iMyanmarHouse.com - Best Property Website for Myanmar
×

“တစ္ေန႔မွာ ေမာင့္ကို အဲဒီအေၾကာင္းေတြ ေျပာရဦးမယ္” ဗီဒီယိုဇာတ္ကား၌ ပါ၀င္သ႐ုပ္ေဆာင္ထားသည့္ မိတ္ကပ္ခင္စန္း၀င္းသည္ မၾကာေသးခင္က ခ်စ္ႀကိဳက္ေနေသာ ႐ုပ္ရွင္မင္းသားတစ္ဦးကို သဘာ၀မက်သည့္ အေၾကာင္းရင္းမ်ားေၾကာင့္ လမ္းခြဲလိုက္ေၾကာင္း ၄င္းက ရင္ဖြင့္ေျပာဆိုခဲ့သည္။


“သဘာ၀မက်တဲ့အေၾကာင္းအရင္းေတြေၾကာင့္ ေ၀ဖန္မႈေတြက ရွိေနမွာပါ။ အရင္ကလို ႐ိုးရွင္းတဲ့ သူ႔စိတ္ကိုလည္း ကိုယ္ကမရေတာ့ဘူး။ သူ႕ရဲ႕ အေတြးအာ႐ံုေတြမွာလည္း မ်ိဳးစံုျဖစ္လာတယ္။ မျဖစ္ႏိုင္ေတာ့တဲ့ အေျခအေနတစ္ခုေၾကာင့္သာ နားလည္မႈေပးလုိက္ရတာပါ။ ခ်စ္ျခင္းေမတၱာဆိုတာ လူတိုင္းရွိတယ္ဆိုေပမယ့္ ကိုယ္ခ်စ္တဲ့လူတိုင္းအေပၚမွာ ေပးဆပ္ခ်င္တယ္ဆိုတာက ခ်စ္တဲ့လူတိုင္းမွာေတာ့ရွိပါတယ္။ ေပးဆပ္တယ္ ဆိုတဲ့ေနရာမွာလည္း ကိုယ့္ေပးဆပ္မႈအေပၚမွာ သိတတ္နားလည္တဲ့လူျဖစ္ဖုိ႔လည္း အေရးႀကီး တယ္။ ဒါမ်ိဳးကို ဒီဇာတ္ကားေလးထဲမွာပါလာမယ္”ဟု ၄င္းက ေျပာသည္။

အဆိုပါ ဇာတ္ကားသည္ ဒုတိယေျမာက္ဗီဒီယိုဇာတ္ကားျဖစ္ၿပီး ဒါ႐ိုက္တာႏိုင္မ်ိဳးထြန္းက စီစဥ္႐ိုက္ကူးျခင္းျဖစ္ကာ ေအးခ်မ္းေမာင္၊ စင္ဒီျမတ္ႏွင့္ ၾသဇာတို႔ ပါ၀င္သ႐ုပ္ေဆာင္ထားသည္။ ပထမအႀကိမ္႐ိုက္ကူးေသာ မႀကီးစန္းႏွင့္ သူ၏ခ်စ္သူမ်ား ဗီဒီယိုဇာတ္ကားသည္ ေအာင္ျမင္မႈရရွိခဲ့သည္။

ထို႔အျပင္ မိတ္ကပ္ခင္စန္း၀င္းသည္ လတ္တေလာတြင္ ပဲြတက္ျခင္း၊ ဒီဇိုင္နာျပပဲြမ်ား၌ ဆံပင္ မိတ္ကပ္လိမ္းျခယ္ျခင္းမ်ား ျပဳလုပ္ေနၿပီး ေနာက္ပိုင္းတြင္ တတိယေျမာက္ဗီဒီယိုအျဖစ္ ဆရာဦးျမတ္ခိုင္႐ိုက္ကူးမည့္ “ျမ” ႐ုပ္ရွင္ဇာတ္ကားတြင္ သ႐ုပ္ေဆာင္ရန္ အစီအစဥ္ရွိေၾကာင္း သိရသည္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

ဇင္မင္း

Credit : www.tomorrownewsjournal.com




#Unicode Version#
“တစ်နေ့မှာ မောင့်ကို အဲဒီအကြောင်းတွေ ပြောရဦးမယ်” ဗီဒီယိုဇာတ်ကား၌ ပါဝင်သရုပ်ဆောင်ထားသည့် မိတ်ကပ်ခင်စန်းဝင်းသည် မကြာသေးခင်က ချစ်ကြိုက်နေသော ရုပ်ရှင်မင်းသားတစ်ဦးကို သဘာဝမကျသည့် အကြောင်းရင်းများကြောင့် လမ်းခွဲလိုက်ကြောင်း ၎င်းက ရင်ဖွင့်ပြောဆိုခဲ့သည်။

“သဘာဝမကျတဲ့အကြောင်းအရင်းတွေကြောင့် ဝေဖန်မှုတွေက ရှိနေမှာပါ။ အရင်ကလို ရိုးရှင်းတဲ့ သူ့စိတ်ကိုလည်း ကိုယ်ကမရတော့ဘူး။ သူ့ရဲ့ အတွေးအာရုံတွေမှာလည်း မျိုးစုံဖြစ်လာတယ်။ မဖြစ်နိုင်တော့တဲ့ အခြေအနေတစ်ခုကြောင့်သာ နားလည်မှုပေးလိုက်ရတာပါ။ ချစ်ခြင်းမေတ္တာဆိုတာ လူတိုင်းရှိတယ်ဆိုပေမယ့် ကိုယ်ချစ်တဲ့လူတိုင်းအပေါ်မှာ ပေးဆပ်ချင်တယ်ဆိုတာက ချစ်တဲ့လူတိုင်းမှာတော့ရှိပါတယ်။ ပေးဆပ်တယ် ဆိုတဲ့နေရာမှာလည်း ကိုယ့်ပေးဆပ်မှုအပေါ်မှာ သိတတ်နားလည်တဲ့လူဖြစ်ဖို့လည်း အရေးကြီး တယ်။ ဒါမျိုးကို ဒီဇာတ်ကားလေးထဲမှာပါလာမယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ ဇာတ်ကားသည် ဒုတိယမြောက်ဗီဒီယိုဇာတ်ကားဖြစ်ပြီး ဒါရိုက်တာနိုင်မျိုးထွန်းက စီစဉ်ရိုက်ကူးခြင်းဖြစ်ကာ အေးချမ်းမောင်၊ စင်ဒီမြတ်နှင့် သြဇာတို့ ပါဝင်သရုပ်ဆောင်ထားသည်။ ပထမအကြိမ်ရိုက်ကူးသော မကြီးစန်းနှင့် သူ၏ချစ်သူများ ဗီဒီယိုဇာတ်ကားသည် အောင်မြင်မှုရရှိခဲ့သည်။

ထို့အပြင် မိတ်ကပ်ခင်စန်းဝင်းသည် လတ်တလောတွင် ပွဲတက်ခြင်း၊ ဒီဇိုင်နာပြပွဲများ၌ ဆံပင် မိတ်ကပ်လိမ်းခြယ်ခြင်းများ ပြုလုပ်နေပြီး နောက်ပိုင်းတွင် တတိယမြောက်ဗီဒီယိုအဖြစ် ဆရာဦးမြတ်ခိုင်ရိုက်ကူးမည့် “မြ” ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင်ရန် အစီအစဉ်ရှိကြောင်း သိရသည်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

ဇင်မင်း

Credit : www.tomorrownewsjournal.com


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top