iMyanmarHouse.com - Best Property Website for Myanmar
×

စားေသာက္မႈဆိုင္ရာ ယဥ္ေက်းမႈဓေလ့ကို အေရးမႀကီးဘူးဟု မထင္သင့္ပါဘူး။ညစာစားပဲြမွာျဖစ္ျဖစ္၊ စားေသာက္ဆိုင္မွာျဖစ္ျဖစ္ မိမိသူငယ္ခ်င္း၊ မိတ္ေဆြေတြနဲ႔ အတူတူ ဝိုင္းဖဲြ႕စားေသာက္ၾကတဲ့အခါ သူတစ္ပါးကို အေႏွာင့္အယွက္မျဖစ္ေစဖို႔နဲ႔ သပ္သပ္ရပ္ရပ္ အစာစားတဲ့အခါမွာ က်င့္သံုးရမယ့္ ႏိုင္ငံတကာက လက္ခံထားတဲ့ စားေသာက္မႈဆိုင္ရာ အမူအက်င့္ေလးေတြ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ေကာ့ေတးလ္ခြက္ကို စားပဲြထိ မယူလာပါနဲ႔။

ညေနခင္းစားေသာက္ပဲြေတြမွာ ညစာမသံုးေဆာင္ခင္ ေကာ့ေတးလ္၊ အခ်ိဳရည္၊ သစ္သီးေဖ်ာ္ရည္ စသျဖင့္ အေအးသံုးေဆာင္ေလ့ ရွိပါတယ္။ ေကာ့ေတးလ္ေသာက္တယ္ဆိုတာ မိတ္ျဖစ္ေဆြျဖစ္စကားေျပာရာမွာ သံုးေဆာင္ေလ့ရွိတဲ့အခ်ိဳရည္တစ္မ်ိဳးျဖစ္ပါတယ္။ ညစာမစားခင္ မိမိေသာက္ေနတဲ့ ေကာ့ေတးလ္ေဖ်ာ္ရည္ကို ညစာစားေသာက္မယ့္ စားေသာက္စားပဲြထိ ယူမလာရပါဘူး။

(၂) ပူေနတဲ့ အစားအစာ၊ ဟင္းရည္ေတြကို ဒီအတိုင္းေအးပါေစ။

ဟင္းရည္ေသာက္တဲ့အခါ ျမန္ျမန္ေအးသြားေအာင္ ေလနဲ႔မႈတ္တာမ်ိဳး၊ အသံျမည္ေအာင္ ေသာက္တာမ်ိဳး မလုပ္သင့္ပါဘူး။ အျခား ပူေႏြးေနတဲ့ အစားအစာေတြကိုလည္း ပါးစပ္နဲ႕မႈတ္တာထက္ သူ႔ဘာသာ ေအးေအာင္ထားထားရပါတယ္။

(၃) ပါးစပ္ထဲထည့္ၿပီးသားအစာကို ျပန္ေထြးထုတ္ခ်င္တဲ့အခါ

အစားအေသာက္ကို ပါးစပ္ထဲထည့္ၿပီး ျပန္ေထြးထုတ္ခ်င္တဲ့အခါ ထည့္တုန္းက သံုးထားတဲ့ ဇြန္း (သို႔) ခက္ရင္းကိုသာ အသံုးျပဳၿပီး ျပန္ေထြးထုတ္သင့္ပါတယ္။ အသားတံုးကို ခက္ရင္းနဲ႔ ထိုးၿပီး စားလိုက္တယ္ဆို ျပန္ထုတ္ခ်င္ရင္ အဲဒီခက္ရင္းေပၚကိုပဲ ျပန္ေထြးလို႔ရပါတယ္။

(၄) ႏႈတ္ခမ္းနီမေပေအာင္

ႏႈတ္ခမ္းနီဆိုးထားတယ္ဆိုရင္ အစားအေသာက္ပန္းကန္၊ လက္သုတ္ပဝါတို႔နဲ႔ မထိေအာင္ တစ္ရွဴးစနဲ႔ အရင္သုတ္ပစ္လိုက္ပါ။ လက္သုတ္ပဝါထားတာဟာ လက္သုတ္ဖို႔နဲ႔ ပါးစပ္သုတ္ဖို႔ပဲ ျဖစ္ပါတယ္။ ႏႈတ္ခမ္းနီေပသြားတဲ့အခါမွာ အျမင္လည္းဆိုးတဲ့အျပင္ ေလွ်ာ္သူအတြက္လည္းအလုပ္ပိုေစပါတယ္။

(၅) စားပဲြေပၚကို ဒါေတြမတင္ပါနဲ႔။

တံေတာင္ဆစ္ကို အစားအေသာက္စားပဲြနဲ႔ အၿမဲတမ္းေဝးေဝးမွာ ထားပါ။ တံေတာင္ေထာက္ၿပီး စားရင္ မသင့္ေတာ္ပါဘူး။ မိမိရဲ့ ပိုက္ဆံအိတ္၊ ကားေသာ့၊ ေနကာမ်က္မွန္ စတဲ့အသံုးအေဆာင္ေတြကို စားပဲြေပၚတင္မထားပါနဲ႔။

(၆) စားလို႔ၿပီးသြားတဲ့အခါ

စားေသာက္ၿပီးတဲ့အခါ ပန္းကန္ျပားကို မိမိနဲ႔ေဝးတဲ့ေနရာကို မတြန္းပို႔သင့္ပါဘူး။ စားေသာက္ၿပီးတာနဲ႔ ဇြန္း၊ခက္ရင္းကို ၾကတ္ေျခခတ္ပံုစံ (သို႔) ေမွာက္လ်က္စီထားေပးပါ။

