iMyanmarHouse.com - Best Property Website for Myanmar
×

၁.တိတ္ဆိတ္ျခင္းကို ေရြးပါ။

တစ္ခါတေလ သင္ဟာ တစ္ပါးသူရဲ႕ အထင္လဲြမႈကို ခံရတယ္။ ဒါကို မေျဖရွင္းခ်င္တဲ့အခါ တိတ္ဆိတ္ျခင္းကို သင္ေရြးလိမ့္မယ္။ အစကတည္းက လူတိုင္းဟာ သင့္ကိုနားလည္သူေတြ မဟုတ္ဘူး။ ဒါေၾကာင့္ ေလာကႀကီးကို ကိုယ့္ဒုကၡေတြ ေၾကာ္ျငာစရာ မလိုဘူးလို႔ သင္ထင္တယ္။တစ္ခါတေလမွာ သင့္အခ်စ္ဆံုးသူေတြက သင့္အေပၚ သေဘာထားလဲြမယ္။

ဒီလိုအခ်ိန္မ်ဳိးမွာ သင္နာက်င္ခံစားရၿပီးမေျဖရွင္းခ်င္တဲ့အခါ တိတ္ဆိတ္ျခင္းကို သင္ေရြးပါ။ ေလာကတစ္ခုလံုး သင့္ကို နားမလည္ခ်င္ေနပါေစ။ သင့္အခ်စ္ဆံုး သူက သင့္ကို နားလည္သင့္တယ္။ တကယ္လို႔ သူပါ သင့္ကို နားမလည္ခဲ့ရင္ ဘာမ်ားေျပာစရာ ရွိေတာ့မလဲ?ဒါေၾကာင့္ တစ္ခါတေလ စကားမေျပာခ်င္ေတာ့တဲ့အခါ မေျပာပါနဲ႔။ ေျပာဖန္မ်ားလည္း အရာမထင္ေတာ့တဲ့အခါဆိတ္ဆိတ္ေနျခင္းက အေကာင္းဆံုး ေျဖရွင္းနည္းျဖစ္လိမ့္မယ္။

၂.တည္ၿငိမ္ျခင္းကို ေရြးပါ။

လူ႔ဘဝရဲ႕ ေခ်ာက္ကမ္းပါးထဲ သင္ျပဳတ္က်သြားတဲ့အခ်ိန္ သင့္ေဘးမွာရွိတဲ့လူေတြက သင့္ကို စိတ္ဓာတ္ၾကံ့ခိုင္ဖို႔၊ေပ်ာ္ရႊင္ဖို႔ အားေပးလိမ့္မယ္။ ဒီလိုအခ်ိန္မ်ဳိးမွာ စိတ္ဓာတ္ၾကံ့ခိုင္ဖို႔ဆိုတာ မရွိမျဖစ္လိုအပ္ေပမယ့္ ေပ်ာ္ရႊင္ဖို႔ဆိုတာခက္ခဲလိမ့္မယ္။ ဆံုးရႈံးျခင္းေတြနဲ႔ ရင္ဆိုင္ေနရခ်ိန္ ဘယ္သူကမွ ေပ်ာ္ရႊင္ႏိုင္ၾကမွာ မဟုတ္ဘူး။

ဒါေပမယ့္ အနည္းဆံုးေတာ့ တည္ၿငိမ္ရမယ္။ တည္တည္ၿငိမ္ၿငိမ္နဲ႔ ျပႆနာရဲ႕ အတိမ္အနက္ကို ၾကည့္ရမယ္။ ေျဖရွင္းရမယ္။ တည္ၿငိမ္ျခင္းဆိုတာ ေပ်ာ္ရႊင္ျခင္းလဲ မဟုတ္သလို မေပ်ာ္ရႊင္ျခင္းလဲ မဟုတ္ဘူး။

၃.အတိတ္ထဲမွာ တဝဲမလည္ပါနဲ႔….

