iMyanmarHouse.com - Best Property Website for Myanmar
×

ေန႔စဥ္ စားေသာက္ေနက် အစားအေသာက္ထဲမွာ အစိမ္းေရာင္ ဟင္းသီးဟင္းရြက္ေတြကို ထည့္စားတာကက်န္းမာေရးကိုေကာင္းမြန္ေစရံုသာမကက်န္းမာေရးျပႆနာအမ်ားစုျဖစ္နိုင္ေျခကိုလည္း ေလွ်ာ့ခ်နိုင္ပါ တယ္။ ဒါေၾကာင့္ဟင္းသီးဟင္းရြက္ေတြကိုဝယ္ယူျပီး အိမ္မွာသိမ္းဆည္းထားဖို႔ လိုပါတယ္။ အဲဒီလိုသိမ္းထား တဲ့အခါ ဘယ္လိုသိမ္းထားရမယ္ဆိုတာ မသိတာေၾကာင့္ ဟင္းသီးဟင္းရြက္ေတြရဲ့ လတ္ဆတ္မႈနဲ႔ အနံ႔အရ သာဟာ ပ်က္ျပယ္သြားျပီး ပုပ္သိုးသြားတာမ်ဳိးေတာင္ ျဖစ္တတ္ပါတယ္။ ဒီလိုမျဖစ္ေစဖို႔ ဟင္းသီးဟင္းရြက္ေတြကို ဝယ္ယူျပီးတဲ့အခါ ဘယ္လို သိမ္းဆည္းထားသင့္တယ္ဆိုတာ အၾကံျပဳလိုပါတယ္။


(၁) ဟင္းသီးဟင္းရြက္ေတြကို ဝယ္ျပီးခ်က္ခ်င္း မသံုးဘူးဆိုရင္ အမ်ားၾကီး မဝယ္ထားသင့္ပါဘူး။ ဝယ္ထား
ျပီးျပီဆိုရင္လည္း အာဟာရဓာတ္ေတြ မပ်က္ျပယ္ဘဲလတ္ဆတ္ေနေအာင္သိမ္းထားရမယ့္နည္းကို မစဥ္း စားခင္ ေနာက္ရက္ေတြအထိ အထားခံေလာက္သလားဆိုတာသင့္လက္ေခ်ာင္းေတြနဲ႔ စမ္းသပ္ကာ ထိေတြ႔
ၾကည့္သင့္ပါတယ္။

(၂) ဟင္းသီးဟင္းရြက္အမ်ဳိးအမည္အလိုက္ ထားသိုရတဲ့ ပံုစံလည္း ကြာျခားမႈရိွသြားပါတယ္။ တခ်ဳိ႕ ဟင္း သီးဟင္းရြက္ေတြက ေရခဲေသတၲာထဲ သိမ္းထားသင့္ေပမယ့္ တခ်ဳိ႕အမ်ဳိးအစားေတြကိုေတာ့သိမ္းမထား သင့္ပါဘူး။

(၃) မုန္လာဥျဖဴ၊ ရြက္စားမုန္လာဥတို႔လိုအျမစ္ပါတဲ့ ဟင္းသီးဟင္းရြက္ေတြကိုသိမ္းမယ္ဆိုရင္ အရြက္ေတြ ကို ဖယ္ျပီးသိမ္းရပါမယ္။ အရြက္ေတြကို ပလတ္စတစ္အိတ္ထဲထည့္ျပီး သိမ္းထားမွ အရြက္က အစိုဓာတ္ အေငြ႔မျပန္မွာပါ။

(၄) မိႈေတြကို သိမ္းမယ္ဆိုရင္ ပလတ္စတစ္အိတ္ထဲ ထည့္သိမ္းမယ့္အစား စကၠဴအိတ္ထဲထည္သိမ္းပါ။ မႈိ
ေတြေလမလႈံေနေစဖို႔ စကၠဴအိတ္ကို အနည္းငယ္ဟထားရပါမယ္။ မိႈဟာ တျခားဟင္းသီး ဟင္းရြက္ေတြဆီ က အနံ႔အသက္ကို စုပ္ယူနိုင္တာေၾကာင့္ အနံ႔ျပင္းတဲ့ ဟင္းသီးဟင္းရြက္ေတြနဲ႔ ခဲြထားရပါမယ္။ မိႈေတြကို မသိမ္းခင္ လီွးျဖတ္တာ၊ ေဆးေၾကာတာမ်ဳိး မလုပ္ရပါဘူး။ ခ်က္ခါနီးအခ်ိန္က်မွသာ မိႈေတြကိုေဆးေၾကာ လီွးျဖတ္သင့္ပါတယ္။

