iMyanmarHouse.com - Best Property Website for Myanmar
×

လတ္ဆတ္ေသာ မိႈမ်ား စားသံုးျခင္းသည္ ရင္သား ကင္ဆာ ျဖစ္ပြား ႏိုင္ေျခကို ေလ်ာ့နည္း က်ဆင္း ေစေၾကာင္း သုေတသီမ်ားက ေထာက္ခံ ခဲ့ၾကသည္။

သုေတသန ေလ့လာမႈ စစ္တမ္းမ်ားအရ ေန႔စဥ္ မႈိစားသံုးျခင္းျဖင့္ ရင္သား ကင္ဆာ ျဖစ္ေစႏိုင္သည့္ အဖုအႀကိတ္မ်ား ထြက္လာႏိုင္ေျခကို ေလွ်ာ့ခ် ေပးလိုက္ေၾကာင္း သိရသည္။

မိႈအေျခာက္ မ်ားတြင္ ရင္သား ကင္ဆာ ကာကြယ္ႏိုင္မႈ စြမ္းရည္ အနည္းငယ္ က်ဆင္း ေနတတ္ၿပီး ရင္သားကင္ဆာ ၿခိမ္းေျခာက္မႈကို (၅၀)ရာခိုင္ႏႈန္းမွ်သာ ဟန္႔တား ႏိုင္ခ်ိန္တြင္ လတ္ဆတ္ေသာ မိႈမ်ားက (၆၄)ရာခိုင္ႏႈန္းထိ တားဆီးႏိုင္ေၾကာင္း တရုတ္ သုေတသန ပညာရွင္မ်ားက ေတြ႕ရွိခဲ့သည္။

ထိုရလဒ္ကို ဆက္လက္ စီစစ္ၿပီးေနာက္ အခ်ိဳ႕ေသာ မိႈစားမ်ားသည့္ အမ်ိဳးသမီးမ်ားတြင္ ရင္သားကင္ဆာ ဟန္႔တား ႏိုင္ေျခသည္ (၉၀)ရာခိုင္ႏႈန္းထိ ထိုးတက္ သြားေၾကာင္း ဆရာ၀န္မ်ားက ေျပာၾကား ခဲ့ၾကသည္။

ႏိုင္ငံတကာ ကင္ဆာ ဂ်ာနယ္တြင္ ေရးသား ေဖာ္ျပမႈအရ မိႈစားျခင္းျဖင့္ ကင္ဆာကို တားဆီးႏိုင္ျခင္း ဆိုသည္မွာ သက္ေသ မရွိေသးဘဲ အတည္ျပဳခ်က္ လိုအပ္ ေနေသးေၾကာင္း ပါရွိသည္။

သို႔ေသာ္လည္း ဓာတ္ခြဲခန္း စမ္းသပ္ခ်က္မ်ား အရ မိႈအတြင္းရွိ ဓာတ္ပစၥည္းမ်ားသည္ ကင္ဆာ ျဖစ္ေစသည့္ အႀကိတ္မ်ားကို ဖ်က္ဆီး တတ္သည့္ ဂုဏ္သတၱိ အထင္အရွား ရွိေနၿပီး လူ၏ ကိုယ္ခံ စြမ္းအား စနစ္ တစ္ခုလံုးကို လံႈ႕ေဆာ္ေပးေၾကာင္း သိရွိ လာရသည္။

အျခား အေထာက္အထားမ်ား အရ မိႈသည္ ရင္သား ကင္ဆာ တိုက္ဖ်က္မႈ ေဆး၀ါးမ်ားႏွင့္ အာနိသင္ အတူတူရွိၿပီး ကင္ဆာ ျဖစ္ေစႏိုင္သည့္ Oestrogen ဟိုမုန္းမ်ား ထြက္လာျခင္းကို ပိတ္ပင္ ေပးေၾကာင္း ေတြ႕ရသည္။

Credit : ျမ၀တီ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လတ်ဆတ်သော မှိုများ စားသုံးခြင်းသည် ရင်သား ကင်ဆာ ဖြစ်ပွား နိုင်ခြေကို လျော့နည်း ကျဆင်း စေကြောင်း သုတေသီများက ထောက်ခံ ခဲ့ကြသည်။

သုတေသန လေ့လာမှု စစ်တမ်းများအရ နေ့စဉ် မှိုစားသုံးခြင်းဖြင့် ရင်သား ကင်ဆာ ဖြစ်စေနိုင်သည့် အဖုအကြိတ်များ ထွက်လာနိုင်ခြေကို လျှော့ချ ပေးလိုက်ကြောင်း သိရသည်။

မှိုအခြောက် များတွင် ရင်သား ကင်ဆာ ကာကွယ်နိုင်မှု စွမ်းရည် အနည်းငယ် ကျဆင်း နေတတ်ပြီး ရင်သားကင်ဆာ ခြိမ်းခြောက်မှုကို (၅၀)ရာခိုင်နှုန်းမျှသာ ဟန့်တား နိုင်ချိန်တွင် လတ်ဆတ်သော မှိုများက (၆၄)ရာခိုင်နှုန်းထိ တားဆီးနိုင်ကြောင်း တရုတ် သုတေသန ပညာရှင်များက တွေ့ရှိခဲ့သည်။

ထိုရလဒ်ကို ဆက်လက် စီစစ်ပြီးနောက် အချို့သော မှိုစားများသည့် အမျိုးသမီးများတွင် ရင်သားကင်ဆာ ဟန့်တား နိုင်ခြေသည် (၉၀)ရာခိုင်နှုန်းထိ ထိုးတက် သွားကြောင်း ဆရာဝန်များက ပြောကြား ခဲ့ကြသည်။

နိုင်ငံတကာ ကင်ဆာ ဂျာနယ်တွင် ရေးသား ဖော်ပြမှုအရ မှိုစားခြင်းဖြင့် ကင်ဆာကို တားဆီးနိုင်ခြင်း ဆိုသည်မှာ သက်သေ မရှိသေးဘဲ အတည်ပြုချက် လိုအပ် နေသေးကြောင်း ပါရှိသည်။

သို့သော်လည်း ဓာတ်ခွဲခန်း စမ်းသပ်ချက်များ အရ မှိုအတွင်းရှိ ဓာတ်ပစ္စည်းများသည် ကင်ဆာ ဖြစ်စေသည့် အကြိတ်များကို ဖျက်ဆီး တတ်သည့် ဂုဏ်သတ္တိ အထင်အရှား ရှိနေပြီး လူ၏ ကိုယ်ခံ စွမ်းအား စနစ် တစ်ခုလုံးကို လှုံ့ဆော်ပေးကြောင်း သိရှိ လာရသည်။

အခြား အထောက်အထားများ အရ မှိုသည် ရင်သား ကင်ဆာ တိုက်ဖျက်မှု ဆေးဝါးများနှင့် အာနိသင် အတူတူရှိပြီး ကင်ဆာ ဖြစ်စေနိုင်သည့် Oestrogen ဟိုမုန်းများ ထွက်လာခြင်းကို ပိတ်ပင် ပေးကြောင်း တွေ့ရသည်။

Credit : မြဝတီ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top