iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္မွာ နာတာ႐ွည္ေရာဂါ ႐ွိေနတာမ်ိဳး၊ ဒါမွမဟုတ္ အသက္အႏၱရာယ္ကို အခ်ိန္မေရြးဒုကၡေပးႏိုင္တဲ့ ေရာဂါႀကီးႀကီးမားမား ႐ွိေနတာမ်ိဳး မဟုတ္ဘူးဆုိရင္ လူ႔သက္တမ္းေစ့ ေနရဖုိ႔ ဆႏၵ႐ွိမွာပဲ မဟုတ္လား။ က်န္းမာေရးနဲ႔ မေလ်ာ္ညီတဲ့ အက်င့္ေတြ အျပဳအမူေတြကို မလုပ္ဘူးဆိုရင္လည္း အသက္႐ွည္႐ွည္ေနရဦးမွာပါ။ ဒါေပမဲ့ ေအာက္ေဖာ္ျပပါ လကၡဏာေတြနဲ႔ ကိုက္ညီေနတယ္ဆုိရင္ေတာ့ သင္ဟာ အသက္႐ွည္႐ွည္ေနဖုိ႔ အခြင့္အလမ္း နည္းပါးေနပါၿပီ။

၁။ မ်ိဳး႐ိုး

ကိုယ့္ရဲ႕ ဘိုးေဘးေတြ၊ မိဘေတြြ အစဥ္အဆက္က အသက္႐ွည္႐ွည္ မေနသြားခဲ့ၾကရဘူးဆုိရင္ သင့္မွာလည္း အသက္႐ွည္ဖုိ႔ အခြင့္အလမ္း နည္းပါးပါတယ္။ အသက္႐ွည္ဖုိ႔ဆုိတာက မ်ိဳး႐ိုးဗီဇကလည္း အေရးႀကီးပါတယ္။ ဒါေပမဲ့ ၂၅ ရာခုိင္ႏႈန္းသာ သင့္ရဲ႕လူ႔သက္တမ္းနဲ႔ ဆက္ႏႊယ္ေနတာပါ။

၂။ အလုပ္ကိုဦးစားေပးလြန္းတာ

အလုပ္လုပ္လြန္းသူ (Workaholic) ေတြဟာ က်န္းမာေရးထိခိုက္လြယ္ပါတယ္။ အလုပ္ေၾကာင့္ရတဲ့ စိတ္ဖိစီးမႈ၊ ခႏၶာကိုယ္ပင္ပန္းမႈေတြက သင့္ရဲ႕သက္တမ္းကို ႏုတ္ယူေနၾကပါတယ္။ ေန႔ေရာညပါ အလုပ္ကိုဦးစားေပးလြန္းၿပီး ကိုယ္ပိုင္အခ်ိန္မရွိေတာ့တာမ်ိဳး အျဖစ္မခံပါနဲ႔။

၃။ တစ္ေနကုန္ထုိင္တာ

ရံုးမွာျဖစ္ျဖစ္ အိမ္မွာျဖစ္ျဖစ္ အခ်ိန္ၾကာျမင့္လြန္းစြာ ထုိင္ေနတာ မေကာင္းပါဘူး။ အေမရိကန္ ေဆးပညာဂ်ာနယ္တစ္ေစာင္မွာ ေဖာ္ျပခ်က္အရ တစ္ေန႔ကို ၁၀ နာရီထက္မနည္း ထုိင္ေနသူေတြဟာ ၈ ႏွစ္ေလာက္ ပိုၿပီးအိုမင္းလြယ္သြားပါသတဲ့။

