iMyanmarHouse.com - Best Property Website for Myanmar
×

ေခ်ာင္းဆိုး တယ္ဆိုတာ ခႏၶာကိုယ္  အသက္ရွဴအ ဂၤါ အဖြဲ႕အစည္းရဲ႕ ဗဟိုခ်က္မ လမ္းေၾကာင္း ကို ရွင္းလင္းဖို႔အတြက္ ႀကိဳးစားခ်ိန္မွာ တံု႔ျပန္လာတဲ႔ တံု႕ျပန္မႈပဲ ျဖစ္ပါတယ္။

ေခ်ာင္းဆိုး တယ္ဆိုတာ ခႏၶာကိုယ္မွ အသက္ရွဴအဂၤါ အဖြဲ႕အစည္းရဲ႕ ဗဟိုခ်က္မလမ္းေၾကာင္းကို ရွင္းလင္းဖို႔အတြက္ ႀကိဳးစားခ်ိန္မွာ တံု႔ျပန္လာတဲ႔ တံု႕ျပန္မႈပဲ ျဖစ္ပါတယ္။ ေနာက္တစ္ခုကေတာ႔ ေခ်ာင္းဆိုးတယ္ဆိုတာ ခႏၶာကိုယ္မွာ တစ္ခုခုျဖစ္ေနၿပီ ဒါမွမဟုတ္ တစ္ခုခုျဖစ္ေတာ႔မယ္ဆိုတာကို ေဖာ္ထုတ္ျပသျခင္းပဲ ျဖစ္ပါတယ္။ မ်ားေသာအားျဖင္႔ တုပ္ေကြး၊ အေအးမိျခင္းနဲ႔ လည္ေခ်ာင္းနာျခင္း တို႔ေၾကာင္႔ ေခ်ာင္းဆိုးတတ္ပါတယ္။
ဒါ႔အျပင္ ေလျပြန္ေရာင္ျခင္းနဲ႔ အသက္ရွဴလမ္းေၾကာင္း ပိတ္ဆို႔ျခင္းေၾကာင္႔လည္း ေခ်ာင္းဆိုးတတ္ပါေသးတယ္။ အဲဒီအေျခအေန ကလည္း မကုသဘဲ ဒီတိုင္းထားမယ္ဆိုရင္ အဆုတ္တစ္ရွဴးေတြကိုပါ ထိခိုက္ေစႏိုင္ပါတယ္။ ဒါေၾကာင္႔ ေခ်ာင္းဆိုး ေရာဂါ ကလည္း ေပါ႔ဆလို႔ေတာ႔ မရပါဘူး။
ေခ်ာင္းဆိုးၿပီဆိုရင္ ဆရာဝန္နဲ႔ျပသၿပီး ကုသမႈ ခံယူတာေတာ႔ အေကာင္းဆံုးပါ။ ဒါေပမယ္႔ ညႀကီးအခ်ိန္မေတာ္ ေခ်ာင္းထဆိုးရင္ ဒါမွမဟုတ္ ေဆးခန္း သြားဖို႔ အေျခအေနမေပးေသးရင္ အိမ္မွာေနၿပီး ေခ်ာင္းဆိုးေရာဂါကို ကုသႏိုင္မယ္႔ နည္းလမ္းေလးေတြ ရွိပါေသးတယ္။
ငွက္ေပ်ာသီးနဲ႔ ပ်ားရည္

