iMyanmarHouse.com - Best Property Website for Myanmar
×

ပံုမွန္လာရမယ့္ ရက္မွာ မလာပဲ ရက္အရမ္းေနာက္က်တာ(ဒါမွမဟုတ္) ရာသီမလတာ(တစ္လေလာက္ေက်ာ္တာ)တာေတြျဖစ္ရတာဟာ ကိုယ္ ၀န္ေၾကာင့္ မဟုတ္ပဲ တျခားအေၾကာင္းအရင္းေတြ ေၾကာင့္လည္း ျဖ စ္ႏိုင္ပါတယ္။ပံုမွန္လာရက္မွာ ရာသီမလာတဲ့ အတြက္ အရမး္ႀကီး စိတ္ပူစရာေတာ့ မလိုပါဘူး။ေအာက္မွာေဖာ္ျပထားတဲ့ အေၾကာင္းအ ရင္းေတြေၾကာင့္ အခုလို ျဖစ္ရတာလည္း ျဖစ္ႏိုင္ပါတယ္။ဒါေပမယ့္ ရက္ေနာက္က်ရံု၊တစ္လေလာက္ မလာရံုေလာက္ဆိုရင္ေတာ့ ျပႆ နာမရွိေပမယ့္ ႏွစ္လ၊သံုးလေလာက္ ဆက္တိုက္ မလာရင္ေတာ့ ကၽြမ္း က်င္တဲ့ ဆရာ၀န္ဆီကို သြားပါ။

(၁)အေစာႀကီးေသြးဆံုးတာ

ဒီလိုအေျခအေနကေတာ့ အသက္(၄၀)၀န္းက်င္ေလာက္ အတြက္ပဲ အက်ံဳး၀င္ပါတယ္။အမ်ိဳးသမီးတစ္ရာမွာ တစ္ေယာက္ေလာက္ က အ သက္(၄၀)ေလာက္န႔ဲ ေသြးဆံုးတတ္ပါတယ္။အေစာႀကီးေသြး ဆံုး တာျဖစ္ၿပီး ဒီလို အေျခအေနကေတာ့ ျဖစ္ႏိုင္ေခ်ထဲက တစ္ခုဆိုေပ မယ့္  ျဖစ္ခဲပါတယ္။ေသြးဆံုးခါနီးၿပီဆိုုရင္ ခံစားရတဲ့ လကၡဏာေတြ ကေတာ့ ပူတာ၊ေခၽြးေတြအရမ္းထြက္တာ၊အိပ္မေပ်ာ္တာ၊ မိန္းမ ကို ယ္ေျခာက္ေသြ႔တာ အစရွိတာေတြကို ခံစားရတတ္ပါတယ္။

(၂)စိတ္ဖိစီးမႈမ်ားတာ

ဒီအေျခအေနကေတာ့ ျဖစ္ႏိုင္ေခ်အမ်ားဆံုးပါ။အလုပ္မွာ စိတ္ဖိစီးမႈေတြ အရမ္းမ်ားရင္ ရာသီလာတာေနာက္က်တာ၊တစ္ခ်ိဳ႕ဆိုရင္ အဲ့ဒီီလမွာ လံုး ၀မလာတာမ်ိဳးျဖစ္တတ္ပါတယ္။စိတ္ဖိစီးမႈမ်ားလာၿပီဆိုရင္ ဆံပင္ကၽြတ္တာ၊ညဘက္အိပ္မေပ်ာ္တာ၊အသားအေရမွာ ျပႆ နာ(ဥ ပမာ-၀က္ၿခံထြက္တာ)၊ကိုယ္အေလးခ်ိန္ အရမး္ က်တာ၊အရမ္းတတ္ တာ အစရွိတာေတြကေတာ့ ခံစားရတတ္ပါတယ္။

(၃)ေဆးေတြေၾကာင့္

ေဆးကုသမႈခံယူေနတာ၊(ဒါမွမဟုတ္)ေရာဂါတစ္ခုခုေၾကာင့္ ေဆးေ သာက္ေနရတဲ့ သူဆိုရင္ေတာ့ ေဆးေတြေၾကာင့္လည္း ရာသီမလာ တာ၊ေနာက္က်တာမ်ိဳးနဲ႔ ႀကံဳရႏိုင္ပါတယ္။ antibiotics ၊သေႏၶတားေ ဆးေတြ၊စိတ္က်ေနတဲ့ သူေတြကို ေပးတဲ့ ေဆးေတြဟာ ေဟာ္မုန္း Level ကို ထိခိုက္ေစပါတယ္။