၄။ သူမ်ားနဲ႔တန္းတူ လမ္းမေလွ်ာက္ႏိုင္တာ

ရြယ္တူေတြနဲ႔ လမ္းေလွ်ာက္တုိင္း ကိုယ္ပဲ အၿမဲတမ္း က်န္ခဲ့တယ္ဆုိတာမ်ိဳးက ေကာင္းတဲ့လကၡဏာမဟုတ္ပါဘူး။ ကိုယ့္ရဲ႕ေျခက်င္းဝတ္ ဒဏ္ရာရထား၊ အဆစ္လြဲထားတာမ်ိဳး မဟုတ္ဘဲ သူမ်ားနဲ႔တန္းတူ လမ္းမေလွ်ာက္ႏိုင္တာက က်န္းမာေရးခ်ိဳ႕ယြင္းမႈ ပိုျဖစ္ေစပါတယ္။ ႏွလံုး၊ အဆုတ္၊ ေသြးလည္ပတ္မႈစနစ္နဲ႔ ၾကြက္သားေတြ မေကာင္းဘူးဆုိတဲ့သေဘာမ်ိဳး ျပသေနတာပါ။ လမ္းျမန္ျမန္ေလွ်ာက္ျခင္းက တကယ္အက်ိဳးရွိေစပါတယ္။ ေလ့က်င့္ခန္းလည္းပံုမွန္လုပ္ပါ။

၅။ အေလးခ်ိန္နည္းနည္းေလးကိုေတာင္မွ မဖုိ႔မလြယ္တာ

ကိုယ့္ခႏၶာကိုယ္ အေလးခ်ိန္ေလာက္ရွိတဲ့ အေလးအပင္ေတြကို သယ္မဖုိ႔ မလိုပါဘူး။ ဒါေပမဲ့လည္း အေလးခ်ိန္ နည္းနည္းေလးကိုေတာင္မွ မသယ္ႏိုင္ မမႏိုင္ဘူးဆုိရင္ သင့္ၾကြက္သားေတြက ငယ္ငယ္ရြယ္ရြယ္နဲ႔ အိုမင္းရင့္ေရာ္ကာ အားနည္းေနတဲ့သေဘာပါပဲ။ ၾကြက္သားေတြမွာ အဆီေတြမ်ားေနတဲ့လကၡဏာလည္း ျဖစ္ပါတယ္။ အထူးသျဖင့္ ဗိုက္ေခါက္ကအဆီေတြေပါ့။ ေျခေထာက္မခိုင္တာ၊ ၾကြက္သားေတြ တင္းရင္းမႈမရွိတာေတြေၾကာင့္ ေခ်ာ္လဲလြယ္၊ ဒဏ္ရာရလြယ္လိမ့္မယ္ေလ။

၆။ ဗဟုသုတ အသိဉာဏ္နည္းပါးတာ

အသိပညာ ၾကြယ္ဝသူေတြနဲ႔ ဗဟုသုတေလ့လာလိုက္စားသူေတြက ကိုယ့္ခႏၶာကိုယ္အတြက္ ေကာင္းရာေကာင္းေၾကာင္းေတြကို ျပဳမူၾကပါတယ္။ ကိုယ့္ကိုယ္ကိုယ္ က်န္းမာေအာင္ ဘယ္လိုေတြလုပ္ရမယ္ဆုိတာလည္း သိတာေၾကာင့္ အသက္ပိုရွည္ပါတယ္။ အသိပညာမရွိသူေတြကေတာ့ က်န္းမာေရးအသိဉာဏ္နည္းပါးၿပီး ေသဆံုးလြယ္ၾကတယ္ေလ။

၇။ စားေသာက္မႈပံုစံ

ဆီမ်ားမ်ားစားတဲ့အက်င့္၊ အငန္နဲ႔အခ်ိဳေတြ ႀကိဳက္လြန္းတဲ့ အက်င့္ကလည္း အဝလြန္မႈကို ျဖစ္ေစကာ ႏွလံုး၊ ေသြးတုိး၊ ဆီးခ်ိဳနဲ႔ ကင္ဆာေတြျဖစ္ေစပါတယ္။ ဒီေရာဂါေတြေၾကာင့္ပဲ သင္ေနထုိင္ရမယ့္သက္တမ္းက ပိုတုိေတာင္းသြားရမွာပါ။

၈။ ေဆးေပးမီးယူမရွိတာ

အိမ္ေထာင္ေရးကလည္း အသက္ရွည္ရျခင္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္တစ္ခုပါ။ ႏွစ္ေပါင္းၾကာ႐ွည္ လက္တြဲလာၾကတဲ့ ဇနီးေမာင္ႏွံေတြဟာ ကြာ႐ွင္းျပတ္စဲထားသူေတြ၊ ေဆးေပးမီးယူမရွိသူေတြနဲ႔ယွဥ္ရင္ ပိုၿပီးအသက္႐ွည္ပါတယ္။

