iMyanmarHouse.com - Best Property Website for Myanmar
×
၁။ဆရာဝန်မလိုပါဘူး။
၃။အသားအရေကို လှစေတယ်။
၆။ပိုပြီးစမတ်ကျစေတယ်။
Credit : Trend Myanmar
ပို့သပေးပါတယ်။
Unicode Version
လိင်ဆက်ဆံခြင်းဟာ ဆိုးဝါးတဲ့ အပြုအမူတစ်ခုမဟုတ်ပါဘူး။ လိင်ဆက်ဆံခြင်းကနေ သင့်ရဲ့ ခန္ဓာကိုယ်နဲ့စိတ်အတွက်ပါ အမှန်တကယ် အကျိုးသက်ရောက်မှုရှိစေနိုင်ပါတယ်။ လိင်ဆက်ဆံခြင်းကနေ သင်မထင်မှတ်ထားတဲ့ အကျိုးကျေးဇူးတွေ ရနိုင်တယ်ဆိုတာ သင်ရော လက်ခံနိုင်ရဲ့လား။ အောက်က အချက်လေးတွေကို ကြည့်ကြည့်လိုက်ပါ။
၁။ဆရာဝန်မလိုပါဘူး။
လိင်ဆက်ဆံခြင်းကနေ ရမယ့် အကျိုးကျေးဇူးတွေ မရေမတွက်နိုင်အောင်ရှိပါတယ်။ အဲဒီထဲကတစ်ခုကတော့ သင့်ကျန်းမာရေးအတွက် ဆရာဝန်တောင် ပြဖို့မလိုတော့ပါဘူး။ ကျန်းမာရေးဒေါင်ဒေါင်မြည်အောင် ကောင်းမွန်နေမှာပါ ဘာကြောင့်လဲဆိုတော့ လိင်ဆက်ဆံခြင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတဲ့အပြင် ကြွက်သားတွေကို တောင့်တင်းစေပြီး နှလုံးရောဂါ ဖြစ်ပွားနှုန်းကို လျှော့ချပေးလို့ပါပဲ။
၂။သင့်ရဲ့ပါတနာနဲ့ ပိုပြီး ရင်းနှီးစေတယ်။
လိင်ဆက်ဆံခြင်းက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော အတွင်းကျပါတယ်။သင့်မှာ ပြင်းထန်တဲ့ လှုပ်ရှားမှုရှိနေပြီဆိုရင် သွေးတွေက လူနှစ်ယောက်ကြားကို ဆက်သွယ်ပေးတဲ့ ဟော်မုန်း အောက်စီတိုစင် နဲ့ ဖုံးလွှမ်းသွားပါတယ်။ဇီဝဗေဒနည်းအရ မဟုတ်ဘဲ ပြောရရင်တော့ လိင်ဆက်ဆံခြင်းဟာ သင်နဲ့သင့်ပါတနာကြား စိတ်ခံစားမှုကို မြင့်မားစေပြီး ပိုနီးကပ်စေပါတယ်။
၃။အသားအရေကို လှစေတယ်။
လိင်ဆက်ဆံခြင်းက သင့်ကိုပိုပြီးလှပစေတယ်ဆိုတာရော သင်သိရဲ့လား။ တော်တော်များများက လိင်ဆက်ဆံရင် ပိုရင့်ရော်အိုစာမယ် ပိုပြီးပုံပျက်သွားမယ်လို့ထင်ကြပေမယ့် တကယ်တမ်းက သင့်ကို ပိုလှစေတာပါ။ ဆရာဝန်တွေရဲ့အဆိုအရတော့ ဒါဟာ လိင်ဆက်ဆံခြင်းကနေ သွေးလှည့်ပတ်မှုကို တိုးစေတာဖြစ်ပြီး အပိုရှိနေတဲ့  အောက်ဆီဂျင်တွေက အသားအရေကို ကျန်းမာစေပြီး ပိုုတောက်ပစေတဲ့အတွက်ဖြစ်ပါတယ်။
၄။ကိုယ့်ကိုကိုယ် ယုံကြည်မှုရစေတယ်။
တစ်စုံတစ်ယောက်အပေါ်မှာ လိင်ပိုင်းဆိုင်ရာ ပြီးပြည့်စုံအောင် စွမ်းဆောင်ပေးနိုင်ခြင်းဟာ တကယ့်ကို လိုချင်တပ်မက်ဖွယ်ကောင်းပြီး သာမန်အရာတွေထက်လည်း ထူးကဲပါတယ်။ ပြောရမယ်ဆိုရင်တော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးပွားလာခြင်းတစ်မျိုးပေါ့။
၅။တောင့်တင်းမှုတွေနဲ့ ဖိအားတွေကို လျော့နည်းစေတာ။
သင်ရဲ့ ခန္ဓာကိုယ်က လိင်ဆက်ဆံနေစဉ်အတွင်းမှာ လေကျင့်ခန်းလုပ်ရင်ထွက်လာတဲ့ Endorphins(အန်ဒေါ်ဖင်း)တွေ ထုတ်လုပ်ပါတယ်။ အဆိုပါ အန်ဒေါ်ဖင်းတွေက ခန္ဓာကိုယ်ရဲ့ တောင့်တင်းမှုတွေကို လျော့ပါးစေပြီး သင့်ကို သက်တောင့်သက်သာဖြစ်စေဖို့ ကူညီပေးပါတယ်။ သင့်မှာ စိတ်ဖိအားတွေလျော့နည်းတာက သင့်နဲ့သင့်ပါတနာကြား ဖြောင့်ဖြူးတဲ့ အနေအထားကို ပြနေပြီး တစ်ယောက်နဲ့တစ်ယောက် ပိုနှစ်သက်မိစေမှာပါ။
၆။ပိုပြီးစမတ်ကျစေတယ်။
အပေါ်မှာ ဖတ်ခဲ့ဖူးသလိုပါပဲ။ သုတေသနတွေကနေ လိင်ဆက်ဆံခြင်းဟာ သွေးလှည့်ပတ်မှု၊အောက်စီဂျင်တွေနဲအာဟာရ ဓာတ်တွေနဲ့ ဦးနှောက်ရဲ့အစိတ်အပိုင်းတွေ အကုန်လုံးကို တိုးတက်စေပါတယ်။ အခြား စိတ်ပိုင်းဆိုင်ရာတိုးတက်စေသလို နေ့စဉ်ဘဝမှာလည်း သင့်ကို စမတ်ကျပြီး ပျော်ရွှင်တဲ့လူတစ်ယောက်ဖြစ်စေမှာပါ။
ကဲ ဒီလောက်ဆို လိင်ဆက်ဆံခြင်းကနေ ဘယ်လိုကောင်းကျိုးတွေရနိုင်လဲဆိုတာ သိလောက်ပါပြီနော်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top