(၄)ေလ့က်င့္ခန္းအရမ္းလုပ္တာ

ကိုယ္လက္လႈပ္ရွားမႈ ေလ့က်င့္ခန္းေတြ အရမ္းလုပ္တာဟာလည္း ရာသီစက္၀ိုင္းကို ထိခိုက္ေစပါတယ္။ေလ့က်င့္ခန္းေတြလုပ္ေနခ်ိန္မွာ ခႏၶာကိုယ္က energy ေတြအရမ္းထုတ္သံုးလိုက္ရတာေၾကာင့္ တျခားလုပ္ေဆာင္မႈေတြအေပၚ သြားၿပီး ထိခိုက္ေစတာပါ။

(၅)အိပ္တာ

အိပ္စက္တာကလည္း ရာသီလာတဲ့ ကိစၥအေပၚ သက္ေရာက္မႈ ရွိေစပါတယ္။ညဖက္ေကာင္းေကာင္းအိပ္မေပ်ာ္တာေတြ၊အိပ္တဲ့ အခ်ိန္အရမ္းကြာဟေျပာင္းလဲမႈေတြကလည္း ဒီလိုအေျခအေနေတြကို ျဖစ္္ေစပါတယ္။

(၆)ကိုယ္အေလးခ်ိန္ေျပာင္းလဲ

ခႏၶာကိုယ္ရဲ႕ ကိုယ္အေလးခ်ိန္အရမး္တတ္တာ(သို႔)အရမ္းက်သြား တာေတြကလည္း ဒီလိုျဖစ္ရပ္ေတြအေပၚ သက္ေရာက္ေစပါတယ္။ body fat ေတြက ရုတ္တရက္ႀကီးေျပာင္းလဲသြားတာေၾကာင့္ ရာသီေ နာက္က်တာ၊မလာေတာ့တာေတြျဖစ္တတ္ပါတယ္။ေနထိုင္စားေသာက္မႈ ပံုစံက ရာသီစက္၀ိုင္းအေပၚမွာ အမ်ားႀကီး သက္ေရာက္မႈရွိေစပါတယ္။
Credit:shwemom
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

ပုံမှန်လာရမယ့် ရက်မှာ မလာပဲ ရက်အရမ်းနောက်ကျတာ(ဒါမှမဟုတ်) ရာသီမလတာ(တစ်လလောက်ကျော်တာ)တာတွေဖြစ်ရတာဟာ ကိုယ် ဝန်ကြောင့် မဟုတ်ပဲ တခြားအကြောင်းအရင်းတွေ ကြောင့်လည်း ဖြ စ်နိုင်ပါတယ်။ပုံမှန်လာရက်မှာ ရာသီမလာတဲ့ အတွက် အရမ်းကြီး စိတ်ပူစရာတော့ မလိုပါဘူး။အောက်မှာဖော်ပြထားတဲ့ အကြောင်းအ ရင်းတွေကြောင့် အခုလို ဖြစ်ရတာလည်း ဖြစ်နိုင်ပါတယ်။ဒါပေမယ့် ရက်နောက်ကျရုံ၊တစ်လလောက် မလာရုံလောက်ဆိုရင်တော့ ပြဿ နာမရှိပေမယ့် နှစ်လ၊သုံးလလောက် ဆက်တိုက် မလာရင်တော့ ကျွမ်း ကျင်တဲ့ ဆရာဝန်ဆီကို သွားပါ။

