iMyanmarHouse.com - Best Property Website for Myanmar
×
Credit:Myanmarload
#Unicode Version
ပရိသတ်အားပေးမှုအပြည့်အဝရရှိထားတဲ့ ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင်အောင်ရဲလင်းကတော့ အချစ်နဲ့ပတ်သက်ပြီး အခုလိုပြောပြလိုက်တာပါ။
ကျွန်တော်ယုံကြည်တာက ဖူးစာပဲလို့ ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင်“အောင်ရဲလင်း”က ပြောပြခဲ့တာပါ။လူသားတစ်ယောက်ဖြစ်တဲ့အတွက် အချစ်ရေးကိစ္စတွေရှိပြီး ပရိတ်သတ်တွေလည်း သိတဲ့အတွက်ကြောင့် အထွေအထူးမပြောချင်ပါဆိုတဲ့ သရုပ်ဆောင်အောင်ရဲလင်းက ဖူးစာကို ယုံကြည်တဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။“အိမ်ထောင်ပြုရမယ့်ကံ ပါလာရင် ပြုရမှာပဲ။အဲဒီလိုပဲ ခံယူထားတယ်။ကျွန်တော်အများကြီး မတွေးထားဘူး။အဓိကကတော့ ကျွန်တော်သည် လူသားတစ်ယောက်ဖြစ်တယ်။ဒါကြောင့် အချစ်ရေးနဲ့ပက်သက်ရင်လည်း ရှိတယ်။ဒါက အားလုံးလည်းသိမှာပါ။အထွေထူး ပြောစရာလည်း မရှိပါဘူး။ဘယ်လောက်ပဲ ချစ်ချစ်ဖူးစာမပါလည်း ဘာမှဖြစ်မလာဘူး။ဘယ်လောက်ပဲ မချစ်လည်း ဖူးစာပါရင် ညားတာပဲ။ကျွန်တော်ယုံကြည်တာက ဖူးစာပဲ ။ ဖူးစာပါရင်တော့ အိမ်ထောင်ပြုရမှာပေါ့ တစ်ယောက်ယောက်နဲ့” ဟု သရုပ်ဆောင်အောင်ရဲလင်းကပြောကြားခဲ့တာပါ။
လက်ရှိမှတော့ ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးပြီး အောင်ရဲလင်း၊ ရွှေမှုံရတီ၊ သင်ဇာဝင့်ကျော် တို့ အဓိကပါဝင် သရုပ်ဆောင် ထားကြတဲ့ “ဝိဉာဉ်ကကြိုး” ရုပ်ရှင်ဇာတ်ကားကြီး မကြာခင်ပြသတော့မှာ ဖြစ်တယ်လို့ ပရိသတ်ကြီးကို သတင်းကောင်းပေးထားပါတယ်။
Credit:Myanmarload
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top