iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ေထာင္ရွင္ အမ်ိဳးသမီးမ်ားအေနနဲ႕ အၿမဲတမ္း အပ်ိဳစင္ေလးလိုျဖစ္ေနခ်င္တာ သဘာဝပါ။ ထို႔ေၾကာင့္ အခ်င္းခ်င္း လက္တို႔ျပီး ေဆးျမီးတိုေတြသံုး ၊အင္တာနက္မွာ ေၾကာ္ျငာသမွ်ေဆးေတြ အသံုးျပဳေလ့ရွိၾကပါတယ္ ။ ေဆးေတြသံုးတာ ေဘးထြက္ဆိုးက်ိဳးမရွိနိုင္ဘူးလို႔ ေျပာလို႔မရပါဘူး ။

အမ်ိဳးသမီးေတြသည္ လိင္ဆက္ဆံမႈမ်ားလာေသာအခါ သူတို႔ရဲ႕ မိန္းမကိုယ္ဟာ က်ယ္လာတတ္ပါတယ္ ။ အိမ္ေထာင္ရွင္ အမ်ိဳးသမီး အမ်ားစုဟာ ဒီအရာကို စိုးရိမ္ေလ့ရွိၾကပါတယ္ ။ ပြင့္ပြင့္လင္းလင္းေျပာရရင္ ဒါက သိ္ပ္ေတာ့လည္း မေသခ်ာပါဘူး ။ အမ်ိဳးသမီးအဂၤါဟာ သဘာဝအတုိင္း က်ံဳနိုင္ဆန္႔နိုင္တဲ့အစြမ္း ရွိတာေၾကာင့္ လိင္ဆက္ဆံမႈ အၾကိမ္ေရမ်ားတိုင္း အၿမဲတမ္း က်ယ္ေနမယ္လို႔ မဆိုလိုပါဘူး။

ပံုမွန္အားျဖင့္ အနည္းဆံုး ၂နွစ္ခန္႔ လိင္ဆက္ဆံလွ်င္ မိန္းမကိုယ္အဂၤါ က်ဥ္းေျမာင္းမႈ ေလ်ာ့လာနိုင္ေသာ္လည္း စိုးရိမ္စရာေကာင္းတဲ့ အေျခအေနေတာ့ မဟုတ္ပါဘူး။ ကိုယ့္ရဲ႕ အမ်ိဳးသမီးအဂၤါကို ထိန္းသိမ္းခ်င္သူ ၊က်ဥ္းေျမာင္းခ်င္သူ ၊  မိမိ အမ်ိဳးသားနွင့္ အိမ္ေထာင္မႈသုခကို အျပည့္အဝ ရလိုသူမ်ားအတြက္ အေကာင္းဆံုးနည္းလမ္းကေတာ့ Kegel Exercise ကုိ ပံုမွန္ လုပ္ေဆာင္ဖို႔ပါပဲ ။

Kegel ေလ့က်င့္ခန္းကို ပံုမွန္လုပ္ေဆာင္ျခင္းျဖင့္ အမ်ိဳးသမီးအဂၤါကို က်ဥ္းေျမာင္းေကာင္းမြန္ေစကာ အိမ္ေထာင္မႈသုခအတြက္ မ်ားစြာ အေထာက္အကူ ျဖစ္ေစမွာပါ။လွဲျပီးျပဳလုပ္တဲ့ ေလ့က်င့္ခန္းနဲ႕ မတ္တပ္ရပ္ ျပဳလုပ္တဲ့ ေလ့က်င္ခန္း စုစုေပါင္း ၄ မ်ိဳးကို ေဖာ္ျပေပးသြားမွာပါ ။ သတိျပဳ မွတ္ထားရမွာက Kegel ေလ့က်င့္ခန္း ျပဳလုပ္တဲ့အခါ အသက္ကိုမေအာင့္ထားဘဲ ပံုမွန္ရွဴေနဖို႔ပါ ။ အျပင္းအထန္ ေလ့က်င့္ခန္းမ်ိဳး မဟုတ္ေသာ္ေၾကာင့္ ေျဖးေျဖး ညွင္ညွင္သာသာ အသက္ပံုမွန္ရွူျပီး ျပဳလုပ္ေနဖို႕သာ လိုပါတယ္ ။ ေအာက္ပါ ကားခ်ပ္မ်ားကို ၾကည့္ျပီး ျပဳလုပ္နို္င္ပါတယ္ေနာ္ ။