လူ႔ဘဝဆိုတာ လမ္းခဲြေတြမ်ားတဲ့ အဆံုးမရွိလမ္းမႀကီးျဖစ္တယ္။ မျပတ္တဲ့ ေရြးခ်ယ္ျခင္းေတြနဲ႔ ခရီးဆက္ေနရတယ္။ေန႔တိုင္းစားတဲ့ အစားအစာကို ေရြးခ်ယ္တာက သက္ေရာက္မႈ သိပ္မရွိေပမယ့္ အလုပ္အကိုင္၊ အိမ္ေထာင္ဖက္၊အိမ္ေထာင္ျပဳ မျပဳ၊ ကေလးယူ မယူ စတဲ့ ေရြးခ်ယ္မႈတိုင္းက ဘဝတစ္ခုလံုးကို သက္ေရာက္ေစတယ္။ မတူတဲ့ေရြးခ်ယ္မႈက မတူတဲ့ဘဝကို တည္ေဆာက္ေပးတယ္။

ဘဝမွာ သည္းမခံႏိုင္အရာက လူ႔ဘဝကို အသစ္ျပန္စေစတဲ့ အခြင့္အေရး မရွိတာပဲ။“တကယ္လို႔ အစတည္းက ဒီလိုေရြးခဲ့ရင္ အခုခ်ိန္မွာ ဒီလိုျဖစ္ေနမွာ မဟုတ္ဘူး”လို႔ ညည္းတြားမေနနဲ႔။ သင္ေရြးခ်ယ္တဲ့ ဘဝလမ္းခဲြတိုင္းမွာ အေကာင္းဆံုးဆိုတာ မရွိသလို အဆိုးဆံုးဆိုတာလည္း မရွိဘူး။ ေရြးခ်ယ္ခဲ့တဲ့လမ္းကိုအေကာင္းဆံုးျဖစ္ေအာင္ သင္ေလွ်ာက္လွမ္းဖို႔ပဲ လိုတယ္။ ေျဖာင့္ျဖဴးေအာင္ ဖန္တီးဖို႔ပဲလိုတယ္။ ဒါမွ ေရြးခဲ့တဲ့လမ္းမွားတယ္လို႔ အတိတ္ထဲ သင္တဝဲလည္ေနေတာ့မွာ မဟုတ္ဘူး။

၄.ရိုးရွင္းတာကို လက္ကိုင္ထားပါ။

စိတ္ရႈပ္စရာ ေတြးေတာမႈေတြက သင့္ဘဝကို ရႈပ္ေထြးေစသလိို လက္ရွိပစၥဳပန္မွာ သင္ အသက္ရွင္ေနထိုင္ေနေပမယ့္အတိတ္ကို သင္ တမ္းတေနတတ္တယ္။ ဒါမွမဟုတ္ အနာဂတ္အတြက္ ေတြးၿပီး စိုးရိမ္ပူပန္ေနတတ္တယ္။ အတိတ္ကိုပစၥဳပန္ နဲ႔ အနာဂတ္ထိ သယ္ေဆာင္လာတာဟာ သင့္ဘဝကို မသပ္ရပ္ေစဘူး။ ရႈပ္ေထြးေပြလိီေစတယ္။ရိုးရွင္းျခင္းဆိုတာ တင့္တယ္ျခင္းျဖစ္တယ္။

ဥပမာ – ရာသီဥတုအေျပာင္းအလဲြကို အေရျပား နဲ႔ ရိုးရိုးရွင္းရွင္း ခံယူမယ္။မိုးရြာၿပီးစ ျမက္ရနံ႔ေတြကို ႏွာေခါင္းနဲ႔ ရိုးရိုးရွင္းရွင္း ရႈရႈိက္မယ္။ အေဝးက လွပတဲ့ရႈခင္းကို ပန္းခ်ီကားတစ္ခ်ပ္လို မ်က္လံုးနဲ႔ ရိုးရိုးရွင္းရွင္း အရသာခံမယ္။ ရိုးရွင္းျခင္းက ဒီေလာက္ လြယ္ကူပါတယ္။ပစၥဳပန္မွာ ရိုးရိုးရွင္းရွင္းေနထိုင္မယ္။ ရိုးရိုးရွင္းရွင္းေနထိုင္ရင္ စိတ္ရႈပ္စရာေတြ ေတြးေတာဖို႔မလိုဘူး။ အတိတ္ကိုလည္း တမ္းတဖို႔မလိုဘူး။ အနာဂတ္အတြက္လည္း စိုးရိမ္ပူပန္စရာမလိုဘူး။ ရိုးရွင္းတာကို လက္ကိုင္ထားၿပီး ဘဝကို သက္ေတာင့္သက္သာ ျဖတ္သန္းႏိုင္ပါတယ္။

၅.ခံစားခ်က္ကို အလဟသမျဖဳန္းနဲ႔…..

