iMyanmarHouse.com - Best Property Website for Myanmar
×




Credit : Htoo

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ကဒုံကနိ နယ် မြေရဲစခန်း၏ မြောက်ဘက် (၂) ဖါလုံခန့်အကွာတွင် အဓမ္မပြုကျင့် မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ဖြစ်စဉ်မှာ ၇/၁/၂၀၁၈ ရက်နေ့ ၁၅း၀၀ အချိန်ခန့်တွင် တရားလို ဒေါ်စိုးစိုးဝင်းသည်ခင်ပွန်းဖြစ်သူနဲ့အတူ ကဒုံကနိ ဈေးအ တွင်း၌ ကုန်စိမ်း/ ကုန်မျိုးစုံရောင်းဝယ်နေစဉ် နေအိမ် ကျောခြင်းကပ်နေ သမီးဖြစ်သူ…….မ (၂၄)နှစ်သည် အိမ်သာ တက်နေစဉ် လူတစ်ဦးတက်လာသံကြား၍ ထွက်လာခဲ့သည် ။

အမည်မသိသူမှနောက်ကနေ သိုင်းဖက်ပြီး ဓါး ဖြင့် ထောက်က ပါးစပ် ကိုပိတ်ပြီးခြံ ထဲရှိ ရေချိုးခန်း အတွင်း ခေါ်ဆောင်သွားကာ သားမယား အဖြစ် (၁) ကြိမ်ကျူးလွန်ထွက်ပြေးသွားကြောင်း သိရသည် ။

မိခင် ဖြစ်သူအားပြောပြသဖြင့် ၁၅/၁/၂၀၁၇ ရက်နေ့တွင် ကဒုံကနိနယ်မြေ ရဲစခန်း သို့ လာရောက် တိုင်းသဖြင့် ကဒုံကနိနယမမြေရဲစခန်းမှူး ရဲအုပ်မင်းသန့်မှ ပြစ်မှု ကျူးလွန်သူ အောင်ကိုဆင့်(ခ)သံချောင်း (၂၄)နှစ် (ဘ)ဦးစိန်မြင့် ၏ သား အား ဥပဒေအရ အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါသည်။

Credit : Htoo

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top