ကၽြန္မတုိ႔အေနနဲ႕ သြားက်န္းမာေရးကို ဦးစားေပးျပီး ျပဳလုပ္သင့္ပါတယ္။
သြားေဝဒနာတစ္ခုခု ခံစားရတာနဲ႔ အစာစားျခင္းကို ထိခိုက္ေစျပီပဲ ျဖစ္တာေၾကာင့္
ခႏၶာတစ္ခုလုံးရဲ႕ ဇီဝကမၼျဖစ္စဥ္ေတြကို ထိခုိက္ေစလို႔ပဲ ျဖစ္ပါတယ္။
သြားသန္႔ရွင္းေရးကို စနစ္တက် ပုံမွန္မလုပ္ျဖစ္ဘူးဆုိရင္ သြားေတြေပၚမွာ
သြားေခ်းေက်ာက္လို႔ေခၚတဲ့ အလႊာတစ္ခု ျဖစ္လာတတ္ပါတယ္။
ဒါက သြားရဲ႕
ခုိင္ခံလွပမႈကို အဆုိးရြားဆုံး ထိခုိက္ေစႏုိင္တဲ့ အရာေတြပဲ ျဖစ္ပါတယ္။
သြားပိုးစားတာနဲ႔ သြားဖုံးေရာဂါေတြကိုလည္း ျဖစ္ေစႏုိင္ပါတယ္။ သြားဆရာဝန္နဲ႔
သြားျပတဲ့အခါ ေငြကုန္ေၾကးက်မ်ားႏုိင္တဲ့အတြက္ သြားေခ်းေက်ာက္ေတြကို
ကိုယ့္အိမ္မွာပဲ အလြယ္တကူ ဖယ္ရွားလို႔ ရတဲ့နည္းေလးတစ္ခုကို
ေျပာျပေပးခ်င္ပါတယ္။
သြားေခ်းေက်ာက္ ကင္းစင္ျပီး ျဖဴစင္လွပတဲ့ သြားေလးေတြျဖစ္ဖုိ႔
အိမ္မွာပဲျပဳလုပ္မယ္ဆုိရင္ လုိအပ္တာေတြကေတာ့ မုန္႔ဖုတ္ေဆာ္ဒါ၊ ဆား၊
ဟုိက္ဒရိုဂ်င္ ပါေအာက္ဆုိဒ္၊
ေရ၊သြားျခစ္ကိရိယာ၊သြားၾကားထိုးတံ၊ပိုးမႊားသန္႔စင္ေစတဲ့ အာလုပ္က်င္းေဆးရည္
အနည္းငယ္ လုိပါလိမ့္မယ္။
အရင္ဆုံး မုန္႔ဖုတ္ေဆာ္ဒါ စားပြဲတင္ဇြန္း
တစ္ဇြန္းနဲ႔ ဆားဇြန္းတစ္ဝက္ကို ေရာျပီး သြားတုိက္ေဆးပုံစံ အႏွစ္ျဖစ္ေအာင္
လုပ္ပါ။ ေရစုိေနတဲ့ သြားပြတ္တံနဲ႔ ယူျပီး ၅ မိနစ္ေလာက္ၾကာေအာင္ သြားေတြကို
ေသေသခ်ာခ်ာ ပြတ္တိုက္ျပီး ပါးစပ္ထဲက ေထြးထုတ္လိုက္ပါ။ ျပီးရင္
ဟုိက္ဒရုိဂ်င္ ပါေအာက္ဆုိဒ္ ၁ ခြက္နဲ႔ ေရခြက္တစ္ဝက္ကိုေရာျပီး ၁ မိနစ္ေလာက္
ပလုတ္က်င္းပါ။ ပါးစပ္ကို ေရ ဒါမွမဟုတ္ ခံတြင္းသန္႔ေဆးရည္နဲ႕ ေဆးလုိက္ပါ။
ျပီးသြားျပီဆိုရင္ သြားၾကားထုိးတံနဲ႔ သြားျခစ္ကိရိယာေလးသုံးျပီး
သြားေခ်းေက်ာက္ အဝါေရာင္ေတြကို အလြယ္တကူ ဖယ္ရွားပစ္ႏုိင္ျပီ ျဖစ္ပါတယ္။
သတိထားရမယ့္တစ္ခ်က္ကေတာ့
သြားတုိက္တဲ့အခါမွာ သြားဖုံးေတြကို မပ်က္စီးေအာင္ တုိက္ဖို႔ပဲ ျဖစ္ပါတယ္။
သြားကို တုိက္ရုံနဲ႔ မျပီးဘဲ မၾကာခဏ စနစ္က်တဲ့ သန္႔ရွင္းေရးျပဳလုပ္သင့္ျပီး
ခ်ဳိလြန္းတဲ့ အစားအစာေတြကို ေရွာင္ၾကည္တာ အေကာင္းဆုံး ျဖစ္ပါတယ္။
Credit : Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version
