iMyanmarHouse.com - Best Property Website for Myanmar
×


(၁)ခရမ်းချဉ်သီး


(၂)အာလူး


(၃)သံပရို


(၄)ရှားစောင်းလက်ပတ်


(၅)သခွားသီး


(၆)သကြား


Ref;/brightside
Credit:Auntymay

#Unicode Version
အသားအရေဟာ မဖြစ်မနေကို ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။ ပျက်စီး သွားမှ ပြန်ကောင်းလာဖို့ ကြိုးစားထက် မဖြစ်ခင်တည်းက ကြိုပြီး ထိန်းသိမ်း ထားသင့်ပါတယ်။ဒါကြောင့် ပျိုမေတို့အတွက် တကူးတက အပင်ပမ်းခံပြီး တန်ဖိုးကြီး ပစ္စည်းတွေ ကိုလည်း သုံးစရာမလိုပဲ သဘာဝပစ္စည်းလေးတွေ ကို အသုံးပြုပြီး အသားအရေကို အလွယ်တကူ ထိန်း သိမ်း စောင့်ရှောက်နိုင်တဲ့ နည်းလမ်းတွေကို ဝေမျှပေးချင် ပါတယ်။

(၁)ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကို သဘာ၀  mask အဖြစ် သုံးလို့ ရပါတယ်။ခရမ်း ချဉ်သီးကို ပါးပါးလှီးပြီး မျက်နှာပေါ်မှာ မိနစ်(၂၀)လောက် ကပ်ထားလိုက်ရုံပါပဲ။အရေပြား ရောင်ရမ်းတာတွေရှိခဲ့ရင်လည်း ခရမ်းချဉ်သီးနဲ့ပွတ်တိုက်ပေးလိုက်ပါ။အသားအေ ရ ဖြူဝင်းချင်ရင်လည်း ခရမ်းချဉ်သီးနဲ့သံလွင်ဆီကို သုံးပြီး natural mask အဖြစ် အသုံးပြုပေးပါ။

(၂)အာလူး

အာလူးကိုလည်း အသားအရေနုပျိုဖို့ ပစ္စည်းတစ်ခု အနေနဲ့ သုံးလို့ရပါတယ်။ အသားဖြူချင်သူတွေအနေနဲ့လည်းအာလူးကို ဆေးအဖြစ် သုံးလို့ရပါတယ်။ဒါ့ အပြင်မျက်နှာရှိတဲ့ အရေးအကြောင်းတွေကိုလည်း အာလူးက သက်သာစေပါ တယ်။အာလူးကို လှီးပြီး မျက်နှာပေါ်မှာ (၁၅) မိနစ်လောက် ကပ်ပေးရုံပါပဲ။အ သား အရေမှာ အရေးအကြောင်းတွေ ဖြစ်ပေါ်နေပြီဆိုရင်တော့ အာလူးနဲ့ သံပုရိုရည်ကို ရောပြီး (mask) အဖြစ် အသုံးပြုပေးပါ။

(၃)သံပရို

မျက်နှာပေါ်က ဝက်ခြံနဲ့ အစက်အပြောက်တွေကြောင့် စိတ်ညစ်နေရင်တော့ သံပရိုကို သတိရပေးပါ။သံပရိုဟာ အရေပြားကို ချောမွတ်၊ပိုတောက်ပ စေတဲ့ အစွမ်းရှိပါတယ်။သနပ်ခါးနဲ့ရောလိမ်းတာ၊ဒါမှမဟုတ် ဝက်ခြံနဲ့ အစက်အပြောက် နေရာကို သံပရိုရည်ကို ဂွမ်းစနဲ့စွတ်ပြီး သုတ်ပေး၊လိမ်းပေးတာမျိုးလည်း လုပ်လို့ ရပါတယ်။

(၄)ရှားစောင်းလက်ပတ်

ပုံမှန်သုံးပေးရင် မျက်နှာလေးကို ချောမွတ်တောက် ပလာစေပါတယ်။ဝက် ခြံကြောင့် မျက်နှာမှာပျောက်ဖို့ ခက်တဲ့ အစက်အပြောက်နဲ့ အမည်းစက်တွေရှိခဲ့ ရင်လည်း ရှားစောင်းလက်ပတ်ကို ပုံမှန် လိမ်းပေးပါ။mask အဖြစ်သုံးမယ်ဆိုရ င်တော့ (၁၀)မိနစ်လောက် ကပ်ပေးပါ။တစ်ပတ်မှာ တစ်ကြိမ်လောက် ရှားေ စာင်းလက်ပတ်  mask  သုံးပေးမယ်ဆိုရင်တော့ အသားအရေအတွက် သိသိသာသာ အကျိုးရှိစေမှာပါ။

(၅)သခွားသီး

သခွားသီးကလည်း အသားအရေအတွက် ကောင်းတဲ့ သဘာဝပစ္စည်းတွေထဲက တစ်ခုပါ။ဆားဝက်ခြံ၊မျက်နှာမှာချွေးပေါက်ကျယ်တာတွေ အတွက် တော့ သ ဘာ၀ ပစ္စည်းတစ်ခုပါ။ဒါ့အပြင် အသားအရေကို နုပျိုစေတဲ့ သဘာ၀ ပစ္စည်း တစ်ခုဆိုရင်လည်း မမှားပါဘူး။အသုံးပြုပုံကလည်း အရမ်းလွယ်ပါတယ်။လှီးပြီး မျက်နှာပေါ်မှာ (၁၅)မိနစ်လောက် ကပ်ပေးရုံပါပဲ။တစ်ပတ်မှာ ကိုယ်အချိန်ရရင် ရသလောက်လုပ်ပေးပါ။

(၆)သကြား


သကြားကလည်း အသားအရေကို နုပျိုစေတဲ့ ဆေးပါ။သကြားကို လက်ထဲမှာ ထည့်ပြီး မျက်နှာကို ပွတ်ပေးရမှာပါ။ဆဲလ်သေတွေကို ဖယ်ရှားပေးကာ အသား အရေကို နူးညံ့တောက်ပ၊ချောမွတ်လာစေပါတယ်။အရင်ဆုံး မျက်နှာကို သန့်ရှင်းအောင် ဆေးပါ။ပြီးရင်တော့ ရေစိုနေတဲ့ မျက်နှာကို သကြားနဲ့ ပွတ်ပေးရမှာပါ။

Ref;/brightside

Credit:Auntymay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top