iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးေတြအတြက္ ၾကည့္ေကာင္းေစဖို႔ အေမြးရိတ္ဖို႔ လိုအပ္ပါတယ္။ ဒီေဆာင္းပါးမွာေတာ့ အေမြးရိတ္ဖို႔ ကူညီေပးႏိုင္တဲ့ နည္းလမ္းေကာင္းေတြကို ေဖၚျပသြားမွာ ျဖစ္ပါတယ္။
အေမြးရိတ္ဖို႔ နည္းလမ္းမ်ား

အေရျပားဟာ ေပ်ာ႔ေျပာင္းေနဖို႔ လိုအပ္ပါတယ္။

အေမြးမရိတ္ခင္ ထိခုိ္က္ျပတ္ရွမႈေတြကို ကာကြယ္ဖုိ႔ အေရျပားဟာ ေပ်ာ႔ေျပာင္းေနဖို႔ လိုအပ္ပါတယ္။ သဘာဝ အဆီေတြ ျဖစ္တဲ့ အုန္းဆီ၊ သံလြင္ဆီေတြဟာ သင့္အေရျပားေပၚမွာ ဘရိတ္ဓါးနဲ႔ ရိတ္ျခင္းကို ပိုမိုေခ်ာေမြ႔ေစပါတယ္။ သင့္မွာ အခ်ိန္ရွိရင္ ဘရိတ္ဓါးကို ပိတ္ေစႏိုင္တဲ့ ဆဲလ္အေသေတြကို ဖယ္ရွားေပးႏိုင္တဲ့ ေခ်းခြ်တ္ျခင္းကိုလည္း ျပဳလုပ္ႏိုင္ပါတယ္။

ဘရိတ္ဓါးကို မၾကာခဏ လဲလွယ္သင့္ပါတယ္။

တံုးေနတဲ့ ဘရိတ္ဓါးဟာ ျပတ္ရွမႈေတြကို ျဖစ္ေစႏိုင္ၿပီး ေဟာင္းႏြမ္းေနတဲ့ ဘရိတ္ဓါးဟာလည္း က်န္းမာေရးနဲ႔ မညီညြတ္ပါဘူး။ အမ်ိဳးသမီးေတြဟာ ဘရိတ္ဓါးကို သံုးခါကေန ငါးခါအထိသာ အသံုးျပဳသင့္ၿပီး ေစ်းေပါတဲ့ ဓါးကိုလည္း မဝယ္သင့္ပါဘူး။

ေအာက္ကို အရင္ရိတ္ၿပီးမွ အေပၚကိုျပန္တက္ပါ။

အေရျပားကိုေခ်းခြ်တ္ၿပီး ေပ်ာ႔ေျပာင္းေအာင္လုပ္ၿပီးရင္ေတာ့ အေမႊးေပါက္တဲ့ဘက္အတိုင္းရိပ္ၿပီး ေနာက္ ေျပာင္းျပန္ရိတ္သင့္ပါတယ္။ ဒါဟာ ပထမ ေအာက္ဘက္ကို အရင္ရိတ္ၿပီးမွ အေပၚျပန္တက္လာသင့္တယ္လို႔ ဆိုလိုတာျဖစ္ပါတယ္။ အမ်ိဳးသမီးေတြဟာ အေမႊးအကုန္ေျပာင္သြားတာ ေသခ်ာေစဖို႔ တစ္ေနရာကို ႏွစ္ခါ ရိတ္သင့္ပါတယ္။

အရွည္ၾကီးဆြဲရိတ္တာမ်ား မလုပ္ပါနဲ႔

အထူးသျဖင့္ တင္းက်ပ္ၿပီး ရိတ္ရခက္တဲ့ ေနရာေတြျဖစ္တဲ့ ဒူးေခါင္းလိုေနရာမ်ိဳးအတြက္ ရွမိျခင္းကို ကာကြယ္ဖုိ႔ ခပ္တုိတုိ အခ်က္ေလးေတြနဲ႔ ရိတ္သင့္ပါတယ္။ ကိုယ္ခႏၶာအတြင္းမွရွိတဲ့ မတူညီတဲ့ အစိတ္အပိုင္းေတြကို အေမြးရိတ္ခ်ိန္မွာလည္း မတူညီစြာ ရိတ္သင့္ပါတယ္။
ေျခေထာက္ကို ဘယ္လိုအေမြးရိတ္မလဲ။

