iMyanmarHouse.com - Best Property Website for Myanmar
×

အေပါင္းအသင္းဆုိတာ သက္တူ၊ ရြယ္တူမွ အဆင္ေျပမယ္လို႔ ထင္ၾကတယ္။ ကိုယ့္ထက္ အသက္ႀကီးတဲ့လူ၊ အသက္ငယ္တဲ့လူဆုိရင္ မေပါင္းခ်င္ဘူး။ အဓိက အခ်က္ကေတာ့ အျမင္ေတြမတူၾကတာေၾကာင့္ ျဖစ္မယ္ထင္ပါရဲ႕။ ကိုယ့္ထက္ငယ္သည္ျဖစ္ေစ၊ ႀကီးသည္ျဖစ္ေစ အသက္ကြာဟတဲဲ့လူနဲ႔ မိတ္ေဆြျဖစ္ရတာလည္း ေကာင္းတဲ့အခ်က္ေတြ ႐ွိပါေသးတယ္။ ကိုယ္နဲ႔ အသက္ကြာဟသူ တစ္ဦးတစ္ေယာက္နဲ႔ မိတ္ေဆြျဖစ္ရတဲ့အခါ မတူညီတဲ့ အေတြးအျမင္ေတြ၊ ဉာဏ္ပညာေတြ၊ ေပ်ာ္႐ႊင္မႈေတြကို ရႏိုင္ပါတယ္။ ဒါက ကိုယ့္ကိုလည္းတိုးတက္ေစၿပီး ကိုယ့္ဘဝေတြကို ပိုမိုျပည့္စံုေစပါလိမ့္မယ္။

အသက္ႀကီးတဲ့လူနဲ႔ မိတ္ေဆြျဖစ္ရင္ သူ႔ဆီက အၾကံေကာင္းေတြရမယ္။ ကိုယ့္ဆီက လြဲမွားေနတဲ့ခံစားခ်က္ေတြကို နားေထာင္ေပးၿပီး ဘယ္လိုအနားယူရမယ္ဆုိတာ ေျပာျပပါလိမ့္မယ္။ မလိုတာေတြကို ရွင္းထုတ္ႏိုင္ဖုိ႔အတြက္ အသက္ပိုႀကီးတဲ့မိတ္ေဆြထံမွာ နည္းလမ္းေတြ ရွိေနပါလိမ့္မယ္။ ကိုယ့္ထက္လည္း အေတြ႕အၾကံဳစံုေနေတာ့ သိခ်င္တာေတြ ေမးလို႔ရတာေပါ့။ သူတုိ႔ဘဝမွာ အမွားေတြၾကံဳခဲ့တယ္ဆုိရင္ေတာင္ ကိုယ္က သူ႔တို႔ထံကေန သင္ခန္းစာယူႏိုင္ပါတယ္။

ထိုနည္းတူစြာပဲ ကိုယ့္ထက္ငယ္တဲ့လူနဲ႔ မိတ္ေဆြျဖစ္ရာမွာလည္း ေကာင္းတာေတြ ရွိပါေသးတယ္။ သူတုိ႔က်ေတာ့လည္း ကိုယ္မသိေသးတဲ့ ေခတ္အေၾကာင္းကို ပိုေျပာျပႏိုင္ၾကတယ္။ ေခတ္စားေနတာ ဘာေတြလဲဆုိတာ သူတုိ႔ကိုေမးမွသိမွာ။ ကိုယ္က စိုးရိမ္ႀကီး သံသယႀကီးေနတဲ့အရာေတြကို သူတုိ႔က အျမင္ေျပာင္းလဲဲသြားေအာင္လည္း လုပ္ေပးၾကေသးတယ္။ ပိုၿပီး ေပ်ာ္ရႊင္ရတယ္၊ အပူအပင္ေတြ ေလ်ာ့က်ရပါတယ္။ စိတ္ပ်ိဳေတာ့ ကိုယ္ႏုတယ္ဆုိတဲ့ စကားလည္း ရွိေသးတယ္မဟုတ္လား။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အပေါင်းအသင်းဆိုတာ သက်တူ၊ ရွယ်တူမှ အဆင်ပြေမယ်လို့ ထင်ကြတယ်။ ကိုယ့်ထက် အသက်ကြီးတဲ့လူ၊ အသက်ငယ်တဲ့လူဆိုရင် မပေါင်းချင်ဘူး။ အဓိက အချက်ကတော့ အမြင်တွေမတူကြတာကြောင့် ဖြစ်မယ်ထင်ပါရဲ့။ ကိုယ့်ထက်ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ အသက်ကွာဟတဲ့လူနဲ့ မိတ်ဆွေဖြစ်ရတာလည်း ကောင်းတဲ့အချက်တွေ ရှိပါသေးတယ်။ ကိုယ်နဲ့ အသက်ကွာဟသူ တစ်ဦးတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ရတဲ့အခါ မတူညီတဲ့ အတွေးအမြင်တွေ၊ ဉာဏ်ပညာတွေ၊ ပျော်ရွှင်မှုတွေကို ရနိုင်ပါတယ်။ ဒါက ကိုယ့်ကိုလည်းတိုးတက်စေပြီး ကိုယ့်ဘဝတွေကို ပိုမိုပြည့်စုံစေပါလိမ့်မယ်။

အသက်ကြီးတဲ့လူနဲ့ မိတ်ဆွေဖြစ်ရင် သူ့ဆီက အကြံကောင်းတွေရမယ်။ ကိုယ့်ဆီက လွဲမှားနေတဲ့ခံစားချက်တွေကို နားထောင်ပေးပြီး ဘယ်လိုအနားယူရမယ်ဆိုတာ ပြောပြပါလိမ့်မယ်။ မလိုတာတွေကို ရှင်းထုတ်နိုင်ဖို့အတွက် အသက်ပိုကြီးတဲ့မိတ်ဆွေထံမှာ နည်းလမ်းတွေ ရှိနေပါလိမ့်မယ်။ ကိုယ့်ထက်လည်း အတွေ့အကြုံစုံနေတော့ သိချင်တာတွေ မေးလို့ရတာပေါ့။ သူတို့ဘဝမှာ အမှားတွေကြုံခဲ့တယ်ဆိုရင်တောင် ကိုယ်က သူ့တို့ထံကနေ သင်ခန်းစာယူနိုင်ပါတယ်။

ထိုနည်းတူစွာပဲ ကိုယ့်ထက်ငယ်တဲ့လူနဲ့ မိတ်ဆွေဖြစ်ရာမှာလည်း ကောင်းတာတွေ ရှိပါသေးတယ်။ သူတို့ကျတော့လည်း ကိုယ်မသိသေးတဲ့ ခေတ်အကြောင်းကို ပိုပြောပြနိုင်ကြတယ်။ ခေတ်စားနေတာ ဘာတွေလဲဆိုတာ သူတို့ကိုမေးမှသိမှာ။ ကိုယ်က စိုးရိမ်ကြီး သံသယကြီးနေတဲ့အရာတွေကို သူတို့က အမြင်ပြောင်းလဲသွားအောင်လည်း လုပ်ပေးကြသေးတယ်။ ပိုပြီး ပျော်ရွှင်ရတယ်၊ အပူအပင်တွေ လျော့ကျရပါတယ်။ စိတ်ပျိုတော့ ကိုယ်နုတယ်ဆိုတဲ့ စကားလည်း ရှိသေးတယ်မဟုတ်လား။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top