သင့္အေၾကာင္း လူေတြမဟုတ္မမွန္ေျပာလို႔ ဒီေန႔ သင္မေပ်ာ္ဘူး။ လူေတြနဲ႔လည္း သင္ ရန္မျဖစ္ခ်င္လို႔ လူေတြနားက သင္ခြာခဲ့တယ္။ ခႏၶာကိုယ္သာ လူေတြဆီက သင္ ခြာခဲ့ေပမယ့္ သင့္စိတ္က နာက်င္ျခင္းထဲကေန မခြာႏိုင္ခဲ့လို႔ ေတြးေလ သင္ ေဒါသထြက္ေလျဖစ္မယ္။ ေဒါသျဖစ္ၿပီဆိုတာနဲ႔ တျခားအလုပ္ေပၚမွာ သင္ အာရံုမစိုက္ႏိုင္ေတာ့ဘူး။စိတ္ပါလက္ပါ သင္ အလုပ္မလုပ္ႏိုင္ေတာ့ဘူး။ စိတ္အေႏွာင့္အယွက္ျဖစ္ၿပီး အေရးပါတဲ့အရာေတြကို သင္လ်စ္လ်ဴရွဳမိတတ္တယ္။

သင့္စိတ္ကို သူတစ္ပါးရဲ႕အမွားေတြနဲ႔ လႊမ္းမိုးထားလို႔ ျဖစ္တယ္္။ခံစားခ်က္ကို အက်ယ္ခ်ဲ႕တာဟာ သင္ရဲ႕ျဖဳန္းတီးမႈျဖစ္တယ္။ အဆိုးဝါးဆံုး ျဖဳန္းတီးမႈ ျဖစ္တယ္။ ေဒါသထြက္ဖို႔ အားစိုက္ရတယ္။ ေဒါသထြက္ရင္ ခႏၶာကိုယ္ကို ထိတယ္၊ ခြန္အားဗလကို ထိတယ္။ ဒါေၾကာင့္ ထက္ျမက္တဲ့သင္ဟာ ခံစားခ်က္ရဲ႕ အထိန္းအခ်ဳပ္ကို မခံရပါေစနဲ႔။ ေဒါသမထြက္ခင္ သင့္ကိုယ္သင္ “ခံစားခ်က္ကို အလဟသမျဖဳန္းနဲ႔” လို႔ ညင္ညင္သာသာ သတိေပးပါ။

၆.အခ်ိန္ေကာင္းကို ဖမ္းဆုပ္ပါ။

သင္ႀကိဳက္တဲ့ အကၤ်ီတစ္ထည္ကို ဝယ္ခဲ့ၿပီး မဝတ္ရက္ဘဲ ဗီရိုထဲ ဒီအတိုင္း သင္သိမ္းထားတယ္ ဆိုပါစို႔။ ကာလၾကာမွအဲဒီအကၤ်ီကို ဝတ္ဖို႔ သင္သတိရခ်ိန္ အကၤ်ီဟာေခတ္ကုန္ေနၿပီဆိုတာကိုသင္သတိထားမိလိမ့္မယ္။
အရသာရွိၿပီး လွပတဲ့ ကိတ္မုန္႔တစ္တံုးကို ဝယ္ခဲ့ၿပီး မစားရက္ဘဲ ေရခဲေသတၱာထဲ သင္ ထည့္ထားမိတယ္ ဆိုပါစို႔။ကာလၾကာမွ ကိတ္မုန္႔စားဖို႔ သင္ သတိရခ်ိန္ ကိတ္မုန္႔ဟာ ဒိတ္လြန္ေနၿပီဆိုတာကို သင္သတိထားမိလိမ့္မယ္။

ႏွစ္သက္ခ်ိန္မွာ မဝတ္လိုက္ရတဲ့ အကၤ်ီ၊ စားခ်င္တဲ့အခ်ိန္မွာ မစားလိုက္ရတဲ့ ကိတ္မုန္႔၊ ဆႏၵရွိတဲ့အခ်ိန္မွာမလုပ္လိုက္ရတဲ့ အလုပ္ … ဒါေတြဟာ ဝမ္းနည္းျခင္းေတြျဖစ္တယ္။ဘဝမွာလည္း ဒိတ္လြန္ေန႔စဲြေတြရွိတယ္။ လုပ္ခ်င္တာကို အခ်ိန္မေႏွာင္းခင္ အရြယ္ေကာင္းခင္ လုပ္သင့္တယ္။တကယ္လို႔ လုပ္ခ်င္တာကို စိတ္ထဲမွာပဲထားၿပီး အေကာင္အထည္ မေဖာ္ခဲ့ရင္ ေနာက္ဆံံုးရလဒ္က မဝတ္လိုက္ရတဲ့အကၤ်ီလို၊ မစားလိုက္ရတဲ့ ကိတ္မုန္႔လို ေနာင္တနဲ႔ ဝမ္းနည္းျခင္းေတြပဲ က်န္ခဲ့လိ္မ့္မယ္။သင့္ကိုယ္သင္ အေကာင္းဆံုးျဖစ္ေအာင္ လုပ္ပါ။

