iMyanmarHouse.com - Best Property Website for Myanmar
×

အဆီျပန္​တတ္​သူ​ေတြမွာ အဆီထုတ္​ဂလငး္​​ေတြဟာ အဆီ​ေတြ အလြန္​အကြၽံ ထုတ္​​ေနတဲ့အတြက္​ မ်က္​ႏွာမွာ အဆီတစ္​ဝင္​းဝင္​း ျဖစ္​ရတဲ့အျပင္​ ဝက္​ၿခံ၊ ဆားဝက္​ၿခံ၊ ​ေခြၽး​ေ​ေပါက္​က်ယ္​ျခင္​းနဲ႔ ​ေခြၽး​ေပါက္​ပိတ္​ျခင္းမ်ား ျဖစ္​တတ္​ပါတယ္​။ အဆီအလြန္​​ျပန္​တတ္​သူ​ေတြမွာ ေလထုညစ္​ညမ္​းမႈနဲ႔ အမႈန္​အမႈိက္​​ေတြက အဆီဖု​ေတြကို ျဖစ္​​ေစနိုင္​ပါတယ္​။ ဒီလို အဆီျပန္​ျခင္​းနဲ႔ အ​ေရျပားျပႆနာမ်ားကို ကာကြယ္​နိုင္​ဖို႔ ​ေအာက္​ပါ နည္​းလမ္​း​ေကာင္​းမ်ားကို လိုက္​နာ​လုပ္​​ေဆာင္​ၾကည္​့လိုက္​ပါ။

အဆီျပန္​ျခင္​းဟာ အ​ေရျပားျပႆ   နာမ်ားကို ျဖစ္​​ေစနိုင္​တယ္​ဆို​ေပမယ္​့ ​ေကာင္​းကြက္​မ်ား ရွိပါ​ေသးတယ္​။ အဆီ​ေတြဟာ အ​ေရျပား​အ​ေပၚယံအလႊာကို အစိုဓာတ္​ထိန္​း​ေပးတဲ့အတြက္​ အ​ေရး​ေၾကာင္​းျဖစ္​ျခင္​းနဲ႔ ဇရာလကၡဏာမ်ားကို ​ေလ်ာ့နည္​း​ေစနိုင္​ပါတယ္​။

အဆီျပန္​သူမ်ားအတြက္​ နည္​းလမ္​း​ေကာင္းမ်ား

၁။ မ်က္​ႏွာ​ေသခ်ာ​ေဆး​ေၾကာပါ။

     အဆီျပန္​ျခင္းကို ​ေလ်ာ့နည္​း​ေစဖို႔ နည္​းလမ္​း​ေကာင္​းတစ္​ခု​က​ေတာ့ ​မ်က္​ႏွာကို ​ေသခ်ာ​ေဆး​ေၾကာသန္​႔စင္​ေပးတာပဲ ျဖစ္​ပါတယ္​။ မ်က္​ႏွာမွာ စုပံုလာတဲ့ အဆီ​ေတြ၊ အမႈန္​အမႈိက္​​ေတြ​ေၾကာင္​့ ​ေခြၽး​ေပါက္​​ေတြ မပိတ္​ရ​ေလ​ေအာင္​ တစ္​​ေန႔ကို ႏွစ္​ႀကိမ္​မွ သံုးႀကိမ္​ခန္​​႔ မ်က္​ႏွာ​ေဆး​ေၾကာသင္​့ပါတယ္​။ ဂ်ယ္​လ္​ သို႔မဟုတ္​ အျမႇုပ္​ထတဲ့ မ်က္​ႏွာသစ္​​ေဆးမ်ိဳးကို အသံုးျပဳသင္​့ပါတယ္​။ ဒါ​ေပမယ္​့ ၾကမ္းၾကမ္​းတမ္​းတမ္​း ပြတ္​​ေဆးတာမ်ိဳးကို ​ေရွာင္​ၾကဥ္​သင္​့ပါတယ္​။ ဒီလို ​ေဆးျခင္​းက မ်က္​ႏွာအစိုဓာတ္​ကို ဆံုးရႈံး​ေစၿပီး အဆီ​ေတြကို ပိုမိုထုတ္​လုပ္​​ေစနိုင္​ပါတယ္​။ Salicylic acid, လက္​ဖက္​ရြက္​ဆီ၊ နံႏြင္​းနဲ႔ ပ်ားရည္​ပါဝင္​တဲ့ မ်က္​ႏွာသစ္​​ေဆးမ်ားကို ​ေ႐ြးခ်ယ္​အသံုးျပဳသင္​့ပါတယ္​။