(၁)အစောကြီးသွေးဆုံးတာ

ဒီလိုအခြေအနေကတော့ အသက်(၄၀)ဝန်းကျင်လောက် အတွက်ပဲ အကျုံးဝင်ပါတယ်။အမျိုးသမီးတစ်ရာမှာ တစ်ယောက်လောက် က အ သက်(၄၀)လောက်နဲ့ သွေးဆုံးတတ်ပါတယ်။အစောကြီးသွေး ဆုံး တာဖြစ်ပြီး ဒီလို အခြေအနေကတော့ ဖြစ်နိုင်ချေထဲက တစ်ခုဆိုပေ မယ့်  ဖြစ်ခဲပါတယ်။သွေးဆုံးခါနီးပြီဆိုုရင် ခံစားရတဲ့ လက္ခဏာတွေ ကတော့ ပူတာ၊ချွေးတွေအရမ်းထွက်တာ၊အိပ်မပျော်တာ၊ မိန်းမ ကို ယ်ခြောက်သွေ့တာ အစရှိတာတွေကို ခံစားရတတ်ပါတယ်။

(၂)စိတ်ဖိစီးမှုများတာ

ဒီအခြေအနေကတော့ ဖြစ်နိုင်ချေအများဆုံးပါ။အလုပ်မှာ စိတ်ဖိစီးမှုတွေ အရမ်းများရင် ရာသီလာတာနောက်ကျတာ၊တစ်ချို့ဆိုရင် အဲ့ဒီလမှာ လုံး ဝမလာတာမျိုးဖြစ်တတ်ပါတယ်။စိတ်ဖိစီးမှုများလာပြီဆိုရင် ဆံပင်ကျွတ်တာ၊ညဘက်အိပ်မပျော်တာ၊အသားအရေမှာ ပြဿ နာ(ဥ ပမာ-ဝက်ခြံထွက်တာ)၊ကိုယ်အလေးချိန် အရမ်း ကျတာ၊အရမ်းတတ် တာ အစရှိတာတွေကတော့ ခံစားရတတ်ပါတယ်။

(၃)ဆေးတွေကြောင့်

ဆေးကုသမှုခံယူနေတာ၊(ဒါမှမဟုတ်)ရောဂါတစ်ခုခုကြောင့် ဆေးေ သာက်နေရတဲ့ သူဆိုရင်တော့ ဆေးတွေကြောင့်လည်း ရာသီမလာ တာ၊နောက်ကျတာမျိုးနဲ့ ကြုံရနိုင်ပါတယ်။ antibiotics ၊သန္ဓေတားေ ဆးတွေ၊စိတ်ကျနေတဲ့ သူတွေကို ပေးတဲ့ ဆေးတွေဟာ ဟော်မုန်း Level ကို ထိခိုက်စေပါတယ်။

(၄)လေ့ကျင့်ခန်းအရမ်းလုပ်တာ

ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေ အရမ်းလုပ်တာဟာလည်း ရာသီစက်ဝိုင်းကို ထိခိုက်စေပါတယ်။လေ့ကျင့်ခန်းတွေလုပ်နေချိန်မှာ ခန္ဓာကိုယ်က energy တွေအရမ်းထုတ်သုံးလိုက်ရတာကြောင့် တခြားလုပ်ဆောင်မှုတွေအပေါ် သွားပြီး ထိခိုက်စေတာပါ။

(၅)အိပ်တာ

အိပ်စက်တာကလည်း ရာသီလာတဲ့ ကိစ္စအပေါ် သက်ရောက်မှု ရှိစေပါတယ်။ညဖက်ကောင်းကောင်းအိပ်မပျော်တာတွေ၊အိပ်တဲ့ အချိန်အရမ်းကွာဟပြောင်းလဲမှုတွေကလည်း ဒီလိုအခြေအနေတွေကို ဖြစ်စေပါတယ်။

(၆)ကိုယ်အလေးချိန်ပြောင်းလဲ

ခန္ဓာကိုယ်ရဲ့ ကိုယ်အလေးချိန်အရမ်းတတ်တာ(သို့)အရမ်းကျသွား တာတွေကလည်း ဒီလိုဖြစ်ရပ်တွေအပေါ် သက်ရောက်စေပါတယ်။ body fat တွေက ရုတ်တရက်ကြီးပြောင်းလဲသွားတာကြောင့် ရာသီေ နာက်ကျတာ၊မလာတော့တာတွေဖြစ်တတ်ပါတယ်။နေထိုင်စားသောက်မှု ပုံစံက ရာသီစက်ဝိုင်းအပေါ်မှာ အများကြီး သက်ရောက်မှုရှိစေပါတယ်။

Credit:shwemom

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top