(၅) အာလူး၊ ခ်င္း(ဂ်င္း)၊ ၾကက္သြန္ျဖဴနဲ႔ ၾကက္သြန္နီတို႔လို ဟင္းသီးဟင္းရြက္ေတြကို ေရခဲေသတၲာထဲ မသိမ္းထားသင့္ပါဘူး။ ေျခာက္ေသြ့၊ ေအးျမျပီး ေမွာင္တဲ့ေနရာမွာ သိမ္းထားသင့္ပါတယ္။ ေနေရာင္ျခည္
ေၾကာင့္ ဟင္းသီးဟင္းရြက္ေတြကိုေစာေစာ ပုပ္သိုးလြယ္ေစနိုင္လို႔ပါ။


(၆) လတ္ဆတ္တဲ့ ဟင္းသီးဟင္းရြက္ေတြနဲ႔အတူ ပုပ္သိုးေနတဲ့ ဟင္းသီးဟင္းရြက္ေတြကို ေရာမသိမ္းပါနဲ႔။ ပုပ္သိုးေနတဲ့ ဟင္းသီးဟင္းရြက္ေတြကေန ထြက္လာတဲ့ အီသိုင္လင္းဓာတ္ေငြ႔နဲ႔ ဖန္းဂပ္စ္မိႈေတြေၾကာင့္ တျခားဟင္းသီးဟင္းရြက္ေတြကို ထိခိုက္ပ်က္စီးေစနိုင္ပါတယ္။ ဟင္းသီးဟင္းရြက္ေတြကို ေရခဲေသတၲာထဲ
မသိမ္းခင္ႏြမ္းေနတဲ့၊ ပုပ္သိုးေနတဲ့ဟင္းသီးဟင္းရြက္ေတြကို လႊင့္ပစ္လိုက္ပါ။

(၇) ေရခဲေသတၲာထဲမသိမ္းခ်င္ရင္ ဟင္းသီးဟင္းရြက္အမ်ားစုကို စိုစြတ္တဲ့ပတ္ဝန္းက်င္မွာ သိမ္းထားဖို႔ လို အပ္ပါတယ္။ ဒါေၾကာင့္ ဟင္းသီးဟင္းရြက္ေတြကို ပလတ္စတစ္အိတ္ထဲ သိမ္းထားျပီး အစိုဓာတ္ကို ထိန္း နိုင္ေအာင္နဲ႔ ၾကာၾကာလတ္ဆတ္ေနေအာင္ သိမ္းသင့္ပါတယ္။

(၈) ဟင္းသီးဟင္းရြက္ေတြကို ေရခဲေသတၲာထဲ မသိမ္းခင္ မေဆးပါနဲ႔။ ဟင္းသီးဟင္းရြက္မွာပါတဲ့ အစိုဓာတ္ ဟာဟင္းသီးဟင္းရြက္ေတြကို ျမန္ျမန္ ပ်က္စီးလြယ္ေစပါတယ္။ ဒါေၾကာင့္ ဟင္းသီးဟင္းရြက္ေတြကို အသံုး မျပဳခင္ ေဆးေၾကာတာမ်ဳိး မလုပ္သင့္ပါဘူး။

Credit:ဇြန္
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

နေ့စဉ် စားသောက်နေကျ အစားအသောက်ထဲမှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို ထည့်စားတာကကျန်းမာရေးကိုကောင်းမွန်စေရုံသာမကကျန်းမာရေးပြဿနာအများစုဖြစ်နိုင်ခြေကိုလည်း လျှော့ချနိုင်ပါ တယ်။ ဒါကြောင့်ဟင်းသီးဟင်းရွက်တွေကိုဝယ်ယူပြီး အိမ်မှာသိမ်းဆည်းထားဖို့ လိုပါတယ်။ အဲဒီလိုသိမ်းထား တဲ့အခါ ဘယ်လိုသိမ်းထားရမယ်ဆိုတာ မသိတာကြောင့် ဟင်းသီးဟင်းရွက်တွေရဲ့ လတ်ဆတ်မှုနဲ့ အနံ့အရ သာဟာ ပျက်ပြယ်သွားပြီး ပုပ်သိုးသွားတာမျိုးတောင် ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ ဟင်းသီးဟင်းရွက်တွေကို ဝယ်ယူပြီးတဲ့အခါ ဘယ်လို သိမ်းဆည်းထားသင့်တယ်ဆိုတာ အကြံပြုလိုပါတယ်။


(၁) ဟင်းသီးဟင်းရွက်တွေကို ဝယ်ပြီးချက်ချင်း မသုံးဘူးဆိုရင် အများကြီး မဝယ်ထားသင့်ပါဘူး။ ဝယ်ထား
ပြီးပြီဆိုရင်လည်း အာဟာရဓာတ်တွေ မပျက်ပြယ်ဘဲလတ်ဆတ်နေအောင်သိမ်းထားရမယ့်နည်းကို မစဉ်း စားခင် နောက်ရက်တွေအထိ အထားခံလောက်သလားဆိုတာသင့်လက်ချောင်းတွေနဲ့ စမ်းသပ်ကာ ထိတွေ့
ကြည့်သင့်ပါတယ်။

