iMyanmarHouse.com - Best Property Website for Myanmar
×

အႏၱရာယ္ကင္းျပီးစိတ္ခ်ရတဲ႕ လိင္ဆက္ဆံျခင္းဆိုတာ….လိင္ဆက္ဆံမွူျပဳလုပ္ေပမယ့္ သင္နဲ့သင့္အေဖာ္ကိုလဲကာကြယ္ေန သလို တျပိဳင္နက္တည္းမွာပဲ ….လိင္ကတဆင့္ကူးစက္နိုင္တဲ့ေရာဂါေတြနဲ႕ မလိုခ်င္ဘဲကိုယ္၀န္ရတာေတြကို ကာကြယ္တာ လဲ ဟုတ္ပါတယ္။ တနည္းအားျဖင့္ေျပာရရင္ တစ္ေယာက္နဲ႕တစ္ေယာက္ သုတ္ရည္၊ မိန္းမကိုယ္ကထြက္တဲ႕အရည္နဲ႕ ေသြး ေတြကိုေရာယွက္ျခင္း မရွိတဲ႕ လိင္ဆက္ဆံျခင္းပါပဲ။ စိတ္မခ်ရတဲ႕ လိင္ဆက္ဆံျခင္းကေတာ့…. သင္နဲ႕သင္႕ရဲ႕ အေဖာ္ကို ကာလသားေရာဂါလို HIV လို အသည္းေရာင္အသား၀ါ ဘီပိုး စီပိုးလို ဆီးပူေညာင္းက်လို ေရာဂါေတြ ကူးစက္ေစနိုင္ရံုသာမ က မလိုခ်င္တဲ႕ ကိုယ္၀န္ပါ ရနိုင္ပါတယ္။
စိတ္ခ်ရတဲ႕ လိင္ဆက္ဆံျခင္းနဲ႕ ကြန္ဒံုး

ကြန္ဒံုးေတြဟာ မွန္မွန္ကန္ကန္သာ အသံုးျပဳမယ္ဆိုရင္ လိင္ဆက္ဆံေဖာ္ၾကား သုတ္ရည္ ေသြးနဲ႕ မိန္းမကိုယ္ကထြက္တဲ့ အရည္ေတြကို မေရာသြားေအာင္ နဲ႕ ေရာဂါပိုးေတြ ကူးစက္တာကို တားေပးနိုင္တဲ႕ အေကာင္းဆံုးအကာအကြယ္ ပစၥည္းပါပဲ။ ကြန္ဒံုးေတြကို အသံုးျပဳမယ္ဆိုရင္ သင့္အေနနဲ႕ ဒါေတြကို သိထားဖို႕လိုပါတယ္။