အိမ္လုပ္ေခ်ာင္းဆိုးေပ်ာက္ေဆးနည္းေလးက ရိုးရွင္းပါတယ္။ သဘာဝပ်ားရည္စစ္စစ္နဲ႔ ငွက္ေပ်ာသီး အရြယ္ေတာ္ (၂) လံုးေလာက္ ရွိရင္ ရပါၿပီ။ အရင္ဆံုး ေရ (၄၀၀) မီလီလီတာခန္႔ကို ေရေႏြးတည္လိုက္ပါ။ ၿပီးရင္ ငွက္ေပ်ာသီး မွည္႔ အရြယ္ေတာ္ (၂) လံုးကို အခြံခြြာ၊ ပန္းကန္လံုးႀကီးတစ္လံုးထဲထည္႔ၿပီး ဇြန္းရွည္တစ္ေခ်ာင္းနဲ႔ ဖိေျခေပးလိုက္ပါ။
ေနာက္ၿပီးရင္ ခုနက တည္ထားတဲ႔ ေရေႏြးကို ငွက္ေပ်ာသီးပန္းကန္ထဲ ေလာင္းထည္႔ၿပီး မိနစ္အနည္းငယ္ၾကာေအာင္ အေအးခံ ထားေပးလိုက္ပါ။ ၿပီးရင္ေတာ႔ ေအာ္ဂဲနစ္ ပ်ားရည္စစ္စစ္ကို လက္ဖက္ရည္ဇြန္းနဲ႔ (၂) ဇြန္းခန္႔ထည္႔ၿပီး ေရာေမႊေပးလုိက္ပါ။ ဒါဆိုရင္ အိမ္လုပ္ေခ်ာင္းဆိုးေပ်ာက္ေဆးေလးကို ရရွိပါၿပီ။
အသံုးျပဳနည္း

ေခ်ာင္းဆိုး တာမရပ္ဘူးဆိုရင္ ဒီေဆးေဖ်ာ္ရည္ေလးကို တစ္ေန႔ (၄) ႀကိမ္ ေသာက္သံုးႏိုင္ပါတယ္။ မေသာက္ခင္မွာ နည္းနည္းေႏြးေအာင္ အပူျပန္ေပးဖို႔ေတာ႔ ကြ်မ္းက်င္သူေတြက အၾကံျပဳထားပါတယ္ေနာ္။ ဒီေဆးနည္းေလးက ေခ်ာင္းဆိုးျခင္းကို သက္သာေပ်ာက္ကင္းေအာင္ ကူညီေပးႏိုင္ပါလိမ္႔႔မယ္။ ဒါ႕အျပင္ ငွက္ေပ်ာသီး မွာ ခႏၶာကိုယ္ ထဲက serotonin ပမာဏကို ျမင္႔တက္ေစႏိုင္တဲ႔ စြမ္းရည္ရွိတာေၾကာင္႔ ပိုမိုေကာင္းမြန္စြာ အိပ္ေပ်ာ္စားဝင္ေစႏိုင္ပါေသးတယ္။
Credit : Lwinpyin
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ချောင်းဆိုး တယ်ဆိုတာ ခန္ဓာကိုယ်  အသက်ရှူအ င်္ဂါ အဖွဲ့အစည်းရဲ့ ဗဟိုချက်မ လမ်းကြောင်း ကို ရှင်းလင်းဖို့အတွက် ကြိုးစားချိန်မှာ တုံ့ပြန်လာတဲ့ တုံ့ပြန်မှုပဲ ဖြစ်ပါတယ်။

