iMyanmarHouse.com - Best Property Website for Myanmar
×
Credit:မိုမိုလေး
#Uncode Version
ခြေထောက်အသားအရေ ဖြူဖြူလေး မဖြစ်လို့ စိတ်ညစ်နေပြီး ဖိနပ်ပေါက်တာကြောင့် အမာရွတ်အမည်းတွေ ပျောက်ကင်းချင်တယ်ဆိုရင် ဒါလေးလုပ်ကြည့်ပါ။
ပထမဆုံးခြေထောက်ကို ရေစင်အောင် ဆေးကြောလိုက်ပါ။ သံပရာသီးကို အလယ်ကနေ ထက်ခြမ်းခြမ်းပြီး အရည်ရွှမ်းရွှမ်းလေး ခြေထောက်တစ်ပြင်လုံး လိမ်းပေးပါ။ ကြာနိုင်သမျှကြာကြာလေး ထားပါ။အမာရွတ်ရှိတဲ့နေရာလေးကို ဖိပွတ်ပေးပါ။ ပြီးရင် ခြေထောက်ကို ရေအေးအေးလေးနဲ့ ဆေးကြောပေးပါ။ ဆေးကြောတဲ့အခါမှာ ဘရက်ရှ်နဲ့ မည်းတဲ့နေရာတွေကို တိုက်ပေးဖို့ မမေ့ပါနဲ့။ ကြာကြာနာနာလေးသံပရာသီးက စုပ်ယူပေးထားတဲ့ ဆဲလ်သေတွေ ရေဆေးတဲ့အခါ ပါသွားအောင် ဘရက်ရှ်နဲ့ ပွတ်တိုက်ပေးသင့်ပါတယ်။ ပြီးမှ ရေဆေးကြောပါ။ ခြေထောက်လေး စိုစွတ်မှုတွေ ရရှိစေဖို့အတွက် lotion လေး လိမ်းပေးပြီး ညအိပ်ရာ ဝင်လိုက်ပါ။ (၃) ကြိမ်လောက် ပြုလုပ်ပြီးတဲ့အခါ ခြေထောက်အသားအရေ သိသိသာသာ ဖြူဖွေးလာပါလိမ့်မယ်။
Credit:မိုမိုလေး
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top