    အေမြးရိတ္တဲ့ ဂ်ယ္ (သို႔) သဘာဝဆီကို ျပတ္ရွျခင္းေတြကို ကာကြယ္ဖို႔ အရင္လိမ္းေပးသင့္ပါတယ္။
    အေရျပားတင္းရင္းေစဖုိ႔ ဒူးကုိအနည္းငယ္ေကြးသင့္ပါတယ္။ ေခါက္ေနတဲ့ အေရျပားဟာ အေမႊးရိတ္ဖို႔ ခက္ခဲေစပါတယ္။
    မေပ်ာက္ေသးတဲ့ ျပတ္ရွဒဏ္ရာေတြနားမွာ အေမြးရိတ္ျခင္းကို ေရွာင္ၾကဥ္သင့္ပါတယ္။
    အေမြးေပါက္တဲ့ ဘက္အတိုင္းအရင္ရိတ္ၿပီး ေျပာင္းျပန္ျပန္ရိတ္သင့္ပါတယ္။
    အေမြးရိတ္ဂ်ယ္ ေတြကို ျပန္ေဆးခ်သင့္ပါတယ္။

ခ်ိဳင္းကို ဘယ္လိုအေမြးရိတ္မလဲ

    အေရျပားကို စိုေစဖို႔ အေမြးရိတ္ဂ်ယ္ လိမ္းသင့္ပါတယ္။
    ခ်ိဳင္းေျမွာက္ၿပီး ရိတ္သင့္ပါတယ္။
     ေအာက္ပိုင္းကေန စရိတ္သင့္ၿပီး ေျပာင္းျပန္ရိတ္သင့္ပါတယ္။
    အေရျပားယားယံမႈကို ကာကြယ္ဖုိ႔ ဘရိတ္ဓါးကို အရမ္းမဖိသင့္ပါဘူး။
    အေမြးရိတ္ဂ်ယ္ ကို ျပန္ေဆးခ်သင့္ပါတယ္။
    အေရျပားကိုကာကြယ္ဖုိ႔ လိုးရွင္းကို အသံုးျပဳသင့္ပါတယ္။

ဘီကီနီ အပိုင္းကို ဘယ္လိုလုပ္မလဲ။

    အေမြးရိတ္ဂ်ယ္ ထူထူလိမ္းၿပီး အေရျပားကို စြတ္စိုေစ သင့္ပါတယ္။ ဒီေနရာက အေမႊးေတြဟာ အျခားေနရာေတြကထက္ ပိုၿပီးရိတ္ရခက္တာေၾကာင့္ ေသခ်ာ ဂရုစိုက္ၿပီး ရိတ္သင့္ပါတယ္။
    အေရျပားဟာ ပါးၿပီး ႏူးညံံ့တာေၾကာင့္ ေသခ်ာ ကိုင္တြယ္သင့္ပါတယ္။
     ေရျပင္တစ္ညီတည္းအရင္ရိတ္သင့္ၿပီး ေပါင္အေပၚပိုင္းနဲ႔ ေပါင္ျခံေနရာေတြမွာ အျပင္ကေန အတြင္းကို ရိတ္သင့္ပါတယ္။ တူညီတဲ့ ရိတ္ခ်က္ေတြနဲ႔ ေခ်ာေမြ႔စြာ ညင္ညင္သာသာ ရိတ္သင့္ပါတယ္။
    ဘီကီနီ အပိုင္းကို အေမႊးရိတ္တာထက္စာရင္ ဖေယာင္းနဲ႔ အေမြးခၽြတ္တာကို ျပဳလုပ္သင့္ပါတယ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အမျိုးသမီးတွေအတွက် ကြည့်ကောင်းစေဖို့ အမွေးရိတ်ဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ အမွေးရိတ်ဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းကောင်းတွေကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။
အမွေးရိတ်ဖို့ နည်းလမ်းများ

အရေပြားဟာ ပျော့ပြောင်းနေဖို့ လိုအပ်ပါတယ်။

အမွေးမရိတ်ခင် ထိခိုက်ပြတ်ရှမှုတွေကို ကာကွယ်ဖို့ အရေပြားဟာ ပျော့ပြောင်းနေဖို့ လိုအပ်ပါတယ်။ သဘာဝ အဆီတွေ ဖြစ်တဲ့ အုန်းဆီ၊ သံလွင်ဆီတွေဟာ သင့်အရေပြားပေါ်မှာ ဘရိတ်ဓါးနဲ့ ရိတ်ခြင်းကို ပိုမိုချောမွေ့စေပါတယ်။ သင့်မှာ အချိန်ရှိရင် ဘရိတ်ဓါးကို ပိတ်စေနိုင်တဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်တဲ့ ချေးချွတ်ခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။

ဘရိတ်ဓါးကို မကြာခဏ လဲလှယ်သင့်ပါတယ်။

တုံးနေတဲ့ ဘရိတ်ဓါးဟာ ပြတ်ရှမှုတွေကို ဖြစ်စေနိုင်ပြီး ဟောင်းနွမ်းနေတဲ့ ဘရိတ်ဓါးဟာလည်း ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ အမျိုးသမီးတွေဟာ ဘရိတ်ဓါးကို သုံးခါကနေ ငါးခါအထိသာ အသုံးပြုသင့်ပြီး ဈေးပေါတဲ့ ဓါးကိုလည်း မဝယ်သင့်ပါဘူး။

