iMyanmarHouse.com - Best Property Website for Myanmar
×

ေယာက်ာ္းေလးေတြရဲ ႔ စိတ္ကူးထဲကမိန္းကေလးပံုစံသည္ ဘယ္လိုပံုစံုျဖစ္မလဲဟု မိန္းကေလးတိုင္းစိတ္ကူးမွန္းဆ
မိၾကပါတယ္။အရပ္က ၅ေပေက်ာ္ေက်ာ္ ေလမွာဝဲေနေသာပိတန္းေရာင္ဆံပင္အရွည္၊ပန္းကေလးတပြင့္ကဲ႔သို႔ လွပ
တင့္တယ္ေသာ မ်က္နွာေလးကိုပိုင္ဆိုင္ထားျပီး အသံေလးက coca-cola လိုစိတ္လႈပ္ရွားစြဲမက္ဖြယ္ေကာင္းေသာ
မိန္းကေလးမ်ားလား ဟုေတြးမိတက္ၾကပါတယ္။

သို႔ေပမဲ႔ ေယာက်ာ္းေလးတိုင္း၏ စိတ္ကူးထဲမွ မိန္းကေလးပံုစံနွင့္ မိမိတို႔၏ ပင္ကိုယ္မႈလအသြင္အျပင္နွင့္ ပတ္သက္
ဆက္ႏြယ္မႈမရွိပါ။ မိမိ၏ အလွကိုမိမိအမွန္တကယ္ ျမင္တက္ဖို႔ဘဲလိုပါတယ္။မိမိမွာ သန္စြမ္းက်န္းမာေသာ ကိုယ္ခႏၶာ
ရွိျပီး သန္႔ရွင္းၾကည္လင္ေသာ မ်က္နွာနွင့္ စိတ္ထားေလးကိုသာ ပိုင္ဆိုင္ထားလ်ွင္ မိမိ၏အလွသည္ လူေတြဖန္တီး
လုပ္ယူထားေသာ ပန္းခ်ီကားထက္ေတာင္လွေနပါဦးမည္။

မိမိ၏အလွကိုမက္ေမာ္ေသာ ေယာက္က်ာ္းကိုမရွာေဖြဘဲ မိမိ၏ပင္ကိုယ္ရွိေသာ အလွအပ နွင့္ စိတ္ထားကိုသာ
သေဘာက်နစ္သက္ေသာ ေယာက္က်ာ္းကိုသာ ရွာေဖြပါ။ မိမိကိုတန္ဖိုးထားျပီး မိမိအတြက္ဘယ္အရာလုပ္ေပးဖို႔
အသင့္ရွိေနေသာေယာက္က်ာ္းသည္ မိမိ၏စိတ္အလွကိုမက္ေမာၾကသူမ်ားျဖစ္ပါသည္။

ဒီေဆာင္းပါးေလးမွာေတာ့ စာေရးသူသည္ ေယာက္က်ာ္းေလးေတာ္ေတာ္မ်ားမ်ား သူတို႔ခ်စ္သူအေပၚတြင္လိုခ်င္
တပ္မက္ေလ့ရွိေသာ အခ်က္အလတ္မ်ားကို အေလးစိတ္္ေဖာ္ျပထားပါတယ္ေနာ္။

၁။ ေလးစားမႈရွိျပီး အသိအမွတ္ျပဳပါ။

မိမိကိုယ္ကို ေလးစားမႈရွိေသာမိန္းကေလးကို ေယာက္က်ာ္းေလးတိုင္း တန္ဖိုးထားၾကပါတယ္။ မိမိကိုယ္ကိုေလး
စားသည္ ဆိုသည္မွာ အဝတ္အစားကအစ ေနပံုထိုင္ပံုဆက္ဆံပံုကအဆံုး ေလးေလးနက္နက္ရွိျပီး လူတိုင္းအေပၚ
မွာရိုေသေလးစားမႈရွိတာကို ရည္းညြန္းပါတယ္။

