iMyanmarHouse.com - Best Property Website for Myanmar
×

အူမႀကီးနဲ႔ အူလမ္းေၾကာင္းထဲက အဆိပ္အေတာက္ေတြ ဖယ္ရွားတဲ့နည္းလမ္းက ေရာမေခတ္ကတည္းက ေခတ္စားလာတဲ့နည္းလမ္းပါ။

အေမရိကန္ျပည္ေထာင္စုမွာေတာ့ ၁၉ ၂၀ ျပည့္ႏွစ္၀န္းက်င္ကေန စတင္က်င့္သံုး လာခဲ့ၾကပါတယ္။

အူမႀကီးနဲ႔ အူလမ္းေၾကာင္းထဲမွာ အစာမေၾကတဲ့ အသားေတြနဲ႔ တျခား အစားအစာေတြကစုပံုလာတာေၾကာင့္ ခႏၶာကိုယ္ထဲမွာ အဆိပ္အေတာက္ေတြ ျဖစ္လာပါတယ္။

အဲ့ဒီအဆိပ္အေတာက္ေတြမ်ားလာရင္ ေခါင္းကိုက္၊ ကိုယ္အေလးခ်ိန္ မမွန္တာ၊ ပင္ပန္းႏြမ္းနယ္တာေတြ ခံစားရလာပါလိမ့္မယ္။

ဒါ့ေၾကာင့္ အူမႀကီးနဲ႔အူလမ္းေၾကာင္းက အဆိပ္အေတာက္ေတြ ဖယ္ရွားဖို႔အတြက္ ဟင္းသီးဟင္းရြက္နဲ႔ အသီးအႏွံေတြကို အေျခခံၿပီး စားေသာက္ဖုိ႔ လိုအပ္ပါတယ္။

သူတို႔မွာ ဗီတာမင္ဓာတ္၊ အမွ်င္ဓာတ္ေတြနဲ႔ အာဟာရဓာတ္ေတြ ၾကြယ္၀စြာပါ၀င္ေနပါတယ္။

ပန္းသီးမွာ ေခ်ဖ်က္လို႔မရတဲ့ အမွ်င္ဓာတ္ပါ၀င္ၿပီး အဲ့ဒီအမွ်င္ဓာတ္ေတြက ၀မ္းခ်ဳပ္တာကို သက္သာေပ်ာက္ကင္းေစပါတယ္။

ေနာက္ထပ္အေကာင္းဆံုး အဆိပ္အေတာက္ေတြ ဖယ္ရွားေပးႏိုင္တဲ့ အေစ့က ႏွမ္းၾကတ္ေစ့ (Flax Seeds) ျဖစ္ၿပီး သူ႔မွာ အမွ်င္ဓာတ္ေတြနဲ႔ အစာအိမ္နဲ႔ အူလမ္းေၾကာင္းကို လႈပ္ရွားခိုင္းေစႏိုင္တဲ့ ဓာတ္ေတြပါ၀င္ပါတယ္။ ဒီႏွမ္းၾကက္ေစ့က အစာေၾကလြယ္ၿပီး အူမႀကီး ကင္ဆာ မျဖစ္ေအာင္ကူညီေပးႏုိင္ပါတယ္။

အူမႀကီး ကို သန္႔စင္ေပးႏိုင္တဲ့ ေဆးနည္း

ႏွမ္းၾကတ္ေစ့ (Flax Seeds) လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ပန္းသီး ၁လံုး

ေရ ဖန္ခြက္ ၁ ခြက္

ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ဇြန္း

ခ်ီယာ ေစ့ (Chia Seeds) လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ျပဳလုပ္နည္း

ခ်ီယာေစ့ (Chia Seeds) ကလြဲၿပီး ပါ၀င္ပစၥည္းေတြအားလံုးကို ေဖ်ာ္စက္ထဲထည့္ေဖ်ာ္ၿပီး ေၾကညက္ေအာင္ ႀကိတ္ပါ။ ၿပီးရင္ ႀကိတ္ထားတဲ့အရည္ကို ဖန္ခြက္ထဲထည့္ပါ။ ခ်ီယာေစ့ (Chia Seeds) ကို ထည့္ၿပီး ခ်ီယာေစ့ ပြလာတာကို ၅ မိနစ္ေလာက္ေစာင့္ၿပီး ေမႊၿပီး ေသာက္သံုးႏုိင္ပါၿပီ။

