iMyanmarHouse.com - Best Property Website for Myanmar
×

Behind every successful man there is a woman'
 ေအာင္ျမင္တဲ႔ ေယာက္်ားတစ္ေယာက္ရဲ႕ ေနာက္ကြယ္မွာ မိန္းမတစ္ေယာက္အၿမဲရွိတယ္ဆိုတာ ထင္ရွားတဲ႔စကားစုေလးတစ္ခုပါ။ ဒီစကားေလးဟာ ဘယ္ေလာက္မွန္ႏိုင္သလဲ သံုးသပ္ၾကည္႔ရေအာင္။ အရည္အခ်င္းရွိတဲ႔မိန္းမေကာင္းတစ္ေယာက္ရဲ႕အေထာက္အပံ႔ဟာ ေယာက္်ားေတြေအာင္ျမင္ေရးအတြက္ ဘယ္ေလာက္ထိ အေရးပါပါသလဲ?

၁ - ရည္မွန္းခ်က္ေတြအတြက္ေလာင္စာဆီ။

တစ္ခ်ိဳ႕ေသာေယာက္်ားေတြက ကိုယ္ခ်စ္တဲ႔ မိန္းမတစ္ေယာက္အတြက္ ကိုယ္႔ရဲ႕ရည္မွန္းခ်က္ေတြ၊ စိတ္ကူးေမွ်ာ္လင္႔ခ်က္ေတြကို စေတးပစ္တတ္ၾကပါတယ္။ ဒါေပမယ္႔ အရည္အခ်င္းရွိၿပီး အေတြးအေခၚေကာင္းတဲ႔ မိန္းမေတြကေတာ႔ ဒီလိုမ်ိဳးအျဖစ္ခံလိမ္႔မွာ မဟုတ္ပါဘူး။ သူ႔တို႔ဟာ ကိုယ္႔ရဲ႕ဘ၀အေဖာ္မြန္ အမ်ိဳးသားရဲ႕ ရည္မွန္းခ်က္ေတြအတြက္ ေလာင္စာတစ္ခုပမာ ခြန္အားေပး ျဖည္႔ဆည္းေပးတတ္ၾကပါတယ္။

၂ - မုန္တိုင္းေတြရဲ႕နားခိုရာ။

ႀကိဳးစားေနတဲ႔လူတိုင္းမွာ တစ္ႀကိမ္တစ္ခါေတာ႔ က်႐ံႈးျခင္းေတြ ႀကံဳေတြ႔ခဲ႔ရမွာပါ။ အဲ႔ဒီလိုအခ်ိန္မ်ိဳးမွာ ေဘးထိုင္ဘုေျပာ အျပစ္တင္ေနမယ္႔လူမ်ိဳးထက္ ေဖးမႏွစ္သိမ္႔ၿပီး ခံစားခ်က္ေတြကို တယုတယ နားေထာင္ေပးတတ္မယ္႔ ခ်စ္သူမ်ိဳးဟာ အရမ္းအေရးပါပါတယ္။ အရည္အခ်င္းရွိတဲ႔ မိန္းမေတြဟာ မုန္တိုင္းေတြထန္ေနခိုက္မွာ အတားအဆီးမရွိ နားခိုႏိုင္မယ္႔ ေနရာေလးတစ္ခုပါ။
Uuyf0iacr22pkc0p0ftz

၃ - ေပ်ာ္စရာအိမ္ကေလး၊ ေပ်ာ္စရာဘ၀။

အခ်စ္ေတြ၊ ေမတၱာေတြ၊ သစၥာေတြ၊ နားလည္မႈေတြနဲ႔ ထံုမႊမ္းထားတဲ႔အိမ္ကေလးဟာ ထာ၀ရေအးခ်မ္းမႈေတြေပးရာ အိုေအစစ္ကေလးပါ။ ဒီေတာ႔ အလုပ္ေတြႀကိဳးစားၿပီး ျပန္လာတဲ႔ ခင္ပြန္းသည္အတြက္ ခ်စ္စဖြယ္အမူအရာနဲ႔ သာသာယာယာ ႀကိဳဆိုေနမယ္႔ ခ်စ္ဇနီးေလးဟာလည္း အေမေျပာတဲ႔ အေမာေျပေလးေပါ႔။ ဒါ႔အျပင္ ဇနီးသည္ေတြအတြက္ ေနာက္ထပ္အေရးႀကီးတာက ကိုယ္႔ခင္ပြန္းရဲ႕ ဂုဏ္သိကၡာအတြက္ အိမ္တြင္းကအပူ အိမ္ျပင္မထုတ္ဖို႔ဆိုတဲ႔ သေဘာတရားေလးပါပဲ။