မိန္းကေလးမ်ား မ်ားေသာအားျဖင့္ မိမိခ်စ္သူ၏ နားလည္မႈအျပည့္အဝရခ်င္ျပီး အခ်စ္ခံခ်င္ၾကပါတယ္။ေယာက္်ား
ေလးမ်ားကေတာ့ သူတို႔ကို ေလးစားျပီးအသိမွတ္ျပဳတာကို ခံယူခ်င္ၾကပါတယ္။ရည္းစားသက္တမ္းတေလ်ာက္မွာ
မိန္းကေလးမ်ား မိမိခ်စ္သူ၏ လိုအပ္ခ်က္ေတြ မိမိအေပၚျဖည့္ဆည္းမေပးခဲ႔တဲ႔ အေၾကာင္းအရာေတြမွာ အာရံုစိုက္
ေနမည့္အစား မိမိအေပၚခ်စ္သူနားလည္ေပးခဲ႔တာေတြ သူတက္နိုင္သေလာက္မိမိလိုခ်င္တာကိုျဖည့္ဆည္းေပးဖို႔
ၾကိဳးစားခဲ႔တာေတြကိုေသေသခ်ာခ်ာစဥ္းစားၾကည့္ျပီး အသိအမွတ္ျပဳပါ။

၂။ မိမိလိုအပ္ခ်က္ေတြသည္ မိမိတစ္ဦးတည္းနွင့္သာသက္ဆိုင္ပါသည္။

မိန္းကေလးေတာ္ေတာ္မ်ားမ်ားမွာ ေတြ႔ရွိရတက္ပါတယ္။ ေယာက္က်ာ္းေလးေတြသည္ သဘာဝအရ ေပးဆပ္သူ
မ်ားျဖစ္ၾကပါသည္။မိန္းကေလးေတြသည္ မိမိ၏ေနာက္ခံမိသားစု ခ်မ္းသာသည္ျဖစ္ေစ ဆင္းရဲသည္ျဖစ္ေစ မိမိအား
ကိုးရေသာ ခ်စ္သူကိုသာရွာၾကေလ့ရွိပါသည္ အဘယ္ေၾကာင့္ဆိုေသာ္ မိမိ၏ျပသနာမ်ား(သို႔ ) မိမိတစ္ဦးတည္းနွင့္
မေျဖရွင္းနိူင္ေသာ အေၾကာင္းအရာမ်ားကို ကူညီေျဖရွင္းေပးေသာ အနီးဆံုးလူတစ္ဦးကိုလိုခ်င္ၾကလို႔ပါ။ ထိုလူသည္
လည္း မိမိ၏အေရွ႔တြင္မားမားမတ္မတ္ျဖင့္ မိမိကိုဦးေဆာင္နိူင္ေသာ လူသာျဖစ္ေစခ်င္ၾကပါသည္။

ေယာက်ာ္းေလးမ်ားသည္ လည္းမိမိ၏ခ်စ္သူကို ေပးဆပ္ခ်င္ၾကပါသည္။ မည့္သည့္အခတ္အခဲကိုမဆို အေရွ ႔မွာ
မားမားမတ္မတ္ရပ္တည္ျပီး မိမိခ်စ္သူေပ်ာ္ရြင္ေစခ်င္ၾကပါသည္။ဒါေပမဲ႔ သူတို႔မလိုခ်င္တာကေတာ့ သူတို႔ကိုအမိန္႔
ေပးသလို ၾကိဳးဆြဲျပီး ခိုင္းေစတာဘဲျဖစ္ပါသည္။

မိန္းကေလးတေယာက္မွ တစ္ခုခုကိုလိုခ်င္ျပီး ေျဖရွင္းခ်င္ျပီးဆိုလ်ွင္ အမိန္ေပးသလိုေျပာဆိုတက္ေလ့ရွိပါသည္။
စိတ္္ေလာျပီး မိမိခ်စ္သူ ကူညီေပးတာမ်ိဳး အၾကံေပးတာမ်ိဳးကို လက္ခံေလ့မရွိဘဲ တစ္ဇြတ္ထိုးလုပ္ေဆာင္ေလ့ရွိ
ပါသည္။ထို႔ေၾကာင့္ ေယာက္်ားေလးမ်ားသည္ မိမိ၏အရည္အေသြးကို ခ်စ္သူထံထုတ္ေဖာ္ျပသခြင့္မရွိဘဲ မိမိကို
ခ်စ္သူက အေလးမထားမႈေတြခံစားေစရပါေတာ့သည္။

ေကာင္းမြန္ေသာ အခ်စ္ေရးတစ္ခုတည္ေဆာက္လိုလ်ွင္ မိန္းကေလးမ်ား မိမိ၏ခ်စ္သူကို အေလးထားျပီး တိုင္တိုင္
ပင္ပင္ ေနေလ့ရွိပါ။

