iMyanmarHouse.com - Best Property Website for Myanmar
×

မနာလုိတဲ့ စိတ္ဆုိတာ လူသားတုိင္းမွာ ျဖစ္တတ္ျပီး ညီအစ္ကုိေမာင္ႏွမခ်င္းပဲျဖစ္ျဖစ္ သူငယ္ခ်င္းအခ်င္းခ်င္းပဲ ျဖစ္ျဖစ္ မနာလုိတဲ့ စိတ္ျဖစ္ႏို္င္ပါတယ္။မနာလုိတဲ့ စိတ္ဟာ စိတ္ခံစားခ်က္တစ္ရပ္သာျဖစ္ျပီး ကုိင္တြယ္ထိန္းသိမ္းရခက္ပါတယ္။ဒါအျပင္ မနာလိုစိတ္ၾကီးလာရင္ စိတ္ပ်က္ျခင္း၊စိတ္ဆုိးယုတ္လာျခင္းနဲ႕ ေဒါသထြက္ျခင္းစတဲ့ စိတ္ခံစားခ်က္ေနာက္ဆက္တြဲမ်ားစြာ ျဖစ္လာတတ္ပါတယ္။

မနာလုိျခင္းဟာ အႏူတ္လကၡဏာေဆာင္တဲ့ စိတ္ခံစားခ်က္တစ္ရပ္ျဖစ္ျပီး ေၾကာက္ရြံျခင္း၊မလုံျခဳံျခင္း၊ပူပန္ျခင္း၊တုိ႕ေၾကာင့္ ျဖစ္ရတာ ျဖစ္ပါတယ္။မနာလုိျခင္းစိတ္ခံစားခ်က္ဟာ ရႈပ္ေထြးတဲ့ စိတ္ခံစားခ်က္တစ္ရပ္ျဖစ္ျပီး ေၾကာက္ရြံျခင္း၊စြန္႕ပစ္ခံရျခင္းနဲ႕အရွက္တကြဲ အက်ဳိးနည္းျဖစ္ရျခင္း ကိစၥေတြ အထိျဖစ္ပြားႏုိင္ပါတယ္။

ပုံအားျဖင့္ မနာလုိျခင္း စိတ္ခံစားခ်က္ဟာ လူတစ္ေယာက္ ျပင္ပမွ သက္ရွိ၊သက္မဲ့ အရာတစ္ခုရဲ႕ မ်က္ႏွာသာေပးျခင္း ရေနတာ ျမင္ရခံစားရတဲ့ စိတ္ခံစားခ်က္တစ္မ်ဳိးလည္းပဲျဖစ္ႏုိင္ပါတယ္။ခ်င္ပန္ဇီေမ်ာက္မ်ား(chimpanzee)၊ေျမာက္အေမရိက ေတးဆုိငွက္မ်ားနဲ႕  အျခားေသာ တိရစာၦန္မ်ားကလည္း မနာလုိတဲ့ စိတ္ခံစားခ်က္ ျဖစ္ႏုိင္တယ္ လုိ႕သိရပါတယ္။

၁။ ဖြင့္ေျပာပါ။

သင့္ရဲ႕ စိတ္ထဲမွာ ေဒါသထြက္မႈေတြ၊မလုံျခဳံမႈေတြနဲ႕ မနာလုိစိတ္ေတြ ျဖစ္လာျပီဆုိရင္ ရင္ထဲမွာ ၾကိတ္မွိတ္မ်ဳိသိပ္မထားပဲ ဖြင့္ေျပာပါ။သင့္စိတ္ထဲမွာ အခ်ိန္ကာလ အတန္ၾကာ မနာလုိစိတ္ကုိ သုိေလွာင္ထားျခင္းက သင့္အတြက္ အဆိပ္အေတာက္ျဖစ္ေစႏုိင္တဲ့အတြက္ သင့္အေနနဲ႕ မနာလိုဘူးလုိ႕ ထင္ရတဲ့ လူတစ္ေယာက္ကုိစိတ္ျငိမ္သက္စြာထားျပီး ဖြင့္ေျပာလုိက္ဖုိ႕လုိပါတယ္။သင္ဖြင့္ေျပာလုိက္ျပီဆုိတာနဲ႕ သင္မနာလုိတဲ့ လူမွာ သနားစရာေကာင္းတဲ့ အခ်က္ေတြလည္းရွိေနႏုိင္ပါေသးတယ္။

