iMyanmarHouse.com - Best Property Website for Myanmar
×

တကယ္ပိန္ခ်င္သူမ်ားအတြက္ ေဆး၀ါး အကူ မလိုဘဲ၊ မိမိဖာသာ အစားအေသာက္ျဖင့္ ၀ိတ္ခ်လို ့  ရတဲ့နည္းလမ္း ေကာင္းရိွပါတယ္။

ဒီနည္းက ရက္သတတၱ (၁)ပတ္အတြင္း ကိုယ္ အေလးခ်ိန္ ၆ မွ ၈ ကီလိုထိ က်ေစတဲ့ နည္းလမ္း
ျဖစ္တယ္လို ့ ၂၀၁၃ ခုႏွစ္၊ ေအာက္တိုဘာလ (၄)ရက္ ေန ့စြဲပါ American Health Digest မွာ
ေဖာ္ျပထားခဲ့ပါတယ္။

သို ့ေသာ္ (၇)ရက္တိတိ သူ ့အညႊန္းအတိုင္း လိုက္နာနိုင္မွသာ ကိုယ္အေလးခ်ိန္ သိသိသာသာေလ်ာ့က်ေစ မွာျဖစ္လို ့၊ တကယ္ပိန္ခ်င္ လိုစိတ္ျပင္းျပ သူမ်ား ၾကိဳးစား အားထုတ္္ၾကည့္ေစလိုပါတယ္။

ပထမေန ့
တသက္တာလံုးစားေသာက္လာခဲ့သမွွ် ခႏၵာကိုယ္ထဲမွာ ပုန္းေအာင္းေနတဲ့ အဆိပ္အေတာက္ေတြကို ဖယ္ထုတ္ေပးရမွာျဖစ္လို ့ ပထမေန ့က အေရးၾကီးဆံုးပါဘဲ။ ဒါေၾကာင့္ ေရဓာတ္ပါ၀င္မႈမ်ားတဲ့ သစ္သီး၀လံမ်ားျဖစ္ၾကတဲ့ ဖရဲသီး၊ စေတာ္ဘယ္ရီ၊ သခြား ေမႊး၊ ဂရိတ္ဖရု၊ နာနတ္၊ လိေမၼာ္၊ စပ်စ္သီး၊ သေဘၤာသီး၊ ပန္းသီး၊ တရုပ္ဇီးသီးၾကီး စသည့္ အဆင္ေျပရာ သစ္သီးတို ့ကို ဗိ္ုက္ ဆာတဲ့အခါတိုင္း ထမင္းလြတ္စားေပးရမွာျဖစ္ပါတယ္။ ေသာက္ေရကိုေတာ့ အနည္းဆံုး ဖန္ခြက္ ၆-ခြက္မွ ၈-ခြက္အထိ ေသာက္ ေပးပါ။ (ပထမေန ့မွာ ဌက္ေပ်ာသီး စားခြင့္မရွိပါဘူးရွင္)

ဒုတိယေန ့
ဒီေန ့မွာေတာ့ ပန္းေဂၚဖီစိမ္း(ေခၚ)ဘရိုကိုလီ၊ မုန္လာဥနီ၊ ပဲသီးအမ်ိဳးမ်ိဳး၊ သခြားသီး၊ ေဂၚဖီထုပ္ စတဲ့ ဟင္းသီးဟင္းရြက္ေတြကို အစိမ္းလိုက္(သို ့မဟုတ္)ျပဳတ္၍(သို ့မဟုတ္)အပူေပးကာ ဟင္းခ်ိဳ/ စြပ္ျပဳတ္ျဖစ္ျဖစ္ ႏွစ္သက္သလို စားနိုင္ပါတယ္။ သို ့ေသာ္ ဆီ (လံုး၀) မထဲ့ပါနဲ ့။ ဒုတိယရက္မွာ အာလူးကို ေရွာင္နိုင္ေလေကာင္းေလးပါ။ အကယ္၍ အားလူးစားခ်င္ စိတ္ရွိပါက ျပဳတ္၍ နံက္ စာအျဖစ္သာစားပါ။ (ပထမေန ့အတိုင္း ေရေသာက္ဖို ့မေမ့ပါနဲ ့)