အမ်ိဴးသားသံုးကြန္ဒံုးဟာ ရာဘာနဲ႕လုပ္ထားတာျဖစ္ျပီး ပံုစံအမ်ိဴးမ်ိဴးအရြယ္အစားအမ်ိဴးမ်ိဴးရနိုင္ပါတယ္။ နွစ္ထပ္စြပ္ျခင္း ဟာ လံုး၀မလုပ္သင့္တဲ႕အရာတစ္ခုျဖစ္ျပီး တကယ္လို႕ သင့္အေနနဲ႕ လိင္ဆက္ဆံခ်ိန္ အရမ္းၾကာလာရင္ေတာ့ ေနာက္တစ္ခု ကို လဲသင့္ပါတယ္။
အမ်ိဴးသမီးသံုး ကြန္ဒံုးေတြကိုေတာ႔ အရြယ္အစားတစ္မ်ိဴးတည္း ျပဳလုပ္ေလ့ရွီျပီး လူတိုင္းနဲ႕ေတာ္ပါတယ္။
တကယ္လို႕သင့္အေနနဲ႕ ထိုးသြင္းတဲ႕လိင္ဆက္ဆံျခင္းမ်ိဴးကိုေဆာင္ရြက္မယ္ဆိုရင္ ကြန္ဒံုးကို သံုးသင့္ျပီး လက္နဲ့လိင္ ဆက္ဆံမယ္ မိန္းမကိုယ္ ဒါမွမဟုတ္ စအိုထဲကို လက္နဲ႕ထိုးသြင္းမယ္ဆိုရင္ေတာ႔ ရာဘာလက္အိတ္ေတြကို သံုးသင့္ပါတယ္။ ပါးစပ္နဲ႕ လိင္ဆက္ဆံျခင္းအတြက္လဲ dental gum လို႕ေခၚတဲ့ အကာအကြယ္ကို သံုးသင့္ပါတယ္။ Dental gum က အ လြယ္တကူမရနိုင္ရင္ ပါးစပ္နဲ႕လိင္ဆက္ဆံျခင္းကို ေရွာင္ၾကဥ္တာက သင့္အတြက္ အႏၱရာယ္အကင္းဆံုးျဖစ္မွာပါ။
စိတ္ခ်ရတဲ႕ လိင္ဆက္ဆံမွူအတြက္ ကြန္ဒံုးကို လိင္ဆက္ဆံမွူအစကေန အဆံုးအထိ သံုးရမွာပါ။
ေခ်ာဆီသုတ္လိမ္းထားတဲ႕ ကြန္ဒံုးအသစ္ကို သံုးရပါမယ္။ ဘူးခြံေပၚက သက္တမ္းကုန္ဆံုးရက္ကို ၾကည့္ရမွာျဖစ္သလို လက္သည္းေတြ လက္၀တ္ရတနာေတြ သြားေတြေၾကာင့္ အေပါက္အျပဲရွိေနမေနလည္း ေသခ်ာစစ္ေဆးရမွာပါ။
တကယ္လို႕ ကြန္ဒံုးမွာပါတဲ႕ ေခ်ာဆီတင္မက အပိုေခ်ာဆီထပ္လိုတယ္ဆိုရင္ K Y Jelly လို ေရဓာတိကို အေျခခံတဲ့ ေခ်ာ ဆီကိုသာ သံုးပါ။ ေရဓါတ္အေျခမခံတဲ့ ေခ်ာဆီဆိုရင္ ကြန္ဒံုးေပါက္နိုင္လို႕ပါ။

အႏၱရာယ္ကင္းျပီး စိတ္ခ်ရတဲ့ လိင္ဆက္ဆံျခင္း အတြက္ တျခားလိုက္နာရမယ့္ အခ်က္မ်ား

(၁) လိင္ဆက္ဆံေဖာ္ တစ္ေယာက္ပဲထားပါ။ သင္တို႕နွစ္ေယာက္လံုးမွာ လိင္ကတဆင့္ကူးစက္နိုင္တဲ႕ေရာဂါကင္းတယ္ဆိုရင္ သင့္လိင္ဆက္ဆံျခင္းက အႏၱရာယ္ကင္းေနမွာပါ။ သင့္မွာ လိင္ဆက္ဆံေဖာ္အသစ္ရွိေတာ့မယ္ဆိုရင္ ဘီပိုး စီပိုး HIV ပိုးနဲ႕ ကာလသားေရာဂါ ကင္းမကင္းစစ္ေဆးျပီး ရွိရင္ကုသပါ။ ကုသသူ ဆရာ၀န္က ကုသမွူျပီးဆံုးျပီး လိင္ဆက္ဆံမွူလုပ္လို႕ၿပီ ဆုိမွသာ လိင္ဆက္ဆံျခင္းကို စတင္ပါ။

(၂) သင့္ရဲ႕လိင္ဆက္ဆံဖက္နဲ႕ ရင္းနွီးပြင့္လင္းစြာ ဆက္ႏြယ္ျပီး သင္ကဘယ္လိုအရာကိုပိုၾကိဳက္တယ္၊ သူကဘယ္လိုဆက္ဆံ မွူမ်ိဴးကို ပိုနွစ္သက္တယ္ဆိုတာကို ေဆြးေႏြးတိုင္ပင္ျပီး ေနထိုင္ပါ။ တစ္ေယာက္နဲ႕တစ္ေယာက္ ေလးစားမွူရွိပါေစ။

(၃) အရက္နဲ႕ မူးယစ္ေဆး၀ါးေတြဟာ သင့္ရဲ႕မွန္ကန္စြာ ဆံုးျဖတ္နိုင္စြမ္းကို က်ဆင္းေစပါတယ္။ လုပ္ျပီးေနာင္က်ရင္ ျပန္ေနာင္ တရမယ့္ လိင္ဆက္ဆံျခင္းမ်ိဴး ဒါမွမဟုတ္ အတင္းအၾကပ္တိုက္တြန္းခံရတဲ႕ လိင္ဆက္ဆံျခင္းမ်ိဴးမျဖစ္ေအာင္သင့္ကိုယ္သင္ အျမဲကာကြယ္ပါ။ ေနာင္တရေနျပီဆိုရင္ ခ်က္ခ်င္းရုန္းထြက္ပါ။