ဘာပူေဆြး ဝမ္းနည္းစရာမွ ခ်န္မထားခဲ့ပါနဲ႔။

Credit: Sai Sai (Forward Mail)

 ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

၁.တိတ်ဆိတ်ခြင်းကို ရွေးပါ။

တစ်ခါတလေ သင်ဟာ တစ်ပါးသူရဲ့ အထင်လွဲမှုကို ခံရတယ်။ ဒါကို မဖြေရှင်းချင်တဲ့အခါ တိတ်ဆိတ်ခြင်းကို သင်ရွေးလိမ့်မယ်။ အစကတည်းက လူတိုင်းဟာ သင့်ကိုနားလည်သူတွေ မဟုတ်ဘူး။ ဒါကြောင့် လောကကြီးကို ကိုယ့်ဒုက္ခတွေ ကြော်ငြာစရာ မလိုဘူးလို့ သင်ထင်တယ်။တစ်ခါတလေမှာ သင့်အချစ်ဆုံးသူတွေက သင့်အပေါ် သဘောထားလွဲမယ်။

ဒီလိုအချိန်မျိုးမှာ သင်နာကျင်ခံစားရပြီးမဖြေရှင်းချင်တဲ့အခါ တိတ်ဆိတ်ခြင်းကို သင်ရွေးပါ။ လောကတစ်ခုလုံး သင့်ကို နားမလည်ချင်နေပါစေ။ သင့်အချစ်ဆုံး သူက သင့်ကို နားလည်သင့်တယ်။ တကယ်လို့ သူပါ သင့်ကို နားမလည်ခဲ့ရင် ဘာများပြောစရာ ရှိတော့မလဲ?ဒါကြောင့် တစ်ခါတလေ စကားမပြောချင်တော့တဲ့အခါ မပြောပါနဲ့။ ပြောဖန်များလည်း အရာမထင်တော့တဲ့အခါဆိတ်ဆိတ်နေခြင်းက အကောင်းဆုံး ဖြေရှင်းနည်းဖြစ်လိမ့်မယ်။

၂.တည်ငြိမ်ခြင်းကို ရွေးပါ။

လူ့ဘဝရဲ့ ချောက်ကမ်းပါးထဲ သင်ပြုတ်ကျသွားတဲ့အချိန် သင့်ဘေးမှာရှိတဲ့လူတွေက သင့်ကို စိတ်ဓာတ်ကြံ့ခိုင်ဖို့၊ပျော်ရွှင်ဖို့ အားပေးလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ စိတ်ဓာတ်ကြံ့ခိုင်ဖို့ဆိုတာ မရှိမဖြစ်လိုအပ်ပေမယ့် ပျော်ရွှင်ဖို့ဆိုတာခက်ခဲလိမ့်မယ်။ ဆုံးရှုံးခြင်းတွေနဲ့ ရင်ဆိုင်နေရချိန် ဘယ်သူကမှ ပျော်ရွှင်နိုင်ကြမှာ မဟုတ်ဘူး။

ဒါပေမယ့် အနည်းဆုံးတော့ တည်ငြိမ်ရမယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ပြဿနာရဲ့ အတိမ်အနက်ကို ကြည့်ရမယ်။ ဖြေရှင်းရမယ်။ တည်ငြိမ်ခြင်းဆိုတာ ပျော်ရွှင်ခြင်းလဲ မဟုတ်သလို မပျော်ရွှင်ခြင်းလဲ မဟုတ်ဘူး။

၃.အတိတ်ထဲမှာ တဝဲမလည်ပါနဲ့….