ကဲ စာဖတ္သူ မိန္းကေလးပိရိတ္သက္တို႔ေရ အထက္ပါနည္းလမ္းေတြကိုေသေသခ်ာခ်ာ လိုက္နာက်င့္သံုးလ်ွင္
မိမိ၏ခ်စ္သူနွင့္ ဆက္ဆံေရးအလြန္ပင္ေကာင္းမြန္လာျပီး မိမိခ်စ္သူ၏ အမွန္တကယ္လိုအပ္ေနေသာ မိန္းကေလး
တစ္ေယာက္ျဖစ္လာေစနိုင္ပါတယ္ေနာ္။

Credit:Myo Myo (auntymay)
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ယောကျာ်းလေးတွေရဲ့ စိတ်ကူးထဲကမိန်းကလေးပုံစံသည် ဘယ်လိုပုံစုံဖြစ်မလဲဟု မိန်းကလေးတိုင်းစိတ်ကူးမှန်းဆ
မိကြပါတယ်။အရပ်က ၅ပေကျော်ကျော် လေမှာဝဲနေသောပိတန်းရောင်ဆံပင်အရှည်၊ပန်းကလေးတပွင့်ကဲ့သို့ လှပ
တင့်တယ်သော မျက်နှာလေးကိုပိုင်ဆိုင်ထားပြီး အသံလေးက coca-cola လိုစိတ်လှုပ်ရှားစွဲမက်ဖွယ်ကောင်းသော
မိန်းကလေးများလား ဟုတွေးမိတက်ကြပါတယ်။

သို့ပေမဲ့ ယောကျာ်းလေးတိုင်း၏ စိတ်ကူးထဲမှ မိန်းကလေးပုံစံနှင့် မိမိတို့၏ ပင်ကိုယ်မှုလအသွင်အပြင်နှင့် ပတ်သက်
ဆက်နွယ်မှုမရှိပါ။ မိမိ၏ အလှကိုမိမိအမှန်တကယ် မြင်တက်ဖို့ဘဲလိုပါတယ်။မိမိမှာ သန်စွမ်းကျန်းမာသော ကိုယ်ခန္ဓာ
ရှိပြီး သန့်ရှင်းကြည်လင်သော မျက်နှာနှင့် စိတ်ထားလေးကိုသာ ပိုင်ဆိုင်ထားလျှင် မိမိ၏အလှသည် လူတွေဖန်တီး
လုပ်ယူထားသော ပန်းချီကားထက်တောင်လှနေပါဦးမည်။

မိမိ၏အလှကိုမက်မော်သော ယောက်ကျာ်းကိုမရှာဖွေဘဲ မိမိ၏ပင်ကိုယ်ရှိသော အလှအပ နှင့် စိတ်ထားကိုသာ
သဘောကျနစ်သက်သော ယောက်ကျာ်းကိုသာ ရှာဖွေပါ။ မိမိကိုတန်ဖိုးထားပြီး မိမိအတွက်ဘယ်အရာလုပ်ပေးဖို့
အသင့်ရှိနေသောယောက်ကျာ်းသည် မိမိ၏စိတ်အလှကိုမက်မောကြသူများဖြစ်ပါသည်။

ဒီဆောင်းပါးလေးမှာတော့ စာရေးသူသည် ယောက်ကျာ်းလေးတော်တော်များများ သူတို့ချစ်သူအပေါ်တွင်လိုချင်
တပ်မက်လေ့ရှိသော အချက်အလတ်များကို အလေးစိတ်ဖော်ပြထားပါတယ်နော်။

၁။ လေးစားမှုရှိပြီး အသိအမှတ်ပြုပါ။

မိမိကိုယ်ကို လေးစားမှုရှိသောမိန်းကလေးကို ယောက်ကျာ်းလေးတိုင်း တန်ဖိုးထားကြပါတယ်။ မိမိကိုယ်ကိုလေး
စားသည် ဆိုသည်မှာ အဝတ်အစားကအစ နေပုံထိုင်ပုံဆက်ဆံပုံကအဆုံး လေးလေးနက်နက်ရှိပြီး လူတိုင်းအပေါ်
မှာရိုသေလေးစားမှုရှိတာကို ရည်းညွန်းပါတယ်။

