iMyanmarHouse.com - Best Property Website for Myanmar
×




Source: Google

Credit : Lyhealthcare

ပြီးခဲ့တဲ့ ရက်အနည်းငယ်ကပြုလုပ်ကျင်းပခဲ့တဲ့ အကယ်ဒမီပေးပွဲကြီးကတော့ အောင်မြင်စွာပြီးဆုံးခဲ့ပြီး ချစ်ရတဲ့ အနုပညာရှင်တွေလည်း ထိုက်တန်တဲ့အကယ်ဒမီဆုတွေကို ဆွတ်ခူးရရှိခဲ့ကြပါတယ်။ အကယ်ဒမီ ပေးပွဲဟာ အနုပညာလောကရဲ့ တစ်နှစ်တာမှာ အကြီးကျယ် အခမ်းနားဆုံးပွဲတစ်ပွဲဖြစ်ပြီး ဒီပွဲကို တက်ရောက်လာတဲ့ မင်းသမီးတွေရဲ့ ဖက်ရှင်တွေဟာလည်း ပရိသတ်တွေကြား သိပ်ကိုမှ စိတ်ဝင်စားစရာကောင်းပြီး ရေပန်းစားလှပါတယ်။

ဒီဇိုင်နာအမျိုးမျိုးက တီထွင်ဖန်တီးထားတဲ့ ဝတ်စုံတွေအပြင် လက်ဝတ်လက်စားတွေနဲ့ အိတ် ဖိနပ် စသဖငြ့်အသုံးအဆောင်တွေဟာလည်း ပရိသတ်တွေ အာရုံထားရတဲ့ အပိုင်းတွေလည်းဖြစ်ပါတယ်။ ဒီနှစ်ရဲ့ အမျိုးသမီးဇာတ်ဆောင်ဆုရှင် အူဝဲကတော့ “ရွှေနန်းတော်” ရဲ့သိန်းပေါင်းတစ်သောင်းကျော် တန်ဖိုးရှိတဲ့ စိန်ထည်တွေနဲ့ ပွဲတက်လာခဲ့ပြီး ဖိနပ်နဲ့ လက်ကိုင်အိတ်ကိုတော့ နာမည်ကြီး Brand တစ်ခုဖြစ်တဲ့ DOLCE & GABBANA ရဲ့ ပစ္စည်းတွေကို သုံးခဲ့တယ်လို့ သိရပါတယ်။

သူမရဲ့ ဖိနပ်ကတော့ စင်ဒရဲလားမင်းသမီးလေးတွေစီးတဲ့ ပုံစံကို Inspire လုပ်ဖန်တီးထားတာဖြစ်ပြီး CINDRELLA CRYSTAL- EMBELLISHED TRANSPARENR HEELS လိုအမည်ရကာ မြန်မာငွေ ၁၈ သိန်းဝန်းကျင်တန်ဖိုးရှိတဲ့ ဖိနပ်ကို စီးပြီး ပွဲတက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လက်ကိုင်အိတ်ဟာလည်း DOLCE & GABBANA Brand ထုတ်ဖြစ်ပြီး လက်ရှိကာလပေါက်ဈေးအရ မြန်မာငွေသိန်းနှစ်ဆယ် ဝန်းကျင်ခန့်ရှိတယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ..

Source: Google

Credit : Lyhealthcare

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top