ကျွန်မတို့အနေနဲ့ သွားကျန်းမာရေးကို ဦးစားပေးပြီး ပြုလုပ်သင့်ပါတယ်။ သွားဝေဒနာတစ်ခုခု ခံစားရတာနဲ့ အစာစားခြင်းကို ထိခိုက်စေပြီပဲ ဖြစ်တာကြောင့် ခန္ဓာတစ်ခုလုံးရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ထိခိုက်စေလို့ပဲ ဖြစ်ပါတယ်။ သွားသန့်ရှင်းရေးကို စနစ်တကျ ပုံမှန်မလုပ်ဖြစ်ဘူးဆိုရင် သွားတွေပေါ်မှာ သွားချေးကျောက်လို့ခေါ်တဲ့ အလွှာတစ်ခု ဖြစ်လာတတ်ပါတယ်။
ဒါက သွားရဲ့ ခိုင်ခံလှပမှုကို အဆိုးရွားဆုံး ထိခိုက်စေနိုင်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။ သွားပိုးစားတာနဲ့ သွားဖုံးရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ သွားဆရာဝန်နဲ့ သွားပြတဲ့အခါ ငွေကုန်ကြေးကျများနိုင်တဲ့အတွက် သွားချေးကျောက်တွေကို ကိုယ့်အိမ်မှာပဲ အလွယ်တကူ ဖယ်ရှားလို့ ရတဲ့နည်းလေးတစ်ခုကို ပြောပြပေးချင်ပါတယ်။
သွားချေးကျောက် ကင်းစင်ပြီး ဖြူစင်လှပတဲ့ သွားလေးတွေဖြစ်ဖို့ အိမ်မှာပဲပြုလုပ်မယ်ဆိုရင် လိုအပ်တာတွေကတော့ မုန့်ဖုတ်ဆော်ဒါ၊ ဆား၊ ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ်၊ ရေ၊သွားခြစ်ကိရိယာ၊သွားကြားထိုးတံ၊ပိုးမွှားသန့်စင်စေတဲ့ အာလုပ်ကျင်းဆေးရည် အနည်းငယ် လိုပါလိမ့်မယ်။
အရင်ဆုံး မုန့်ဖုတ်ဆော်ဒါ စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ ဆားဇွန်းတစ်ဝက်ကို ရောပြီး သွားတိုက်ဆေးပုံစံ အနှစ်ဖြစ်အောင် လုပ်ပါ။ ရေစိုနေတဲ့ သွားပွတ်တံနဲ့ ယူပြီး ၅ မိနစ်လောက်ကြာအောင် သွားတွေကို သေသေချာချာ ပွတ်တိုက်ပြီး ပါးစပ်ထဲက ထွေးထုတ်လိုက်ပါ။ ပြီးရင် ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ် ၁ ခွက်နဲ့ ရေခွက်တစ်ဝက်ကိုရောပြီး ၁ မိနစ်လောက် ပလုတ်ကျင်းပါ။ ပါးစပ်ကို ရေ ဒါမှမဟုတ် ခံတွင်းသန့်ဆေးရည်နဲ့ ဆေးလိုက်ပါ။ ပြီးသွားပြီဆိုရင် သွားကြားထိုးတံနဲ့ သွားခြစ်ကိရိယာလေးသုံးပြီး သွားချေးကျောက် အဝါရောင်တွေကို အလွယ်တကူ ဖယ်ရှားပစ်နိုင်ပြီ ဖြစ်ပါတယ်။
သတိထားရမယ့်တစ်ချက်ကတော့ သွားတိုက်တဲ့အခါမှာ သွားဖုံးတွေကို မပျက်စီးအောင် တိုက်ဖို့ပဲ ဖြစ်ပါတယ်။ သွားကို တိုက်ရုံနဲ့ မပြီးဘဲ မကြာခဏ စနစ်ကျတဲ့ သန့်ရှင်းရေးပြုလုပ်သင့်ပြီး ချိုလွန်းတဲ့ အစားအစာတွေကို ရှောင်ကြည်တာ အကောင်းဆုံး ဖြစ်ပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
သြားေခ်းေက်ာက္ေတြ ဖယ္ရွားျပီး ျဖဴေဖြးတဲ့သြားေလးေတြ ျဖစ္ေစဖုိ႔
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။