iMyanmarHouse.com - Best Property Website for Myanmar
×


မိန္းကေလးတစ္ေယာက္ရဲ႕ အေရးအၾကီးဆံုး အစိတ္အပို္င္းေတြထဲက တစ္ခုျဖစ္တဲ့ မိန္းမကိုယ္က်န္းမာေရးဆုိတာ လံုးဝကို ဂရုစိုက္သင့္တဲ့ အရာတစ္ခုပါ။ မိန္းမကိုယ္ပိုးဝင္တာ ၊ယားယံျပီး အနံ႕ဆိုးထြက္တာေတြကေန ကာကြယ္ဖုိ႕အတြက္ သန္႔စင္ေပးရံုတင္နဲ႔တင္ မျပီးေသးပါဘူး။ မိန္းမကိုယ္နဲ႕ အနီးကပ္ဆံုးျဖစ္တဲ့ အတြင္းခံသန္႔ရွင္းေနဖုိ႕လည္း လိုပါေသးတယ္။ ဒီေတာ့  မိန္းမကိုယ္ က်န္းမာေရးအတြက္ ဘယ္လို အတြင္းခံမ်ိဳးက အသင့္ေတာ္ဆံုးလဲ ။ ။

( ၁ ) ခ်ည္သား အတြင္းခံကို ဝတ္ဆင္ပါ ။ ။

အျခားကိုယ္ခႏၶာ အစိတ္အပိုင္းေတြလိုပဲ မိန္းမကိုယ္ကလည္း ေအာက္ဆီဂ်င္ရရွိဖို႕လိုအပ္ပါတာေၾကာင့္ ေလဝင္ေလထြက္ေကာင္းတဲ့ ခ်ည္သားအတြင္းခံကို ဝတ္ဆင္ဖုိ႕ လိုအပ္ပါတယ္။ ဒါ့အျပင္ ႏူးညံ့ျပီး ထိခိုက္လြယ္တဲ့ မိန္းမကိုယ္ အေရျပားကို ကာကြယ္ေပးႏုိင္ရံုမက ပူအိုက္လို႕ထြက္တဲ့ေခၽြးေတြကို ခ်ည္သားအတြင္းခံက စုပ္ယူေပးဦးမွာပါ။

( ၂ ) အတြင္းခံကုိ တစ္ေန႕တစ္ခါ လဲဝတ္ပါ။ ။

က်န္းမာတဲ့ မိန္းမကိုယ္ဆို စိုစြတ္ျပီး အနံ႕မနံတဲ့ အခၽြဲေလးေတြ ဆင္းတတ္တာေၾကာင့္ တစ္ေန႕တာဝတ္ဆင္တဲ ့အတြင္းခံမွာ ေပေနတတ္ပါတယ္။ ဒါကို တစ္ေန႔တစ္ထည္ မလဲဘဲ ျပန္ဝတ္တဲ့အခါမွာ မိန္းမကိုယ္ ပိုးဝင္ဖုိ႕ အခြင့္အလမ္းပိုမ်ားသြားႏုိင္ပါတယ္။

( ၃ ) အိပ္ရာဝင္ခ်ိန္ အတြင္းခံ ဝတ္မအိပ္တာ အေကာင္းဆံုးပါ။ ။

မိန္းမကိုယ္နဲ႔ ပက္သက္ျပီး ဘာျပႆနာမွမရွိတဲ့သူဆိုရင္ေတာ့ အတြင္းခံဝတ္အိပ္တာ ျပႆာနာမရွိေပမယ့္ မိန္းမကိုယ္ မႈိစြဲျပီး ယားတတ္တဲ့သူေတြအတြက္ေတာ့ အတြင္းခံခၽြတ္ျပီး ဝတ္အိပ္တာ ပိုေကာင္းပါလိမ့္မယ္။ ဒါမွ မိန္းမကိုယ္လည္း ေအာက္ဆီဂ်င္ရျပီး ျဖစ္ေနတဲ့ ယားယံျခင္းနဲ႔ မႈိျပႆနာေတြလည္း ေျဖရွင္းျပီးသားျဖစ္မွာပါ။ သတိထားသင့္တာကေတာ့ ညဘက္အိပ္ရာဝင္မွသာ အတြင္းခံ ခၽြတ္အိပ္ရမွာျဖစ္ပါတယ္။

( ၄ ) ေလ့က်င့္ခန္းလုပ္တဲ့အခ်ိန္မွာလည္း ကိုယ္နဲ႔တစ္သားတည္းက်တဲ့ အတြင္းခံဝတ္ထားသင့္ပါတယ္။

