iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူႏွစ္ဦးဆက္ဆံေရးမွာ အရာအားလံုး ေခ်ာေမြ႕အဆင္ေျပေနတာေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္လည္း အခုေဖာ္ျပမယ့္ လကၡဏာေတြ အၿမဲတမ္းလိုလို ျဖစ္ေနရင္ေတာ့ လမ္းခြဲဖို႔ ျဖစ္လာႏိုင္ပါတယ္။

အားလပ္ခ်ိန္ေတြကို အတူတူ မကုန္ဆံုးၾကဘူး။

ခ်စ္သူစျဖစ္ၿပီဆိုရင္ ေျပာမကုန္ ေတြ႔လို႔မ၀တာနဲ႔ အၿမဲတမ္းလမ္းအတူတူေလွ်ာက္ အခ်ိန္ျပည့္ သူနဲ႔ပဲအတူတူရွိေပမယ့္ အခ်ိန္ေတြၾကာလာနဲ႔အမွ် ခ်စ္သူကို အရင္လို အခ်ိန္ေတြမေပးခ်င္ေတာ့ဘူးျဖစ္လာတတ္ပါတယ္။ အျပင္မွာေတြ႔မယ္ေျပာလိုက္တိုင္း ႏွစ္ေယာက္အတူတူ ေလွ်ာက္သြားမယ္ေျပာလိုက္တိုင္း ဆင္ျခင္ေတြေပးေနမိတာဟာ ခ်စ္သူႏွစ္ဦး လမ္းခြဲရတဲ့ အဓိကအေၾကာင္းရင္းတစ္ခုပါပဲ။

သူ႔အတြက္ ႀကိဳးစားအားထုတ္မႈမရွိေတာ့ဘူး။

အရင္တုန္းကဆိုရင္ သူနဲ႔ေတြ႔ဖို႔ မိုင္ေပါင္းမ်ားစြာ ျဖတ္ၿပီးသြားေန သြားလာေနေပမယ့္ အခု သူနဲ႔ အတူတူရွိေနရ္ေတာင္ သူ႔ကို စကားေျပာမယ့္အစား ကိုယ့္ဘာသာကိုယ္ပဲ လုပ္ခ်င္တာလုပ္ေနတယ္ဆိုတာဟာ ခ်စ္သူႏွစ္ဦး ဆက္ဆံေရးအတြက္ မ်ားစြာ ထိခိုက္ေစပါတယ္။ သူ႕အတြက္ အခုလို ႀကိဳးစား အားထုတ္မႈမရွိေတာ့ဘူးဆိုရင္ လမ္းခြဲႏိုင္ေခ်ရွိတဲ့ လကၡဏာရပ္တစ္ခုျဖစ္ပါတယ္။

အနာဂတ္အတြက္ ဘယ္သူမွ မေဆြးေႏြးၾကဘူး။

ခ်စ္သူႏွစ္ဦး လမ္းခြဲရတဲ့ အဓိကအေၾကာင္းအရင္ေတြထဲမွာ တစ္ခုအပါအ၀င္ျဖစ္ပါတယ္။ တစ္ခ်ိဳ႕ ေကာင္မေလး (သို႕) ေကာင္ေလးေတြက ကေလးေတြလိုခ်င္ၾကတယ္ အနာဂတ္အတြက္ စိတ္ကူးေတြရွိၾကပါတယ္။ ဒါေပမယ့္ သင္တို႔ႏွစ္ေယာက္မွာ အနာဂတ္အတြက္ ဘာအစီစဥ္မွမရွိဘူးဆိုရင္ေတာ့ ခ်စ္သူႏွစ္ဦးလမ္းခြဲဖို႔ အေၾကာင္းတစ္ခုပါပဲ။

