆနိုင်ပြီဆိုရင် ဒီအစားအစာလေးတွေကိုတော့ မဖြစ်မနေစားပေးဖို့ လိုပါလိမ့်မယ်။

၁။ ပန်းသီး

ပန်းသီးဟာ ဗိုက်တာမင်စီနဲ့ အသီးအနှံတွေမှာ ပါဝင်လေ့ရှိတဲ့ ဖိုင်တိုအာဟာရဓာတ်တွေ ကြွယ်ဝပြီး ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ဆေးလိပ်အသောက်များပြီး အဆုတ်မှာဒဏ်ဖြစ်နေသူ တွေအတွက် လိုအပ်တဲ့ စွမ်းအင်နဲ့ အာဟာရဓာတ်ကို ပန်းသီးက ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်မီးခိုးငွေ့တွေနဲ့ မှိုင်းမိနေတဲ့ အဆုတ်လေးအတွက် ပန်းသီးကို တစ်နေ့တစ်လုံး စားပေးလိုက်ပါ။

၂။ အဆီများတဲ့ငါး

ငါးကြင်းတို့၊ ဆယ်လ်မွန်တို့လို အဆီဓာတ်ပါဝင်မှုများတဲ့ ငါးတွေဟာ အဆုတ်ကျန်းမာရေးအတွက်တော့ အသင့်တော်ဆုံးပါပဲတဲ့။ ဘာလို့လဲဆိုတော့ အဲဒီငါးတွေထဲမှာ ပါဝင်တဲ့ အဆီဓာတ်နဲ့ အိုမီဂါသရီး ဖက်တီးအက်ဆစ်တို့ဟာ အဆုတ်ကျန်းမာ သန့်ရှင်းရေးနဲ့ တိုက်ရိုက်ဆက်နွယ်နေလို့ပါပဲ။

၃။ တရုတ်ဆီးသီး

တရုတ်ဆီးသီး စားပေးခြင်းကလည်း အဆုတ်ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ တရုတ်ဆီးသီးထဲမှာ ဗိုက်တာမင်အေ ကြွယ်ဝစွာပါဝင်တဲ့အတွက် အဆုတ်ကျန်းမာရေးကို အထောက်အကူပြုနေတာပါ။ ဒါတင်မကသေးပါဘူး။ တရုတ်ဆီးသီးက အဆုတ်ထဲပိုးဝင်ခြင်းကိုလည်း ဖြစ်မလာအောင် တားဆီးပေးနိုင်ပါတယ်။ သံဓာတ်၊ အမျှင်ဓာတ်နဲ့ antioxidant တို့လည်း ကြွယ်ဝတဲ့အတွက် အဆုတ်အတွက်သာမက တစ်ကိုယ်လုံးကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။

၄။ ပန်းဂေါ်ဖီစိမ်း

ဂေါ်ဖီမျိုးနွယ်ဝင်တစ်မျိုးဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်းကတော့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေထဲမှာ အကောင်းဆုံးရွေးချယ်စရာ တစ်မျိုးပါပဲ။ ပန်းဂေါ်ဖီစိမ်းကို နေ့စဉ်အစားအသောက်ထဲမှာ ထည့်သွင်းခြင်းက အဆုတ်လုပ်ဆောင်မှုကို မျှတအောင် ကူညီပေးနိုင်သလို အဆုတ်ကျန်းမာရေးအတွက် လိုအပ်တဲ့ antioxidant တွေကိုလည်း ဖြည့်စွမ်းပေးနိုင်ပါတယ်။

၅။ ကြက်သား

ကြက်သား၊ ငှက်သား၊ ကြက်ဆင်သား အစရှိတဲ့ ခြေနှစ်ချောင်းသားတွေဟာလည်း အဆုတ်အတွက် ကောင်းမွန်ပါတယ်။ တိရစ္ဆာန်အသားထဲမှာ ပါဝင်တဲ့ ဗိုက်တာမင်အေဟာ အဆုတ်ကျန်းမာရေးအတွက် အလွန်အရေးကြီးကြောင်း သုတေသီတွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဆေးလိပ်အသောက်များပြီး အဆုတ်ပျက်ဆီးနေတဲ့သူတွေ ကြက်စွတ်ပြုတ်လေးတော့ ပုံမှန်ပြန်သောက်ပေးပေါ့။

၆။ သစ်ကြားသီး

သက်သတ်လွတ် ဆေးလိပ်သမားတွေအတွက် အဆုတ်ကျန်းမာစေဖို့ ရွေးချယ်စရာ နောက်တစ်မျိုးကတော့ သစ်ကြားသီးရဲ့ အစေ့ပါပဲ။ အဆီများတဲ့ ငါးတွေလိုပဲ သစ်ကြားစေ့ဟာလည်း အိုမီဂါသရီး ဖက်တီးအက်ဆစ် ကြွယ်ဝပါတယ်။ ဒါကြောင့် သစ်ကြားစေ့ လက်တစ်ဆုပ်စာခန့်ကို စားပေးခြင်းက ပန်းနာရင်ကြပ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ပျောက်ကင်းစေသလို အဆုတ်ကိုလည်း ကျန်းမာသန့်ရှင်းစေနိုင်ပါတယ်။

၇။ ဟင်းနုနွယ်ရွက်

ဟင်းနုနွယ်ရွက်က ကျန်းမာရေးအတွက်လိုအပ်တဲ့ ဗိုက်တာမင်တွေ ကြွယ်ဝစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပါ။ ဒါကြောင့် အဆုတ်ကျန်းမာရေးအတွက် လိုအပ်တဲ့ ဗိုက်တာမင်ဘီလည်း အထူးကြွယ်ဝပါတယ်။ ဟင်းနုနွယ်ရွက်ကို ပုံမှန်စားပေးမယ်ဆိုရင် အဆုတ်ကို သန့်ရှင်းကျန်းမာစေရုံသာမက အဆုတ်ကင်ဆာအန္တရာယ်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။

Source: Stylecraze


Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top