iMyanmarHouse.com - Best Property Website for Myanmar
×



Credit:momolay



#Unicode Version

တစ်နေကုန် လှုပ်ရှားသွားလာခဲ့ပြီး အိမ်ပြန်ရောက်တဲ့အခါ ဘာမှ မလှုပ်ရှားချင်လောက်အောင် မောပန်းနွမ်းနယ်နေပြီဆိုရင်တောင် ခြေထောက်တော့ ဆေးဖြစ်အောင် ဆေးဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ညဘက်အိပ်ရာဝင်ခါနီး ခြေထောက်ဆေးကြောပေးတာဟာ အသက်ရှည်ကျန်းမာ အနာကင်းစေဖို့ နည်းလမ်းတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။

အိပ်ရာဝင်ခါနီး ခြေထောက်ရေစိမ်းခြင်းနဲ့ ခြေထောက်ရေဆေးတာတွေ ပြုလုပ်မယ်ဆိုရင် အပူအခိုးအငွေ့တွေကို ထွက်စေပါတယ်။ ဦးနှောက်၊ မျက်လုံးနဲ့ နှလုံးတို့ဟာ ခြေထောက်နဲ့ ချိတ်ဆက်မှုတွေ ရှိနေတာကြောင့် ခြေထောက်ကို ရေဆေးပေးတဲ့အခါ သွေးလည်ပတ်မှုအားကောင်းစေပြီး ဦးနှောက်၊ နှလုံးနဲ့ မျက်စိတို့ရဲ့ ကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။ ဒီလို ပြုလုပ်ခြင်းဟာ ခြေထောက်ရဲ့ အသားရေကိုလည်း ကြည်လင်တောက်ပစေပါတယ်။ ကြွက်သားတွေကို တောင့်တင်းသန်မာစေပြီး အကြောတက်ခြင်းတွေ သက်သာစေပါတယ်။ အာရုံကြောစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ ခြေသည်းတွေ အရောင်ဝါခြင်းတွေလည်း မဖြစ်စေနိုင်ပါဘူး။ ခြေဖနောင့် ကွဲအက်ခြင်းတွေ မဖြစ်စေနိုင်ပါဘူး။


Credit:momolay


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top