လူ့ဘဝဆိုတာ လမ်းခွဲတွေများတဲ့ အဆုံးမရှိလမ်းမကြီးဖြစ်တယ်။ မပြတ်တဲ့ ရွေးချယ်ခြင်းတွေနဲ့ ခရီးဆက်နေရတယ်။နေ့တိုင်းစားတဲ့ အစားအစာကို ရွေးချယ်တာက သက်ရောက်မှု သိပ်မရှိပေမယ့် အလုပ်အကိုင်၊ အိမ်ထောင်ဖက်၊အိမ်ထောင်ပြု မပြု၊ ကလေးယူ မယူ စတဲ့ ရွေးချယ်မှုတိုင်းက ဘဝတစ်ခုလုံးကို သက်ရောက်စေတယ်။ မတူတဲ့ရွေးချယ်မှုက မတူတဲ့ဘဝကို တည်ဆောက်ပေးတယ်။

ဘဝမှာ သည်းမခံနိုင်အရာက လူ့ဘဝကို အသစ်ပြန်စစေတဲ့ အခွင့်အရေး မရှိတာပဲ။“တကယ်လို့ အစတည်းက ဒီလိုရွေးခဲ့ရင် အခုချိန်မှာ ဒီလိုဖြစ်နေမှာ မဟုတ်ဘူး”လို့ ညည်းတွားမနေနဲ့။ သင်ရွေးချယ်တဲ့ ဘဝလမ်းခွဲတိုင်းမှာ အကောင်းဆုံးဆိုတာ မရှိသလို အဆိုးဆုံးဆိုတာလည်း မရှိဘူး။ ရွေးချယ်ခဲ့တဲ့လမ်းကိုအကောင်းဆုံးဖြစ်အောင် သင်လျှောက်လှမ်းဖို့ပဲ လိုတယ်။ ဖြောင့်ဖြူးအောင် ဖန်တီးဖို့ပဲလိုတယ်။ ဒါမှ ရွေးခဲ့တဲ့လမ်းမှားတယ်လို့ အတိတ်ထဲ သင်တဝဲလည်နေတော့မှာ မဟုတ်ဘူး။

၄.ရိုးရှင်းတာကို လက်ကိုင်ထားပါ။

စိတ်ရှုပ်စရာ တွေးတောမှုတွေက သင့်ဘဝကို ရှုပ်ထွေးစေသလို လက်ရှိပစ္စုပန်မှာ သင် အသက်ရှင်နေထိုင်နေပေမယ့်အတိတ်ကို သင် တမ်းတနေတတ်တယ်။ ဒါမှမဟုတ် အနာဂတ်အတွက် တွေးပြီး စိုးရိမ်ပူပန်နေတတ်တယ်။ အတိတ်ကိုပစ္စုပန် နဲ့ အနာဂတ်ထိ သယ်ဆောင်လာတာဟာ သင့်ဘဝကို မသပ်ရပ်စေဘူး။ ရှုပ်ထွေးပွေလီစေတယ်။ရိုးရှင်းခြင်းဆိုတာ တင့်တယ်ခြင်းဖြစ်တယ်။

ဥပမာ – ရာသီဥတုအပြောင်းအလွဲကို အရေပြား နဲ့ ရိုးရိုးရှင်းရှင်း ခံယူမယ်။မိုးရွာပြီးစ မြက်ရနံ့တွေကို နှာခေါင်းနဲ့ ရိုးရိုးရှင်းရှင်း ရှုရှိုက်မယ်။ အဝေးက လှပတဲ့ရှုခင်းကို ပန်းချီကားတစ်ချပ်လို မျက်လုံးနဲ့ ရိုးရိုးရှင်းရှင်း အရသာခံမယ်။ ရိုးရှင်းခြင်းက ဒီလောက် လွယ်ကူပါတယ်။ပစ္စုပန်မှာ ရိုးရိုးရှင်းရှင်းနေထိုင်မယ်။ ရိုးရိုးရှင်းရှင်းနေထိုင်ရင် စိတ်ရှုပ်စရာတွေ တွေးတောဖို့မလိုဘူး။ အတိတ်ကိုလည်း တမ်းတဖို့မလိုဘူး။ အနာဂတ်အတွက်လည်း စိုးရိမ်ပူပန်စရာမလိုဘူး။ ရိုးရှင်းတာကို လက်ကိုင်ထားပြီး ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းနိုင်ပါတယ်။

၅.ခံစားချက်ကို အလဟသမဖြုန်းနဲ့…..

