iMyanmarHouse.com - Best Property Website for Myanmar
×


ေခၽြးေပါက္က်ယ္လို႔ စိတ္ညစ္ေနပါသလား။ လံုးဝမညစ္ပါနဲ႔။ အခုေျပာမယ့္နည္းက ေခၽြးေပါက္က်ယ္သူေတြကို အေကာင္းဆံုး ျပဳျပင္ေပးမယ့္နည္းတခု ျဖစ္လို႔ပါ။ ၿပီးေတာ့ မိတ္ကပ္လိမ္ၿပီး အဆီျပန္တတ္သူေတြအတြက္လည္း အသံုးဝင္ျပန္တယ္။ ျပဳလုပ္ရတာလည္း မခက္လွပါ။ အင္မတန္ လြယ္ကူ႐ိုးစင္းတယ္။ ပစၥည္းကလည္း ၾကက္ဥအကာကို သံုးရံုပါပဲ။ ေျပာစရာတခုရွိတာက နည္းနည္းလက္ဝင္တာ။ ၾကက္ဥအကာကို ခရင္မ္ပံုစံျဖစ္တဲ့အထိ အဆက္မျပတ္ေတာ့ ေခါက္ေပးရပါတယ္။ ဒီနည္းက မ်က္ႏွာေခၽြးေပါက္ေတြကို သိသိသာသာ သက္သာေစၿပီး အဆီျပန္ျခင္းကို ကင္းစင္ေစတယ္။ တခ်ဳိ႕က bubble foam mask လို႔ေခၚတယ္။

ဘာေတြလိုလဲ
ၾကက္ဥအကာ - (၁) လံုး
သၾကား - ထမင္းစားဇြန္း (၁) ဇြန္း

လတ္လတ္ဆတ္ဆတ္ ၾကက္ဥတလံုးကို ေဖာက္ၿပီး အကာကို ပန္းကန္လံုးတခုထဲထည့္ပါ။ အဝါႏွစ္ လံုးဝမပါေစရ။(အဝါႏွစ္ပါ႐င္ ဆက္ လုပ္လို႔မရေတာ့ပါ) ပန္းကန္ေရြးတဲ့အခါ စတီးပန္းကန္ကို သံုးရင္ အေကာင္းဆံုးျဖစ္တယ္။ ပန္းကန္ထဲကို သၾကား ထမင္းစားဇြန္း (၁)ဇြန္း ထပ္ထည့္ပါ။ ၾကက္ဥအကာနဲ႔ သၾကားကို ေရာေမႊၿပီး ခေလာက္ပါ။ ေမႊတဲ့အခါ ခေလာက္တံ(whisk)တခုခုသံုးရပါမယ္။ ၾကက္ဥအကာကို အရည္ကေန ခရင္မ္ပံုစံျဖစ္တဲ့အထိ စိတ္ရွည္လက္ရွည္ ေခါက္ရမယ္။လုပ္တဲ့အခါ ၾကက္ဥအကာထဲ သၾကားမထည့္လဲရပါတယ္။ သို႔ေသာ္ သၾကားထည့္ျခင္းအားျဖင့္ ေခါက္ရလြယ္ကူသလို အရည္လည္း ပိုပ်စ္လြယ္တယ္။

ဒီေနရာမွာ ေခါက္တဲ့အခါ အေပၚေအာက္ေခါက္ခ်က္ကို ခပ္တ္ိုတိုသာ သံုးရမယ္။ အစပိုင္းျဖည္းျဖည္းနဲ႔ပံုမွန္ေခါက္ပါ၊ ၿပီးရင္ တျဖည္းျဖည္း ျမန္လာပါ။ ေခါက္ခါစမွာ အျမႈပ္ထလာလိမ့္မယ္။ မရပ္ပါနဲ႔။ ဆက္ေခါက္ပါ။ အျမႈပ္ကေန ခရင္မ္ပံုစံ(stiff peak) ေရာက္တဲ့အထိ အဆက္မျပတ္ေခါက္ရမွာ ျဖစ္တယ္။ ပံုမွန္အားျဖင့္ ငါးမိနစ္ခန္႔ ေခါက္ရတယ္။ရလာတဲ့ ခရင္မ္ပံုစံ(ၾကက္ဥအကာ)ကို မ်က္ႏွာေပၚ လိမ္းၿပီး ၁၅ မိနစ္ခန္႔ ထားပါ။ ၿပီးရင္ ေရနဲ႔ မ်က္ႏွာျပန္သစ္ပါ။ ဒီေခၽြးေပါက္က်ဥ္းတဲ့နည္းကို ညအိပ္ခါနီးတိုင္း ျပဳလုပ္သင့္ပါတယ္။ ေန႔စဥ္ျပဳလုပ္ျခင္းအားျဖင့္ တပတ္အတြင္း ေခၽြးေပါက္က်ယ္ျခင္းကို သိသိသာသာ သက္သာေစမွာ ျဖစ္တယ္။
Credit:ေဒါက္တာ ေအးမင္းထူး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#