သူေျပာသမွ်ကို ကန္႔လန္႔တိုက္ေနတယ္။

သူေျပာတဲ့ ထင္ျမင္ယူဆခ်က္ေတြအားလံုးကို သေဘာမတူဘဲ ကန္႔လန္႔တိုက္ေနတာဟာ ခ်စ္သူႏွစ္ဦးလမ္းခြဲရတဲ့ အဓိကအေၾကာင္းရင္းတစ္ခုပါပဲ။ တစ္ေယာက္ကိုယ္တစ္ေယာက္လည္း နာက်င္ေစသလို ေရရွည္အတြက္လည္း မေကာင္းပါဘူး။

သူနဲ႔ပတ္သတ္ရင္ အၿမဲတမ္းစိတ္ရႈပ္ရတယ္။

သူ႔အေၾကာင္းစဥ္းစားလိုက္တိုင္း အၿမဲတမ္းစိတ္ရႈပ္ရတယ္။ သူနဲ႔ဆို ဘာမွမေျပာခ်င္မလုပ္ခ်င္ဘူးဆိုတာက သင္တို႔ႏွစ္ေယာက္ဆက္ဆံေရးကို ရပ္တန္႔ေစႏိုင္ပါတယ္။

သူနဲ႔ေနတာထက္ တျခားသူေတြနဲ႔ေနတာ (သုိ႔) သီးသန္႔ေနတာ ပိုၿပီးေပ်ာ္တယ္။

သင့္သူငယ္ခ်င္းေတြနဲ႔ အျပင္သြားရင္ပဲျဖစ္ျဖစ္တစ္ေယာက္တည္းေနရင္ပဲျဖစ္ျဖစ္ ပိုၿပီး သက္ေသာင့္သက္သာရွိတယ္။ ပိုၿပီးေနေပ်ာ္တာဟာ သင္သူ႔အေပၚ အခ်စ္ေတြ တျဖည္းျဖည္း ေလွ်ာ့လာၿပီဆိုတဲ့ လကၡဏာရပ္ေတြျဖစ္ၿပီး ခ်စ္သူႏွစ္ဦး လမ္းခြဲရတဲ့ အဓိကအေၾကာင္းရင္းတစ္ခုပါပဲ။

ဒီလိုလကၡဏာရပ္ေတြျဖစ္ေနၿပီဆိုရင္ ေသခ်ာစဥ္းစားပါ။ သင့္ရဲ့အနာဂတ္အတြက္ သူနဲ႔ ဆက္လက္တြဲသင့္ မတြဲသင့္ကို ေသခ်ာစဥ္းစားဆံုးျဖတ္သင့္ပါတယ္။

Credit:Mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ချစ်သူနှစ်ဦးဆက်ဆံရေးမှာ အရာအားလုံး ချောမွေ့အဆင်ပြေနေတာတော့မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အခုဖော်ပြမယ့် လက္ခဏာတွေ အမြဲတမ်းလိုလို ဖြစ်နေရငတော့ လမ်းခွဲဖို့ ဖြစ်လာနိုင်ပါတယ်။

အားလပ်ချိန်တွေကို အတူတူ မကုန်ဆုံးကြဘူး။

ချစ်သူစဖြစ်ပြီဆိုရင် ပြောမကုန် တွေ့လို့မဝတာနဲ့ အမြဲတမ်းလမ်းအတူတူလျှောက် အချိန်ပြည့် သူနဲ့ပဲအတူတူရှိပေမယ့် အချိန်တွေကြာလာနဲ့အမျှ ချစ်သူကို အရင်လို အချိန်တွေမပေးချင်တော့ဘူးဖြစ်လာတတ်ပါတယ်။ အပြင်မှာတွေ့မယ်ပြောလိုက်တိုင်း နှစ်ယောက်အတူတူ လျှောက်သွားမယ်ပြောလိုက်တိုင်း ဆင်ခြင်တွေပေးနေမိတာဟာ ချစ်သူနှစ်ဦး လမ်းခွဲရတဲ့ အဓိကအကြောင်းရင်းတစ်ခုပါပဲ။