ချောင်းဆိုး တယ်ဆိုတာ ခန္ဓာကိုယ်မှ အသက်ရှူအင်္ဂါ အဖွဲ့အစည်းရဲ့ ဗဟိုချက်မလမ်းကြောင်းကို ရှင်းလင်းဖို့အတွက် ကြိုးစားချိန်မှာ တုံ့ပြန်လာတဲ့ တုံ့ပြန်မှုပဲ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ချောင်းဆိုးတယ်ဆိုတာ ခန္ဓာကိုယ်မှာ တစ်ခုခုဖြစ်နေပြီ ဒါမှမဟုတ် တစ်ခုခုဖြစ်တော့မယ်ဆိုတာကို ဖော်ထုတ်ပြသခြင်းပဲ ဖြစ်ပါတယ်။ များသောအားဖြင့် တုပ်ကွေး၊ အအေးမိခြင်းနဲ့ လည်ချောင်းနာခြင်း တို့ကြောင့် ချောင်းဆိုးတတ်ပါတယ်။
ဒါ့အပြင် လေပြွန်ရောင်ခြင်းနဲ့ အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းကြောင့်လည်း ချောင်းဆိုးတတ်ပါသေးတယ်။ အဲဒီအခြေအနေ ကလည်း မကုသဘဲ ဒီတိုင်းထားမယ်ဆိုရင် အဆုတ်တစ်ရှူးတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ချောင်းဆိုး ရောဂါ ကလည်း ပေါ့ဆလို့တော့ မရပါဘူး။
ချောင်းဆိုးပြီဆိုရင် ဆရာဝန်နဲ့ပြသပြီး ကုသမှု ခံယူတာတော့ အကောင်းဆုံးပါ။ ဒါပေမယ့် ညကြီးအချိန်မတော် ချောင်းထဆိုးရင် ဒါမှမဟုတ် ဆေးခန်း သွားဖို့ အခြေအနေမပေးသေးရင် အိမ်မှာနေပြီး ချောင်းဆိုးရောဂါကို ကုသနိုင်မယ့် နည်းလမ်းလေးတွေ ရှိပါသေးတယ်။
ငှက်ပျောသီးနဲ့ ပျားရည်

အိမ်လုပ်ချောင်းဆိုးပျောက်ဆေးနည်းလေးက ရိုးရှင်းပါတယ်။ သဘာဝပျားရည်စစ်စစ်နဲ့ ငှက်ပျောသီး အရွယ်တော် (၂) လုံးလောက် ရှိရင် ရပါပြီ။ အရင်ဆုံး ရေ (၄၀၀) မီလီလီတာခန့်ကို ရေနွေးတည်လိုက်ပါ။ ပြီးရင် ငှက်ပျောသီး မှည့် အရွယ်တော် (၂) လုံးကို အခွံခွာ၊ ပန်းကန်လုံးကြီးတစ်လုံးထဲထည့်ပြီး ဇွန်းရှည်တစ်ချောင်းနဲ့ ဖိခြေပေးလိုက်ပါ။
နောက်ပြီးရင် ခုနက တည်ထားတဲ့ ရေနွေးကို ငှက်ပျောသီးပန်းကန်ထဲ လောင်းထည့်ပြီး မိနစ်အနည်းငယ်ကြာအောင် အအေးခံ ထားပေးလိုက်ပါ။ ပြီးရင်တော့ အော်ဂဲနစ် ပျားရည်စစ်စစ်ကို လက်ဖက်ရည်ဇွန်းနဲ့ (၂) ဇွန်းခန့်ထည့်ပြီး ရောမွှေပေးလိုက်ပါ။ ဒါဆိုရင် အိမ်လုပ်ချောင်းဆိုးပျောက်ဆေးလေးကို ရရှိပါပြီ။
အသုံးပြုနည်း

ချောင်းဆိုး တာမရပ်ဘူးဆိုရင် ဒီဆေးဖျော်ရည်လေးကို တစ်နေ့ (၄) ကြိမ် သောက်သုံးနိုင်ပါတယ်။ မသောက်ခင်မှာ နည်းနည်းနွေးအောင် အပူပြန်ပေးဖို့တော့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်နော်။ ဒီဆေးနည်းလေးက ချောင်းဆိုးခြင်းကို သက်သာပျောက်ကင်းအောင် ကူညီပေးနိုင်ပါလိမ့့်မယ်။ ဒါ့အပြင် ငှက်ပျောသီး မှာ ခန္ဓာကိုယ် ထဲက serotonin ပမာဏကို မြင့်တက်စေနိုင်တဲ့ စွမ်းရည်ရှိတာကြောင့် ပိုမိုကောင်းမွန်စွာ အိပ်ပျော်စားဝင်စေနိုင်ပါသေးတယ်။
Credit : Lwinpyin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top