ေလ့က်င့္ခန္းလုပ္တဲ့အခ်ိန္ဆုိတာ သာမန္ထသြားထလာ အခ်ိန္နဲ႔ မတူပါဘူး။ ထြက္လာတဲ့ေခၽြးေတြကို စုပ္ယူဖို႕နဲ႔ ေလ့က်င့္ခန္းလုပ္တဲ့ ေဘာင္းဘီၾကား သက္ေတာင့္သက္သာရွိေစဖုိ႕အတြက္ အတြင္းခံဝတ္ေပးဖို႕လိုပါတယ္။ အတြင္းခံဆုိတဲ့ေနရာမွာလည္း ကိုယ္နဲ႕ တစ္သားတည္းျဖစ္ေနတဲ့အရြယ္အစားကို ေရြးခ်ယ္ဝတ္ဆင္ဖို႕က အေရးအၾကီးဆံုးပါ။

( ၅ ) အတြင္းခံကို ေသခ်ာေလွ်ာ္ပါ။

အဝတ္ေလွ်ာ္စက္ထဲကို အတြင္းခံေတြ ပစ္ထည့္လိုက္ျပီး ေလွ်ာ္မယ့္အစား ကိုယ္တုိင္လက္နဲ႔ သန္႔စင္ေအာင္ ေလွ်ာ္ဖြပ္ဖုိ႕လိုအပ္ပါတယ္။ ေလွ်ာ္တဲ့ေနရာမွာလည္း အျပင္းစားဆပ္ျပာေတြအစား ဓာတ္မတည့္ျခင္းျဖစ္တာေတြ နည္းတဲ့ ဆပ္ျပာမႈန္႔ကို သံုးျပီး ေလွ်ာ္ဖြပ္ဖုိ႕လည္း မေမ့သင့္ပါဘူး။

( ၆ ) ေလွ်ာ္ျပီးသား အတြင္းခံကို ေသခ်ာေနလွန္း မီးပူတိုက္ပါ။

ေလွ်ာ္ျပီးသား အတြင္းခံေတြကို သူမ်ားေတြ ျမင္မွာစုိးလို႕ အထဲမွာပဲ သိမ္းျပီးလွန္းထားမယ့္အစား ေနနဲ႔ တုိက္ရိုက္ေပးေတြ႕ျပီး ပိုးေသေအာင္ လုပ္သင့္ပါတယ္။ ေနလွန္းျပီး ေျခာက္သြားလို႕ မီးပူတုိက္တဲ့အခါမွာလည္း အတြင္းသားကို လွန္ျပီး မီးပူတုိက္ေပးဖုိ႕ မေမ့ပါနဲ႔။ ။

( ၇ ) တစ္ႏွစ္ တစ္ခါ အတြင္းခံ အသစ္ေတြ ဝယ္ဝတ္ပါ။ ။

ဘယ္ေလာက္ပဲ ကပ္စီးႏွဲတဲ့သူျဖစ္ပါေစ တစ္ႏွစ္တစ္ခါေလာက္ အတြင္းခံေတြအသစ္ေတြဝယ္ျပီး အေဟာင္းေတြကို စြန္႔ပစ္လိုက္ဖို႕ေတာ ့လိုပါလိမ့္မယ္။

Credit:hellosayarwon

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


မိန်းကလေးတစ်ယောက်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်တဲ့ မိန်းမကိုယ်ကျန်းမာရေးဆိုတာ လုံးဝကို ဂရုစိုက်သင့်တဲ့ အရာတစ်ခုပါ။ မိန်းမကိုယ်ပိုးဝင်တာ ၊ယားယံပြီး အနံ့ဆိုးထွက်တာတွေကနေ ကာကွယ်ဖို့အတွက် သန့်စင်ပေးရုံတင်နဲ့တင် မပြီးသေးပါဘူး။ မိန်းမကိုယ်နဲ့ အနီးကပ်ဆုံးဖြစ်တဲ့ အတွင်းခံသန့်ရှင်းနေဖို့လည်း လိုပါသေးတယ်။ ဒီတော့  မိန်းမကိုယ် ကျန်းမာရေးအတွက် ဘယ်လို အတွင်းခံမျိုးက အသင့်တော်ဆုံးလဲ ။ ။

( ၁ ) ချည်သား အတွင်းခံကို ဝတ်ဆင်ပါ ။ ။

အခြားကိုယ်ခန္ဓာ အစိတ်အပိုင်းတွေလိုပဲ မိန်းမကိုယ်ကလည်း အောက်ဆီဂျင်ရရှိဖို့လိုအပ်ပါတာကြောင့် လေဝင်လေထွက်ကောင်းတဲ့ ချည်သားအတွင်းခံကို ဝတ်ဆင်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် နူးညံ့ပြီး ထိခိုက်လွယ်တဲ့ မိန်းမကိုယ် အရေပြားကို ကာကွယ်ပေးနိုင်ရုံမက ပူအိုက်လို့ထွက်တဲ့ချွေးတွေကို ချည်သားအတွင်းခံက စုပ်ယူပေးဦးမှာပါ။