၂။ မ်က္​ႏွာကို ​ေခ်းခြၽတ္​သန္​႔စင္​ scrub လုပ္​​ေပးပါ။

     ​ေနာက္​ထပ္​အသံုးဝင္​အ​ေရးပါတဲ့ နည္​း​ေကာင္​းတစ္​ခုက​ေတာ့ တစ္​ပတ္​မွာ တစ္ႀကိမ္​ အမ်ားဆံုး ႏွစ္​ႀကိမ္​ ပံုမွန္​​ေခ်းခြၽတ္​​ေပးပါ။ ပိုလ်ံ​ေနတဲ့အဆီ​ေတြဟာ အ​ေရျပား​အ​ေပၚယံလႊာမွာ  ကလာဒ္​စည္​းဆဲလ္​အ​ေသ​ေတြကို စုပံုလာ​ေစနိုင္​တဲ့အတြက္​ ဝက္​ၿခံ၊ အဆီဖုနဲ႔ ဆားဝက္​ၿခံ​ေတြကို ျဖစ္​​ေစနိုင္​ပါတယ္​။ ဒီလို စုပံုလာတဲ့ အဆီ​ေတြနဲ႔ ​ေသ​ေနတဲ့ဆဲလ္​​ေတြ အမႈန္​အမႈိက္​​ေတြကို ဖယ္​ရွား​ေပးၿပီး ဆဲလ္​အလႊာအသစ္​​ေတြ ဖြဲ႕စည္​းနိုင္​ဖို႔အတြက္​ ပံုမွန္​​ေခ်းခြၽတ္​သန္​႔စင္​ scrub လုပ္​​ေပးသင္​့ပါတယ္​။ ထပ္​မွာခ်င္​တာက​ေတာ့ ၾကမ္​းၾကမ္​းတမ္​းတမ္​းပြတ္​တိုက္​စရာမလိုပဲ ညင္​ညင္​သာသာျဖင္​့ အ​ေပၚယံလႊာကို ဖယ္​ရွား​ေပးသင္​့ပါတယ္​။

၃။ တစ္​ပတ္​တစ္​ခါ မ်က္​ႏွာ​ေပါင္​းတင္​ပါ။

    ​ေခ်းခြၽတ္​သန္​႔စင္​ၿပီးတဲ့အခါ မ်က္​ႏွာ​ကို ​ေပါင္​းတင္​​ေပးသင္​့ပါတယ္​။ ဒီအဆင္​့ဟာလည္​း အဆီျပန္​တတ္​သူ​ေတြအတြက္​ အ​​ေရးပါပါတယ္​။Bentoniteနဲ႔ kaolin သဘာဝရႊ႕ံ​ေစး၊ စႏၵကူးနဲ႔ ​ေျမ​ေစးတစ္​မ်ိဳး ဟာ အဆီကို စုပ္​ယူ​ေပးနိုင္​တဲ့အတြက္​ အဆီျပန္​အသားအရည္အတြက္​ အထူး​ေကာင္​းမြန္​ပါတယ္​။

၄။ အရက္​မပါတဲ့ တိုနာကို ​ေန႔စဥ္​အသံုးျပဳ​ေပးပါ။

     ​​ေန႔စဥ္​ပံုမွန္​ တိုနာလိမ္​း​ေပးျခင္​းက ပိုလ်ံ​ေနတဲ့အဆီ​ေတြကို နည္​း​ေစနိုင္​တဲ့အျပင္​ မ်က္​ႏွာ​ေပၚမွ အညစ္​အ​ေၾကး​ေတြကိုလည္း သန္​႔စင္​​ေပးပါတယ္​။ ႏွင္​းဆီရည္​တိုနာဟာ အ​ေရျပားအတြက္​ ​ေကာင္​းမြန္​​ၿပီး ​ေဈးသိပ္​မႀကီးတဲ့ တိုနာအမ်ိဳးအစား​ေတြကလည္​း အဆီကို သိသိသာသာ ထိန္​း​ေပးနိုင္​တာကို ​ေတြ႕ရပါတယ္​။