(၄) ကိုယ္၀န္မရဖို႕အတြက္ဆိုရင္ေတာ့ လိုအပ္လာရင္ တျခားနည္းလမ္းေတြျဖစ္တဲ႕ တားေဆးသံုးတာမ်ိဴးကိုလည္း လုပ္သင့္ပါတယ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အန္တရာယ်ကင်းပြီးစိတ်ချရတဲ့ လိင်ဆက်ဆံခြင်းဆိုတာ….လိင်ဆက်ဆံမှူပြုလုပ်ပေမယ့် သင်နဲ့သင့်အဖော်ကိုလဲကာကွယ်နေ သလို တပြိုင်နက်တည်းမှာပဲ ….လိင်ကတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေနဲ့ မလိုချင်ဘဲကိုယ်ဝန်ရတာတွေကို ကာကွယ်တာ လဲ ဟုတ်ပါတယ်။ တနည်းအားဖြင့်ပြောရရင် တစ်ယောက်နဲ့တစ်ယောက် သုတ်ရည်၊ မိန်းမကိုယ်ကထွက်တဲ့အရည်နဲ့ သွေး တွေကိုရောယှက်ခြင်း မရှိတဲ့ လိင်ဆက်ဆံခြင်းပါပဲ။ စိတ်မချရတဲ့ လိင်ဆက်ဆံခြင်းကတော့…. သင်နဲ့သင့်ရဲ့ အဖော်ကို ကာလသားရောဂါလို HIV လို အသည်းရောင်အသားဝါ ဘီပိုး စီပိုးလို ဆီးပူညောင်းကျလို ရောဂါတွေ ကူးစက်စေနိုင်ရုံသာမ က မလိုချင်တဲ့ ကိုယ်ဝန်ပါ ရနိုင်ပါတယ်။
စိတ်ချရတဲ့ လိင်ဆက်ဆံခြင်းနဲ့ ကွန်ဒုံး

ကွန်ဒုံးတွေဟာ မှန်မှန်ကန်ကန်သာ အသုံးပြုမယ်ဆိုရင် လိင်ဆက်ဆံဖော်ကြား သုတ်ရည် သွေးနဲ့ မိန်းမကိုယ်ကထွက်တဲ့ အရည်တွေကို မရောသွားအောင် နဲ့ ရောဂါပိုးတွေ ကူးစက်တာကို တားပေးနိုင်တဲ့ အကောင်းဆုံးအကာအကွယ် ပစ္စည်းပါပဲ။ ကွန်ဒုံးတွေကို အသုံးပြုမယ်ဆိုရင် သင့်အနေနဲ့ ဒါတွေကို သိထားဖို့လိုပါတယ်။

အမျိူးသားသုံးကွန်ဒုံးဟာ ရာဘာနဲ့လုပ်ထားတာဖြစ်ပြီး ပုံစံအမျိူးမျိူးအရွယ်အစားအမျိူးမျိူးရနိုင်ပါတယ်။ နှစ်ထပ်စွပ်ခြင်း ဟာ လုံးဝမလုပ်သင့်တဲ့အရာတစ်ခုဖြစ်ပြီး တကယ်လို့ သင့်အနေနဲ့ လိင်ဆက်ဆံချိန် အရမ်းကြာလာရင်တော့ နောက်တစ်ခု ကို လဲသင့်ပါတယ်။
အမျိူးသမီးသုံး ကွန်ဒုံးတွေကိုတော့ အရွယ်အစားတစ်မျိူးတည်း ပြုလုပ်လေ့ရှီပြီး လူတိုင်းနဲ့တော်ပါတယ်။
တကယ်လို့သင့်အနေနဲ့ ထိုးသွင်းတဲ့လိင်ဆက်ဆံခြင်းမျိူးကိုဆောင်ရွက်မယ်ဆိုရင် ကွန်ဒုံးကို သုံးသင့်ပြီး လက်နဲ့လိင် ဆက်ဆံမယ် မိန်းမကိုယ် ဒါမှမဟုတ် စအိုထဲကို လက်နဲ့ထိုးသွင်းမယ်ဆိုရင်တော့ ရာဘာလက်အိတ်တွေကို သုံးသင့်ပါတယ်။ ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းအတွက်လဲ dental gum လို့ခေါ်တဲ့ အကာအကွယ်ကို သုံးသင့်ပါတယ်။ Dental gum က အ လွယ်တကူမရနိုင်ရင် ပါးစပ်နဲ့လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်တာက သင့်အတွက် အန္တရာယ်အကင်းဆုံးဖြစ်မှာပါ။
စိတ်ချရတဲ့ လိင်ဆက်ဆံမှူအတွက် ကွန်ဒုံးကို လိင်ဆက်ဆံမှူအစကနေ အဆုံးအထိ သုံးရမှာပါ။
ချောဆီသုတ်လိမ်းထားတဲ့ ကွန်ဒုံးအသစ်ကို သုံးရပါမယ်။ ဘူးခွံပေါ်က သက်တမ်းကုန်ဆုံးရက်ကို ကြည့်ရမှာဖြစ်သလို လက်သည်းတွေ လက်ဝတ်ရတနာတွေ သွားတွေကြောင့် အပေါက်အပြဲရှိနေမနေလည်း သေချာစစ်ဆေးရမှာပါ။
တကယ်လို့ ကွန်ဒုံးမှာပါတဲ့ ချောဆီတင်မက အပိုချောဆီထပ်လိုတယ်ဆိုရင် K Y Jelly လို ရေဓာတိကို အခြေခံတဲ့ ချော ဆီကိုသာ သုံးပါ။ ရေဓါတ်အခြေမခံတဲ့ ချောဆီဆိုရင် ကွန်ဒုံးပေါက်နိုင်လို့ပါ။