(၂) ဟင်းသီးဟင်းရွက်အမျိုးအမည်အလိုက် ထားသိုရတဲ့ ပုံစံလည်း ကွာခြားမှုရှိသွားပါတယ်။ တချို့ ဟင်း သီးဟင်းရွက်တွေက ရေခဲသေတ္တာထဲ သိမ်းထားသင့်ပေမယ့် တချို့အမျိုးအစားတွေကိုတော့သိမ်းမထား သင့်ပါဘူး။

(၃) မုန်လာဥဖြူ၊ ရွက်စားမုန်လာဥတို့လိုအမြစ်ပါတဲ့ ဟင်းသီးဟင်းရွက်တွေကိုသိမ်းမယ်ဆိုရင် အရွက်တွေ ကို ဖယ်ပြီးသိမ်းရပါမယ်။ အရွက်တွေကို ပလတ်စတစ်အိတ်ထဲထည့်ပြီး သိမ်းထားမှ အရွက်က အစိုဓာတ် အငွေ့မပြန်မှာပါ။

(၄) မှိုတွေကို သိမ်းမယ်ဆိုရင် ပလတ်စတစ်အိတ်ထဲ ထည့်သိမ်းမယ့်အစား စက္ကူအိတ်ထဲထည်သိမ်းပါ။ မှို
တွေလေမလှုံနေစေဖို့ စက္ကူအိတ်ကို အနည်းငယ်ဟထားရပါမယ်။ မှိုဟာ တခြားဟင်းသီး ဟင်းရွက်တွေဆီ က အနံ့အသက်ကို စုပ်ယူနိုင်တာကြောင့် အနံ့ပြင်းတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ခွဲထားရပါမယ်။ မှိုတွေကို မသိမ်းခင် လှီးဖြတ်တာ၊ ဆေးကြောတာမျိုး မလုပ်ရပါဘူး။ ချက်ခါနီးအချိန်ကျမှသာ မှိုတွေကိုဆေးကြော လှီးဖြတ်သင့်ပါတယ်။

(၅) အာလူး၊ ချင်း(ဂျင်း)၊ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့လို ဟင်းသီးဟင်းရွက်တွေကို ရေခဲသေတ္တာထဲ မသိမ်းထားသင့်ပါဘူး။ ခြောက်သွေ့၊ အေးမြပြီး မှောင်တဲ့နေရာမှာ သိမ်းထားသင့်ပါတယ်။ နေရောင်ခြည်
ကြောင့် ဟင်းသီးဟင်းရွက်တွေကိုစောစော ပုပ်သိုးလွယ်စေနိုင်လို့ပါ။


(၆) လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေနဲ့အတူ ပုပ်သိုးနေတဲ့ ဟင်းသီးဟင်းရွက်တွေကို ရောမသိမ်းပါနဲ့။ ပုပ်သိုးနေတဲ့ ဟင်းသီးဟင်းရွက်တွေကနေ ထွက်လာတဲ့ အီသိုင်လင်းဓာတ်ငွေ့နဲ့ ဖန်းဂပ်စ်မှိုတွေကြောင့် တခြားဟင်းသီးဟင်းရွက်တွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကို ရေခဲသေတ္တာထဲ
မသိမ်းခင်နွမ်းနေတဲ့၊ ပုပ်သိုးနေတဲ့ဟင်းသီးဟင်းရွက်တွေကို လွှင့်ပစ်လိုက်ပါ။

(၇) ရေခဲသေတ္တာထဲမသိမ်းချင်ရင် ဟင်းသီးဟင်းရွက်အများစုကို စိုစွတ်တဲ့ပတ်ဝန်းကျင်မှာ သိမ်းထားဖို့ လို အပ်ပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်တွေကို ပလတ်စတစ်အိတ်ထဲ သိမ်းထားပြီး အစိုဓာတ်ကို ထိန်း နိုင်အောင်နဲ့ ကြာကြာလတ်ဆတ်နေအောင် သိမ်းသင့်ပါတယ်။

(၈) ဟင်းသီးဟင်းရွက်တွေကို ရေခဲသေတ္တာထဲ မသိမ်းခင် မဆေးပါနဲ့။ ဟင်းသီးဟင်းရွက်မှာပါတဲ့ အစိုဓာတ် ဟာဟင်းသီးဟင်းရွက်တွေကို မြန်မြန် ပျက်စီးလွယ်စေပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်တွေကို အသုံး မပြုခင် ဆေးကြောတာမျိုး မလုပ်သင့်ပါဘူး။

Credit:ဇွန်

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top