iMyanmarHouse.com - Best Property Website for Myanmar
×

ဆရာရွင့္၊
ညီမမ်က္လံုးေအာက္(ေအာက္မ်က္ခမ္း) အေရျပားတဝိုက္မွာအဖုေသးေလးေတြရွိပါတယ္။ ယားတာ၊နာတာ၊ၾကီးလာတာမရွိပါဘူး၊ သိခ်င္တာကဘာေရာဂါျဖစ္တာပါလဲ ၊ေပ်ာက္ကင္းေအာင္ဘယ္လိုလုပ္ရမလဲ၊ကူညီေပးပါဦးေနာ္။
ေလးစားစြာျဖင့္

ဓာတ္ပံုပါတခါတည္းပို႕လိုက္တာ ေကာင္းပါတယ္။ ေတြ႕တာကို ေျပာရရင္ Syringomaဆိုတဲ့ အေရျပားေရာဂါတမ်ိဳးျဖစ္နိုင္ပါတယ္။ ကင္ဆာမဟုတ္တဲ့ benign bump အေရျပားေရာဂါတမ်ိဳးပါ။ ပါးျပင္အထက္ပိုင္းနဲ႕ မ်က္ခြံေအာက္ပိုင္းေနရာမ်ိဳးမွာ အေတြ႕မ်ားတယ္။

တဖက္မွာျဖစ္ရင္ေနာက္တဖက္မွာလည္းျဖစ္နိုင္တယ္။တံေတာင္၊ရင္ဘတ္၊ဆီးစပ္ေတြမွာလည္း ျဖစ္ၾကတယ္။ ျဖစ္တဲ့ေနရာက နာတာ၊ယားတာမရွိတတ္ဘူး။ အစုလိုက္ျဖစ္တတ္သလို တလံုးခ်င္းလည္း ျဖစ္နိုင္တယ္။ iceberg သေဘာ အေပၚမွာျမင္ရသလို ေအာက္ေျခမွာလည္းေဖာင္းေနတတ္တယ္။ ဘာ့ေၾကာင့္ျဖစ္လဲေမးရင္ ေခၽြးဂလင္းရဲ႕ ျပြန္မွာ ဆဲလ္ေတြပံုမွန္ထက္ပြားမ်ားလာျပီး ပိတ္သြားတဲ့အခါ အဖုေသးေလးေတြ ျဖစ္လာပါတယ္။

ဒါ့ေၾကာင့္ျဖစ္တဲ့ေရာဂါဟာ ေခၽြးဂလင္းပိတ္လို႕ ျဖစ္ရတာပါ။မ်ိဳးရိုး၊စိတ္ဖိစီးမႈေတြေၾကာင့္ ျဖစ္တတ္ျပီး အပ်ိဳဝင္စကေန သက္လတ္အရြယ္ေတြထိျဖစ္နိုင္တယ္။ အမ်ိဳးသမီးေတြမွာ ပိုေတြ႕ရတယ္။သိေစခ်င္တာက ဝက္ ျခံလို အဆီဂလင္းပိတ္တာမဟုတ္ဘူး။ ညွစ္တာ၊ခြဲစိတ္တာမလုပ္သင္ဘူး။လိမ္းေဆး bichloroacetic acid(BCA)လိမ္းေပးနိုင္တယ္။ ေဆးကအလုပ္ျဖစ္ရင္ ၁ပတ္အတြင္း သိသာလာတယ္။ မရရင္ေနာက္တနည္း လွ်ပ္စီးေၾကာင္းသံုးျပီး ဖ်က္ဆီးနိုင္တယ္။ electrocauteryေခၚတဲ့ လွ်ပ္စစ္ေခ်ာင္းငယ္ probeသံုးျပီး ဖ်က္ဆီးနိုင္တယ္။ အေရျပားဆရာဝန္ကသာျပဳလုပ္ေပးတယ္။ အမာရြတ္၊အမဲစက္က်န္တတ္တယ္။လက္ဆအနည္းအမ်ားက စကားေျပာတယ္။ အေရျပားဆရာဝန္တခ်ိဳ႕ကိုသြားျပရင္ carbon dioxide laserလုပ္ေပးနိုင္မယ္ထင္ပါတယ္။တခ်ိဳ႕ကေလဆာျဖစ္လို႕ ေၾကာက္ၾကတယ္။ဘာမွမလုပ္ဘဲထားရင္လည္းျပႆနာၾကီးၾကီးမားမားမရွိပါဘူး။ကင္ဆာကိုလည္း မျဖစ္ေစနိုင္ဘူး။ စိတ္ဒုကၡေတာ့နည္းနည္းေရာက္တာေပါ့။