၅။ အစိုထိန္​းခရင္​မ္​​ေတြကိုလည္​း မ​ေမ့ပါနဲ႔။

     အဆီျပန္​တတ္​တဲ့အသားအရည္​ဟာလည္​း အစိုဓာတ္​ရွိဖို႔ လိုအပ္​ပါတယ္​။ မ်က္​ႏွာက အစိုဓာတ္​​ေတြကို ကုန္​စင္​သြား​ေအာင္​ ဖယ္​ရွား​ျခင္​းက အဆီထုတ္​ဂလင္​း​ေတြကို အဆီပိုထုတ္​​ေစနိုင္​ၿပီး အဆီျပန္​ျခင္​းကို ပိုဆိုး​ေစနိုင္​ပါတယ္​။ ​ေရဓာတ္​မ်ားၿပီး့ အဆီမပါတဲ့ အစိုဓာတ္​ထိန္​းခရင္​မ္​မ်ိဳးကို ​ေ႐ြးခ်ယ္​အသံုးျပဳသင္​့ပါတယ္​။

၆။ ​ေန​ေရာင္​ကာခရင္​မ္​​ေတြအၿမဲလိမ္​း​ေပးပါ။

     အဆီျပန္​မွာဆိုးတဲ့အတြက္​ အမ်ိဳးသမီး​ေတာ္​​ေတာ္​မ်ားမ်ားဟာ ​ေန​ေရာင္​ကာခရင္​မ္​ကို မလိမ္​းပဲ ​ေနတတ္​ၾကပါတယ္​။ ဒီလိုမလိမ္​းတဲ့အတြက္ ​ေန​ေရာင္​နဲ႔ ထိ​ေတြ႕တဲ့အခါ​ မ်က္​ႏွာမွာ မွဲ႔​ေျခာက္​၊ အမည္​းစက္​​ေတြ ျဖစ္​လာတတ္​ပါတယ္​။ ဒါ​ေၾကာင္​့ အဆီျပန္​ အသားအရည္​အတြက္​ သင္​့​ေတာ္​မယ္​့ ​ေန​ေရာင္​ကာခရင္​မ္​ကို ​ေ႐ြးခ်ယ္​အသံုးျပဳသင္​့ပါတယ္​။ အသင္​့စားအစားအစာမ်ားနဲ႔ အခ်ိဳမ်ားတာ​ေတြကို ​ေရွာင္​ၿပီး ​ခႏၶာကိုယ္​အဆိပ္​အ​ေတာက္​​ေတြကို စြန္​႔နိုင္​ဖို႔ ​ေရမ်ားမ်ား​ေသာက္​သင္​့ပါတယ္​။ အသီးအ႐ြက္​ မ်ားမ်ားစား​ေပးပါ။ ဒီလိုနည္​းလမ္​း​ေကာင္​း​ေတြကုိ ပံုမွန္​လုိက္​နာ​ေဆာင္​႐ြက္​ျခင္​းက မ်က္​ႏွာျပင္​​ေပၚက အဆီ​ေတြကို ​ေလ်ာ့နည္​း​ေစနိုင္​ၿပီး စို​ေျပဝင္​းပတဲ့ အသားအရည္​​ေလးကို ပိုင္​ဆိုင္​​ေစမွာပါ။

