iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္ေနထုိင္ရာ ေနရာနဲ႔ ေဝးကြာလွတဲ့ ေနရာတစ္မွာ ေနထိုင္တဲ့ လူတစ္ဦးကို ခ်စ္မိတဲ့အခါ အနည္းနဲ႔အမ်ားဆိုသလို စိုးရိမ္ပူပန္ေနရတာကေတာ့ သူနဲ႔ကိုယ္ ေရ႐ွည္ၿမဲပါ့မလား ဆုိတာပဲ။

Long Distance Relationship (LDRS) ေတြဟာ ၿမဲတာေတာ့ ႐ွားလွပါတယ္။ ဒါေပမဲ့ နားလည္မႈေတြနဲ႔ လက္တြဲေပါင္းဖက္သြားၾကတာေတြလည္း ျမင္ဖူးမယ္ ထင္ပါတယ္။ အေဝးကလူတစ္ေယာက္နဲ႔ အခ်ိန္အၾကာႀကီးထိ ခ်စ္ႏိုင္ပါ့မလားဆုိတာကေတာ့.....

၁။ စိန္ေခၚမႈ

အေဝးကလူတစ္ေယာက္ကို ခ်စ္သူေတာ္ဖုိ႔ဆုိရင္ ဒါဟာ ႀကီးမားတဲ့စိန္ေခၚမႈၾကီးဆိုတာ မေမ့ပါနဲ႔။ ထင္ထားတာထက္ အမ်ားႀကီး ပိုခက္ခဲပါတယ္။ ကိုယ့္ကိုယ္ကိုယ္ အႀကိမ္ႀကိမ္ျပန္ေမးၿပီးမွ သူနဲ႔ခ်စ္သူေတာ္ဖို႔ ဆံုးျဖတ္ပါ။

၂။ မျဖစ္ႏုိင္ဘူးဆုိတာေတာ့ မ႐ွိပါဘူး

အခ်ိန္ကြာျခားမယ္။ ေနရာေဒသ ကြာျခားမယ္။ တစ္ေယာက္ကိုတစ္ေယာက္ အၿမဲမဆက္သြယ္ႏုိင္ဘူး။ ဒီလိုစိန္ေခၚမႈေတြကို ကိုင္ကြယ္တတ္မယ္ဆုိရင္ LDRS ဆုိတာ မျဖစ္ႏုိင္စရာေတာ့ မရွိပါဘူး။ ၿပီးေတာ့ အေဝးကလူကို ခ်စ္ရတာ ဒီေလာက္ပင္ပန္းသားနဲ႔ ကိုယ္က ဘာလို႔အနီးကလူကို မခ်စ္ႏိုင္တာလဲ? အေျဖက ရွင္းပါတယ္။ သူ႔ကို သိပ္ခ်စ္မိလို႔ပါ။ အခ်စ္က သတၱိေတြ ေပးပါလိမ့္မယ္။ အေျခအေနေတြကို ကိုင္တြယ္ေျဖရွင္းဖုိ႔ နည္းလမ္းေတြလည္း ရွိတာမို႔ တကယ္သာခ်စ္ရင္ ျဖစ္ပါတယ္။ ေဝးရျခင္းရဲ႕အေၾကာင္းက နီးဖုိ႔ပဲမဟုတ္လား။

၃။ စိန္္ေခၚမႈေတြ ေက်ာ္လႊားပါ

သူနဲ႔ကိုယ့္ၾကားမွာ ေဆြးေႏြးညႇိႏိႈင္းစရာေတြ လိုပါတယ္။ ၿပီးေတာ့ ကိုယ္ကလည္း နားလည္မႈေတြ ေပးႏုိင္ရဦးမယ္။ လိုအပ္လာရင္ အၾကံဉာဏ္ေတြလည္း ရယူပါ။ အဆင္မေျပမႈေတြကို ေက်ာ္လႊားလိုက္လို႔ ျဖစ္ပါတယ္။

၄။ ႐ွင္သန္ပါ

သူလည္း သူ႔ေနရာမွာေနရင္း၊ ကိုယ္လည္း ကိုယ့္ေနရာမွာေနရင္းပဲ ေန႔ရက္ေတြကို ျဖတ္သန္းရမယ္။ ကိုယ္အဆင္မေျပခ်ိန္မွာ သူေရာက္မလာႏုိင္ေပမဲ့ ကိုယ္တုိင္ပဲေျဖရွင္းလုိက္စမ္းပါ။ သူ႔ကိုလည္း ပစ္မထားနဲ႔။ ကိုယ္လည္းပဲ ကိုယ့္ဘဝကိုယ္ေလွ်ာက္ရင္ ႏွစ္ေယာက္သား ဆံုမွတ္တစ္ခုကို ေရာက္တဲ့အခါ အဆင္ေျပေျပအေနအထားေတြနဲ႔မို႔ စိတ္ခ်မ္းသာရႏိုင္ပါတယ္။

၅။ စိတ္ခံစားခ်က္ေတြ

ႏွစ္ေယာက္လံုးက အရြယ္ေရာက္ေနၾကၿပီေလ။ တစ္ေယာက္ကိုတစ္ေယာက္ ေဖးမကူညီေပးရမယ့္အစား သူအဆင္ေျပေနတာကို အေဝးကေန ဂဂ်ီဂေဂ်ာင္က်မေနနဲ႔ေတာ့။ သူ႔အေပါင္းအသင္းေတြနဲ႔ ေလွ်ာက္သြားတာမ်ိဳးေတြကို ကိုယ္က ပိတ္ပင္လို႔မရဘူး။ လြတ္လပ္ခြင့္ ေပးထားလိုက္။ အထင္လြဲတာေတြ၊ သံသယေတြ ရွိလာရင္လည္း ေျဖရွင္းလိုက္ပါ။ စိတ္ထဲမ်ိဳသိပ္ၿပီး အညႇိဳးအေတးမထားဖုိ႔ လိုပါတယ္။ ဒါမွ ေရွ႕ဆက္ခ်စ္ႏိုင္မွာ။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