Credit:ေဒါက္တာ ေအးမင္းထူး 

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version#
ဆရာရှင့်၊
ညီမမျက်လုံးအောက်(အောက်မျက်ခမ်း) အရေပြားတဝိုက်မှာအဖုသေးလေးတွေရှိပါတယ်။ ယားတာ၊နာတာ၊ကြီးလာတာမရှိပါဘူး၊ သိချင်တာကဘာရောဂါဖြစ်တာပါလဲ ၊ပျောက်ကင်းအောင်ဘယ်လိုလုပ်ရမလဲ၊ကူညီပေးပါဦးနော်။
လေးစားစွာဖြင့်

ဓာတ်ပုံပါတခါတည်းပို့လိုက်တာ ကောင်းပါတယ်။ တွေ့တာကို ပြောရရင် Syringomaဆိုတဲ့ အရေပြားရောဂါတမျိုးဖြစ်နိုင်ပါတယ်။ ကင်ဆာမဟုတ်တဲ့ benign bump အရေပြားရောဂါတမျိုးပါ။ ပါးပြင်အထက်ပိုင်းနဲ့ မျက်ခွံအောက်ပိုင်းနေရာမျိုးမှာ အတွေ့များတယ်။ တဖက်မှာဖြစ်ရင်နောက်တဖက်မှာလည်းဖြစ်နိုင်တယ်။တံတောင်၊ရင်ဘတ်၊ဆီးစပ်တွေမှာလည်း ဖြစ်ကြတယ်။ ဖြစ်တဲ့နေရာက နာတာ၊ယားတာမရှိတတ်ဘူး။ အစုလိုက်ဖြစ်တတ်သလို တလုံးချင်းလည်း ဖြစ်နိုင်တယ်။ iceberg သဘော အပေါ်မှာမြင်ရသလို အောက်ခြေမှာလည်းဖောင်းနေတတ်တယ်။ ဘာ့ကြောင့်ဖြစ်လဲမေးရင် ချွေးဂလင်းရဲ့ ပြွန်မှာ ဆဲလ်တွေပုံမှန်ထက်ပွားများလာပြီး ပိတ်သွားတဲ့အခါ အဖုသေးလေးတွေ ဖြစ်လာပါတယ်။ ဒါ့ကြောင့်ဖြစ်တဲ့ရောဂါဟာ ချွေးဂလင်းပိတ်လို့ ဖြစ်ရတာပါ။မျိုးရိုး၊စိတ်ဖိစီးမှုတွေကြောင့် ဖြစ်တတ်ပြီး အပျိုဝင်စကနေ သက်လတ်အရွယ်တွေထိဖြစ်နိုင်တယ်။ အမျိုးသမီးတွေမှာ ပိုတွေ့ရတယ်။သိစေချင်တာက ဝက်ခြံလို အဆီဂလင်းပိတ်တာမဟုတ်ဘူး။ ညှစ်တာ၊ခွဲစိတ်တာမလုပ်သင်ဘူး။လိမ်းဆေး bichloroacetic acid(BCA)လိမ်းပေးနိုင်တယ်။ ဆေးကအလုပ်ဖြစ်ရင် ၁ပတ်အတွင်း သိသာလာတယ်။ မရရင်နောက်တနည်း လျှပ်စီးကြောင်းသုံးပြီး ဖျက်ဆီးနိုင်တယ်။ electrocauteryခေါ်တဲ့ လျှပ်စစ်ချောင်းငယ် probeသုံးပြီး ဖျက်ဆီးနိုင်တယ်။ အရေပြားဆရာဝန်ကသာပြုလုပ်ပေးတယ်။ အမာရွတ်၊အမဲစက်ကျန်တတ်တယ်။လက်ဆအနည်းအများက စကားပြောတယ်။ အရေပြားဆရာဝန်တချို့ကိုသွားပြရင် carbon dioxide laserလုပ်ပေးနိုင်မယ်ထင်ပါတယ်။တချို့ကလေဆာဖြစ်လို့ ကြောက်ကြတယ်။ဘာမှမလုပ်ဘဲထားရင်လည်းပြဿနာကြီးကြီးမားမားမရှိပါဘူး။ကင်ဆာကိုလည်း မဖြစ်စေနိုင်ဘူး။ စိတ်ဒုက္ခတော့နည်းနည်းရောက်တာပေါ့။


Credit:ဒေါက်တာ အေးမင်းထူး


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top