Credit :  Dr. Mya Phoo Ngon (www.drmyanmar.com)
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အဆီပြန်တတ်သူတွေမှာ အဆီထုတ်ဂလင်းတွေဟာ အဆီတွေ အလွန်အကျွံ ထုတ်နေတဲ့အတွက် မျက်နှာမှာ အဆီတစ်ဝင်းဝင်း ဖြစ်ရတဲ့အပြင် ဝက်ခြံ၊ ဆားဝက်ခြံ၊ ချွေးေပေါက်ကျယ်ခြင်းနဲ့ ချွေးပေါက်ပိတ်ခြင်းများ ဖြစ်တတ်ပါတယ်။ အဆီအလွန်ပြန်တတ်သူတွေမှာ လေထုညစ်ညမ်းမှုနဲ့ အမှုန်အမှိုက်တွေက အဆီဖုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလို အဆီပြန်ခြင်းနဲ့ အရေပြားပြဿနာများကို ကာကွယ်နိုင်ဖို့ အောက်ပါ နည်းလမ်းကောင်းများကို လိုက်နာလုပ်ဆောင်ကြည့်လိုက်ပါ။

အဆီပြန်ခြင်းဟာ အရေပြားပြဿ   နာများကို ဖြစ်စေနိုင်တယ်ဆိုပေမယ့် ကောင်းကွက်များ ရှိပါသေးတယ်။ အဆီတွေဟာ အရေပြားအပေါ်ယံအလွှာကို အစိုဓာတ်ထိန်းပေးတဲ့အတွက် အရေးကြောင်းဖြစ်ခြင်းနဲ့ ဇရာလက္ခဏာများကို လျော့နည်းစေနိုင်ပါတယ်။

အဆီပြန်သူများအတွက် နည်းလမ်းကောင်းများ

၁။ မျက်နှာသေချာဆေးကြောပါ။

     အဆီပြန်ခြင်းကို လျော့နည်းစေဖို့ နည်းလမ်းကောင်းတစ်ခုကတော့ မျက်နှာကို သေချာဆေးကြောသန့်စင်ပေးတာပဲ ဖြစ်ပါတယ်။ မျက်နှာမှာ စုပုံလာတဲ့ အဆီတွေ၊ အမှုန်အမှိုက်တွေကြောင့် ချွေးပေါက်တွေ မပိတ်ရလေအောင် တစ်နေ့ကို နှစ်ကြိမ်မှ သုံးကြိမ်ခန့် မျက်နှာဆေးကြောသင့်ပါတယ်။ ဂျယ်လ် သို့မဟုတ် အမြှုပ်ထတဲ့ မျက်နှာသစ်ဆေးမျိုးကို အသုံးပြုသင့်ပါတယ်။ ဒါပေမယ့် ကြမ်းကြမ်းတမ်းတမ်း ပွတ်ဆေးတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ဒီလို ဆေးခြင်းက မျက်နှာအစိုဓာတ်ကို ဆုံးရှုံးစေပြီး အဆီတွေကို ပိုမိုထုတ်လုပ်စေနိုင်ပါတယ်။ Salicylic acid, လက်ဖက်ရွက်ဆီ၊ နံနွင်းနဲ့ ပျားရည်ပါဝင်တဲ့ မျက်နှာသစ်ဆေးများကို ရွေးချယ်အသုံးပြုသင့်ပါတယ်။

၂။ မျက်နှာကို ချေးချွတ်သန့်စင် scrub လုပ်ပေးပါ။

     နောက်ထပ်အသုံးဝင်အရေးပါတဲ့ နည်းကောင်းတစ်ခုကတော့ တစ်ပတ်မှာ တစ်ကြိမ် အများဆုံး နှစ်ကြိမ် ပုံမှန်ချေးချွတ်ပေးပါ။ ပိုလျံနေတဲ့အဆီတွေဟာ အရေပြားအပေါ်ယံလွှာမှာ  ကလာဒ်စည်းဆဲလ်အသေတွေကို စုပုံလာစေနိုင်တဲ့အတွက် ဝက်ခြံ၊ အဆီဖုနဲ့ ဆားဝက်ခြံတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလို စုပုံလာတဲ့ အဆီတွေနဲ့ သေနေတဲ့ဆဲလ်တွေ အမှုန်အမှိုက်တွေကို ဖယ်ရှားပေးပြီး ဆဲလ်အလွှာအသစ်တွေ ဖွဲ့စည်းနိုင်ဖို့အတွက် ပုံမှန်ချေးချွတ်သန့်စင် scrub လုပ်ပေးသင့်ပါတယ်။ ထပ်မှာချင်တာကတော့ ကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်စရာမလိုပဲ ညင်ညင်သာသာဖြင့် အပေါ်ယံလွှာကို ဖယ်ရှားပေးသင့်ပါတယ်။