Source: How Cast

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
စားသောက်မှုဆိုင်ရာ ယဉ်ကျေးမှုဓလေ့ကို အရေးမကြီးဘူးဟု မထင်သင့်ပါဘူး။ညစာစားပွဲမှာဖြစ်ဖြစ်၊ စားသောက်ဆိုင်မှာဖြစ်ဖြစ် မိမိသူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ အတူတူ ဝိုင်းဖွဲ့စားသောက်ကြတဲ့အခါ သူတစ်ပါးကို အနှောင့်အယှက်မဖြစ်စေဖို့နဲ့ သပ်သပ်ရပ်ရပ် အစာစားတဲ့အခါမှာ ကျင့်သုံးရမယ့် နိုင်ငံတကာက လက်ခံထားတဲ့ စားသောက်မှုဆိုင်ရာ အမူအကျင့်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။

(၁) ကော့တေးလ်ခွက်ကို စားပွဲထိ မယူလာပါနဲ့။

ညနေခင်းစားသောက်ပွဲတွေမှာ ညစာမသုံးဆောင်ခင် ကော့တေးလ်၊ အချိုရည်၊ သစ်သီးဖျော်ရည် စသဖြင့် အအေးသုံးဆောင်လေ့ ရှိပါတယ်။ ကော့တေးလ်သောက်တယ်ဆိုတာ မိတ်ဖြစ်ဆွေဖြစ်စကားပြောရာမှာ သုံးဆောင်လေ့ရှိတဲ့အချိုရည်တစ်မျိုးဖြစ်ပါတယ်။ ညစာမစားခင် မိမိသောက်နေတဲ့ ကော့တေးလ်ဖျော်ရည်ကို ညစာစားသောက်မယ့် စားသောက်စားပွဲထိ ယူမလာရပါဘူး။

(၂) ပူနေတဲ့ အစားအစာ၊ ဟင်းရည်တွေကို ဒီအတိုင်းအေးပါစေ။

ဟင်းရည်သောက်တဲ့အခါ မြန်မြန်အေးသွားအောင် လေနဲ့မှုတ်တာမျိုး၊ အသံမြည်အောင် သောက်တာမျိုး မလုပ်သင့်ပါဘူး။ အခြား ပူနွေးနေတဲ့ အစားအစာတွေကိုလည်း ပါးစပ်နဲ့မှုတ်တာထက် သူ့ဘာသာ အေးအောင်ထားထားရပါတယ်။

(၃) ပါးစပ်ထဲထည့်ပြီးသားအစာကို ပြန်ထွေးထုတ်ချင်တဲ့အခါ

အစားအသောက်ကို ပါးစပ်ထဲထည့်ပြီး ပြန်ထွေးထုတ်ချင်တဲ့အခါ ထည့်တုန်းက သုံးထားတဲ့ ဇွန်း (သို့) ခက်ရင်းကိုသာ အသုံးပြုပြီး ပြန်ထွေးထုတ်သင့်ပါတယ်။ အသားတုံးကို ခက်ရင်းနဲ့ ထိုးပြီး စားလိုက်တယ်ဆို ပြန်ထုတ်ချင်ရင် အဲဒီခက်ရင်းပေါ်ကိုပဲ ပြန်ထွေးလို့ရပါတယ်။

(၄) နှုတ်ခမ်းနီမပေအောင်

နှုတ်ခမ်းနီဆိုးထားတယ်ဆိုရင် အစားအသောက်ပန်းကန်၊ လက်သုတ်ပဝါတို့နဲ့ မထိအောင် တစ်ရှူးစနဲ့ အရင်သုတ်ပစ်လိုက်ပါ။ လက်သုတ်ပဝါထားတာဟာ လက်သုတ်ဖို့နဲ့ ပါးစပ်သုတ်ဖို့ပဲ ဖြစ်ပါတယ်။ နှုတ်ခမ်းနီပေသွားတဲ့အခါမှာ အမြင်လည်းဆိုးတဲ့အပြင် လျှော်သူအတွက်လည်းအလုပ်ပိုစေပါတယ်။

(၅) စားပွဲပေါ်ကို ဒါတွေမတင်ပါနဲ့။

တံတောင်ဆစ်ကို အစားအသောက်စားပွဲနဲ့ အမြဲတမ်းဝေးဝေးမှာ ထားပါ။ တံတောင်ထောက်ပြီး စားရင် မသင့်တော်ပါဘူး။ မိမိရဲ့ ပိုက်ဆံအိတ်၊ ကားသော့၊ နေကာမျက်မှန် စတဲ့အသုံးအဆောင်တွေကို စားပွဲပေါ်တင်မထားပါနဲ့။

(၆) စားလို့ပြီးသွားတဲ့အခါ

စားသောက်ပြီးတဲ့အခါ ပန်းကန်ပြားကို မိမိနဲ့ဝေးတဲ့နေရာကို မတွန်းပို့သင့်ပါဘူး။ စားသောက်ပြီးတာနဲ့ ဇွန်း၊ခက်ရင်းကို ကြတ်ခြေခတ်ပုံစံ (သို့) မှောက်လျက်စီထားပေးပါ။

Source: How Cast

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top