၄ - အတိုင္ပင္ခံပုဂိၢဳလ္။

ႏိုင္ငံေတာ္မွာပဲ အတိုင္ပင္ခံပုဂၢိဳလ္ရွိတာမဟုတ္ပါဘူး။ ႏွလံုးသား၊ ဦးေႏွာက္နဲ႔ ဆံုးျဖတ္ခ်က္ေတြအတြက္ သင္႔ရဲ႕ဘ၀လက္တြဲေဖာ္ဟာလည္း အေကာင္းဆံုးေသာ အတိုင္ပင္ခံပုဂၢိဳလ္ပါ။ ထက္ျမတ္တဲ႔မိန္းမေတြဟာ မိမိရဲ႕လက္တြဲေဖာ္ အမိ်ဳးသားအတြက္ အေကာင္းဆံုးေသာ အႀကံဉာဏ္ေတြ ေပးႏိုင္ပါေသးတယ္။ ဘ၀ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ေလးဟာ သူပါပဲ။
Isxceil3etmigpqtoftp

၅ - အေကာင္းဆံုးအတြင္းေရးမႈးကေလး

ကုမၸဏီဥကၠဌေတြလိုေပါ႔။ အတြငး္ေရးမႈးမေလးကပဲ အရာရာကိုစီစဥ္၊ အကြက္ခ်၊ သတိေပး၊ မွတ္သားတတ္ၾကတယ္မလား။ တကယ္တမ္း အရည္အခ်င္းရွိတဲ႔ မိန္းမတစ္ဦးကလည္း မိမိရဲ႕ ခင္ပြန္းသည္အတြက္ လစ္ဟာမႈမရွိရေအာင္၊ အဖက္ဖက္က စဥ္းစားရင္း ျဖည္႔ဆည္းေပးတတ္ၾကသူေတြပါ။ ဒီေတာ႔အလုပ္သာႀကိဳးစားလုပ္ ေနာက္ေၾကာင္းမွာ အကုန္ရွင္းထားၿပီးသာ ရယ္ဒီပဲေပါ႔။

၆ - ဘက္လိုက္တတ္သူ

ဘက္လိုက္တတ္သူဆိုလို႔ မေကာင္းမျမင္လိုက္ပါနဲ႔။ အခက္အခဲေတြ၊ ျပႆနာေတြႀကံဳေတြ႔လာတိုင္း သင္႔ဘက္မွာအၿမဲရပ္တည္ၿပီး အားေပးေဖးမတတ္သူပါ။ သင္႔အတြက္ အေကာင္းဆံုးတိုက္ပြဲ၀င္ေပးမယ္႔ လက္ေထာက္စစ္သည္ေတာ္ေလးဆိုလည္း မမွားပါဘူး။

Credit: Momolay


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version

Behind every successful man there is a woman'
 အောင်မြင်တဲ့ ယောက်ျားတစ်ယောက်ရဲ့ နောက်ကွယ်မှာ မိန်းမတစ်ယောက်အမြဲရှိတယ်ဆိုတာ ထင်ရှားတဲ့စကားစုလေးတစ်ခုပါ။ ဒီစကားလေးဟာ ဘယ်လောက်မှန်နိုင်သလဲ သုံးသပ်ကြည့်ရအောင်။ အရည်အချင်းရှိတဲ့မိန်းမကောင်းတစ်ယောက်ရဲ့အထောက်အပံ့ဟာ ယောက်ျားတွေအောင်မြင်ရေးအတွက် ဘယ်လောက်ထိ အရေးပါပါသလဲ?

၁ - ရည်မှန်းချက်တွေအတွက်လောင်စာဆီ။

တစ်ချို့သောယောက်ျားတွေက ကိုယ်ချစ်တဲ့ မိန်းမတစ်ယောက်အတွက် ကိုယ့်ရဲ့ရည်မှန်းချက်တွေ၊ စိတ်ကူးမျှော်လင့်ချက်တွေကို စတေးပစ်တတ်ကြပါတယ်။ ဒါပေမယ့် အရည်အချင်းရှိပြီး အတွေးအခေါ်ကောင်းတဲ့ မိန်းမတွေကတော့ ဒီလိုမျိုးအဖြစ်ခံလိမ့်မှာ မဟုတ်ပါဘူး။ သူ့တို့ဟာ ကိုယ့်ရဲ့ဘဝအဖော်မွန် အမျိုးသားရဲ့ ရည်မှန်းချက်တွေအတွက် လောင်စာတစ်ခုပမာ ခွန်အားပေး ဖြည့်ဆည်းပေးတတ်ကြပါတယ်။