ဒီေဖ်ာ္ရည္ကို ေသာက္ေနခ်ိန္မွာ ေရမ်ားမ်ားေသာက္ေပးဖို႔လိုအပ္ပါတယ္။ ဒါမွ ဆီး၊၀မ္းရႊင္ၿပီး ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္မွာပါ။

Credit : MyFood
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အူမကြီးနဲ့ အူလမ်းကြောင်းထဲက အဆိပ်အတောက်တွေ ဖယ်ရှားတဲ့နည်းလမ်းက ရောမခေတ်ကတည်းက ခေတ်စားလာတဲ့နည်းလမ်းပါ။

အမေရိကန်ပြည်ထောင်စုမှာတော့ ၁၉ ၂၀ ပြည့်နှစ်ဝန်းကျင်ကနေ စတင်ကျင့်သုံး လာခဲ့ကြပါတယ်။

အူမကြီးနဲ့ အူလမ်းကြောင်းထဲမှာ အစာမကြေတဲ့ အသားတွေနဲ့ တခြား အစားအစာတွေကစုပုံလာတာကြောင့် ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ ဖြစ်လာပါတယ်။

အဲ့ဒီအဆိပ်အတောက်တွေများလာရင် ခေါင်းကိုက်၊ ကိုယ်အလေးချိန် မမှန်တာ၊ ပင်ပန်းနွမ်းနယ်တာတွေ ခံစားရလာပါလိမ့်မယ်။

ဒါ့ကြောင့် အူမကြီးနဲ့အူလမ်းကြောင်းက အဆိပ်အတောက်တွေ ဖယ်ရှားဖို့အတွက် ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို အခြေခံပြီး စားသောက်ဖို့ လိုအပ်ပါတယ်။

သူတို့မှာ ဗီတာမင်ဓာတ်၊ အမျှင်ဓာတ်တွေနဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။

ပန်းသီးမှာ ချေဖျက်လို့မရတဲ့ အမျှင်ဓာတ်ပါဝင်ပြီး အဲ့ဒီအမျှင်ဓာတ်တွေက ဝမ်းချုပ်တာကို သက်သာပျောက်ကင်းစေပါတယ်။

နောက်ထပ်အကောင်းဆုံး အဆိပ်အတောက်တွေ ဖယ်ရှားပေးနိုင်တဲ့ အစေ့က နှမ်းကြတ်စေ့ (Flax Seeds) ဖြစ်ပြီး သူ့မှာ အမျှင်ဓာတ်တွေနဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းကို လှုပ်ရှားခိုင်းစေနိုင်တဲ့ ဓာတ်တွေပါဝင်ပါတယ်။ ဒီနှမ်းကြက်စေ့က အစာကြေလွယ်ပြီး အူမကြီး ကင်ဆာ မဖြစ်အောင်ကူညီပေးနိုင်ပါတယ်။

အူမကြီး ကို သန့်စင်ပေးနိုင်တဲ့ ဆေးနည်း

နှမ်းကြတ်စေ့ (Flax Seeds) လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပန်းသီး ၁လုံး

ရေ ဖန်ခွက် ၁ ခွက်

ပျားရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း

ချီယာ စေ့ (Chia Seeds) လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ချီယာစေ့ (Chia Seeds) ကလွဲပြီး ပါဝင်ပစ္စည်းတွေအားလုံးကို ဖျော်စက်ထဲထည့်ဖျော်ပြီး ကြေညက်အောင် ကြိတ်ပါ။ ပြီးရင် ကြိတ်ထားတဲ့အရည်ကို ဖန်ခွက်ထဲထည့်ပါ။ ချီယာစေ့ (Chia Seeds) ကို ထည့်ပြီး ချီယာစေ့ ပွလာတာကို ၅ မိနစ်လောက်စောင့်ပြီး မွှေပြီး သောက်သုံးနိုင်ပါပြီ။

ဒီဖျော်ရည်ကို သောက်နေချိန်မှာ ရေများများသောက်ပေးဖို့လိုအပ်ပါတယ်။ ဒါမှ ဆီး၊ဝမ်းရွှင်ပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်မှာပါ။

Credit : MyFood

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top