( ၂ ) အတွင်းခံကို တစ်နေ့တစ်ခါ လဲဝတ်ပါ။ ။

ကျန်းမာတဲ့ မိန်းမကိုယ်ဆို စိုစွတ်ပြီး အနံ့မနံတဲ့ အချွဲလေးတွေ ဆင်းတတ်တာကြောင့် တစ်နေ့တာဝတ်ဆင်တဲ့အတွင်းခံမှာ ပေနေတတ်ပါတယ်။ ဒါကို တစ်နေ့တစ်ထည် မလဲဘဲ ပြန်ဝတ်တဲ့အခါမှာ မိန်းမကိုယ် ပိုးဝင်ဖို့ အခွင့်အလမ်းပိုများသွားနိုင်ပါတယ်။

( ၃ ) အိပ်ရာဝင်ချိန် အတွင်းခံ ဝတ်မအိပ်တာ အကောင်းဆုံးပါ။ ။

မိန်းမကိုယ်နဲ့ ပက်သက်ပြီး ဘာပြဿနာမှမရှိတဲ့သူဆိုရင်တော့ အတွင်းခံဝတ်အိပ်တာ ပြဿာနာမရှိပေမယ့် မိန်းမကိုယ် မှိုစွဲပြီး ယားတတ်တဲ့သူတွေအတွက်တော့ အတွင်းခံချွတ်ပြီး ဝတ်အိပ်တာ ပိုကောင်းပါလိမ့်မယ်။ ဒါမှ မိန်းမကိုယ်လည်း အောက်ဆီဂျင်ရပြီး ဖြစ်နေတဲ့ ယားယံခြင်းနဲ့ မှိုပြဿနာတွေလည်း ဖြေရှင်းပြီးသားဖြစ်မှာပါ။ သတိထားသင့်တာကတော့ ညဘက်အိပ်ရာဝင်မှသာ အတွင်းခံ ချွတ်အိပ်ရမှာဖြစ်ပါတယ်။

( ၄ ) လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာလည်း ကိုယ်နဲ့တစ်သားတည်းကျတဲ့ အတွင်းခံဝတ်ထားသင့်ပါတယ်။

လေ့ကျင့်ခန်းလုပ်တဲ့အချိန်ဆိုတာ သာမန်ထသွားထလာ အချိန်နဲ့ မတူပါဘူး။ ထွက်လာတဲ့ချွေးတွေကို စုပ်ယူဖို့နဲ့ လေ့ကျင့်ခန်းလုပ်တဲ့ ဘောင်းဘီကြား သက်တောင့်သက်သာရှိစေဖို့အတွက် အတွင်းခံဝတ်ပေးဖို့လိုပါတယ်။ အတွင်းခံဆိုတဲ့နေရာမှာလည်း ကိုယ်နဲ့ တစ်သားတည်းဖြစ်နေတဲ့အရွယ်အစားကို ရွေးချယ်ဝတ်ဆင်ဖို့က အရေးအကြီးဆုံးပါ။

( ၅ ) အတွင်းခံကို သေချာလျှော်ပါ။

အဝတ်လျှော်စက်ထဲကို အတွင်းခံတွေ ပစ်ထည့်လိုက်ပြီး လျှော်မယ့်အစား ကိုယ်တိုင်လက်နဲ့ သန့်စင်အောင် လျှော်ဖွပ်ဖို့လိုအပ်ပါတယ်။ လျှော်တဲ့နေရာမှာလည်း အပြင်းစားဆပ်ပြာတွေအစား ဓာတ်မတည့်ခြင်းဖြစ်တာတွေ နည်းတဲ့ ဆပ်ပြာမှုန့်ကို သုံးပြီး လျှော်ဖွပ်ဖို့လည်း မမေ့သင့်ပါဘူး။

( ၆ ) လျှော်ပြီးသား အတွင်းခံကို သေချာနေလှန်း မီးပူတိုက်ပါ။

လျှော်ပြီးသား အတွင်းခံတွေကို သူများတွေ မြင်မှာစိုးလို့ အထဲမှာပဲ သိမ်းပြီးလှန်းထားမယ့်အစား နေနဲ့ တိုက်ရိုက်ပေးတွေ့ပြီး ပိုးသေအောင် လုပ်သင့်ပါတယ်။ နေလှန်းပြီး ခြောက်သွားလို့ မီးပူတိုက်တဲ့အခါမှာလည်း အတွင်းသားကို လှန်ပြီး မီးပူတိုက်ပေးဖို့ မမေ့ပါနဲ့။ ။

( ၇ ) တစ်နှစ် တစ်ခါ အတွင်းခံ အသစ်တွေ ဝယ်ဝတ်ပါ။ ။

ဘယ်လောက်ပဲ ကပ်စီးနှဲတဲ့သူဖြစ်ပါစေ တစ်နှစ်တစ်ခါလောက် အတွင်းခံတွေအသစ်တွေဝယ်ပြီး အဟောင်းတွေကို စွန့်ပစ်လိုက်ဖို့တော့လိုပါလိမ့်မယ်။

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top