၂။ မိမိကုိယ္ကုိ ယုံၾကည္မႈကုိ တည္ေဆာင္ပါ။

မနာလုိျခင္းဆုိတာ မလုံျခဳံျခင္းနဲ႕ မိမိကုိယ္ကုိ တန္ဖုိးမရွိဘူးလုိ႕ ထင္ျမင္ျခင္းရဲ႕ ထုတ္ကုန္ေတြ ျဖစ္ပါတယ္။သင္နဲ႕ နီးစပ္တဲ့ လူတစ္ေယာက္ထားသြားမွာကုိ စုိးရိမ္တဲ့ခံစားခ်က္ေၾကာင့္မနာလုိတဲ့စိတ္ျဖစ္ရတာ ျဖစ္ပါတယ္။မိမိကုိယ္ကုိ ယုံၾကည္ခ်က္ျမင့္မားေအာင္ လုပ္ေဆာင္ရမဲ့ နည္းလမ္းေတာ့ မိမိကုိယ္ကုိ ယုံၾကည္မႈျမင့္မားတဲ့ လူေတြ လုပ္ေဆာင္သလုိေဆာင္ရြက္ဖုိ႕ပါပဲ။မိမိကုိယ္ကုိ ယုံၾကည္မႈရွိတဲ့ သူေတြဟာ တစ္စုံတစ္ေယာက္(သုိ႕) တစ္စုံတစ္ရာရဲ႕ စြန္႕ပစ္သြားျခင္းကုိ ခံရလည္း ထုိစြန္႕ပစ္သြားျခင္းကုိ ခံရျခင္းက သူတုိ႕ကုိ မပ်က္ဆီးသြားေစပါဘူး။ဒီလုိစြန္႕ပစ္ခံရျခင္းေၾကာင့္ တစ္ခါတစ္ရံမွာ လူေတြက အေမွ်ာ္အျမင္မရွိၾကပဲ မွားတတ္ၾကမွန္း သူတုိ႕သိၾကျပီး စြန္႕ပစ္ခံရျခင္းေၾကာင့္ ဘယ္ေတာ့မွာ မိမိကုိယ္ကုိ အျပစ္တင္ျပီး တျခားသူေတြကို မနာလုိမျဖစ္တတ္ၾကပါဘူး။

၃။ တျခားေသာ သူေတြနဲ႕ ဘယ္ေတာ့မွ မႏႈိင္းယွဥ္လိုက္ပါနဲ႕။

သင္က အားလုံးျပည္စုံေနျပီလို႕ထင္တဲ့ လူတစ္ေယာက္နဲ႕ အေၾကာင္းအေသးစိတ္စုံစမ္းၾကည့္ပါ။သူမွလည္း ကုိယ္ပုိင္ျပႆနာ အမ်ဳိးရွိေနႏုိင္ျပီး သင္ကေတာင္ သူကုိ ျပန္သနားသြားရႏုိင္ပါတယ္။နာမည္ၾကီးလွပါတယ္၊ေခ်ာလွပါတယ္ ဆုိတဲ့ နာမည္ၾကီး အနုပညာရွင္ေတြမွာလည္း သူတုိ႕သရုပ္ေဆာင္ခ်င္တဲ့ ဇာတ္ရုပ္ကုိ မရတဲ့အတြက္ စိတ္ပ်က္စိတ္ဓာတ္က်ေနႏုိင္သလုိ၊အရက္ မူးယစ္ေဆး ျပႆနာေတြနဲ႕ လုံးပန္းေနရတဲ့ သူေတြလည္း ရွိပါတယ္။အျပင္ပန္းက အဆင္ေျပေနတုိင္း အထဲမွာလည္း အဆင္ေျပေနလိမ့္မယ္ လုိ႕ သင္ယူဆျပီး မနာလုိျဖစ္ေနလုိ႕မရပါဘူး။သင့္ရဲ႕ အားနည္းခ်က္ကုိပဲ ၾကည့္မေနပဲ သင့္ရဲ႕ အရည္အခ်င္းေတြကုိ ျပန္ၾကည္ပါ။ဒီအရည္အခ်င္းေတြအတြက္ ေက်းဇူးတင္ပါ။သင္ကုိ ဒီအရည္အခ်င္းမ်ားေပးအပ္လုိက္တဲ့ ဘ၀ၾကီးကုိ မေစာ္ကားဘဲ ခ်စ္ျမတ္ႏုိးပါ။မိမိမွာရွိတဲ့ အရည္အခ်င္းေကာင္းေတြကုိ အတိအက် သိေနျခင္းက သင့္ကုိ ပုိျပီး ယုံၾကည္မႈ ရွိလာေစမွာ ျဖစ္ပါတယ္။