ဒီေလ့က်င့္ခန္းေလးကေတာ့ လြယ္လို႔ အထူးတလည္ မရွင္းျပေတာ့ပါဘူး ။ ပံုပါအတိုင္း ၁၀ ၾကိမ္ခန္႕ ျပဳလုပ္ေပးရံုပါပဲ ။ အသက္ကို ပံုမွန္ရွဴေနဖို႔ေတာ့ မေမ့နဲ႕ေနာ္..

ေျခေထာက္ကို အေပၚသို႔ ၉၀ ဒီဂရီေထာင္ျပီး ေျဖးေျဖးခ်င္း ျပန္ခ်ေပးပါ။ ထိုအတိုင္း ဘယ္နဲ႕ညာ ၁၀ ၾကိမ္စီ ျပဳလုပ္ေပးပါ။လွဲျပီး ျပဳလုပ္တဲ့ ေလ့က်င့္ခန္းကို ျပဳလုပ္တဲ့အခါ ေက်ာနဲ႕တင္ တသားတည္းက်ေအာင္ တည့္တည့္မတ္မတ္ လွဲပါ။ လက္ကို ၾကမ္းျပင္ေပၚ ဆန္႔တန္းထားပါ။



မတ္တပ္ရပ္တဲ့အခါ ကိုင္းညြတ္မႈမရွိေအာင္ တည့္တည့္မတ္မတ္ရပ္ပါ ။ ထို႔ေနာက္ လက္နွစ္ဖက္ကို နားရြက္ေနာက္ထားျပီး ေျခဖ်ားကို ေျဖးေျဖးခ်င္း ေျမွာက္ျပီး ေျဖးေျဖးခ်င္း ျပန္ခ်ပါ။ ၁၀ ၾကိမ္ျပဳလုပ္ပါ။

ပံုပါအတိုင္း မတ္တပ္ရပ္၍ ဒူးကို ၄၅ ဒီဂရီခန္႔ ေ၇ွ႕ကို ေကြးကာ စကၠန္႔အနည္းငယ္ၾကာ ထိုင္ပါ ။ ထိုင္တဲ့အခါ တင္ပါးကိုအားျပဳထိုင္ပါ။ ၁၀ ၾကိမ္ျပဳလုပ္ေပးပါ။

Credit:(ေရႊအင္းေလး)


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version


အိမ်ထောင်ရှင် အမျိုးသမီးများအနေနဲ့ အမြဲတမ်း အပျိုစင်လေးလိုဖြစ်နေချင်တာ သဘာဝပါ။ ထို့ကြောင့် အချင်းချင်း လက်တို့ပြီး ဆေးမြီးတိုတွေသုံး ၊အင်တာနက်မှာ ကြော်ငြာသမျှဆေးတွေ အသုံးပြုလေ့ရှိကြပါတယ် ။ ဆေးတွေသုံးတာ ဘေးထွက်ဆိုးကျိုးမရှိနိုင်ဘူးလို့ ပြောလို့မရပါဘူး ။

အမျိုးသမီးတွေသည် လိင်ဆက်ဆံမှုများလာသောအခါ သူတို့ရဲ့ မိန်းမကိုယ်ဟာ ကျယ်လာတတ်ပါတယ် ။ အိမ်ထောင်ရှင် အမျိုးသမီး အများစုဟာ ဒီအရာကို စိုးရိမ်လေ့ရှိကြပါတယ် ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒါက သိပ်တော့လည်း မသေချာပါဘူး ။ အမျိုးသမီးအင်္ဂါဟာ သဘာဝအတိုင်း ကျုံနိုင်ဆန့်နိုင်တဲ့အစွမ်း ရှိတာကြောင့် လိင်ဆက်ဆံမှု အကြိမ်ရေများတိုင်း အမြဲတမ်း ကျယ်နေမယ်လို့ မဆိုလိုပါဘူး။

