iMyanmarHouse.com - Best Property Website for Myanmar
×

ဒီစာကို ဖတ္ေနၾကတဲ့ မဒီေလးတုိ႔ထဲမွာ tempon သံုးတဲ့လူေတြ ႐ွိလားဟင္။ ဟိုတစ္ေန႔က မဒီ့ကို ညီမေလးတစ္ေယာက္ေျပာတယ္။ ရာသီလာခ်ိန္မွာ tempon သံုးရင္ အပ်ိဳရည္ပ်က္ႏိုင္သလားတဲ့။

ဒီေမးခြန္းကို မေျဖခင္မွာ tempon ဆုိတာကို အရင္ဆံုး ႐ွင္းျပခ်င္ပါတယ္ေနာ္။ Tempon ဆုိတာ ရာသီလာခ်ိန္မွာ မိန္းမကိုယ္ထဲကို ထည့္ထားရတဲ့ ဂြမ္းေတာင့္ေလးပါ။ ဂြမ္းထုပ္ (Pad) နဲ႔ အဝတ္စေတြကို ခံထားရတာထက္ ပိုၿပီး သက္ေတာင့္သက္သာရွိပါတယ္။ ၃ နာရီတစ္ႀကိမ္ ပံုမွန္လဲေပးရင္ ယိုစိမ့္မႈလည္း မရွိတာေၾကာင့္ လံုျခံဳတယ္လို႔လည္း ေျပာရမယ္။

မိန္းမကိုယ္ထဲကို ထိုးသြင္းထားရတဲ့အတြက္ အပ်ိဳရည္ပ်က္သြားမလားလို႔ မိန္းကေလးအေတာ္မ်ားမ်ားက စိုးရိမ္ၾကပါတယ္။ မိန္းမကိုယ္အတြင္းပိုင္းက အေျမႇးပါးေလး ေပါက္ၿပဲသြားလို႔ အပ်ိဳရည္ပ်က္တာမွာကို ေၾကာက္ၾကတယ္။ အဲ့ဒီအေျမႇးပါးေလးဟာ ျမင္းစီးတာ၊ စက္ဘီးစီးတာလိုမ်ိဳး လႈပ္ရွားမႈေတြလုပ္ရင္လည္း ေပါက္ၿပဲတတ္ပါတယ္။ အဲ့လိုေပါက္ၿပဲတာနဲ႔ အပ်ိဳမဟုတ္ေတာ့ဘူးလို႔ ေျပာလို႔မရဘူး။ ေယာက္်ားတစ္ေယာက္နဲ႔ အဂၤါခ်င္းထိုးသြင္းဆက္ဆံေတာ့မွသာ အပ်ိဳရည္ပ်က္တာပါ။

Tempon က မိန္းမကိုယ္ရဲ႕ ဟိုးအတြင္းထဲထိ ထိုးသြင္းရတာလည္း မဟုတ္ပါဘူး။ အဝမွာတင္ ထည့္ထားရတာပါ။ ပံုမွန္အားျဖင့္ေတာ့ ဆုိဒ္ ၃ မ်ိဳး လာပါတယ္။ အႀကီး၊ အေသးကို ကိုယ္နဲ႔အဆင္ေျပတာကို ေရြးႏုိင္တယ္။ Tempon ေၾကာင့္ မိန္းမကိုယ္တြင္းက အေျမႇးပါးကို (တစ္ခါတစ္ရံမွသာ) ထိမိႏုိင္ေပမဲ့ အပ်ိဳရည္ပ်က္စရာ မရွိပါဘူးေနာ္။ ဓမၼတာလာခ်ိန္မွာ ကိုယ့္ကိုယ္ကိုယ္ သန္႔ရွင္းေအာင္ေနဖုိ႔ကသာ အေရးႀကီးဆံုးပါပဲ။ သန္႔ရွင္းမႈမရွိမွသာ ေရာဂါပိုးေတြ ဝင္ႏိုင္တာေၾကာင့္ ဂြမ္းေတာင့္၊ ဂြမ္းကပ္ … အဆင္ေျပရာကို သံုးသင့္ပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဒီစာကို ဖတ်နေကြတဲ့ မဒီလေးတို့ထဲမှာ tempon သုံးတဲ့လူတွေ ရှိလားဟင်။ ဟိုတစ်နေ့က မဒီ့ကို ညီမလေးတစ်ယောက်ပြောတယ်။ ရာသီလာချိန်မှာ tempon သုံးရင် အပျိုရည်ပျက်နိုင်သလားတဲ့။

ဒီမေးခွန်းကို မဖြေခင်မှာ tempon ဆိုတာကို အရင်ဆုံး ရှင်းပြချင်ပါတယ်နော်။ Tempon ဆိုတာ ရာသီလာချိန်မှာ မိန်းမကိုယ်ထဲကို ထည့်ထားရတဲ့ ဂွမ်းတောင့်လေးပါ။ ဂွမ်းထုပ် (Pad) နဲ့ အဝတ်စတွေကို ခံထားရတာထက် ပိုပြီး သက်တောင့်သက်သာရှိပါတယ်။ ၃ နာရီတစ်ကြိမ် ပုံမှန်လဲပေးရင် ယိုစိမ့်မှုလည်း မရှိတာကြောင့် လုံခြုံတယ်လို့လည်း ပြောရမယ်။

မိန်းမကိုယ်ထဲကို ထိုးသွင်းထားရတဲ့အတွက် အပျိုရည်ပျက်သွားမလားလို့ မိန်းကလေးအတော်များများက စိုးရိမ်ကြပါတယ်။ မိန်းမကိုယ်အတွင်းပိုင်းက အမြှေးပါးလေး ပေါက်ပြဲသွားလို့ အပျိုရည်ပျက်တာမှာကို ကြောက်ကြတယ်။ အဲ့ဒီအမြှေးပါးလေးဟာ မြင်းစီးတာ၊ စက်ဘီးစီးတာလိုမျိုး လှုပ်ရှားမှုတွေလုပ်ရင်လည်း ပေါက်ပြဲတတ်ပါတယ်။ အဲ့လိုပေါက်ပြဲတာနဲ့ အပျိုမဟုတ်တော့ဘူးလို့ ပြောလို့မရဘူး။ ယောက်ျားတစ်ယောက်နဲ့ အင်္ဂါချင်းထိုးသွင်းဆက်ဆံတော့မှသာ အပျိုရည်ပျက်တာပါ။

Tempon က မိန်းမကိုယ်ရဲ့ ဟိုးအတွင်းထဲထိ ထိုးသွင်းရတာလည်း မဟုတ်ပါဘူး။ အဝမှာတင် ထည့်ထားရတာပါ။ ပုံမှန်အားဖြင့်တော့ ဆိုဒ် ၃ မျိုး လာပါတယ်။ အကြီး၊ အသေးကို ကိုယ်နဲ့အဆင်ပြေတာကို ရွေးနိုင်တယ်။ Tempon ကြောင့် မိန်းမကိုယ်တွင်းက အမြှေးပါးကို (တစ်ခါတစ်ရံမှသာ) ထိမိနိုင်ပေမဲ့ အပျိုရည်ပျက်စရာ မရှိပါဘူးနော်။ ဓမ္မတာလာချိန်မှာ ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းအောင်နေဖို့ကသာ အရေးကြီးဆုံးပါပဲ။ သန့်ရှင်းမှုမရှိမှသာ ရောဂါပိုးတွေ ဝင်နိုင်တာကြောင့် ဂွမ်းတောင့်၊ ဂွမ်းကပ် … အဆင်ပြေရာကို သုံးသင့်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top