တတိယေန ့
ဒီေန ့အတြက္ သစ္သီး၀လံ နဲ ့ဟင္းသီးဟင္းရြက္ေတြကို တလွည့္စီစားလို ့ရပါျပီ။ ဒါေပမယ့္ အာလူးေတာ့ မစားပါနဲ ့ဦး။ နံက္စာ ကို သစ္သီး၀လံစားပါ။ ေန ့လည္စာကို ဟင္းသီးဟင္းရြက္စားပါ။  ညေနပိုင္း အဆာေျပ သစ္သီးထပ္စားျပီးေနာက္၊ ညစာကိုေတာ့ ဟင္းသီးဟင္းရြက္ေတြေရာ သစ္သီး၀လံမ်ားပါ ၂-မ်ိဳးေရာစားနိုင္ပါတယ္။ (ပထမေန ့အတိုင္း ေရေသာက္ဖို ့မေမ့ပါနဲ ့)

စတုတၳေန ့
ဒီေန ့ကေတာ့ ေပ်ာ္စရာေန ့ေလးပါဘဲ။ တေန ့တာလံုးအတြက္ ဌက္ေပ်ာဌက္ေပ်ာသီး ၈-လံုးအထိ စားလို ့ရျပီး၊ ႏြားနို ့၃-ခြက္ အထိ ေသာက္ခြင့္ရွိပါတယ္။ နံက္စာ၊ ေန ့လည္စာနဲ ့ ညစာေတြကို ဌက္ေပ်ာသီး ၂-လံုးနဲ ့၊ ႏြားနို ့ ၁-ခြက္ စီေသာက္ေပးပါ။ ညေနစာကိုေတာ့ အဆာေျပ ဌက္ေပ်ာ္သီး ၂လံုးေလာက္ စားေပးနိုင္ပါတယ္။ (ပထမေန ့အတိုင္း ေရေသာက္ဖို ့မေမ့ပါနဲ ့)

ပဥၥမေန ့
ဒီေန ့မွာေတာ့ ခရမ္းခ်ဥ္သီးမွည့္(အလံုးၾကီးၾကီး) ၁၀-လံုးနဲ ့ ထမင္း ပန္းကန္လံုးေသး ၁-ခြက္ စားလို ့ ရပါတယ္။ ထမင္း ပန္းကန္ လံုးေသး ၁-ခြက္ကို ေန ့လည္စာအျဖစ္ စားျပီး၊ နံက္/ေန ့လည္/ ညစာေတြ အတြက္ ခရမ္းခ်ဥ္သီး ၁၀-လံုးကို အဆင္ေျပသလို စား နိုင္ပါတယ္။ ပဥၥမေန ့က ေရတုိးေသာက္ေပး ရမယ့္ ေန ့ျဖစ္လို ့ ယခင္ေသာက္ေရ ဖန္ခြက္ ၈-ခြက္မွ ယခု ၁၂-ခြက္အထိ ေသာက္ ေပးရပါမယ္။

ဆဌမေန ့ဒီေန ့မွာလည္း ေန ့လည္စာကို ထမင္းပန္းကန္လံုးေသး ၁-ခြက္ စားလို ့ရပါတယ္။ သို ့ေသာ္ သစ္သီး ၀လံတို ့စားခြင့္မရွိပါဘူး။  ဒုတိယေန ့ကအတိုင္း ဟင္းသီးဟင္းရြက္ေတြကိုေတာ့ အလံုအေလာက္ စားေပးနိုင္ပါတယ္။ (ပဥၥမေန ့ပမာဏအတိုင္း ေရမ်ားမ်ား တိုးေသာက္ဖို ့မေမ့ပါနဲ ့)

သတၱမေန ့
အားတင္းထားေနာ္ ေနာက္ေန ့ကစလို ့ကိုယ္ၾကိဳက္တာ အစားစံု စားလို ့ရျပီေလ) ေပ်ာ္စရာေန ့ၾကီးပါ။ ဒီေန ့မွာေတာ့ ထမင္း ပန္းကန္လံုးေသး ၁-ခြက္စာ အျပင္၊ ဟင္းသီးဟင္းရြက္ေတြနဲ ့ သစ္သီး၀လံေတြပါ စားခြင့္ရွိပါတယ္။ မွန္ၾကည့္လိုက္ပါဦး သင့္ မ်က္ႏွာအသားအေရပိုေကာင္းလာျပီး ယခင္ကထက္ ပိုမို ၀င္းပေနတာကိုေတြ ့ရပါလိမ့္မယ္။ ကိုယ္အေလးခ်ိန္ ခ်ိန္ၾကည့္တဲ့အခါ မွာလည္း အနည္းဆံုး ၆-ကီလိုေလာက္ က်သြားတာမို ့ ဒါဟာ သင့္ရဲ ့ မဆုတ္မနစ္ ဇြဲရွိရွိျဖင့္ ၾကိဳးစားအားထုတ္မႈ ရလာဘ္ေတြ ျဖစ္ပါတယ္။