အန္တရာယ်ကင်းပြီး စိတ်ချရတဲ့ လိင်ဆက်ဆံခြင်း အတွက် တခြားလိုက်နာရမယ့် အချက်များ

(၁) လိင်ဆက်ဆံဖော် တစ်ယောက်ပဲထားပါ။ သင်တို့နှစ်ယောက်လုံးမှာ လိင်ကတဆင့်ကူးစက်နိုင်တဲ့ရောဂါကင်းတယ်ဆိုရင် သင့်လိင်ဆက်ဆံခြင်းက အန္တရာယ်ကင်းနေမှာပါ။ သင့်မှာ လိင်ဆက်ဆံဖော်အသစ်ရှိတော့မယ်ဆိုရင် ဘီပိုး စီပိုး HIV ပိုးနဲ့ ကာလသားရောဂါ ကင်းမကင်းစစ်ဆေးပြီး ရှိရင်ကုသပါ။ ကုသသူ ဆရာဝန်က ကုသမှူပြီးဆုံးပြီး လိင်ဆက်ဆံမှူလုပ်လို့ပြီ ဆိုမှသာ လိင်ဆက်ဆံခြင်းကို စတင်ပါ။

(၂) သင့်ရဲ့လိင်ဆက်ဆံဖက်နဲ့ ရင်းနှီးပွင့်လင်းစွာ ဆက်နွယ်ပြီး သင်ကဘယ်လိုအရာကိုပိုကြိုက်တယ်၊ သူကဘယ်လိုဆက်ဆံ မှူမျိူးကို ပိုနှစ်သက်တယ်ဆိုတာကို ဆွေးနွေးတိုင်ပင်ပြီး နေထိုင်ပါ။ တစ်ယောက်နဲ့တစ်ယောက် လေးစားမှူရှိပါစေ။

(၃) အရက်နဲ့ မူးယစ်ဆေးဝါးတွေဟာ သင့်ရဲ့မှန်ကန်စွာ ဆုံးဖြတ်နိုင်စွမ်းကို ကျဆင်းစေပါတယ်။ လုပ်ပြီးနောင်ကျရင် ပြန်နောင် တရမယ့် လိင်ဆက်ဆံခြင်းမျိူး ဒါမှမဟုတ် အတင်းအကြပ်တိုက်တွန်းခံရတဲ့ လိင်ဆက်ဆံခြင်းမျိူးမဖြစ်အောင်သင့်ကိုယ်သင် အမြဲကာကွယ်ပါ။ နောင်တရနေပြီဆိုရင် ချက်ချင်းရုန်းထွက်ပါ။

(၄) ကိုယ်ဝန်မရဖို့အတွက်ဆိုရင်တော့ လိုအပ်လာရင် တခြားနည်းလမ်းတွေဖြစ်တဲ့ တားဆေးသုံးတာမျိူးကိုလည်း လုပ်သင့်ပါတယ်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top