ချွေးပေါက်ကျယ်လို့ စိတ်ညစ်နေပါသလား။ လုံးဝမညစ်ပါနဲ့။ အခုပြောမယ့်နည်းက ချွေးပေါက်ကျယ်သူတွေကို အကောင်းဆုံး ပြုပြင်ပေးမယ့်နည်းတခု ဖြစ်လို့ပါ။ ပြီးတော့ မိတ်ကပ်လိမ်ပြီး အဆီပြန်တတ်သူတွေအတွက်လည်း အသုံးဝင်ပြန်တယ်။ ပြုလုပ်ရတာလည်း မခက်လှပါ။ အင်မတန် လွယ်ကူရိုးစင်းတယ်။ ပစ္စည်းကလည်း ကြက်ဥအကာကို သုံးရုံပါပဲ။ ပြောစရာတခုရှိတာက နည်းနည်းလက်ဝင်တာ။ ကြက်ဥအကာကို ခရင်မ်ပုံစံဖြစ်တဲ့အထိ အဆက်မပြတ်တော့ ခေါက်ပေးရပါတယ်။ ဒီနည်းက မျက်နှာချွေးပေါက်တွေကို သိသိသာသာ သက်သာစေပြီး အဆီပြန်ခြင်းကို ကင်းစင်စေတယ်။ တချို့က bubble foam mask လို့ခေါ်တယ်။

ဘာတွေလိုလဲ
ကြက်ဥအကာ - (၁) လုံး
သကြား - ထမင်းစားဇွန်း (၁) ဇွန်း

လတ်လတ်ဆတ်ဆတ် ကြက်ဥတလုံးကို ဖောက်ပြီး အကာကို ပန်းကန်လုံးတခုထဲထည့်ပါ။ အဝါနှစ် လုံးဝမပါစေရ။(အဝါနှစ်ပါရင် ဆက် လုပ်လို့မရတော့ပါ) ပန်းကန်ရွေးတဲ့အခါ စတီးပန်းကန်ကို သုံးရင် အကောင်းဆုံးဖြစ်တယ်။ ပန်းကန်ထဲကို သကြား ထမင်းစားဇွန်း (၁)ဇွန်း ထပ်ထည့်ပါ။ ကြက်ဥအကာနဲ့ သကြားကို ရောမွှေပြီး ခလောက်ပါ။ မွှေတဲ့အခါ ခလောက်တံ(whisk)တခုခုသုံးရပါမယ်။ ကြက်ဥအကာကို အရည်ကနေ ခရင်မ်ပုံစံဖြစ်တဲ့အထိ စိတ်ရှည်လက်ရှည် ခေါက်ရမယ်။လုပ်တဲ့အခါ ကြက်ဥအကာထဲ သကြားမထည့်လဲရပါတယ်။ သို့သော် သကြားထည့်ခြင်းအားဖြင့် ခေါက်ရလွယ်ကူသလို အရည်လည်း ပိုပျစ်လွယ်တယ်။

ဒီနေရာမှာ ခေါက်တဲ့အခါ အပေါ်အောက်ခေါက်ချက်ကို ခပ်တိုတိုသာ သုံးရမယ်။ အစပိုင်းဖြည်းဖြည်းနဲ့ပုံမှန်ခေါက်ပါ၊ ပြီးရင် တဖြည်းဖြည်း မြန်လာပါ။ ခေါက်ခါစမှာ အမြှုပ်ထလာလိမ့်မယ်။ မရပ်ပါနဲ့။ ဆက်ခေါက်ပါ။ အမြှုပ်ကနေ ခရင်မ်ပုံစံ(stiff peak) ရောက်တဲ့အထိ အဆက်မပြတ်ခေါက်ရမှာ ဖြစ်တယ်။ ပုံမှန်အားဖြင့် ငါးမိနစ်ခန့် ခေါက်ရတယ်။ရလာတဲ့ ခရင်မ်ပုံစံ(ကြက်ဥအကာ)ကို မျက်နှာပေါ် လိမ်းပြီး ၁၅ မိနစ်ခန့် ထားပါ။ ပြီးရင် ရေနဲ့ မျက်နှာပြန်သစ်ပါ။ ဒီချွေးပေါက်ကျဉ်းတဲ့နည်းကို ညအိပ်ခါနီးတိုင်း ပြုလုပ်သင့်ပါတယ်။ နေ့စဉ်ပြုလုပ်ခြင်းအားဖြင့် တပတ်အတွင်း ချွေးပေါက်ကျယ်ခြင်းကို သိသိသာသာ သက်သာစေမှာ ဖြစ်တယ်။
Credit:ဒေါက်တာ အေးမင်းထူး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top