Credit:က်န္းမာေရးႏွင့္ အလွအပဂ်ာနယ္

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တကယ်ပိန်ချင်သူများအတွက် ဆေးဝါး အကူ မလိုဘဲ၊ မိမိဖာသာ အစားအသောက်ဖြင့် ဝိတ်ချလို့  ရတဲ့နည်းလမ်း ကောင်းရှိပါတယ်။

ဒီနည်းက ရက်သတတ္တ (၁)ပတ်အတွင်း ကိုယ် အလေးချိန် ၆ မှ ၈ ကီလိုထိ ကျစေတဲ့ နည်းလမ်း
ဖြစ်တယ်လို့ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၄)ရက် နေ့စွဲပါ American Health Digest မှာ
ဖော်ပြထားခဲ့ပါတယ်။

သို့သော် (၇)ရက်တိတိ သူ့အညွှန်းအတိုင်း လိုက်နာနိုင်မှသာ ကိုယ်အလေးချိန် သိသိသာသာလျော့ကျစေ မှာဖြစ်လို့၊ တကယ်ပိန်ချင် လိုစိတ်ပြင်းပြ သူများ ကြိုးစား အားထုတ်ကြည့်စေလိုပါတယ်။

ပထမနေ့
တသက်တာလုံးစားသောက်လာခဲ့သမှျှ ခန္ဒာကိုယ်ထဲမှာ ပုန်းအောင်းနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ထုတ်ပေးရမှာဖြစ်လို့ ပထမနေ့က အရေးကြီးဆုံးပါဘဲ။ ဒါကြောင့် ရေဓာတ်ပါဝင်မှုများတဲ့ သစ်သီးဝလံများဖြစ်ကြတဲ့ ဖရဲသီး၊ စတော်ဘယ်ရီ၊ သခွား မွှေး၊ ဂရိတ်ဖရု၊ နာနတ်၊ လိမ္မော်၊ စပျစ်သီး၊ သင်္ဘောသီး၊ ပန်းသီး၊ တရုပ်ဇီးသီးကြီး စသည့် အဆင်ပြေရာ သစ်သီးတို့ကို ဗိုက် ဆာတဲ့အခါတိုင်း ထမင်းလွတ်စားပေးရမှာဖြစ်ပါတယ်။ သောက်ရေကိုတော့ အနည်းဆုံး ဖန်ခွက် ၆-ခွက်မှ ၈-ခွက်အထိ သောက် ပေးပါ။ (ပထမနေ့မှာ ဌက်ပျောသီး စားခွင့်မရှိပါဘူးရှင်)

ဒုတိယနေ့
ဒီနေ့မှာတော့ ပန်းဂေါ်ဖီစိမ်း(ခေါ်)ဘရိုကိုလီ၊ မုန်လာဥနီ၊ ပဲသီးအမျိုးမျိုး၊ သခွားသီး၊ ဂေါ်ဖီထုပ် စတဲ့ ဟင်းသီးဟင်းရွက်တွေကို အစိမ်းလိုက်(သို့မဟုတ်)ပြုတ်၍(သို့မဟုတ်)အပူပေးကာ ဟင်းချို/ စွပ်ပြုတ်ဖြစ်ဖြစ် နှစ်သက်သလို စားနိုင်ပါတယ်။ သို့သော် ဆီ (လုံးဝ) မထဲ့ပါနဲ့။ ဒုတိယရက်မှာ အာလူးကို ရှောင်နိုင်လေကောင်းလေးပါ။ အကယ်၍ အားလူးစားချင် စိတ်ရှိပါက ပြုတ်၍ နံက် စာအဖြစ်သာစားပါ။ (ပထမနေ့အတိုင်း ရေသောက်ဖို့မမေ့ပါနဲ့)