အောက်ကို အရင်ရိတ်ပြီးမှ အပေါ်ကိုပြန်တက်ပါ။

အရေပြားကိုချေးချွတ်ပြီး ပျော့ပြောင်းအောင်လုပ်ပြီးရင်တော့ အမွှေးပေါက်တဲ့ဘက်အတိုင်းရိပ်ပြီး နောက် ပြောင်းပြန်ရိတ်သင့်ပါတယ်။ ဒါဟာ ပထမ အောက်ဘက်ကို အရင်ရိတ်ပြီးမှ အပေါ်ပြန်တက်လာသင့်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ အမွှေးအကုန်ပြောင်သွားတာ သေချာစေဖို့ တစ်နေရာကို နှစ်ခါ ရိတ်သင့်ပါတယ်။

အရှည်ကြီးဆွဲရိတ်တာများ မလုပ်ပါနဲ့

အထူးသဖြင့် တင်းကျပ်ပြီး ရိတ်ရခက်တဲ့ နေရာတွေဖြစ်တဲ့ ဒူးခေါင်းလိုနေရာမျိုးအတွက် ရှမိခြင်းကို ကာကွယ်ဖို့ ခပ်တိုတို အချက်လေးတွေနဲ့ ရိတ်သင့်ပါတယ်။ ကိုယ်ခန္ဓာအတွင်းမှရှိတဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေကို အမွေးရိတ်ချိန်မှာလည်း မတူညီစွာ ရိတ်သင့်ပါတယ်။
ခြေထောက်ကို ဘယ်လိုအမွေးရိတ်မလဲ။

    အမွေးရိတ်တဲ့ ဂျယ် (သို့) သဘာဝဆီကို ပြတ်ရှခြင်းတွေကို ကာကွယ်ဖို့ အရင်လိမ်းပေးသင့်ပါတယ်။
    အရေပြားတင်းရင်းစေဖို့ ဒူးကိုအနည်းငယ်ကွေးသင့်ပါတယ်။ ခေါက်နေတဲ့ အရေပြားဟာ အမွှေးရိတ်ဖို့ ခက်ခဲစေပါတယ်။
    မပျောက်သေးတဲ့ ပြတ်ရှဒဏ်ရာတွေနားမှာ အမွေးရိတ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
    အမွေးပေါက်တဲ့ ဘက်အတိုင်းအရင်ရိတ်ပြီး ပြောင်းပြန်ပြန်ရိတ်သင့်ပါတယ်။
    အမွေးရိတ်ဂျယ် တွေကို ပြန်ဆေးချသင့်ပါတယ်။

ချိုင်းကို ဘယ်လိုအမွေးရိတ်မလဲ

    အရေပြားကို စိုစေဖို့ အမွေးရိတ်ဂျယ် လိမ်းသင့်ပါတယ်။
    ချိုင်းမြှောက်ပြီး ရိတ်သင့်ပါတယ်။
     အောက်ပိုင်းကနေ စရိတ်သင့်ပြီး ပြောင်းပြန်ရိတ်သင့်ပါတယ်။
    အရေပြားယားယံမှုကို ကာကွယ်ဖို့ ဘရိတ်ဓါးကို အရမ်းမဖိသင့်ပါဘူး။
    အမွေးရိတ်ဂျယ် ကို ပြန်ဆေးချသင့်ပါတယ်။
    အရေပြားကိုကာကွယ်ဖို့ လိုးရှင်းကို အသုံးပြုသင့်ပါတယ်။

ဘီကီနီ အပိုင်းကို ဘယ်လိုလုပ်မလဲ။

    အမွေးရိတ်ဂျယ် ထူထူလိမ်းပြီး အရေပြားကို စွတ်စိုစေ သင့်ပါတယ်။ ဒီနေရာက အမွှေးတွေဟာ အခြားနေရာတွေကထက် ပိုပြီးရိတ်ရခက်တာကြောင့် သေချာ ဂရုစိုက်ပြီး ရိတ်သင့်ပါတယ်။
    အရေပြားဟာ ပါးပြီး နူးညံံ့တာကြောင့် သေချာ ကိုင်တွယ်သင့်ပါတယ်။
     ရေပြင်တစ်ညီတည်းအရင်ရိတ်သင့်ပြီး ပေါင်အပေါ်ပိုင်းနဲ့ ပေါင်ခြံနေရာတွေမှာ အပြင်ကနေ အတွင်းကို ရိတ်သင့်ပါတယ်။ တူညီတဲ့ ရိတ်ချက်တွေနဲ့ ချောမွေ့စွာ ညင်ညင်သာသာ ရိတ်သင့်ပါတယ်။
    ဘီကီနီ အပိုင်းကို အမွှေးရိတ်တာထက်စာရင် ဖယောင်းနဲ့ အမွေးချွတ်တာကို ပြုလုပ်သင့်ပါတယ်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top