Credit:shwemom

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
မနာလိုတဲ့ စိတ်ဆိုတာ လူသားတိုင်းမှာ ဖြစ်တတ်ပြီး ညီအစ်ကိုမောင်နှမချင်းပဲဖြစ်ဖြစ် သူငယ်ချင်းအချင်းချင်းပဲ ဖြစ်ဖြစ် မနာလိုတဲ့ စိတ်ဖြစ်နိုင်ပါတယ်။မနာလိုတဲ့ စိတ်ဟာ စိတ်ခံစားချက်တစ်ရပ်သာဖြစ်ပြီး ကိုင်တွယ်ထိန်းသိမ်းရခက်ပါတယ်။ဒါအပြင် မနာလိုစိတ်ကြီးလာရင် စိတ်ပျက်ခြင်း၊စိတ်ဆိုးယုတ်လာခြင်းနဲ့ ဒေါသထွက်ခြင်းစတဲ့ စိတ်ခံစားချက်နောက်ဆက်တွဲများစွာ ဖြစ်လာတတ်ပါတယ်။

မနာလိုခြင်းဟာ အနူတ်လက္ခဏာဆောင်တဲ့ စိတ်ခံစားချက်တစ်ရပ်ဖြစ်ပြီး ကြောက်ရွံခြင်း၊မလုံခြုံခြင်း၊ပူပန်ခြင်း၊တို့ကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။မနာလိုခြင်းစိတ်ခံစားချက်ဟာ ရှုပ်ထွေးတဲ့ စိတ်ခံစားချက်တစ်ရပ်ဖြစ်ပြီး ကြောက်ရွံခြင်း၊စွန့်ပစ်ခံရခြင်းနဲ့အရှက်တကွဲ အကျိုးနည်းဖြစ်ရခြင်း ကိစ္စတွေ အထိဖြစ်ပွားနိုင်ပါတယ်။

ပုံအားဖြင့် မနာလိုခြင်း စိတ်ခံစားချက်ဟာ လူတစ်ယောက် ပြင်ပမှ သက်ရှိ၊သက်မဲ့ အရာတစ်ခုရဲ့ မျက်နှာသာပေးခြင်း ရနေတာ မြင်ရခံစားရတဲ့ စိတ်ခံစားချက်တစ်မျိုးလည်းပဲဖြစ်နိုင်ပါတယ်။ချင်ပန်ဇီမျောက်များ(chimpanzee)၊မြောက်အမေရိက တေးဆိုငှက်များနဲ့  အခြားသော တိရစ္ဆာန်များကလည်း မနာလိုတဲ့ စိတ်ခံစားချက် ဖြစ်နိုင်တယ် လို့သိရပါတယ်။

၁။ ဖွင့်ပြောပါ။

သင့်ရဲ့ စိတ်ထဲမှာ ဒေါသထွက်မှုတွေ၊မလုံခြုံမှုတွေနဲ့ မနာလိုစိတ်တွေ ဖြစ်လာပြီဆိုရင် ရင်ထဲမှာ ကြိတ်မှိတ်မျိုသိပ်မထားပဲ ဖွင့်ပြောပါ။သင့်စိတ်ထဲမှာ အချိန်ကာလ အတန်ကြာ မနာလိုစိတ်ကို သိုလှောင်ထားခြင်းက သင့်အတွက် အဆိပ်အတောက်ဖြစ်စေနိုင်တဲ့အတွက် သင့်အနေနဲ့ မနာလိုဘူးလို့ ထင်ရတဲ့ လူတစ်ယောက်ကိုစိတ်ငြိမ်သက်စွာထားပြီး ဖွင့်ပြောလိုက်ဖို့လိုပါတယ်။သင်ဖွင့်ပြောလိုက်ပြီဆိုတာနဲ့ သင်မနာလိုတဲ့ လူမှာ သနားစရာကောင်းတဲ့ အချက်တွေလည်းရှိနေနိုင်ပါသေးတယ်။