သင့်အကြောင်း လူတွေမဟုတ်မမှန်ပြောလို့ ဒီနေ့ သင်မပျော်ဘူး။ လူတွေနဲ့လည်း သင် ရန်မဖြစ်ချင်လို့ လူတွေနားက သင်ခွာခဲ့တယ်။ ခန္ဓာကိုယ်သာ လူတွေဆီက သင် ခွာခဲ့ပေမယ့် သင့်စိတ်က နာကျင်ခြင်းထဲကနေ မခွာနိုင်ခဲ့လို့ တွေးလေ သင် ဒေါသထွက်လေဖြစ်မယ်။ ဒေါသဖြစ်ပြီဆိုတာနဲ့ တခြားအလုပ်ပေါ်မှာ သင် အာရုံမစိုက်နိုင်တော့ဘူး။စိတ်ပါလက်ပါ သင် အလုပ်မလုပ်နိုင်တော့ဘူး။ စိတ်အနှောင့်အယှက်ဖြစ်ပြီး အရေးပါတဲ့အရာတွေကို သင်လျစ်လျူရှုမိတတ်တယ်။

သင့်စိတ်ကို သူတစ်ပါးရဲ့အမှားတွေနဲ့ လွှမ်းမိုးထားလို့ ဖြစ်တယ်။ခံစားချက်ကို အကျယ်ချဲ့တာဟာ သင်ရဲ့ဖြုန်းတီးမှုဖြစ်တယ်။ အဆိုးဝါးဆုံး ဖြုန်းတီးမှု ဖြစ်တယ်။ ဒေါသထွက်ဖို့ အားစိုက်ရတယ်။ ဒေါသထွက်ရင် ခန္ဓာကိုယ်ကို ထိတယ်၊ ခွန်အားဗလကို ထိတယ်။ ဒါကြောင့် ထက်မြက်တဲ့သင်ဟာ ခံစားချက်ရဲ့ အထိန်းအချုပ်ကို မခံရပါစေနဲ့။ ဒေါသမထွက်ခင် သင့်ကိုယ်သင် “ခံစားချက်ကို အလဟသမဖြုန်းနဲ့” လို့ ညင်ညင်သာသာ သတိပေးပါ။

၆.အချိန်ကောင်းကို ဖမ်းဆုပ်ပါ။

သင်ကြိုက်တဲ့ အင်္ကျီတစ်ထည်ကို ဝယ်ခဲ့ပြီး မဝတ်ရက်ဘဲ ဗီရိုထဲ ဒီအတိုင်း သင်သိမ်းထားတယ် ဆိုပါစို့။ ကာလကြာမှအဲဒီအင်္ကျီကို ဝတ်ဖို့ သင်သတိရချိန် အင်္ကျီဟာခေတ်ကုန်နေပြီဆိုတာကိုသင်သတိထားမိလိမ့်မယ်။
အရသာရှိပြီး လှပတဲ့ ကိတ်မုန့်တစ်တုံးကို ဝယ်ခဲ့ပြီး မစားရက်ဘဲ ရေခဲသေတ္တာထဲ သင် ထည့်ထားမိတယ် ဆိုပါစို့။ကာလကြာမှ ကိတ်မုန့်စားဖို့ သင် သတိရချိန် ကိတ်မုန့်ဟာ ဒိတ်လွန်နေပြီဆိုတာကို သင်သတိထားမိလိမ့်မယ်။

နှစ်သက်ချိန်မှာ မဝတ်လိုက်ရတဲ့ အင်္ကျီ၊ စားချင်တဲ့အချိန်မှာ မစားလိုက်ရတဲ့ ကိတ်မုန့်၊ ဆန္ဒရှိတဲ့အချိန်မှာမလုပ်လိုက်ရတဲ့ အလုပ် … ဒါတွေဟာ ဝမ်းနည်းခြင်းတွေဖြစ်တယ်။ဘဝမှာလည်း ဒိတ်လွန်နေ့စွဲတွေရှိတယ်။ လုပ်ချင်တာကို အချိန်မနှောင်းခင် အရွယ်ကောင်းခင် လုပ်သင့်တယ်။တကယ်လို့ လုပ်ချင်တာကို စိတ်ထဲမှာပဲထားပြီး အကောင်အထည် မဖော်ခဲ့ရင် နောက်ဆံုံးရလဒ်က မဝတ်လိုက်ရတဲ့အင်္ကျီလို၊ မစားလိုက်ရတဲ့ ကိတ်မုန့်လို နောင်တနဲ့ ဝမ်းနည်းခြင်းတွေပဲ ကျန်ခဲ့လိမ့်မယ်။သင့်ကိုယ်သင် အကောင်းဆုံးဖြစ်အောင် လုပ်ပါ။

ဘာပူဆွေး ဝမ်းနည်းစရာမှ ချန်မထားခဲ့ပါနဲ့။

Credit: Sai Sai (Forward Mail)



 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top