iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူ ေတြပါလို႔ ပြင့္ပြင့္လင္းလင္း ခ်ျပထားၿပီး အခ်စ္ ခရီးလမ္း နွစ္အနည္းငယ္ ၾကာၿပီျဖစ္တဲ့ နာမည္ေက်ာ္ K-Pop Idol ေတြျဖစ္ၾကတဲ့ Lee Min Ho နဲ႔ Suzy တို႔ဟာ ၿပီးခဲ့တဲ့ မတ္လ တုန္းက တိတ္တိတ္ေလး ခိုးဒိတ္ ခဲ့ၾကပါတယ္။
သူတို႔ႏွစ္ဦးဟာ ခ်စ္သူ သက္တမ္း ၂ ႏွစ္ျပည့္ အထိမ္းအမွတ္ အေနနဲ႔ တိတ္တိတ္ေလး ခိုးဒိတ္ ခဲ့ၾကတာျဖစ္ပါတယ္။

သူတို႔ႏွစ္ဦးဟာ အလုပ္ကိစၥေတြနဲ႔ ျပည္ပ ကို ခရီး ထြက္ရင္း ဒိတ္ခဲ့ၾကတာပါ။ ဒိတ္ၾကတာကလည္း ဒီလိုပါ။ Lee Min Ho ဟာ ျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕ကို Dior Photoshoot အတြက္ သြားခဲ့တာျဖစ္ပါတယ္။ Suzy က London ကို All Saint Photoshootအတြက္ သြားခဲ့တာပါ။

အလုပ္ကိစၥၿပီးေတာ့ Lee Min Ho က လန္ဒန္ ကို လိုက္သြားခဲ့ၿပီးေနာက္ သူတို႔ႏွစ္ဦး ဒိတ္ခဲ့ၾကတာျဖစ္ပါတယ္။

သူတို ႔ခ်စ္သူ နွစ္ဦးဟာ Shangri-La ဟိုတယ္ မွာ ဒိတ္ခဲ့ၾကတာပါ။ ပရိသတ္ ေတြ မမွတ္မိေအာင္ ရုပ္ဖ်က္ လာခဲ့ၾကေပမယ့္လည္း ဒီပံုမွာေတာ့ သူတို႔ကို မွတ္မိၾကမယ့္လို႕ ထင္ပါတယ္ေနာ္။

တိတ္တိတ္ေလး ဒိတ္ခဲ့ၾကၿပီး သူတို႔ရဲ႕ အခ်စ္ေရး ခိုင္ၿမဲမႈကို သက္ေသျပခဲ့ၾကတဲ့ Lee Min Ho နဲ႔ Suzy တို႔စံုတြဲ
သူတို႔ဟာ Europe မွာ အနည္းဆံုး ၃ ရက္ေလာက္ အတူတူဒိတ္ခဲ့ၾကတာျဖစ္ၿပီး Lee Min Ho ကေတာ့ ခ်စ္သူ ကို ေတြ႕ခ်င္ရံု သက္သက္ လိုက္သြားခဲ့တာျဖစ္ပါတယ္။

အခုလို ဒိတ္ၿပီးတဲ့ေနာက္ ကိုးရီးယား နိုင္ငံကို ႏွစ္ေယာက္အတူတူမဟုတ္ဘဲ သီးျခားဆီ ျပန္လာခဲ့ၾကတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ Lee Min Ho က စစ္မႈထမ္း ေနၿပီး Suzy ကေတာ့ အႏုပညာ အလုပ္ေတြကို ဆက္လက္လုပ္ကိုင္ေနကာ မၾကာေသးခင္ကမွ Solo သီခ်င္းတစ္ပုဒ္ ထြက္ထားပါတယ္။
Credit : My Style myanmar 
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ချစ်သူ တွေပါလို့ ပွင့်ပွင့်လင်းလင်း ချပြထားပြီး အချစ် ခရီးလမ်း နှစ်အနည်းငယ် ကြာပြီဖြစ်တဲ့ နာမည်ကျော် K-Pop Idol တွေဖြစ်ကြတဲ့ Lee Min Ho နဲ့ Suzy တို့ဟာ ပြီးခဲ့တဲ့ မတ်လ တုန်းက တိတ်တိတ်လေး ခိုးဒိတ် ခဲ့ကြပါတယ်။
သူတို့နှစ်ဦးဟာ ချစ်သူ သက်တမ်း ၂ နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ တိတ်တိတ်လေး ခိုးဒိတ် ခဲ့ကြတာဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ အလုပ်ကိစ္စတွေနဲ့ ပြည်ပ ကို ခရီး ထွက်ရင်း ဒိတ်ခဲ့ကြတာပါ။ ဒိတ်ကြတာကလည်း ဒီလိုပါ။ Lee Min Ho ဟာ ပြင်သစ်နိုင်ငံ ပါရီမြို့ကို Dior Photoshoot အတွက် သွားခဲ့တာဖြစ်ပါတယ်။ Suzy က London ကို All Saint Photoshootအတွက် သွားခဲ့တာပါ။

အလုပ်ကိစ္စပြီးတော့ Lee Min Ho က လန်ဒန် ကို လိုက်သွားခဲ့ပြီးနောက် သူတို့နှစ်ဦး ဒိတ်ခဲ့ကြတာဖြစ်ပါတယ်။

သူတို့ချစ်သူ နှစ်ဦးဟာ Shangri-La ဟိုတယ် မှာ ဒိတ်ခဲ့ကြတာပါ။ ပရိသတ် တွေ မမှတ်မိအောင် ရုပ်ဖျက် လာခဲ့ကြပေမယ့်လည်း ဒီပုံမှာတော့ သူတို့ကို မှတ်မိကြမယ့်လို့ ထင်ပါတယ်နော်။

တိတ်တိတ်လေး ဒိတ်ခဲ့ကြပြီး သူတို့ရဲ့ အချစ်ရေး ခိုင်မြဲမှုကို သက်သေပြခဲ့ကြတဲ့ Lee Min Ho နဲ့ Suzy တို့စုံတွဲ
သူတို့ဟာ Europe မှာ အနည်းဆုံး ၃ ရက်လောက် အတူတူဒိတ်ခဲ့ကြတာဖြစ်ပြီး Lee Min Ho ကတော့ ချစ်သူ ကို တွေ့ချင်ရုံ သက်သက် လိုက်သွားခဲ့တာဖြစ်ပါတယ်။

အခုလို ဒိတ်ပြီးတဲ့နောက် ကိုးရီးယား နိုင်ငံကို နှစ်ယောက်အတူတူမဟုတ်ဘဲ သီးခြားဆီ ပြန်လာခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိမှာတော့ Lee Min Ho က စစ်မှုထမ်း နေပြီး Suzy ကတော့ အနုပညာ အလုပ်တွေကို ဆက်လက်လုပ်ကိုင်နေကာ မကြာသေးခင်ကမှ Solo သီချင်းတစ်ပုဒ် ထွက်ထားပါတယ်။
Credit : My Style myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top