iMyanmarHouse.com - Best Property Website for Myanmar
×


သံပုရာသီးမှာ ဗီတာမင် စီ ပါဝင်မှုများတာကြောင့် လူ့ကျန်းမာရေးအတွက် အထောက်အကူပြုတယ်လို့ လူတိုင်းသိပြ်ီးသားဖြစ်မှာပါ။







Credit: Thinkayta

#Unicode Version#
သံပုရာသီးဖြစ်ဖြစ် သံပယိုသီးဖြစ်ဖြစ်ရပါတယ်။ ဒါပေမယ့် သံပုရာသီးက ဆေးဖက်ပိုဝင်တော့ ပိုပြီးထိရောက်မှုရှိတာပေါ့။

သံပုရာသီးမှာ ဗီတာမင် စီ ပါဝင်မှုများတာကြောင့် လူ့ကျန်းမာရေးအတွက် အထောက်အကူပြုတယ်လို့ လူတိုင်းသိြပ်ီးသားဖြစ်မှာပါ။

သံပုရာသီးရဲ့ စွမ်းဆောင်ရည်က ဒါတင်မဟုတ်သေးပါဘူး။ အိပ်ရာဘေးမှာထားရင်လည်း အကျိုးကျေးဇူးတွေ အများကြီးရပါတယ်။

သံပုရာသီးအလုံးလိုက် ထားတာထက်စာရင် ခွဲခြမ်းပြီးထားတာ ပိုကောင်းပါတယ်။
ခေါင်းမူးရင် သံပုရာသီးရှူဖူးကြမှာပါ။ သူ့အနံမှာပါဝင်တဲ့ စစ်ထရစ်ဓာတ်ဟာ အိပ်နေတဲ့လူရဲ့ အာရံကြောတွေကို တည်ငြိမ်စေတာကြောင့် စိုးရိမ်ပူပန်မှုတွေကို လျှော့ကျစေပါတယ်။

တစ်နေ့တာ ပင်ပန်းနွမ်းနွယ်လာတဲ့လူတစ်ယောက်အတွက် အရမ်းအသုံးဝင်ပါတယ်။
သံပုရာသီး အိပ်ရာဘေးထားအိပ်တဲ့လူတွေဟာ စိတ်အာရုံစုစည်းမှုပိုကောင်းလာမယ်။

မှတ်နိုင်မှုနှုန်းတိုးလာမယ်။ ဂျပန်ပညာရှင်တွေ လေ့လာတွေ့ရှိချက်အရ အလုပ်ခုံပေါ်မှာ သံပုရာသီးချပြီး အလုပ်လုပ်တဲ့လူတွေဟာ အမှားလုပ်တာပိုနည်းပါတယ်။

စိတ်ဖိစည်းနေတဲ့ လူတစ်ယောက်အတွက် သံပုရာနံ့က ဖိအားဒဏ်ကိုလျှော့ကျစေပါတယ်။
သံပုရာက အနံမွှေးတာတင်မကပါဘူး အခန်းထဲက လေထဲမှာ ပါဝင်နေတဲ့ ပိုးမွှား ဘတ်တီးရီးယားတွေကိုလည်း သန့်စင်ပေးပါတယ်။

သွေးတိုးရှိတဲ့လူအတွက်လည်း သံပုရာနံ့က သွေးအားကျစေတဲ့နေရာမှာ ကူညီပေးပါတယ်။
ပုရွက်ဆိတ်၊ ခြင်၊ ယင်ကောင် အစရှိတဲ့ ပိုးမွှားသေးသေးလေးတွေက သံပုရာနံရှိနေတဲ့ အခန်းဆို သိပ်မကပ်ချင်ကြပါဘူး။ ပိုပြီးထိရောက်ချင်ရင်တော့ လေညှင်းပွင့်လေးတွေကို ပုံပါအတိုင်း သံပုရာစိတ်တွေမှာစိုက်ထားလိုက်ပါ။

ခြင်၊ယင်ဖြန်းဆေးတွေအတွက် ပိုက်ဆံကုန်စရာမလိုတော့ပါဘူး။
သဘာဝဆေးဖက်ဝင်ပစ္စည်းတွေက လူလုပ်ဓာတုပစ္စည်းတွေလောက် အကျိုးထိရောက်မှုမမြန်ပေမယ့် ဘေးထွက်ဆိုးကျိုးမရှိပါဘူး။ ဒါကြောင့် သံပုရာသီးကိုလည်း နေ့တိုင်းအိပ်ရာဘေးချအိပ်ပါက သိသာတဲ့အကျိုးကျေးဇူးတွေရလာမှာပါ။
ဒီနေ့ကစပြီး စမ်းကြည့်ရအောင်နော် ☺
Credit: Thinkayta

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top