၂ - မုန်တိုင်းတွေရဲ့နားခိုရာ။

ကြိုးစားနေတဲ့လူတိုင်းမှာ တစ်ကြိမ်တစ်ခါတော့ ကျရှုံးခြင်းတွေ ကြုံတွေ့ခဲ့ရမှာပါ။ အဲ့ဒီလိုအချိန်မျိုးမှာ ဘေးထိုင်ဘုပြော အပြစ်တင်နေမယ့်လူမျိုးထက် ဖေးမနှစ်သိမ့်ပြီး ခံစားချက်တွေကို တယုတယ နားထောင်ပေးတတ်မယ့် ချစ်သူမျိုးဟာ အရမ်းအရေးပါပါတယ်။ အရည်အချင်းရှိတဲ့ မိန်းမတွေဟာ မုန်တိုင်းတွေထန်နေခိုက်မှာ အတားအဆီးမရှိ နားခိုနိုင်မယ့် နေရာလေးတစ်ခုပါ။
Uuyf0iacr22pkc0p0ftz

၃ - ပျော်စရာအိမ်ကလေး၊ ပျော်စရာဘဝ။

အချစ်တွေ၊ မေတ္တာတွေ၊ သစ္စာတွေ၊ နားလည်မှုတွေနဲ့ ထုံမွှမ်းထားတဲ့အိမ်ကလေးဟာ ထာဝရအေးချမ်းမှုတွေပေးရာ အိုအေစစ်ကလေးပါ။ ဒီတော့ အလုပ်တွေကြိုးစားပြီး ပြန်လာတဲ့ ခင်ပွန်းသည်အတွက် ချစ်စဖွယ်အမူအရာနဲ့ သာသာယာယာ ကြိုဆိုနေမယ့် ချစ်ဇနီးလေးဟာလည်း အမေပြောတဲ့ အမောပြေလေးပေါ့။ ဒါ့အပြင် ဇနီးသည်တွေအတွက် နောက်ထပ်အရေးကြီးတာက ကိုယ့်ခင်ပွန်းရဲ့ ဂုဏ်သိက္ခာအတွက် အိမ်တွင်းကအပူ အိမ်ပြင်မထုတ်ဖို့ဆိုတဲ့ သဘောတရားလေးပါပဲ။

၄ - အတိုင်ပင်ခံပုဂ္ဂိုလ်။

နိုင်ငံတော်မှာပဲ အတိုင်ပင်ခံပုဂ္ဂိုလ်ရှိတာမဟုတ်ပါဘူး။ နှလုံးသား၊ ဦးနှောက်နဲ့ ဆုံးဖြတ်ချက်တွေအတွက် သင့်ရဲ့ဘဝလက်တွဲဖော်ဟာလည်း အကောင်းဆုံးသော အတိုင်ပင်ခံပုဂ္ဂိုလ်ပါ။ ထက်မြတ်တဲ့မိန်းမတွေဟာ မိမိရဲ့လက်တွဲဖော် အမျိုးသားအတွက် အကောင်းဆုံးသော အကြံဉာဏ်တွေ ပေးနိုင်ပါသေးတယ်။ ဘဝရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်လေးဟာ သူပါပဲ။
Isxceil3etmigpqtoftp

၅ - အကောင်းဆုံးအတွင်းရေးမှုးကလေး

ကုမ္ပဏီဥက္ကဌတွေလိုပေါ့။ အတွင်းရေးမှုးမလေးကပဲ အရာရာကိုစီစဉ်၊ အကွက်ချ၊ သတိပေး၊ မှတ်သားတတ်ကြတယ်မလား။ တကယ်တမ်း အရည်အချင်းရှိတဲ့ မိန်းမတစ်ဦးကလည်း မိမိရဲ့ ခင်ပွန်းသည်အတွက် လစ်ဟာမှုမရှိရအောင်၊ အဖက်ဖက်က စဉ်းစားရင်း ဖြည့်ဆည်းပေးတတ်ကြသူတွေပါ။ ဒီတော့အလုပ်သာကြိုးစားလုပ် နောက်ကြောင်းမှာ အကုန်ရှင်းထားပြီးသာ ရယ်ဒီပဲပေါ့။

၆ - ဘက်လိုက်တတ်သူ

ဘက်လိုက်တတ်သူဆိုလို့ မကောင်းမမြင်လိုက်ပါနဲ့။ အခက်အခဲတွေ၊ ပြဿနာတွေကြုံတွေ့လာတိုင်း သင့်ဘက်မှာအမြဲရပ်တည်ပြီး အားပေးဖေးမတတ်သူပါ။ သင့်အတွက် အကောင်းဆုံးတိုက်ပွဲဝင်ပေးမယ့် လက်ထောက်စစ်သည်တော်လေးဆိုလည်း မမှားပါဘူး။


Credit: Momolay




ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top