၉။ ေဆးလိပ္နဲ႔အရက္

ဒါကိုေတာ့ အထူးတလည္ ႐ွင္းျပဖုိ႔ေတာင္ လိုမယ္မထင္ပါဘူး။ ေဆးလိပ္နဲ႔အရက္ စြဲေနတဲဲ့လူဟာ အသက္႐ွည္ဖုိ႔မေျပာနဲ႔ လူ႔သက္တမ္းေစ့ေအာင္ေတာင္ မေနရပါဘူး။ ငယ္ငယ္ရြယ္ရြယ္နဲ႔ပဲ ေသဆံုးႏိုင္ပါတယ္။

Source : Prevention

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကိုယ့်မှာ နာတာရှည်ရောဂါ ရှိနေတာမျိုး၊ ဒါမှမဟုတ် အသက်အန္တရာယ်ကို အချိန်မရွေးဒုက္ခပေးနိုင်တဲ့ ရောဂါကြီးကြီးမားမား ရှိနေတာမျိုး မဟုတ်ဘူးဆိုရင် လူ့သက်တမ်းစေ့ နေရဖို့ ဆန္ဒရှိမှာပဲ မဟုတ်လား။ ကျန်းမာရေးနဲ့ မလျော်ညီတဲ့ အကျင့်တွေ အပြုအမူတွေကို မလုပ်ဘူးဆိုရင်လည်း အသက်ရှည်ရှည်နေရဦးမှာပါ။ ဒါပေမဲ့ အောက်ဖော်ပြပါ လက္ခဏာတွေနဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ သင်ဟာ အသက်ရှည်ရှည်နေဖို့ အခွင့်အလမ်း နည်းပါးနေပါပြီ။

၁။ မျိုးရိုး

ကိုယ့်ရဲ့ ဘိုးဘေးတွေ၊ မိဘတွေ အစဉ်အဆက်က အသက်ရှည်ရှည် မနေသွားခဲ့ကြရဘူးဆိုရင် သင့်မှာလည်း အသက်ရှည်ဖို့ အခွင့်အလမ်း နည်းပါးပါတယ်။ အသက်ရှည်ဖို့ဆိုတာက မျိုးရိုးဗီဇကလည်း အရေးကြီးပါတယ်။ ဒါပေမဲ့ ၂၅ ရာခိုင်နှုန်းသာ သင့်ရဲ့လူ့သက်တမ်းနဲ့ ဆက်နွှယ်နေတာပါ။

၂။ အလုပ်ကိုဦးစားပေးလွန်းတာ

အလုပ်လုပ်လွန်းသူ (Workaholic) တွေဟာ ကျန်းမာရေးထိခိုက်လွယ်ပါတယ်။ အလုပ်ကြောင့်ရတဲ့ စိတ်ဖိစီးမှု၊ ခန္ဓာကိုယ်ပင်ပန်းမှုတွေက သင့်ရဲ့သက်တမ်းကို နုတ်ယူနေကြပါတယ်။ နေ့ရောညပါ အလုပ်ကိုဦးစားပေးလွန်းပြီး ကိုယ်ပိုင်အချိန်မရှိတော့တာမျိုး အဖြစ်မခံပါနဲ့။

၃။ တစ်နေကုန်ထိုင်တာ

ရုံးမှာဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် အချိန်ကြာမြင့်လွန်းစွာ ထိုင်နေတာ မကောင်းပါဘူး။ အမေရိကန် ဆေးပညာဂျာနယ်တစ်စောင်မှာ ဖော်ပြချက်အရ တစ်နေ့ကို ၁၀ နာရီထက်မနည်း ထိုင်နေသူတွေဟာ ၈ နှစ်လောက် ပိုပြီးအိုမင်းလွယ်သွားပါသတဲ့။