ပုံမှန်အားဖြင့် အနည်းဆုံး ၂နှစ်ခန့် လိင်ဆက်ဆံလျှင် မိန်းမကိုယ်အင်္ဂါ ကျဉ်းမြောင်းမှု လျော့လာနိုင်သော်လည်း စိုးရိမ်စရာကောင်းတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အမျိုးသမီးအင်္ဂါကို ထိန်းသိမ်းချင်သူ ၊ကျဉ်းမြောင်းချင်သူ ၊  မိမိ အမျိုးသားနှင့် အိမ်ထောင်မှုသုခကို အပြည့်အဝ ရလိုသူများအတွက် အကောင်းဆုံးနည်းလမ်းကတော့ Kegel Exercise ကို ပုံမှန် လုပ်ဆောင်ဖို့ပါပဲ ။

Kegel လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ခြင်းဖြင့် အမျိုးသမီးအင်္ဂါကို ကျဉ်းမြောင်းကောင်းမွန်စေကာ အိမ်ထောင်မှုသုခအတွက် များစွာ အထောက်အကူ ဖြစ်စေမှာပါ။လှဲပြီးပြုလုပ်တဲ့ လေ့ကျင့်ခန်းနဲ့ မတ်တပ်ရပ် ပြုလုပ်တဲ့ လေ့ကျင်ခန်း စုစုပေါင်း ၄ မျိုးကို ဖော်ပြပေးသွားမှာပါ ။ သတိပြု မှတ်ထားရမှာက Kegel လေ့ကျင့်ခန်း ပြုလုပ်တဲ့အခါ အသက်ကိုမအောင့်ထားဘဲ ပုံမှန်ရှူနေဖို့ပါ ။ အပြင်းအထန် လေ့ကျင့်ခန်းမျိုး မဟုတ်သော်ကြောင့် ဖြေးဖြေး ညှင်ညှင်သာသာ အသက်ပုံမှန်ရှူပြီး ပြုလုပ်နေဖို့သာ လိုပါတယ် ။ အောက်ပါ ကားချပ်များကို ကြည့်ပြီး ပြုလုပ်နိုင်ပါတယ်နော် ။


ဒီလေ့ကျင့်ခန်းလေးကတော့ လွယ်လို့ အထူးတလည် မရှင်းပြတော့ပါဘူး ။ ပုံပါအတိုင်း ၁၀ ကြိမ်ခန့် ပြုလုပ်ပေးရုံပါပဲ ။ အသက်ကို ပုံမှန်ရှူနေဖို့တော့ မမေ့နဲ့နော်..   

ခြေထောက်ကို အပေါ်သို့ ၉၀ ဒီဂရီထောင်ပြီး ဖြေးဖြေးချင်း ပြန်ချပေးပါ။ ထိုအတိုင်း ဘယ်နဲ့ညာ ၁၀ ကြိမ်စီ ပြုလုပ်ပေးပါ။လှဲပြီး ပြုလုပ်တဲ့ လေ့ကျင့်ခန်းကို ပြုလုပ်တဲ့အခါ ကျောနဲ့တင် တသားတည်းကျအောင် တည့်တည့်မတ်မတ် လှဲပါ။ လက်ကို ကြမ်းပြင်ပေါ် ဆန့်တန်းထားပါ။   
   


မတ်တပ်ရပ်တဲ့အခါ ကိုင်းညွတ်မှုမရှိအောင် တည့်တည့်မတ်မတ်ရပ်ပါ ။ ထို့နောက် လက်နှစ်ဖက်ကို နားရွက်နောက်ထားပြီး ခြေဖျားကို ဖြေးဖြေးချင်း မြှောက်ပြီး ဖြေးဖြေးချင်း ပြန်ချပါ။ ၁၀ ကြိမ်ပြုလုပ်ပါ။

ပုံပါအတိုင်း မတ်တပ်ရပ်၍ ဒူးကို ၄၅ ဒီဂရီခန့် ရှေ့ကို ကွေးကာ စက္ကန့်အနည်းငယ်ကြာ ထိုင်ပါ ။ ထိုင်တဲ့အခါ တင်ပါးကိုအားပြုထိုင်ပါ။ ၁၀ ကြိမ်ပြုလုပ်ပေးပါ။   


Credit:(ရွှေအင်းလေး)


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top