သူ့အတွက် ကြိုးစားအားထုတ်မှုမရှိတော့ဘူး။

အရင်တုန်းကဆိုရင် သူနဲ့တွေ့ဖို့ မိုင်ပေါင်းများစွာ ဖြတ်ပြီးသွားနေ သွားလာနေပေမယ့် အခု သူနဲ့ အတူတူရှိနေရ်တောင် သူ့ကို စကားပြောမယ့်အစား ကိုယ့်ဘာသာကိုယ်ပဲ လုပ်ချင်တာလုပ်နေတယ်ဆိုတာဟာ ချစ်သူနှစ်ဦး ဆက်ဆံရေးအတွက် များစွာ ထိခိုက်စေပါတယ်။ သူ့အတွက် အခုလို ကြိုးစား အားထုတ်မှုမရှိတော့ဘူးဆိုရင် လမ်းခွဲနိုင်ချေရှိတဲ့ လက္ခဏာရပ်တစ်ခုဖြစ်ပါတယ်။

အနာဂတ်အတွက် ဘယ်သူမှ မဆွေးနွေးကြဘူး။

ချစ်သူနှစ်ဦး လမ်းခွဲရတဲ့ အဓိကအကြောင်းအရင်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တစ်ချို့ ကောင်မလေး (သို့) ကောင်လေးတွေက ကလေးတွေလိုချင်ကြတယ် အနာဂတ်အတွက် စိတ်ကူးတွေရှိကြပါတယ်။ ဒါပေမယ့် သင်တို့နှစ်ယောက်မှာ အနာဂတ်အတွက် ဘာအစီစဉ်မှမရှိဘူးဆိုရင်တော့ ချစ်သူနှစ်ဦးလမ်းခွဲဖို့ အကြောင်းတစ်ခုပါပဲ။

သူပြောသမျှကို ကန့်လန့်တိုက်နေတယ်။

သူပြောတဲ့ ထင်မြင်ယူဆချက်တွေအားလုံးကို သဘောမတူဘဲ ကန့်လန့်တိုက်နေတာဟာ ချစ်သူနှစ်ဦးလမ်းခွဲရတဲ့ အဓိကအကြောင်းရင်းတစ်ခုပါပဲ။ တစ်ယောက်ကိုယ်တစ်ယောက်လည်း နာကျင်စေသလို ရေရှည်အတွက်လည်း မကောင်းပါဘူး။

သူနဲ့ပတ်သတ်ရင် အမြဲတမ်းစိတ်ရှုပ်ရတယ်။

သူ့အကြောင်းစဉ်းစားလိုက်တိုင်း အမြဲတမ်းစိတ်ရှုပ်ရတယ်။ သူနဲ့ဆို ဘာမှမပြောချင်မလုပ်ချင်ဘူးဆိုတာက သင်တို့နှစ်ယောက်ဆက်ဆံရေးကို ရပ်တန့်စေနိုင်ပါတယ်။

သူနဲ့နေတာထက် တခြားသူတွေနဲ့နေတာ (သို့) သီးသန့်နေတာ ပိုပြီးပျော်တယ်။

သင့်သူငယ်ချင်းတွေနဲ့ အပြင်သွားရင်ပဲဖြစ်ဖြစ်တစ်ယောက်တည်းနေရင်ပဲဖြစ်ဖြစ် ပိုပြီး သက်သောင့်သက်သာရှိတယ်။ ပိုပြီးနေပျော်တာဟာ သင်သူ့အပေါ် အချစ်တွေ တဖြည်းဖြည်း လျှော့လာပြီဆိုတဲ့ လက္ခဏာရပ်တွေဖြစ်ပြီး ချစ်သူနှစ်ဦး လမ်းခွဲရတဲ့ အဓိကအကြောင်းရင်းတစ်ခုပါပဲ။

ဒီလိုလက္ခဏာရပ်တွေဖြစ်နေပြီဆိုရင် သေချာစဉ်းစားပါ။ သင့်ရဲ့အနာဂတ်အတွက် သူနဲ့ ဆက်လက်တွဲသင့် မတွဲသင့်ကို သေချာစဉ်းစားဆုံးဖြတ်သင့်ပါတယ်။

Credit:Mystylemyanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top