iMyanmarHouse.com - Best Property Website for Myanmar
×
ဆန် တစ်ခွက်
ပြုလုပ်နည်း
Credit : Mystyle
အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ သင့်ရဲ့ ဆံကေသာကို အရှည်မြန်စေပြီး ပိုပြီးထူစေဖို့နဲ့ နူးညံ့ချောမွေ့စေဖို့ ဘယ်လိုပေါင်းတင်နည်းကို သုံးမရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်းတွေအားလုံးက သဘာဝ ပစ္စည်းတွေမို့ စာဖတ်သူတို့ သဘောကျကြမှာပါနော်။
၁။ ကြက်သွန်နီ ဥအဖြူ ၁ လုံး
ဆန် တစ်ခွက်
ကော်ဖီမှုန့် စားပွဲတင်ဇွန်း ¼ ပုံ
ပြုလုပ်နည်း
အရင်ဆုံး ဆန်ကို ထမင်းရည်ရအောင်ချက်လိုက်ပါ။ ဆန်ကိုသေချာဆေးပြီး ရေထည့်ကာ သည်လိုက်ပါ။ ပြီးရင် ကော်ဖီမှုန့် နည်းနည်းထည့်လိုက်ပါ။ ပွက်လာပြီး ထမင်းကနည်းနည်းပွလာရင် ထမင်းရည်ဆစ်ချလိုက်ပါ။
ပြီးရင်တော့ ထမင်းရည်ကို အအေးခံလိုက်ပါ။ ကြက်သွန်နီကို ပါးပါးလှီးပြီး သေချာကြိတ်ပေးလိုက်ပါ။ ပြီးရင် အ၇ည်ညှစ်ထုတ်လိုက်ပါ။ အဲဒီနောက် စောစောက ထမင်းရည်နဲ့ ရောပေးလိုက်ပါ။
ပြီးရင်တော့ ပုလင်းတစ်လုံးထဲထည့်ပြီး သိမ်းထားနိုင်ပါတယ်။ မသုံးခင်မှာ ၂ ရက်လောက် အေးပြီးမှောင်တဲ့နေရာမှာ သိမ်းထားပါ။
ပြီးရင်တော့ ဆံပင်ကို အခုလို ထမင်းရည်နဲ့ ကြက်သွန်နီအရည်ရောထားတာနဲ့ ဦးရေပြား ဆံပင်အရင်းကနေအဖျားအထိ နံ့အောင်လိမ်းလိုက်ပြီး သေချောနှိပ်နယ်ပေးပါ။
မိနစ် ၃၀ လောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။
တစ်ပတ်ကို ၃ ကြိမ်လုပ်ပေးနိုင်ပါတယ်။
Credit : Mystyle
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top