၄။ သူများနဲ့တန်းတူ လမ်းမလျှောက်နိုင်တာ

ရွယ်တူတွေနဲ့ လမ်းလျှောက်တိုင်း ကိုယ်ပဲ အမြဲတမ်း ကျန်ခဲ့တယ်ဆိုတာမျိုးက ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ခြေကျင်းဝတ် ဒဏ်ရာရထား၊ အဆစ်လွဲထားတာမျိုး မဟုတ်ဘဲ သူများနဲ့တန်းတူ လမ်းမလျှောက်နိုင်တာက ကျန်းမာရေးချို့ယွင်းမှု ပိုဖြစ်စေပါတယ်။ နှလုံး၊ အဆုတ်၊ သွေးလည်ပတ်မှုစနစ်နဲ့ ကြွက်သားတွေ မကောင်းဘူးဆိုတဲ့သဘောမျိုး ပြသနေတာပါ။ လမ်းမြန်မြန်လျှောက်ခြင်းက တကယ်အကျိုးရှိစေပါတယ်။ လေ့ကျင့်ခန်းလည်းပုံမှန်လုပ်ပါ။

၅။ အလေးချိန်နည်းနည်းလေးကိုတောင်မှ မဖို့မလွယ်တာ

ကိုယ့်ခန္ဓာကိုယ် အလေးချိန်လောက်ရှိတဲ့ အလေးအပင်တွေကို သယ်မဖို့ မလိုပါဘူး။ ဒါပေမဲ့လည်း အလေးချိန် နည်းနည်းလေးကိုတောင်မှ မသယ်နိုင် မမနိုင်ဘူးဆိုရင် သင့်ကြွက်သားတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ အိုမင်းရင့်ရော်ကာ အားနည်းနေတဲ့သဘောပါပဲ။ ကြွက်သားတွေမှာ အဆီတွေများနေတဲ့လက္ခဏာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ဗိုက်ခေါက်ကအဆီတွေပေါ့။ ခြေထောက်မခိုင်တာ၊ ကြွက်သားတွေ တင်းရင်းမှုမရှိတာတွေကြောင့် ချော်လဲလွယ်၊ ဒဏ်ရာရလွယ်လိမ့်မယ်လေ။

၆။ ဗဟုသုတ အသိဉာဏ်နည်းပါးတာ

အသိပညာ ကြွယ်ဝသူတွေနဲ့ ဗဟုသုတလေ့လာလိုက်စားသူတွေက ကိုယ့်ခန္ဓာကိုယ်အတွက် ကောင်းရာကောင်းကြောင်းတွေကို ပြုမူကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင် ဘယ်လိုတွေလုပ်ရမယ်ဆိုတာလည်း သိတာကြောင့် အသက်ပိုရှည်ပါတယ်။ အသိပညာမရှိသူတွေကတော့ ကျန်းမာရေးအသိဉာဏ်နည်းပါးပြီး သေဆုံးလွယ်ကြတယ်လေ။

၇။ စားသောက်မှုပုံစံ

ဆီများများစားတဲ့အကျင့်၊ အငန်နဲ့အချိုတွေ ကြိုက်လွန်းတဲ့ အကျင့်ကလည်း အဝလွန်မှုကို ဖြစ်စေကာ နှလုံး၊ သွေးတိုး၊ ဆီးချိုနဲ့ ကင်ဆာတွေဖြစ်စေပါတယ်။ ဒီရောဂါတွေကြောင့်ပဲ သင်နေထိုင်ရမယ့်သက်တမ်းက ပိုတိုတောင်းသွားရမှာပါ။

၈။ ဆေးပေးမီးယူမရှိတာ

အိမ်ထောင်ရေးကလည်း အသက်ရှည်ရခြင်းရဲ့ လျှို့ဝှက်ချက်တစ်ခုပါ။ နှစ်ပေါင်းကြာရှည် လက်တွဲလာကြတဲ့ ဇနီးမောင်နှံတွေဟာ ကွာရှင်းပြတ်စဲထားသူတွေ၊ ဆေးပေးမီးယူမရှိသူတွေနဲ့ယှဉ်ရင် ပိုပြီးအသက်ရှည်ပါတယ်။

၉။ ဆေးလိပ်နဲ့အရက်

ဒါကိုတော့ အထူးတလည် ရှင်းပြဖို့တောင် လိုမယ်မထင်ပါဘူး။ ဆေးလိပ်နဲ့အရက် စွဲနေတဲ့လူဟာ အသက်ရှည်ဖို့မပြောနဲ့ လူ့သက်တမ်းစေ့အောင်တောင် မနေရပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ သေဆုံးနိုင်ပါတယ်။

Source : Prevention

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top