၂။ မိမိကိုယ်ကို ယုံကြည်မှုကို တည်ဆောင်ပါ။

မနာလိုခြင်းဆိုတာ မလုံခြုံခြင်းနဲ့ မိမိကိုယ်ကို တန်ဖိုးမရှိဘူးလို့ ထင်မြင်ခြင်းရဲ့ ထုတ်ကုန်တွေ ဖြစ်ပါတယ်။သင်နဲ့ နီးစပ်တဲ့ လူတစ်ယောက်ထားသွားမှာကို စိုးရိမ်တဲ့ခံစားချက်ကြောင့်မနာလိုတဲ့စိတ်ဖြစ်ရတာ ဖြစ်ပါတယ်။မိမိကိုယ်ကို ယုံကြည်ချက်မြင့်မားအောင် လုပ်ဆောင်ရမဲ့ နည်းလမ်းတော့ မိမိကိုယ်ကို ယုံကြည်မှုမြင့်မားတဲ့ လူတွေ လုပ်ဆောင်သလိုဆောင်ရွက်ဖို့ပါပဲ။မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့ သူတွေဟာ တစ်စုံတစ်ယောက်(သို့) တစ်စုံတစ်ရာရဲ့ စွန့်ပစ်သွားခြင်းကို ခံရလည်း ထိုစွန့်ပစ်သွားခြင်းကို ခံရခြင်းက သူတို့ကို မပျက်ဆီးသွားစေပါဘူး။ဒီလိုစွန့်ပစ်ခံရခြင်းကြောင့် တစ်ခါတစ်ရံမှာ လူတွေက အမျှော်အမြင်မရှိကြပဲ မှားတတ်ကြမှန်း သူတို့သိကြပြီး စွန့်ပစ်ခံရခြင်းကြောင့် ဘယ်တော့မှာ မိမိကိုယ်ကို အပြစ်တင်ပြီး တခြားသူတွေကို မနာလိုမဖြစ်တတ်ကြပါဘူး။

၃။ တခြားသော သူတွေနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်လိုက်ပါနဲ့။

သင်က အားလုံးပြည်စုံနေပြီလို့ထင်တဲ့ လူတစ်ယောက်နဲ့ အကြောင်းအသေးစိတ်စုံစမ်းကြည့်ပါ။သူမှလည်း ကိုယ်ပိုင်ပြဿနာ အမျိုးရှိနေနိုင်ပြီး သင်ကတောင် သူကို ပြန်သနားသွားရနိုင်ပါတယ်။နာမည်ကြီးလှပါတယ်၊ချောလှပါတယ် ဆိုတဲ့ နာမည်ကြီး အနုပညာရှင်တွေမှာလည်း သူတို့သရုပ်ဆောင်ချင်တဲ့ ဇာတ်ရုပ်ကို မရတဲ့အတွက် စိတ်ပျက်စိတ်ဓာတ်ကျနေနိုင်သလို၊အရက် မူးယစ်ဆေး ပြဿနာတွေနဲ့ လုံးပန်းနေရတဲ့ သူတွေလည်း ရှိပါတယ်။အပြင်ပန်းက အဆင်ပြေနေတိုင်း အထဲမှာလည်း အဆင်ပြေနေလိမ့်မယ် လို့ သင်ယူဆပြီး မနာလိုဖြစ်နေလို့မရပါဘူး။သင့်ရဲ့ အားနည်းချက်ကိုပဲ ကြည့်မနေပဲ သင့်ရဲ့ အရည်အချင်းတွေကို ပြန်ကြည်ပါ။ဒီအရည်အချင်းတွေအတွက် ကျေးဇူးတင်ပါ။သင်ကို ဒီအရည်အချင်းများပေးအပ်လိုက်တဲ့ ဘဝကြီးကို မစော်ကားဘဲ ချစ်မြတ်နိုးပါ။မိမိမှာရှိတဲ့ အရည်အချင်းကောင်းတွေကို အတိအကျ သိနေခြင်းက သင့်ကို ပိုပြီး ယုံကြည်မှု ရှိလာစေမှာ ဖြစ်ပါတယ်။

Credit:shwemom

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top