တတိယနေ့
ဒီနေ့အတွက် သစ်သီးဝလံ နဲ့ဟင်းသီးဟင်းရွက်တွေကို တလှည့်စီစားလို့ရပါပြီ။ ဒါပေမယ့် အာလူးတော့ မစားပါနဲ့ဦး။ နံက်စာ ကို သစ်သီးဝလံစားပါ။ နေ့လည်စာကို ဟင်းသီးဟင်းရွက်စားပါ။  ညနေပိုင်း အဆာပြေ သစ်သီးထပ်စားပြီးနောက်၊ ညစာကိုတော့ ဟင်းသီးဟင်းရွက်တွေရော သစ်သီးဝလံများပါ ၂-မျိုးရောစားနိုင်ပါတယ်။ (ပထမနေ့အတိုင်း ရေသောက်ဖို့မမေ့ပါနဲ့)

စတုတ္ထနေ့
ဒီနေ့ကတော့ ပျော်စရာနေ့လေးပါဘဲ။ တနေ့တာလုံးအတွက် ဌက်ပျောဌက်ပျောသီး ၈-လုံးအထိ စားလို့ရပြီး၊ နွားနို့၃-ခွက် အထိ သောက်ခွင့်ရှိပါတယ်။ နံက်စာ၊ နေ့လည်စာနဲ့ ညစာတွေကို ဌက်ပျောသီး ၂-လုံးနဲ့၊ နွားနို့ ၁-ခွက် စီသောက်ပေးပါ။ ညနေစာကိုတော့ အဆာပြေ ဌက်ပျော်သီး ၂လုံးလောက် စားပေးနိုင်ပါတယ်။ (ပထမနေ့အတိုင်း ရေသောက်ဖို့မမေ့ပါနဲ့)

ပဉ္စမနေ့
ဒီနေ့မှာတော့ ခရမ်းချဉ်သီးမှည့်(အလုံးကြီးကြီး) ၁၀-လုံးနဲ့ ထမင်း ပန်းကန်လုံးသေး ၁-ခွက် စားလို့ ရပါတယ်။ ထမင်း ပန်းကန် လုံးသေး ၁-ခွက်ကို နေ့လည်စာအဖြစ် စားပြီး၊ နံက်/နေ့လည်/ ညစာတွေ အတွက် ခရမ်းချဉ်သီး ၁၀-လုံးကို အဆင်ပြေသလို စား နိုင်ပါတယ်။ ပဉ္စမနေ့က ရေတိုးသောက်ပေး ရမယ့် နေ့ဖြစ်လို့ ယခင်သောက်ရေ ဖန်ခွက် ၈-ခွက်မှ ယခု ၁၂-ခွက်အထိ သောက် ပေးရပါမယ်။

ဆဌမနေ့ဒီနေ့မှာလည်း နေ့လည်စာကို ထမင်းပန်းကန်လုံးသေး ၁-ခွက် စားလို့ရပါတယ်။ သို့သော် သစ်သီး ဝလံတို့စားခွင့်မရှိပါဘူး။  ဒုတိယနေ့ကအတိုင်း ဟင်းသီးဟင်းရွက်တွေကိုတော့ အလုံအလောက် စားပေးနိုင်ပါတယ်။ (ပဉ္စမနေ့ပမာဏအတိုင်း ရေများများ တိုးသောက်ဖို့မမေ့ပါနဲ့)

သတ္တမနေ့
အားတင်းထားနော် နောက်နေ့ကစလို့ကိုယ်ကြိုက်တာ အစားစုံ စားလို့ရပြီလေ) ပျော်စရာနေ့ကြီးပါ။ ဒီနေ့မှာတော့ ထမင်း ပန်းကန်လုံးသေး ၁-ခွက်စာ အပြင်၊ ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေပါ စားခွင့်ရှိပါတယ်။ မှန်ကြည့်လိုက်ပါဦး သင့် မျက်နှာအသားအရေပိုကောင်းလာပြီး ယခင်ကထက် ပိုမို ဝင်းပနေတာကိုတွေ့ရပါလိမ့်မယ်။ ကိုယ်အလေးချိန် ချိန်ကြည့်တဲ့အခါ မှာလည်း အနည်းဆုံး ၆-ကီလိုလောက် ကျသွားတာမို့ ဒါဟာ သင့်ရဲ့ မဆုတ်မနစ် ဇွဲရှိရှိဖြင့် ကြိုးစားအားထုတ်မှု ရလာဘ်တွေ ဖြစ်ပါတယ်။


Credit:ကျန်းမာရေးနှင့် အလှအပဂျာနယ်


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top