၃။ တစ်ပတ်တစ်ခါ မျက်နှာပေါင်းတင်ပါ။

    ချေးချွတ်သန့်စင်ပြီးတဲ့အခါ မျက်နှာကို ပေါင်းတင်ပေးသင့်ပါတယ်။ ဒီအဆင့်ဟာလည်း အဆီပြန်တတ်သူတွေအတွက် အရေးပါပါတယ်။Bentoniteနဲ့ kaolin သဘာဝရွှံ့စေး၊ စန္ဒကူးနဲ့ မြေစေးတစ်မျိုး ဟာ အဆီကို စုပ်ယူပေးနိုင်တဲ့အတွက် အဆီပြန်အသားအရည်အတွက် အထူးကောင်းမွန်ပါတယ်။

၄။ အရက်မပါတဲ့ တိုနာကို နေ့စဉ်အသုံးပြုပေးပါ။

     နေ့စဉ်ပုံမှန် တိုနာလိမ်းပေးခြင်းက ပိုလျံနေတဲ့အဆီတွေကို နည်းစေနိုင်တဲ့အပြင် မျက်နှာပေါ်မှ အညစ်အကြေးတွေကိုလည်း သန့်စင်ပေးပါတယ်။ နှင်းဆီရည်တိုနာဟာ အရေပြားအတွက် ကောင်းမွန်ပြီး ဈေးသိပ်မကြီးတဲ့ တိုနာအမျိုးအစားတွေကလည်း အဆီကို သိသိသာသာ ထိန်းပေးနိုင်တာကို တွေ့ရပါတယ်။

၅။ အစိုထိန်းခရင်မ်တွေကိုလည်း မမေ့ပါနဲ့။

     အဆီပြန်တတ်တဲ့အသားအရည်ဟာလည်း အစိုဓာတ်ရှိဖို့ လိုအပ်ပါတယ်။ မျက်နှာက အစိုဓာတ်တွေကို ကုန်စင်သွားအောင် ဖယ်ရှားခြင်းက အဆီထုတ်ဂလင်းတွေကို အဆီပိုထုတ်စေနိုင်ပြီး အဆီပြန်ခြင်းကို ပိုဆိုးစေနိုင်ပါတယ်။ ရေဓာတ်များပြီး့ အဆီမပါတဲ့ အစိုဓာတ်ထိန်းခရင်မ်မျိုးကို ရွေးချယ်အသုံးပြုသင့်ပါတယ်။

၆။ နေရောင်ကာခရင်မ်တွေအမြဲလိမ်းပေးပါ။

     အဆီပြန်မှာဆိုးတဲ့အတွက် အမျိုးသမီးတော်တော်များများဟာ နေရောင်ကာခရင်မ်ကို မလိမ်းပဲ နေတတ်ကြပါတယ်။ ဒီလိုမလိမ်းတဲ့အတွက် နေရောင်နဲ့ ထိတွေ့တဲ့အခါ မျက်နှာမှာ မှဲ့ခြောက်၊ အမည်းစက်တွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အဆီပြန် အသားအရည်အတွက် သင့်တော်မယ့် နေရောင်ကာခရင်မ်ကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ အသင့်စားအစားအစာများနဲ့ အချိုများတာတွေကို ရှောင်ပြီး ခန္ဓာကိုယ်အဆိပ်အတောက်တွေကို စွန့်နိုင်ဖို့ ရေများများသောက်သင့်ပါတယ်။ အသီးအရွက် များများစားပေးပါ။ ဒီလိုနည်းလမ်းကောင်းတွေကို ပုံမှန်လိုက်နာဆောင်ရွက်ခြင်းက မျက်နှာပြင်ပေါ်က အဆီတွေကို လျော့နည်းစေနိုင်ပြီး စိုပြေဝင်းပတဲ့ အသားအရည်လေးကို ပိုင်ဆိုင်စေမှာပါ။

Credit :  Dr. Mya Phoo Ngon (www.drmyanmar.com)

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top