မိန်းကလေးများ များသောအားဖြင့် မိမိချစ်သူ၏ နားလည်မှုအပြည့်အဝရချင်ပြီး အချစ်ခံချင်ကြပါတယ်။ယောက်ျား
လေးများကတော့ သူတို့ကို လေးစားပြီးအသိမှတ်ပြုတာကို ခံယူချင်ကြပါတယ်။ရည်းစားသက်တမ်းတလျောက်မှာ
မိန်းကလေးများ မိမိချစ်သူ၏ လိုအပ်ချက်တွေ မိမိအပေါ်ဖြည့်ဆည်းမပေးခဲ့တဲ့ အကြောင်းအရာတွေမှာ အာရုံစိုက်
နေမည့်အစား မိမိအပေါ်ချစ်သူနားလည်ပေးခဲ့တာတွေ သူတက်နိုင်သလောက်မိမိလိုချင်တာကိုဖြည့်ဆည်းပေးဖို့
ကြိုးစားခဲ့တာတွေကိုသေသေချာချာစဉ်းစားကြည့်ပြီး အသိအမှတ်ပြုပါ။

၂။ မိမိလိုအပ်ချက်တွေသည် မိမိတစ်ဦးတည်းနှင့်သာသက်ဆိုင်ပါသည်။

မိန်းကလေးတော်တော်များများမှာ တွေ့ရှိရတက်ပါတယ်။ ယောက်ကျာ်းလေးတွေသည် သဘာဝအရ ပေးဆပ်သူ
များဖြစ်ကြပါသည်။မိန်းကလေးတွေသည် မိမိ၏နောက်ခံမိသားစု ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ မိမိအား
ကိုးရသော ချစ်သူကိုသာရှာကြလေ့ရှိပါသည် အဘယ်ကြောင့်ဆိုသော် မိမိ၏ပြသနာများ(သို့ ) မိမိတစ်ဦးတည်းနှင့်
မဖြေရှင်းနိူင်သော အကြောင်းအရာများကို ကူညီဖြေရှင်းပေးသော အနီးဆုံးလူတစ်ဦးကိုလိုချင်ကြလို့ပါ။ ထိုလူသည်
လည်း မိမိ၏အရှေ့တွင်မားမားမတ်မတ်ဖြင့် မိမိကိုဦးဆောင်နိူင်သော လူသာဖြစ်စေချင်ကြပါသည်။

ယောကျာ်းလေးများသည် လည်းမိမိ၏ချစ်သူကို ပေးဆပ်ချင်ကြပါသည်။ မည့်သည့်အခတ်အခဲကိုမဆို အရှေ့မှာ
မားမားမတ်မတ်ရပ်တည်ပြီး မိမိချစ်သူပျော်ရွင်စေချင်ကြပါသည်။ဒါပေမဲ့ သူတို့မလိုချင်တာကတော့ သူတို့ကိုအမိန့်
ပေးသလို ကြိုးဆွဲပြီး ခိုင်းစေတာဘဲဖြစ်ပါသည်။

မိန်းကလေးတယောက်မှ တစ်ခုခုကိုလိုချင်ပြီး ဖြေရှင်းချင်ပြီးဆိုလျှင် အမိန်ပေးသလိုပြောဆိုတက်လေ့ရှိပါသည်။
စိတ်လောပြီး မိမိချစ်သူ ကူညီပေးတာမျိုး အကြံပေးတာမျိုးကို လက်ခံလေ့မရှိဘဲ တစ်ဇွတ်ထိုးလုပ်ဆောင်လေ့ရှိ
ပါသည်။ထို့ကြောင့် ယောက်ျားလေးများသည် မိမိ၏အရည်အသွေးကို ချစ်သူထံထုတ်ဖော်ပြသခွင့်မရှိဘဲ မိမိကို
ချစ်သူက အလေးမထားမှုတွေခံစားစေရပါတော့သည်။

ကောင်းမွန်သော အချစ်ရေးတစ်ခုတည်ဆောက်လိုလျှင် မိန်းကလေးများ မိမိ၏ချစ်သူကို အလေးထားပြီး တိုင်တိုင်
ပင်ပင် နေလေ့ရှိပါ။

ကဲ စာဖတ်သူ မိန်းကလေးပိရိတ်သက်တို့ရေ အထက်ပါနည်းလမ်းတွေကိုသေသေချာချာ လိုက်နာကျင့်သုံးလျှင်
မိမိ၏ချစ်သူနှင့် ဆက်ဆံရေးအလွန်ပင်ကောင်းမွန်လာပြီး မိမိချစ်သူ၏ အမှန်တကယ်လိုအပ်နေသော မိန်းကလေး
တစ်ယောက်ဖြစ်လာစေနိုင်ပါတယ်နော်။

Credit:Myo Myo (auntymay)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top