ကိုယ်နေထိုင်ရာ နေရာနဲ့ ဝေးကွာလှတဲ့ နေရာတစ်မှာ နေထိုင်တဲ့ လူတစ်ဦးကို ချစ်မိတဲ့အခါ အနည်းနဲ့အများဆိုသလို စိုးရိမ်ပူပန်နေရတာကတော့ သူနဲ့ကိုယ် ရေရှည်မြဲပါ့မလား ဆိုတာပဲ။

Long Distance Relationship (LDRS) တွေဟာ မြဲတာတော့ ရှားလှပါတယ်။ ဒါပေမဲ့ နားလည်မှုတွေနဲ့ လက်တွဲပေါင်းဖက်သွားကြတာတွေလည်း မြင်ဖူးမယ် ထင်ပါတယ်။ အဝေးကလူတစ်ယောက်နဲ့ အချိန်အကြာကြီးထိ ချစ်နိုင်ပါ့မလားဆိုတာကတော့.....

၁။ စိန်ခေါ်မှု

အဝေးကလူတစ်ယောက်ကို ချစ်သူတော်ဖို့ဆိုရင် ဒါဟာ ကြီးမားတဲ့စိန်ခေါ်မှုကြီးဆိုတာ မမေ့ပါနဲ့။ ထင်ထားတာထက် အများကြီး ပိုခက်ခဲပါတယ်။ ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ်ပြန်မေးပြီးမှ သူနဲ့ချစ်သူတော်ဖို့ ဆုံးဖြတ်ပါ။

၂။ မဖြစ်နိုင်ဘူးဆိုတာတော့ မရှိပါဘူး

အချိန်ကွာခြားမယ်။ နေရာဒေသ ကွာခြားမယ်။ တစ်ယောက်ကိုတစ်ယောက် အမြဲမဆက်သွယ်နိုင်ဘူး။ ဒီလိုစိန်ခေါ်မှုတွေကို ကိုင်ကွယ်တတ်မယ်ဆိုရင် LDRS ဆိုတာ မဖြစ်နိုင်စရာတော့ မရှိပါဘူး။ ပြီးတော့ အဝေးကလူကို ချစ်ရတာ ဒီလောက်ပင်ပန်းသားနဲ့ ကိုယ်က ဘာလို့အနီးကလူကို မချစ်နိုင်တာလဲ? အဖြေက ရှင်းပါတယ်။ သူ့ကို သိပ်ချစ်မိလို့ပါ။ အချစ်က သတ္တိတွေ ပေးပါလိမ့်မယ်။ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းတွေလည်း ရှိတာမို့ တကယ်သာချစ်ရင် ဖြစ်ပါတယ်။ ဝေးရခြင်းရဲ့အကြောင်းက နီးဖို့ပဲမဟုတ်လား။

၃။ စိန်ခေါ်မှုတွေ ကျော်လွှားပါ

သူနဲ့ကိုယ့်ကြားမှာ ဆွေးနွေးညှိနှိုင်းစရာတွေ လိုပါတယ်။ ပြီးတော့ ကိုယ်ကလည်း နားလည်မှုတွေ ပေးနိုင်ရဦးမယ်။ လိုအပ်လာရင် အကြံဉာဏ်တွေလည်း ရယူပါ။ အဆင်မပြေမှုတွေကို ကျော်လွှားလိုက်လို့ ဖြစ်ပါတယ်။

၄။ ရှင်သန်ပါ

သူလည်း သူ့နေရာမှာနေရင်း၊ ကိုယ်လည်း ကိုယ့်နေရာမှာနေရင်းပဲ နေ့ရက်တွေကို ဖြတ်သန်းရမယ်။ ကိုယ်အဆင်မပြေချိန်မှာ သူရောက်မလာနိုင်ပေမဲ့ ကိုယ်တိုင်ပဲဖြေရှင်းလိုက်စမ်းပါ။ သူ့ကိုလည်း ပစ်မထားနဲ့။ ကိုယ်လည်းပဲ ကိုယ့်ဘဝကိုယ်လျှောက်ရင် နှစ်ယောက်သား ဆုံမှတ်တစ်ခုကို ရောက်တဲ့အခါ အဆင်ပြေပြေအနေအထားတွေနဲ့မို့ စိတ်ချမ်းသာရနိုင်ပါတယ်။

၅။ စိတ်ခံစားချက်တွေ

နှစ်ယောက်လုံးက အရွယ်ရောက်နေကြပြီလေ။ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီပေးရမယ့်အစား သူအဆင်ပြေနေတာကို အဝေးကနေ ဂဂျီဂဂျောင်ကျမနေနဲ့တော့။ သူ့အပေါင်းအသင်းတွေနဲ့ လျှောက်သွားတာမျိုးတွေကို ကိုယ်က ပိတ်ပင်လို့မရဘူး။ လွတ်လပ်ခွင့် ပေးထားလိုက်။ အထင်လွဲတာတွေ၊ သံသယတွေ ရှိလာရင်လည်း ဖြေရှင်းလိုက်ပါ။ စိတ်ထဲမျိုသိပ်ပြီး အညှိုးအတေးမထားဖို့ လိုပါတယ်။ ဒါမှ ရှေ့ဆက်ချစ်နိုင်မှာ။

Credit:Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top